TechTrek Academy

TechTrek Academy

Share

Bridgefy - Offline Messages 01/02/2021

Jar Seng Hkawn "အရေးပေါ် အကြံပြုချက်"

အင်တာနက်လိုင်းများ အပိတ်ခံရလျှင် မိမိတို့ ဖုန်းများအား အသုံးပြု၍ Mesh Network များဖြင့် တစ်ဦးနှင့် တစ်ဦး (သို့) တစ်စုနှင့် တစ်စု ဆက်သွယ်ရန် အသုံးပြုနိုင်ကြပါတယ်။

အသုံးပြုနိုင်တဲ့ Mesh Network App များကို ဖော်ပြပေးအပ်ပါတယ်။

"FireChat" for Android & Apple iOS

"The Serval Mesh" for Android

"Signal Offline Messenger" for Android

"Vojer" for Apple iOS

"Bridgefy" for Android & Apple iOS

"Briar" for Android တို့ ဖြစ်ပါတယ်။

အဆိုပါ app များထဲမှ တစ်ခုကို နမူနာအနေနဲ့ အောက်ပါအတိုင်း ဖော်ပြပေးလိုပါတယ်။

"အင်တာနက်များ ရုတ်တရက်ပိတ်ကျသွားလျှင် "Bridgefy" app ကို အသုံးပြုရန်"

ဒီ apk က ဟောင်ကောင်ဆန္ဒပြပွဲတွေမှာ ပြည်သူ့ဘက်သား တော်လှန်ရေးသမားတွေ အသုံးပြုခဲ့တဲ့ apk ဖြစ်ပါတယ်။

သူ့အားသာချက်က အင်တာနက် မလိုပဲ bluetooth နဲ့ ဖုန်းချင်းမက်ဆေ့ပို့
ဆက်သွယ်နိုင်တာဖြစ်လို့ အင်မတန် အသုံးဝင်တယ်။

ဟောင်ကောင်လူထုတိုက်ပွဲများ အတွင်းမှာတုန်းက တရုတ်အစိုးရရဲ့ အင်မတန်မြင့်မားတဲ့နည်းပညာကတောင် ဒီ apk နဲ့အသုံးပြုဆက်သွယ်ခြင်းကို မဟန့်တားနိုင်ခဲ့ပါဘူး။

ဒီ apk ကိုအသုံးပြုပြီး ဖုန်းတစ်လုံးနဲ့တစ်လုံး မီတာ ၁၀၀ (ပေ ၃၃၀ခန့်) အကွာအဝေးအထိ ဆက်သွယ်နိုင်တယ်။

မီတာ ၁၀၀ တိုင်း ကြားမှာ ဖုန်းတစ်လုံးဆီ ရှိပြီး ဆက်သွယ်သွားခြင်းဖြင့်
အင်မတန်ဝေးကွာလှမ်းတဲ့နေရာတွေအထိလည်း ကွန်ယက်သဖွယ်
အချင်းချင်းချိတ်ဆက်သွားနိုင်ပါတယ်။

ဒီ apk ကို အသုံးပြုကာ နှစ်ဦးချင်း message တွေပို့လို့ရသလို
Broadcast ဆိုတဲ့ ဖန်ရှင်နဲ့ ကိုယ်ပို့တဲ့ မက်ဆေ့ကို အနီးအနားရှိသူအားလုံး ဖမ်းယူသိရှိနိုင်အောင် ဖြန့်ဝေလို့လည်း ရတယ်။

Iphone မှာရော Android မှာပါ အသုံးပြုနိုင်ပါတယ်။

စစ ဝင်ခြင်းမှာ အင်တာနက် ကော်နက်ရှင် တစ်ကြိမ်တော့ လိုအပ်တာမို့ ဒေါင်းလုပ်ဆွဲကာ ဝင်ထားကြည့်ကြဖို့ တိုက်တွန်းပါတယ်။

Play Store မှာရော၊ App Store မှာရော "Bridgefy" လို့ ရိုက်ရှာကာ လွယ်လင့်တကူ ဒေါင်းလုပ်ဆွဲထားနိုင်ကြပါကြောင်း ... ။

(မှတ်ချက် - မိမိတို့ အင်တာနက်များ ရနေခိုက် စတင် အသုံးပြုထားစေချင်ပါတယ်)။

Link တစ်ခု ပေးလိုက်ပါတယ်။

https://www.facebook.com/100005014158392/post
s/1763764217134033/?d=n

Bridgefy - Offline Messages

29/01/2021

Web Design အတွက် အရေးပါသော Responsive Logo အကြောင်း
Credit : Han Win Aung

Web Designer များ အလေးထားလုပ်ဆောင်ရတဲ့ အပိုင်းထဲမှာ User တွေရဲ့ အသုံးပြုတဲ့ Device တွေနဲ့ မိမိ website design လေးကိုက်ညီမှုရှိအောင်၊ လှပသေသပ် ပြီး responsive ဖြစ်အောင်လုပ်ဖို့ အရေးကြီးပါတယ်။ Website တစ်ခု စရေးပြီဆိုတာနဲ့ အများစုက ကိုယ်ရေးတဲ့ website မှာ Logo တစ်ခုလောက်တော့ ထားကြတယ်။ အဲဒီမှာ Designer တစ်ချို့ သတိမထားမိတာက မိမိ Site ရဲ့ content တွေကို responsive ဖြစ်အောင်ကြိုးစားလုပ်ကြပြီး Website ရဲ့ Logo ကိုကျ ရိုးရိုးတစ်ပုံပဲ size အကြီးအသေးချိန်ထားတတ်ကြတယ်။ Logo ဆိုတာ ဒီအတိုင်း ကြည့်ကောင်းအောင်ထားတဲ့ ပုံလေးတစ်ခုထက်ပိုပါတယ်။ ကျွန်တော်တို့ Brand တွေ Website ရဲ့ ရည်ရွယ်ချက် လုပ်ဆောင်ချက်တွေကို Logo မြင်ရုံနဲ့  User ကသိနိုင်ရပါမယ်။

Logo ဆိုတာဘာလဲ ?
ပုံက နာမည်ကြီး Company တစ်ချို့ ရဲ့ responsive logo design တွေပါ။ ပုံတွေမြင်လိုက်တော့ responsive logo ဆိုတာဘာလဲ စာဖတ်သူ နည်းနည်းသဘောပေါက်လောက်မယ်ထင်တယ်။ ဟုတ်ပါတယ်။ Responsive logo ဆိုတာ… များစွာသော user တွေရဲ့ Device အမျိုးမျိုး Screen Size အမျိုးမျိုးပေါ်မှာ မိမိ Brand ရဲ့ Logo ကို ထင်ရှားအောင်ပြဖို့ screen size အလိုက်
မလိုလားအပ်တာတွေဖယ်ပြီး Logo ပြန်ရေးဆွဲတာမျိုးပါ။

Logo တစ်ခု မှာဘာတွေရှိသင့်လဲ?
Logo တစ်ခုကို responsive logo အဖြစ်ပြန်ဆွဲတော့မယ်ဆိုရင် နဂိုမူလ logo ကနေ logotype (a logo made of text, simply described) ၊ ဒါမှမဟုတ် logomark (an identifying mark or symbol with no text) ထဲက ပုံစံတစ်ခုခုကိုရွေးချယ်ထားသင့်ပါတယ်။ small device တွေအတွက် နဂိုမူလ logo ကိုပြင်တဲ့အခါမှာ User ရင်းနှီးပြီသားဖြစ်တဲ့ အမှတ်အသား color တွေကို ဖယ်ရှားပစ်တာမျိုး မလုပ်သင့်သလို User အသစ်တွေအတွက်လည်း မူရင်း logo ကို မြင်သာစေမယ့်ပြင်ဆင်မှုမျိုးဖြစ်သင့်တယ်။Responsive logo တွေဆွဲရာတွင်လဲ မူလ logo အပါအဝင် လေးခု လောက်ပဲဆွဲသင့်ပါတယ်။Web designer တွေအနေနဲ့ responsive logo ကို SVG( Scalable Vector Graphics ) နဲ့ရေးဆွဲရင်ပိုအဆင်ပြေနိုင်မယ်။

မိမိတို့ရဲ့ Brand Logo တွေကို Device အမျိုးမျိုး screen size အမျိုးမျိုး မှာ သပ်သပ်ရပ်ရပ်ဖြစ်စေမယ့် responsive logo တစ်ခု ရှိသင့်ပါတယ်။

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay