Jet Electrical Engineering Group
14/02/2026
မန္တလေးဘုရားကြီး အတွက် lightning Protection
- Air terminal
- Solid bonding
- Equipotential bonding
- Down conductor metal, size, route
- Nos of down conductor
-Test link boxs
- Earth resistance ( tested with earth resistance tester and loop impedance tester)
- ------
- ------
ဒါလေးတွေကို Discuss လုပ်ခဲ့ပါတယ်၊၊
အားလုံးစိတ်ချမ်းသာကြပါစေ။
14- 2-2026
29/01/2026
မိုးအုံတဲ့အချိန်မှာ Deye က charge လုပ်ပြီး Growattက ဘာလို့ charge မလုပ်တာလဲ?
ဟိုတစ်နေ့က လက်ဖက်ရည်ဆိုင်မှာ အထက်ပါ topic အကြောင်းအရာကို ပြောခဲ့ကြတယ်၊၊
ကျွန်တော်ကတော့ irradiationကြောင့်ဖြစ်မယ်ထင်တယ်လို့ ပြောခဲ့တယ်။
Solar တွေမှာ -
Voltage သည် temperatureနှင့် ပြောင်းပြန်သက်ဆိုင်တယ်
Ampere သည် irradiationတိုက်ရိုက်သက်ဆိုင်တယ်
Temperatureများလွန်ရင် voltage နည်းလာမယ်။
Irradiationများရင် Ampere အထွက်များမယ်။
မိုးအုံနေရင် irradiationအလွန်နည်းပြီး Current မထွက်ဘဲဖြစ်နေပါတယ်။
Solar panelတွေရဲ့ data sheetမှာ STC( standard test condition)အတိုင်းထုတ်လုပ်ထားတယ်လို့ ရေးထားတယ်။
ဆိုလိုတာက irradiationက 1000 w/ m2, temperatureက 25'C, Air mass(AM) 1.5 ဖြစ်ပါတယ်။
Power ဆိုတာက Vနှင့် A မြှောက်ထားတာဆိုတော့ မိုးအုံတဲ့အချိန်မှာ Voltရှိသော်လည်း Ampere အထွက်နည်းတဲ့အတွက်ကြောင့် watt ထွက်တာ နည်းနေခြင်းဖြစ်ပါတယ်။
ထူးခြားချက်က -
Deyeက 50-120Wရှိရင်တောင် charge လုပ်တယ်၊
Growattက 300-500Wattရှိမှသာလျင် charge လုပ်တယ်လို့ လေ့လာသိရှိရပါတယ်။
(ဆရာတို့ရဲ့ ယူဆချက်တွေကတော့ ဘယ်လိုလဲဗျ)
အားလုံးစိတ်ချမ်းသာကြပါစေ။
09/12/2025
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Mandalay