Forex Trader & Knowledge Sharing
18.7.2024ကမ္ဘာ့ရွှေအဖွင့်စျေး
1Oz=2461$
ကမ္ဘာ့ရွှေနဲ့နိုင်ငံတကာငွေကြေးစတော့ရှယ်ယာအရောင်းအဝယ်သင်တန်း viber or telegram
09401747709
10/07/2024
☀️ ကမ္ဘာ့အချမ်းသာဆုံး သူဋ္ဌေးကြီး Elon Musk က ဘာတွေကို Invest လုပ်ထားသလဲ? ☀️
လက်ရှိအချိန်၌ Elon Musk ဟာ အသားတင်ချမ်းသာ ကြွယ်ဝမှုတန်ဖိုး $209.9 ဘီလီယံဖြင့် ကမ္ဘာ့အချမ်းသာဆုံး နံပါတ် 1 နေရာ၌ ရှိနေကြောင်း Forbes ဘီလျံနာ စာရင်းအရသိရှိရပါသည်။ Elon Musk ဟာ ဒေါ်လာ 200 ဘီလီယံကျော်ကို တဦးတည်း ပထမဦးဆုံးပိုင်ဆိုင်သူအဖြစ် စံချိန်ချိုးထားသူလည်း ဖြစ်သည်။
Elon Musk ဟာ စတော့ဂရုကြီး ဝါရင်းဘတ်ဖက် လိုမျိုး စတော့ရှယ်ယာ ရင်းနှီးမြုပ်နှံမှု တမျိုးတည်းကိုပဲ တစိုက်မတ်မတ် အားထည့်ပြီး လုပ်ကိုင်တဲ့သူ မဟုတ်ပေမယ့်လည်း၊ သူပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတွေရဲ့ စတော့တွေ စျေးတက်ရင် တက်သလို ၊ သူ့ရဲ့ ချမ်းသာကြွယ်ဝမှု တန်ဖိုး က တက်တက်လာတာလည်း ဖြစ်သည်။ 2022 ခုနှစ်တုန်းက Tesla စတော့စျေးနှုန်း သက်တမ်းတလျှောက်အမြင့်ဆုံး စျေးသို့ ရောက်ရှိခဲ့တုန်းကဆိုရင် Elon Musk ရဲ့ ချမ်းသာကြွယ်ဝမှုတန်ဖိုးဟာ ဒေါ်လာ 300 ဘီလီယံ နီးပါးအထိ မြင့်တက်ခဲ့ဖူးသည်။
အမေရိကန်လို ဘဏ္ဍာရေးစျေးကွက် (Financial Market) ဖွံ့ဖြိုးတိုးတက် ကျယ်ပြန့်တဲ့ နိုင်ငံမှာ ဘီလျံနာတိုင်းဟာ စတော့စျေးကွက်နဲ့ မကင်းကြပေ။
Elon Musk ဟာ ဝါရင်းဘတ်ဖက်လို Publicly Traded Stock ပေါ်ဖိုလီယို ထုတ်ဖော်ပြသတာမျိုး မရှိပေမယ့် သူ့ရဲ့ ရင်းနှီးမြှုပ်နှံထားတဲ့ အက်ဆက်အမျိုးအစားတွေကိုတော့ သတင်းမီဒီယာတွေကနေ တဆင့် သိရှိနိုင်ပါသည်။
Elon Musk ရင်းနှီးမြှုပ်နှံထားတဲ့ အက်ဆက်အမျိုးအစားတွေကို အုပ်စု နှစ်မျိုး ခွဲကြည့်နိုင်ပါသည်။
ပထမ အုပ်စုကတော့ စတော့ရှယ်ယာ လက်ဝယ်ထားရှိမှုပင် ဖြစ်သည်။ 2022 ခုနှစ်ထဲမှာတင် Elon Musk က ကမ္ဘာကျော် ဆိုရှယ်ပလက်ဖောင်းတခုဖြစ်တဲ့ တွစ်တာ (ယခု X) ကို ဝယ်ယူခဲ့ပြီး တွစ်တာရဲ့ ရှယ်ယာကို အများဆုံး ပိုင်ဆိုင်သူအဖြစ်ရှိနေသည်။ Elon Musk ပိုင်တဲ့ ကုမ္ပဏီတွေ ဖြစ်ကြတဲ့ SpaceX, Neuralink, The Boring, OpenAI, DeepMind တို့ဟာ ဆိုရင် စတော့အိတ်ချိန်းတင်ပြီး စတော့ရှယ်ယာ အရောင်းအဝယ်လုပ်လို့ ရတဲ့ Publicly traded company တွေ မဟုတ်ကြတဲ့အတွက် ပိုင်ဆိုင်မှု ရာခိုင်နှုန်းကိုတော့ မသိနိုင်ပေ။ Publicly traded ကုမ္ပဏီတွေဖြစ်ကြတဲ့ တွစ်တာ ရဲ့ရှယ်ယာ စုစုပေါင်းရဲ့ 74% ခန့်၊ Tesla ရှယ်ယာ စုစုပေါင်းရဲ့ 20.5% ခန့်၊ နှင့် SolarCity မှာ လည်း 22% ခန့်အထိ ရှယ်ယာပိုင်ဆိုင်မှု အများဆုံးအဖြစ် ရှိကြောင်းကို Forbes မှ ဖော်ပြချက်အရ သိရှိရပါသည်။
ဒုတိယ အုပ်စုကတော့ ခရစ်တိုငွေကြေး ရင်းနှီးမြှုပ်နှံမှုပင် ဖြစ်သည်။ Elon Musk ကိုယ်တိုင်က Bitcoin, Ethereum နှင့် Dogecoin တို့ကို လက်ဝယ်ထားရင်းနှီးမြှုပ်နှံထားကြောင်း ထုတ်ပြောထားတာတွေ ရှိပါသည်။ ဘယ်လောက်ပမာဏ လက်ဝယ်ထား ရင်းနှီးမြှုပ်နှံသလဲဆိုတာတော့ မသိနိုင်သော်လည်း 2022 ခုနှစ်တုန်းက Tesla ကုမ္ပဏီရဲ့ reserve ထားရှိမှု စာရင်းထုတ်ပြန်ခဲ့ရာမှာ Bitcoin အရေအတွက် 42,000 အထိ holding လုပ်ထားကြောင်း ဖော်ပြခဲ့ဖူးသည်။
crd
ကမ္ဘာ့ရွှေ၊စတော့ရှယ်ယာ နဲ့နိုင်ငံတကာငွေကြေးတွဲအရောင်းအဝယ်သင်တန်းကို တက်ရောက်လိုပါက
☎ 09401747709 နဲ့ page messenger မှါလာရောက်မေးမြန်းလို့ရပါတယ်။
My facebookpage link
https://www.facebook.com/profile.php?id
My Telegram link
https://t.me/KoShinegold
21/06/2024
ပိုက်ဆံရှိဖို့ထက်ပိုက်ဆံရှိဖို့ထက် ပိုက်ဆံရှာနည်းသိဖို့က ပိုအရေးကြီးတယ်
ချမ်းသာတဲ့ လူတွေဟာ ပိုက်ဆံရှိလို့ ချမ်းသာတာ မဟုတ်ပါဘူး။ ပိုက်ဆံရှာနည်းသိလို့ ချမ်းသာတာပါ။
ပိုက်ဆံရှာနည်းမသိတဲ့လူ ချမ်းသာလည်း သူရဲ့ ချမ်းသာမှုဟာ ခဏပါပဲ။ ပိုက်ဆံရှာနည်းမသိတဲ့အတွက် အဲ့ဒီပိုက်ဆံတွေ ကုန်သွားတဲ့အချိန်မှာ ပြန်ပြီး ဆင်းရဲရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပိုက်ဆံရှိဖို့ထက် ပိုက်ဆံရှာနည်း သိဖို့ကို ပိုပြီး ဦးစားပေး လုပ်ပါလို့ မိတ်ဆွေအားလုံးကို မှာချင်ပါတယ်။
Financial advisor တစ်ယောက်ကပြောဖူးပါတယ်။ ကျွန်တော်တို့ ပိုက်ဆံရှာနည်း မသိပါပဲနဲ့ ပိုက်ဆံရှာနေလို့ အပိုပါပဲ။
ကျွန်တော်တို့က ပိုက်ဆံကို ဘယ်လိုနည်းလမ်းများမှနေရှာကြမလဲ❓
လူကြီးမင်းတို့သိချင်ပါသလား၊ အကယ်၍သိချင်ပါက ဆက်ဖတ်ပေးပါ။
ဒီတော့ကျွန်တော်က ပိုက်ဆံတွေ ၊ဝင်ငွေစီးကြောင်းတွေဖန်တီးပေးနိုင်သည့် နည်လမ်းအချို့ကို ပြောပြပေးချင်ပါတယ်🤗
ဒါကတော့ အားလုံးလည်းရင်းနှီးပြီးသားဖြစ်မှာပါ။ဒီနည်းလမ်းများကနေကွာနေသည့် စီးပွားရေးလုပ်ငန်းဆို မရှိသလောက်ပါပဲ။
ထိုအရာများက
✒️အိမ်ခြံမြေ လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံ ပြီးအကျိုးရှာသည့် ဝင်ငွေစီးကြောင်းတစ်ခု
✒️ အာမခံ လုပ်ငန်းများဖြင့် ဝင်ငွေစီးကြောင်းတစ်ခုဖန်တီးနိုင်
✒️ကုန်စည်တွေဖြစ်သည့်၊ စပါး၊ပဲ၊ပြောင်း၊နှံး စဖြင့် ရောင်းဝယ်ဖောက်ကားအကျိုးရှာနိုင်သည့် ဝင်ငွေစီးကြောင်းတစ်ခု
✒️ ကုမ္ပဏီ ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်သည့် Share or Stock တွေရင်းနှီးမြုပ်နှံပြီး ဝင်ငွေရနိုင်သည့် ဝင်ငွေလမ်းကြောင်းတစ်ခု
အခုတစ်ခါကတော့ မြန်မာနိုင်ငံမှသာမက ကမ္ဘာ့တစ်ဝှမ်းလုံးက အများဆုံးလုပ်ကိုင်နေသည့် ဝင်ငွေလမ်းကြောင်းကြီးတစ်ခုရှိပါတယ်။
✒️ဒါကတော့ ကမ္ဘာ့ရွှေ၊ငွေ
ရေနံ နှင့် နိုင်ငံတကာ ငွေကြေးအတွဲများ ကို international online platform ကို အသုံးပြုပြီး ရောင်းဝယ် ပြုကာ အကျိုးအမြတ်ရယူနိုင်သည့် (Foreign exchange) နိုင်ငံခြားငွေလဲလှယ်ရောင်းဝယ်သည့် Forex trading business ဖြစ်ပါတယ်။
ဟုတ်ကဲ့ပါ။ အထက်ပါ ဝင်ငွေလမ်းကြောင်းများကတော့ ဘဏ္ဍာရေးဈေးကွက်လို့ခေါ်သည့် Financial market ထဲမှပါဝင်သော ငွေကြေးလည်ပတ်ရာ များဖြစ်ပါတယ်။
ဒီနေရာမှာ တစ်ခုရှိတာသည် Financial market ထဲမှာ လွယ်လွယ်ကူကူနဲ့ လုပ်ငန်းစလို့ရတာကတော့ ကျွန်တော့တို့ရဲ့ Forex trading business ပဲဖြစ်ပါတယ်။
လုပ်ငန်းအကြောင်းသိလိုသည်ဖြစ်စေ၊
Forex business နဲ့ပတ်သတ်ပီးအသေးစိတ်သိလိုသည်ဖြစ်စေ
09401747709☎️ကို ဆက်သွယ်မေးမြန်းနိုင်ပါပြီ။
My facebookpage link
https://www.facebook.com/profile.php?id=100084936720070
My Telegram link
https://t.me/KoShinegold
09 401747709
16/04/2024
မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အခြေအနေဟာ ကမ္ဘာမှာ တကယ်မရှိဘူး။
မယုံရင် ဆက်ဆံရေးတစ်ခုကနေ ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ
မင်းတိတ်တိတ်လေး စွန့်ခွာသွားကြည့်လိုက်။
မင်းထွက်သွားခါစမှာတော့
မင်းကိုသတိရတာတွေ ဘာတွေဖြစ်ကောင်းဖြစ်လိမ့်မယ်။
အချိန်ကာလတစ်ခုရောက်တဲ့အခါမှာတော့
အားလုံးက ပုံမှန်လိုပဲ။ မင်းမရှိလည်း သူတို့
အဆင်ပြေနေလိမ့်မယ်၊ ဒါမှမဟုတ်
မင်းနေရာမှာ အခြားတစ်ယောက်ရှိနေလိမ့်မယ်။
"မင်းမရှိလို့မဖြစ်ဘူး"ဆိုတာ
စကားလုံးသက်သက်ပဲ၊ တကယ်မရှိဘူး။
မင်းမရှိလည်း အရာရာဟာသူ့နည်းသူ့ဟန်နဲ့ ပုံမှန်လည်ပတ်နေမှာပဲ။
#အကြည်တော်
My facebookpage link
https://www.facebook.com/profile.php?id=100084936720070
My Telegram link
https://t.me/KoShinegold
12/04/2024
ကားအဲယားကွန်းဖွင့်စီးသူများ သတိထားသင့်တဲ့ အချက်များ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အဲယားကွန်း (Air Con) ဟာ အခန်းတွင်းအပူချိန်ကို စုပ်ယူလျှော့ချပေးတဲ့ တီထွင်ဆန်းသစ်မှုတခုဖြစ်ပါတယ်။
စတင်တီထွင်ခါစက နေအိမ်တိုက်ခန်းများအတွက်သာ အသုံးပြုခဲ့ပြီး၊ ၁၉၅၃ ခုနှစ်ဝန်းကျင်က စတင်ကာကားများတွင်ပါ အဲယားကွန်းတပ်ဆင် အသုံးပြုလာနိုင်ခဲ့ပါတယ်။
ထိုစဉ်က ဇိမ်ခံဆလွန်းကားများ၊ ဈေးကြီးပေးဝယ်ရသော ကားအကောင်းစားများတွင်သာ တပ်ဆင်ပေးနိုင်ခဲ့သော်လည်း နောက်ပိုင်းမှာတော့ ကားအကြီးအသေးအမျိုးမျိုးတွင် အဲယားကွန်း မပါသောကားဟူ၍ မရှိတော့ပေ။
ကားအဲယားကွန်းရဲ့ ကောင်းကျိုးမှာ ပူအိုက်ခြင်း၊ လေလုံ၍အသက်ရှူကျပ်ခြင်းကနေ ကာကွယ်နိုင်တဲ့အပြင် မိုးတွင်းအခါ မိုးရွာတဲ့အချိန် ကားမှန် အလုံပိတ်မောင်းသောအခါ အတွင်းမှအပူငွေ့ပြန်ပြီး မှန်များမှုန်ဝါးကာ ပြင်ပသိုကောင်းစွာမမြင်ရခြင်းကိုပါ အကာအကွယ်ပေးပါတယ်။
အပူပိုင်းဒေသများတွင် အလွန်နေပူပြင်းသောအချိန် ကားအဲယားကွန်း ဖွင့်စီးသူများမှာ အေးနေရာမှ ရုတ်တရက် တံခါးဖွင့်ပြီး အဆင်းတွင် ပြင်ပအပူရှိန်ကြောင့်ရုတ်တရက် ရုတ်တရက် မူးလာကာ လဲကျသူ၊ သတိလစ်သူ၊ သက်ကြီးရွယ်အိုများတွင် အပူ အအေး တုံပြန်မှုကြောင့် ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးရသူများ ရှိလာသည်အထိ အန္တရာယ်လည်း ရှိနေပါတယ်။
ညပိုင်းအဲယားကွန်း ဘတ်စ်ကားကြီးများဖြင့် ခရီးသွားသူများတွင်လည်း ပါးတစ်ခြမ်းရွဲခြင်း၊ မျက်နှာနှင့် ကိုယ်တစ်ခြမ်းလေဖြတ်ခြင်းများပါ တွေ့ကြုံလာရခြင်းကို ဆေးရုံ၊ ဆေးခန်းများတွင် တွေ့လာရတတ်ပါတယ်။
အခြားဆန့်ကျင်ဘက် အဖြစ်အပျက်မှာ နေပူထဲမှလာပြီး အဲယားကွန်းဘတ်စ်ကားစီးသူ သက်ကြီးရွယ်အိုတဦးမှာ ကားထဲတွင်ပင် သတိလစ်ပြီး စကားမေးမရသဖြင့် ကားမောင်းသူနှင့်တာဝန်ရှိသူများမှ ဆေးရုံကြီးသိုပိုပေးရာ အပူအအေး ဆန့်ကျင်ဘက်ကြောင့် Heat Stroke ရပြီး ဦးနှောက်သွေးကြောပေါက်ကာ အသက်ဆုံးရှုးခဲ့ရမှုလည်း တွေ့ကြုံခဲ့ရဖူးပါတယ်။
အဲယားကွန်း ကားစီးမယ့်သက်ကြီးရွယ်အိုများ ကျန်းမာရေးမကောင်းသူများနှင့် အထူးသဖြင့်သွေးတိုးရောဂါအခံရှိသူများ သတိထားသင့်တဲ့ အချက်ပါပဲ။
ရုတ်တရက် အပူအအေး အပြောင်းအလဲဟာ ဦးနှောက်သွေး ကြောပေါက်ပြီး သတိလစ် လေဖြတ်နိုင်တာကို သတိထားကြပါ။
ကားအဲယားကွန်းဖွင့်စီးသူများရဲ့ အနေအထားကို လေ့လာကြည့်ရင်…
🔹(၁) နေပူထဲမှ ကားထဲ ဝင်ပြီးနောက် အဲယားကွန်းဖွင့်စီးသူ
🔹(၂) ကားထဲမဝင်မီကပင် အဲယားကွန်း ကြိုတင်ဖွင့်ထားသော ကားအတွင်းသို နေပူထဲမှလာပြီး ဝင်ထိုင်လိုက်သူ
🔹(၃) နေအိမ်မှ ကားအဲယားကွန်းဖွင့် စီးလာပြီး နေပူပြင်းသော တနေရာအရောက်တွင် ကားထဲမှအပြင် ထွက်လိုက်သူ
စသည်ဖြင့် အခြေအနေမတူ ကွဲပြားမှုသုံးမျိုး ကိုတွေ့ရှိရပါတယ်။
ထိုသူများတွင် အသက်ငယ်သေးသူများမှာ ဘာမှမဖြစ်သော်လည်း အသက် ၄၀ ကျော်၊ ၅၀ နှစ်အတွင်း သက်လတ်ပိုင်းများတွင် ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း ဝေဒနာခံစားရကြောင်း တွေ့ရပါတယ်။ အသက် ၆၀ ကျော် ၇၀ ခန့် လူကြီးများမှာ ခေါင်းမူးရုံမက ရုတ်တရက် လဲကျခြင်း၊ လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပြတ်ခြင်းများပါ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ကားအဲယားကွန်း ဖွင့်စီးသူများအနေနဲ့…
🔸(၁) ကားအဲယားကွန်းမဖွင့်မီ စက်နှိးပြီး ကားတံခါးများအားလုံးဖွင့်ထားပါ။ ပြင်ပလေဝင်ပြီး နောက်မှ ကားအဲယားကွန်းကို အနိမ့်ဆုံးမှ စ၍ ဖွင့်ပါ။ ထိုနောက်မှ မှန်များပြန်တင်ပြီးစီးရင် အပူ၊ အေအး ရုတ်တရက် အပြောင်းအလဲ မဖြစ်စေနိုင်ပါ။
🔸(၂) နေပူချိန်အဲယားကွန်းသုံးသော ကားဖြင့် အပြင်သွားရင် ရေသန့်ဘူး ယူဆောင်သွားပါ။ နေပူပြင်းတဲ့နေရာမှာ ကားရပ်ပြီး အပြင်သိုမဆင်းမီ ရေကိုအတော်အသင့် သောက်ပြီးမှ ဆင်းပါက ရုတ်တရက်ဦးနှောက်သို သွေးဆောင့်တက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
🔸(၃) အဲယားကွန်း ကြိုတင်ဖွင့်ထားတဲ့ ဘတ်စ်ကားကြီးများပေါ်ကို နေပူထဲမှဝင်ရင်၊ တက်စီးလျှင် မတက်မီက ကြိုတင်ပြီး ရေအေးသောက်ထားပါ။
အချိုလူကြီးများဟာ ကားပေါ်တွင် ဆီးသွားချင်မည်စိုးသဖြင့် ရေမသောက်ဘဲ ခရီးသွားလေ့ရှိသည်မှာ အမှားဖြစ်ပါတယ်။
ထိုအတူပင် ညအိပ်ချိန်တွင် အဲယားကွန်း ဖွင့်အိပ်သူများမှာလည်း အိပ်ရာမဝင်မီ ရေအေးတစ်ခွက် သောက်ပြီးမှအိပ်ပါက ကိုယ်တွင်း (အစာအိမ်) က အပူနဲ့ ပြင်ပအဲယားကွန်းရဲ့ အအေးဓာတ်တို ဝိရောဓိဖြစ်ခြင်းမှ ကာကွယ်ရာရောက်ပါတယ်။
အထက်ဖော်ပြခဲ့သော အချက်တိုကို သတိပြုလိုက်နာခြင်းဖြင့် အဲယားကွန်းကားစီးသူများအပြင် အဲယားကွန်းအခန်းဖြင့် အိပ်စက်သူများပါ အပူ၊ အအေးဝိရောဓိ လွန်ကဲမှုကြောင့် လေဖြတ်ခြင်း၊ ဦးနှောက် သွေးကြောပြတ်ခြင်းဘေးမှကင်းဝေးစေနိုင်ကြောင်း သတိပေးတင်ပြအပ်ပါတယ်။
to orginal
My facebookpage link
https://www.facebook.com/profile.php?id=100084936720070
My Telegram link
https://t.me/KoShinegold
Click here to claim your Sponsored Listing.
Category
Culinary Team
Attire
Contact the business
Telephone
Website
Address
62(A)လမ်း, 103×104ကြား, ချမ်းမြသာစည်မြို့နယ်
Mandalay
05041