Sports Mix
28/04/2026
ကိုဆိုက်တို့ ခိုးကြည့်ဖော်ခိုးကြည့်ဖက်တွေနဲ့ဆိုတော့ အားမငယ်ရတော့ဘူးပေါ့ 🤭
25/04/2026
ရီးရဲလ်ရဲ့အခြေအနေကတော့ L** ပဲ လို့သာ ဆဲရမဲ့အထိကို ရုပ်ပျက်ဆင်းပျက်တွေ ဖြစ်နေတာပါ။ နောက်ဆုံး ၆ ပွဲမှာ ၁ ပွဲပဲနိုင်ထားပြီး ဖြစ်ချင်တိုင်းတွေ ဖြစ်နေတာပါ။ အောင်မြေဖြစ်တဲ့ ချန်ပီယံလိဂ်မှာ ဂျာမန်ဘီလူးကို ၂ ကျော့စလုံး အရေးနိမ့်ပြီး စောစောစီးစီး တပ်ခေါက်ပြန်ခဲ့ရသလို လာလီဂါမှာလည်း မျှော်လင့်ချက်မရှိတော့ပါဘူး။ နောက်ဆုံး ဂုဏ်သိက္ခာအတွက် နိုင်ပွဲရှာပေးဖို့လိုနေချိန်မှာတောင် အခုလို သရေကျသွားခဲ့တာပါ။ ဒါတောင် ဂိုးသမားလေး လူနင်က အပီအပြင်တွေ ဖမ်းပြသွားလို့ ထပ်မရှုံးတာပါ။ တစ်သင်းလုံးအတိုင်းအတာအရ ကြယ်စင်စုတွေနဲ့ ပြည့်နေပေမဲ့ တကယ်တမ်းမှာတော့ သူတစ်လူငါတစ်မင်းနဲ့ စိတ်ဝမ်းကွဲပြားနေကြတာပါ။ အသင်းရဲ့ တာဝန်ရှိသူတွေဘက်ကသာ ဒီအခြေအနေတွေကို အကောင်းဆုံး မစီမံနိုင်ခဲ့ရင် လာမဲ့ရာသီတွေမှာလည်း ရီးရဲလ်ရဲ့ ကျဆုံးခန်းတွေကို ဆက်တိုက် မြင်တွေ့သွားရဦးမှာပါ။
20/04/2026
🚨📊 သင်သိပါသလား
ရော်နယ်ဒိုဟာ ကမ္ဘာ့ထိပ်သီးလိဂ်ကြီး ၃ ခုဖြစ်တဲ့ Premier League, La Liga နဲ့ Serie A တို့မှာ MVP (အကောင်းဆုံးကစားသမားဆု)၊ Golden Boots (ဂိုးသွင်းအများဆုံးဆု) နဲ့ လိဂ်ချန်ပီယံဆုတွေကို ရရှိခဲ့ဖူးတဲ့ သမိုင်းတစ်လျှောက် **တစ်ဦးတည်းသော** ကစားသမားဖြစ်ပါတယ်။
အခုဆိုရင် သူဟာ Al Nassr အသင်းနဲ့အတူ လိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်တာနဲ့ မတူညီတဲ့ လိဂ် ၄ ခုမှာ ဒီလိုအောင်မြင်မှုမျိုး ရရှိဖူးတဲ့ ပထမဆုံးသော ကစားသမား ဖြစ်လာတော့မှာပါ 🤯
19/04/2026
အာတီတာက နည်းပြကောင်းပါ။
ဒါပေမဲ့ တကယ်တမ်း အရေးကြီးပြီဟေ့ဆိုရင်တော့ တလွဲတွေ စလုပ်ပါပြီ။ ပြိုင်ဘက်ကို တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်ရမဲ့အစား အသားမကျတဲ့ ကစားကွက်ပြောင်းကစားတာ၊ ကစားသမားတွေကို တလွဲနေရာတွေမှာ ကစားခိုင်းတာတွေ အမြဲလိုလို မြင်နေရတာပါ။ ဒါက သူ့ရဲ့ အကြောက်လွန်ရောဂါပါပဲ။ တစ်ရာသီလုံး အခြေကျပြီး ပြိုင်ဘက်အလီလီကို အလဲထိုးလာတဲ့ ကစားကွက်ကို သူကိုယ်တိုင်ပဲ ဖျက်ဆီးလိုက်တာပါ။ ဟိုကစားသမား ဒဏ်ရာရလို့၊ ဒီကစားသမား မပါနိုင်လို့ဆိုတာတွေက ကြားကောင်းယုံပြောကြတဲ့ ဆင်ခြေတွေပါ။ ဒီအတိုင်းသာဆက်သွားရင် အာတီတာရဲ့ အာဆင်နယ်က ဘယ်လ်ဂျီယံရဲ့ ရွှေရောင်မျိုးဆက်လိုပဲ နာမည်ကြီးထမင်းငတ်အဖြစ်နဲ့ ဇာတ်သိမ်းသွားရတော့မှာပါ။
01/04/2026
ဒဏ်ရာကြောင့် လေးပတ်ကြာ အနားယူနေရတဲ့ ရော်နယ်ဒိုတစ်ယောက် အယ်လ်နာဆာအသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနေပြီ ဖြစ်ပါတယ်။ လက်ရှိမှာ ရာနှုန်းပြည့် ကြံ့ခိုင်မှုမပြည့်ဝသေးပေမဲ့ သိပ်မကြာမီအချိန်အတွင်း အယ်လ်နာဆာအတွက် ပါဝင်ကစားပေးနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီရာသီမှာ အမှတ်ပေးချန်ပီယံဆုအတွက် အခြေအနေကောင်းနေတဲ့ အယ်လ်နာဆာတို့ ရော်နယ်ဒိုပြန်လာခြင်းနဲ့အတူ နိုင်ပွဲတွေဆက်ပြီး အရယူသွားနိုင်မလား စောင့်ကြည့်ရပါမယ်။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Mandalay