Forex Myanmar

Forex Myanmar

Share

09/03/2024

US Federal Reserve က အတိုးနှုန်းတွေ တက်လာတဲ့အခါ အမေရိကန် ဒေါ်လာက တန်ဖိုးတက်ပါသလား။

ဤသည်မှာ အမည်ခံ US Dollar Index နှင့် Federal Fund Rates များသည် အခြားသော အဓိကငွေကြေးများနှင့် US ကာလတို အတိုးနှုန်းများနှင့် အသီးသီး ယှဉ်တွဲလျက် ဤဇယားကို ဖန်တီးရန် မေးခွန်းထုတ်လာခြင်းဖြစ်သည်။

ဤဇယားတွင် ကျွန်ုပ်အား ခုန်ပေါက်သွားသော စိတ်ဝင်စားဖွယ်ပုံစံတစ်ခုရှိသည်။ ဒါပေမယ့် အဲဒါကို မရောက်ခင် ဒီဆက်ဆံရေးကို အကျဉ်းချုပ် သုံးသပ်ကြည့်ရအောင်။

အမေရိကန် အတိုးနှုန်းတွေ တက်လာတဲ့အခါ အမေရိကန် ဒေါ်လာကို တန်ဖိုးထားသင့်တယ်လို့ သာမာန်သဘောလို့ ခံစားရဖူးတယ်။ ဒါက ဘာကြောင့်လဲ။

အကယ်၍ Fed သည် အခြားသော ဗဟိုဘဏ်များက ၎င်းတို့၏ နှုန်းထားများကို ထိန်းသိမ်းထားသော်လည်း အတိုးနှုန်းကို လျှော့ချမည်ဆိုပါက စုဆောင်းငွေအပေါ် ပြန်အမ်းငွေသည် အခြားနိုင်ငံများထက် US တွင် ပိုမိုဆွဲဆောင်မှုရှိသည်။ အမေရိကန်တွင် စုဆောင်းငွေအပေါ် ဤမြင့်မားသောနှုန်းထားကြောင့် နိုင်ငံတကာ အရင်းအနှီးသည် အခြားနိုင်ငံများမှ US သို့ စီးဆင်းသင့်သည်။ ထို့ကြောင့် အမေရိကန်ဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံရန် လိုအပ်သည့် အမေရိကန် ဒေါ်လာ၏ လိုအပ်ချက် မြင့်မားလာသဖြင့် အမေရိကန် ဒေါ်လာ၏ စျေးနှုန်းသည် မြင့်တက်လာသင့်သည်။ အဓိပ္ပာယ်ရှိသလား။

ကောင်းပြီ၊ စံကျောင်းစာအုပ်သီအိုရီ — aka uncovered interest rate parity — သည် ဆန့်ကျင်ဘက်ဖြစ်သည်- မြင့်မားသောအတိုးနှုန်းကိုပေးသောငွေကြေးများသည် တန်ဖိုးကျဆင်းသင့်သည်။

ဖော်ထုတ်ထားသော အတိုးနှုန်း တူညီမှုသီအိုရီသည် သယ်ဆောင်ရောင်းဝယ်ရေး ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာအတွက် ပျမ်းမျှမျှော်မှန်းထားသည့် သုည၏ပြန်လာမှုကို ခန့်မှန်းပေးသည်၊ ၎င်းသည် အခြေခံအားဖြင့် အတိုးနှုန်းသက်သာသော ငွေကြေးများဖြင့် ချေးငှားခြင်းနှင့် ပိုမိုမြင့်မားသောအတိုးနှုန်းများပေးသော ငွေကြေးများတွင် ရင်းနှီးမြှုပ်နှံခြင်းကို ရည်ညွှန်းသည်။ မျှော်မှန်းထားသော ပြန်လာမှုသည် သုညဖြစ်ရန်အတွက်၊ အတိုးနှုန်းကွဲပြားမှုမှ အပြုသဘောဆောင်သည့်အမြတ်များကို ငွေလဲနှုန်းပြောင်းလဲမှုများဖြင့် ထေမိမည်ဟု သီအိုရီက ခန့်မှန်းသည်။

ဂျပန်၏ ၃ လတာ စွန့်စားမှုကင်းသော အတိုးနှုန်းသည် အမေရိကန်ထက် နိမ့်သည်ဆိုပါစို့။ ရင်းနှီးမြှုပ်နှံသူတစ်ဦးသည် ဂျပန်နိုင်ငံတွင် အရင်းအနှီးနည်းပါးသော အရင်းအနှီးဖြင့် ချေးယူကာ ဂျပန်ယန်းကို အမေရိကန် ဒေါ်လာအဖြစ် ပြောင်းလဲကာ အတိုးနှုန်းကွာခြားမှုမှ အပြုသဘောဆောင်သော အမြတ်များကို အိတ်ထဲထည့်မည်ဟု မျှော်လင့်ကာ US Treasuries တွင် ငွေကို ရင်းနှီးမြှုပ်နှံခဲ့သည်ဆိုကြပါစို့။ သုံးလအကြာတွင် ရင်းနှီးမြှုပ်နှံသူသည် အမေရိကန်တစ်ဒေါ်လာရှိ ငွေကို ဂျပန်ယန်းသို့ ပြန်လည်လဲလှယ်ပြီး ချေးငွေကို ပြန်ဆပ်ရမည်ဖြစ်သည်။ ရင်းနှီးမြုပ်နှံသူအတွက် အသားတင်ပြန်အမ်းငွေသည် အပြုသဘောဆောင်သောအတိုးနှုန်းကွာခြားချက်အပြင် အမေရိကန်ဒေါ်လာ၏တန်ဖိုးတက်ခြင်း (တန်ဖိုးလျော့ခြင်း) မှ ဂျပန်ယန်းနှင့် ဂျပန်ယန်းတို့ထံမှ အမြတ်အစွန်းများ (ဆုံးရှုံးမှု) ဖြစ်လိမ့်မည်။ အတိုးနှုန်းကွာခြားမှုသီအိုရီသည် အမေရိကန်ဒေါ်လာသည် အတိုးနှုန်းကွဲပြားမှုမှ အပြုသဘောဆောင်သည့်အမြတ်များကို ထေမိသည်အထိ ကျဆင်းသွားမည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံသူအတွက် အသားတင် သုညပြန်ရလာမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။

ထို့ကြောင့် မည်သည့်အငြင်းအခုံမျဉ်းအား ဒေတာဖြင့် ထောက်ခံသည်- သာမာန်သဘောရှိသော၊ သို့မဟုတ် သီအိုရီတွင် အမြစ်တွယ်နေသည့်၊ ဖုံးကွယ်ထားသော အတိုးနှုန်းတူညီမှု။

အဖြေလည်း မဟုတ်ဘူး။

အတိုးနှုန်းမြင့်သောငွေကြေးသည် သီအိုရီအရ ခန့်မှန်းထားသည့်အတိုင်း တန်ဖိုးနည်းတတ်ကြောင်း လေ့လာမှုများစွာက တွေ့ရှိခဲ့သည်။ သို့ရာတွင်၊ အခြားတစ်ဖက်တွင်၊ အတိုးနှုန်းမြင့်သောငွေကြေးသည် လည်းကောင်း တန်ဖိုးထားတတ်ကြောင်း ခိုင်လုံသောအထောက်အထားလည်း မရှိပါ။

တကယ်တော့၊ "ကျပန်းလမ်းလျှောက်ခြင်း" ဟုခေါ်သော အခြားပိုင်ဆိုင်မှုအမျိုးအစားသည် ငွေလဲနှုန်း၏အပြုအမူ[i] ကို အနီးစပ်ဆုံးခန့်မှန်းနိုင်ပုံပေါ်သည်။ အနှစ်သာရအားဖြင့်၊ ကျပန်းလမ်းလျှောက်ခြင်းဆိုသည်မှာ ကာလတိုအတွင်း ကြိုတင်မခန့်မှန်းနိုင်သော မြင့်မားသောအဆင့်ကို ရည်ညွှန်းပြီး လက်ရှိတန်ဖိုးသည် အနာဂတ်ငွေလဲနှုန်း၏ အကောင်းဆုံးခန့်မှန်းချက်ဖြစ်သည်။

ထို့ကြောင့်၊ ကြိုတင်သုတေသနပြုချက်များအရ၊ US အတိုးနှုန်းနှင့် US ဒေါ်လာတန်ဖိုးပြောင်းလဲမှုများကြားတွင် ကိန်းဂဏန်းခိုင်မာသော ဆက်နွယ်မှုမရှိကြောင်း ကျွန်ုပ်တို့ပြောနိုင်ပါသည်။

အောက်ဖော်ပြပါ မျဉ်းကွေးများသည် Nominal US Dollar Index နှင့် Federal Fund နှုန်းထားများအကြား ဆက်စပ်မှုတွင် ဆန့်ကျင်ဘက်ပုံစံများကို ဂရပ်ဖစ်ဖြင့် သရုပ်ပြပါသည်။ 2022 ခုနှစ် မတ်လ နှင့် စက်တင်ဘာလ 2022 ခုနှစ်ကြားတွင်၊ US ကာလတို အတိုးနှုန်း မြင့်တက်မှု သည် အမေရိကန် ဒေါ်လာ တန်ဖိုး မြင့်တက်မှု နှင့်အတူ နီးကပ်စွာ လိုက်ပါလာခဲ့သည်။ သို့သော် လွန်ခဲ့သောနှစ်အနည်းငယ်က၊ ဒီဇင်ဘာ 2016 နှင့် 2018 ခုနှစ် ဇန်နဝါရီလကြားတွင် ဆက်ဆံရေးသည် လုံးဝနီးပါးဆန့်ကျင်ဘက်ဖြစ်ပြီး အတိုးနှုန်းနှင့် အမေရိကန်ဒေါ်လာတန်ဖိုးမှာ သိသိသာသာ ကွဲလွဲနေပါသည်။

References:

[i] https://www.stlouisfed.org/en/on-the-economy/2016/february/rate-hikes-affect-dollars-exchange-rate

10/05/2022

အပိုဝင်ငွေ ရှာလို့ရမယ့် နည်းလမ်းတွေ…
ဝင်ငွေ လမ်းကြောင်းတစ်ခု ထဲအပေါ်မှာ ရပ်တည်တယ် ဆိုတာ တကယ်တော့ အန္တရာယ် များပါတယ်။ ဒီအတွက် ကိုယ့်ရဲ့ ပင်မ ဝင်ငွေ ရရှိမှု နည်းလမ်းအပြင် အခြားသော အပိုဝင်ငွေရနိုင်မယ့် နည်းလမ်း တွေကို ရှာဖွေ လုပ်ဆောင်ကြရလေ့ရှိပါတယ်။ ဥပမာ အမေရိကန်လိုနိုင်ငံမျိုးမှာ ဆိုရင် လူတိုင်းနီးပါး ဟာ စတော့ရှယ်ယာ စျေးကွက်၊ Bond စျေးကွက် တို့ိကို ရင်းနှီးကျွမ်းဝင်ကြပြီး အပိုဝင်ငွေ ရရှိနိုင်ဖို့ တစ်နိုင်တစ်ပိုင် ရင်းနှီးမြုပ်နှံကြလေ့ရှိပါတယ်။ ဒီတစ်ခါမှာတော့ ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ ကရော အပိုဝင်ငွေ တကယ် ရရှိ စေနိုင်မယ့် ဘယ်လို နယ်ပယ် တွေ နည်းလမ်းတွေ ရှိတယ်ဆိုတာ ကျွန်တော့် အတွေ့အကြုံအရ မျှဝေပေးချင်ပါတယ်။
(၁) အကျိုးတော်ဆောင်….
အကျိုးဆောင် လို့ ခေါ်ဆိုကြတဲ့ အရပ်အခေါ် ပွဲစား လုပ်ငန်းဟာလည်း အပိုဝင်ငွေ ရရှိစေတဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။ အကျိုးဆောင် လို့ ဆိုရာမှာ ပိုင်ဆိုင်မှု Assets တွေကို ရောင်းရာ ဝယ်ရာမှာ အကျိုး ပြုပေးတာမျိုး ရှိသလို Service တစ်ခုခုပေးအပ် ခြင်းဖြင့်လည်း အကျိုးဆောင်ပေးတာမျိုးတွေ ရှိပါတယ်။ ဥပမာ အင်တာနက် ဘေဆောင်ပေးတာ၊ ဟင်းချက်စရာ ဝယ်ပေးတာ၊ နိုင်ငံခြား ကိုငွေလွဲပေးတာ၊ ကနေ အစ တိုက်ခန်း ၊ ကားအရောင်းအဝယ်၊ မြေကွက်အရောင်းအဝယ် စတဲ့ Assets တွေ အထိ ရောင်းသူ ဝယ်သူ ချိတ်ဆက်ပေး တာမျိုး တွေ ရှိ လေ့ရှိပါတယ်။ ဒါ့အပြင် အချို့ နယ်တွေ မှာ ဆန်စပါး၊ ပဲ စတဲ့ commodities တွေကို ဝယ်ယူ သိုလှောင်ချင်သူတွေ ရှိရင် ပေါက်စျေးကိုငွေလွဲပေးပြီး ဝယ်ယူပေးကာ ကိုယ်ပိုင်ဂိုဒေါင်မှာသိုလှောင်ပေးတဲ့ Service မျိုး တွေ လဲ တွေ့ရှိရတာပါပဲ။ ဒီလုပ်ငန်းနယ်ပယ်ဟာ လည်း ကိုယ့်ရဲ့ အဓိက အလုပ်ချိန်ပြင်ပမှာ အပိုဆောင်းအနေနဲ့ လုပ်ဆောင်နိုင်တဲ့ ငွေရှာနိုင်တဲ့ နည်းလမ်း တစ်ခုဖြစ်ပါတယ်။
(၂) ဝယ်ရောင်း
ဒီနည်းကတော့မိမိမှာ စုဆောင်းထားတဲ့ ငွေပမာဏ အသင့်အတင့်တစ်ခု ရှိမယ်ဆိုရင် ဆောင်ရွက်လို့ရ တဲ့ အပိုဝင်ငွေရှာနည်းပါပဲ။ ရွှေ၊ ဒေါ်လာ၊ နိုင်ငံခြားငွေကြေး၊ ကား၊ အိမ်ခြံမြေ၊ ဖုန်း Second၊ လျှပ်စစ်ပစ္စည်း ကအစ Assets အမျိုးအစား အများစု ဟာ ဝယ်ရောင်းလုပ်ခြင်းကနေ အပိုဝင်ငွေရှာ လို့ ရ နိုင်ပါတယ်။
ဒီလို လုပ်ဆောင်ရာမှာကတော့ အချိန် ကို အသုံးချခြင်း၊ နေရာကိုအသုံးချခြင်းဆိုပြီး နှစ်မျိုး ဆောင်ရွက် နိုင်ပါတယ်။ စျေး ကျတဲ့ အချိန်မှာ ဝယ်ထားပြီး စျေးတက် တဲ့ အချိန်မှာ ရောင်းချ အမြတ်ယူ တာကတော့ အချိန်ကို အသုံးချ ခြင်းဖြစ်ပြီး စျေး သက်သာ တဲ့ နေရာ ကနေ ဝယ်ယူပြီး စျေး များ တဲ့ နေရာ ကို ယူဆောင်ရောင်းချ တာကတော့ နေရာကို အသုံးချခြင်းဖြစ်ပါတယ်။
ကျွန်တော် ငယ်စဉ် အလယ်တန်းကျောင်းသားဘဝ မှာ တုန်း က ဘုရားဖူးထွက်ရင်း နယ်ဖက် ကနေ သနပ်ခါးတုန်းအရှည် ကြီးတွေကို စျေး သက်သက်သာသာ နဲ့ ဝယ်လာခဲ့ပါတယ်။ ရန်ကုန်အိမ်လဲ ရောက်ရော အဖေ့ တပည့် ကို လက်တစ်ဝါး စာ သနပ်ခါးတုံးတွေ အဖြစ် လွှနဲ့ တိုက် ဖြတ် ဖို့ ပူဆာ ပြီး အမေ့ ကုန်စုံဆိုင်မှာ တင်ရောင်းကာ မုန့်ဖိုး ရှာ ခဲ့ဖူးပါတယ်။ ဒါကတော့ နေရာကို အသုံးချခြင်း ပါပဲ။
(၃) မျှဝေပို့ချခြင်း…
မိမိတတ်မြောက်ရာ ကျွမ်းကျင်ရာ အတတ်ပညာ တစ်ခုခုကိုလဲ အပိုဝင်ငွေရဖို့ လူအများကို သင့်တင့်တဲ့ ပညာကြေး ရယူပြီး မျှဝေနိုင်ပါသေးတယ်။ ဥပမာ မိမိ က အမျိုးသမီးဝတ် ဖက်ရှင် အထည်တွေ ကိုယ်တိုင် ချုပ်လုပ်ရောင်းချ နေတယ်ဆိုပါစို့။ ဒါဆိုရင် ဒီပညာ ရပ်ကိုပဲ အင်္ကျီ ချုပ်သင်တန်း ဖွင့် လှစ်ပြီး အပိုဝင်ငွေရယူနိုင်ပါတယ်။ အဲဒီကနေမှ တစ်ဆင့် သင်တန်း သားတွေကို ကုန်ကြမ်း တွေ ရောင်းချ တာ၊ ဒီဇိုင်းတွေ ရောင်းချတာ၊ လက်ကားစျေးနဲ့ ချုပ်ပြီးသား အထည်တွေ ပြန်ဖြန့်တာ စတာတွေကို ဆက်လက် တိုးချဲ့ သွားလို့ရပါတယ်။
(၄) အချိန်ပိုင်းအလုပ်တွေ..
ဒီဖက်ခေတ်မှာ ဝင်ငွေကောင်းတဲ့ အချိန်ပိုင်းအလုပ်လေးတွေ ကနေလဲ အပိုဝင်ငွေ ရရှိနေနိုင်ပြီ ဖြစ်ပါတယ်။ ကျွန်တော်ရဲ့ အိမ်မှာကို အိမ်သားတွေ အလုပ်များပြီး အိမ်သန့်ရှင်းရေး မလုပ်နိုင်တော့တဲ့ အခါ တစ်ပတ် တစ်ခါ လောက် သုံးနာရီစာ သန့်ရှင်းရေး Service ကိုခေါ်ယူရလေ့ရှိပါတယ်။ သုံးနာရီ အတွင်း အိမ် သန့်ရှင်းရေးကို အကောင်းဆုံး လုပ်ဆောင်ပေးပြီး Service Fees ကလည်း သောင်း ဂဏာန်း ခန့် ပေးရလေ့ရှိပါတယ်။
ကျွန်တော့် အိမ်ရှေ့ စျေး ထဲမှာ ဆိုက်ကားဆရာကြီး တစ်ဦးရှိပါတယ်။ သူ ရဲ့ အလုပ်ကြိုးစားမှု ကလဲ နမူနာယူစရာပါပဲ။ မနက်ကနေ ညနေ ခင်း အထိ ဆိုက်ကား နင်းတဲ့ အလုပ်ကို အဓိက လုပ်ပါတယ်။ ဒါပေမယ့် အဲဒီ ကနေ အချိန်ပိုင်း အနေနဲ့ စျေးထဲက ဆိုင်တွေ ၊ အိမ်တွေ မှာ လိုတာလေးတွေ အစုံ လိုက် လုပ်ပေးပါတယ်။ ရေပိုက်ပြင်တာ၊ မီးလိုင်းရိုက်တာ၊ ရေဆိုးမြောင်းရှင်းတာ စတဲ့ အသေးစား အလုပ် ၊ ညစ်ပတ်လို့ လူအများမလုပ်ချင်တဲ့ အလုပ်လေးတွေ နဲ့ အရင်စတာပါပဲ။ အဲဒီကနေ သူ အတွက် လိုတဲ့ ပညာတွေလဲ ထပ်သင်၊ လိုတဲ့ ပစ္စည်း ကိရိယာလေးတွေ လဲ ဝယ်စုပြီး နှစ်နည်းနည်း ကြာတော့ ကွန်ကရစ်ခင်းတာ၊ အုတ်တံတိုင်းဆောက်တာ၊ ကြွေပြားကပ်တာ ၊ အိမ်အလှဆင် ဆေးသုတ် တာ၊ စတဲ့ အလုပ်ကြီးတွေကိုပါ လက်ခံ လုပ်လာနိုင်ပါရော။ နောက်တော့ သူ့ဆိုက်ကား ကို အငှားပြန်ချ နင်းခိုင်းလိုက်ပြီး သူက အိမ်တွေ ရဲ့ အထက်ကလို လုပ်ငန်းတွေကို ပုတ်ပြတ် ဖြစ်စေ နေ့စား ဖြစ်စေ လက်မလည်အောင်လုပ်ရင်း အဆင်ပြေသွားပါတော့တယ်။
(၅) ငှားစားမယ်….
အပိုဝင်ငွေ အလွယ်တကူ ရနိုင်တာက Assets တွေကို ငှားရမ်း တာပါပဲ။ တိုက်ခန်း ဝယ်ပြီး ငှားထားမယ်၊ တက်စီ ကားဝယ်ပြီး အငှားချ အုံနာခယူမယ်၊ ဆိုင်ကယ် ဝယ်ပြီး ငှားထားမယ်၊ ဆိုက်ကား အငှားချမယ်၊ နောက်ဆုံး အသုပ်သည်တွေ အတွက် တွန်းလှည်းတွေကအချ အငှားချပြီး ဝင်ငွေ ရရှိနေသူတွေ ရှိပါတယ်။
သက်ဆိုင်ရာ နယ်ပယ်အလိုက် လိုအပ်တာတွေကို အငှားချပြီး ဝင်ငွေ ယူကြတာပါပဲ။ အိမ်တက် ဆွမ်းကပ် လို ပွဲတွေ အတွက် ပန်းကန်ခွက်ယောက်တွေ ငှားတာ၊ ကော်ဇောတွေ ထိုင်ခုံတွေ ငှားတာ၊ မင်္ဂလာဆောင်တွေ အတွက် နောက်ခံ အလှကားတွေ၊ မီးစလိုက်တွေ ပန်းတွေ ငှားတာ၊ လက်ဝတ်ရတနာ ငှားတာ၊ ဝတ်စုံတွေ ငှားတာ၊ စသဖြင့် အစုံပါပဲ။
လျှပ်စစ်မီးခက်ခဲ တဲ့ ရွာတွေ မှာဆိုရင် မီးထွန်းဖို့ ဘက်ထရီ အိုးလေးတွေ ကို နေ့စဉ် လိုက်လံ ငှား ရမ်း တဲ့ လုပ်ငန်း မျိုးကိုတောင် တွေ့ခဲ့ ရဖူးပါသေးတယ်။
(၆) လက်ကား ယူ လက်လီပြန်ရောင်း..
မီးဖိုချောင်သုံး ပစ္စည်းလေးတွေ၊ အလှကုန်တွေ၊ အထည်အလိပ်တွေ၊ လူသုံး ပစ္စည်းတွေကို လက်ကား အနေနဲ့ ပြန်ယူပြီး ကိုယ့်ရပ်ကွက်၊ကိုယ့်ရုံး က အသိ တွေကို တစ်ဆင့်ပြန်လည် ရောင်းချ တဲ့ နည်းနဲ့ လဲ အပိုဝင်ငွေ ရှာလို့ ရပါတယ်။ ကျွန်တော် ဝန်ထမ်းဘဝ က ရုံး ဝန်ထမ်းတွေအတွက် ဖုန်းဘေ ကတ် တွေကို တစ်လ လုံး အကြွေးဖြည့်ပေးတဲ့ service ပေးခဲ့ ပါသေးတယ်။ တစ်လ လုံးစိတ်ကြိုက်ဖြည့် လကုန် လစာထုတ်မှ ပေါင်းပေးရ တဲ့ စနစ်ပါပဲ။ ဒီလို အကြွေးပေးရတဲ့ အတွက် တစ်သောင်းကျပ်ကို ငါးရာ ကျပ် အပိုဆောင်းရယူ မှုတော့ ရှိပေမယ့် အားလုံးက လက်ခံ ပြီး အားပေးကြလို့ ဝင်ငွေ တစ်ခု ရရှိခဲ့ဖူးပါတယ်။
ဒါပေမယ့် ဒီဖက် ခေတ်မှာ Multi Level Marketing လို အမြတ် များများယူပြီး လူ ဆွယ် မန်ဘာကြေး ကောက်တဲ့ စနစ်မျိုး ကိုမလုပ်ကိုင်မိဖို့တော့ လိုပါတယ်။
(၇) လုပ်ငန်းကြီးတွေ နဲ့ချိတ်ဆက်…
အကျိုးဆောင်သဘောတော့ သက်ရောက် ပေမယ့် နည်းနည်း သဘာဝ ကွဲလို့ ခေါင်းစဉ် တစ်ခုအဖြစ် ထားလိုက်တာပါပဲ။ ဥပမာ တစ်ချို့ မီးစက် ၊ ဆိုလာရောင်းချ တဲ့ လုပ်ငန်းတွေက သူတို့ ရဲ့ Product ကို အားပေး တဲ့ ဝယ်ယူတဲ့ Customer တစ်ဦး မိတ်ဆက်ပေးနိုင်ရင် ရာခိုင်နှုန်းတစ်ခု ပေး တဲ့ အလုပ်မျိုးပါပဲ။ ဆေးဖက်ဆိုင်ရာ ဆက်စပ်ပစ္စည်းတွေ၊ အားကစားပစ္စည်းတွေ၊ ဆောက်လုပ်ရေး စတဲ့ တန်ဖိုး မြင့်တဲ့ Product တွေ မှာ ဒီလို လုပ်ဆောင် ခွင့်ပေးလေ့ရှိပါတယ်။
အချို့သော ခရီးသွားလုပ်ငန်းတွေ ဆိုရင် ခရီးစဉ် Package တစ်ခုအတွက် ခရီးသွား ၁၀ ဦး ရှာပေးနိုင်ရင် တစ်ဦးစာ အခမဲ့ ပေးတာမျိုး ရှိပါတယ်။ ဒါမျိုးကိုချိတ်ဆက်ပြီး ခရီးသွား ၁၀ ဦးရှာပေးကာ အခမဲ့ တစ်ဦး စာ ကိုပြန်လည်ရောင်းချ တာမျိုး တွေ လဲ တွေ့ရှိဖူးပါတယ်။
(၈) နည်းပညာ အခြေပြု အပိုဝင်ငွေ…
ဒီဖက်ခေတ်မှတော့ နည်းပညာ အခြေပြု ဝင်ငွေ အမျိုးအစားတွေ အတော်လေးပေါများလာပါတယ်။ Youtube ကနေ ဝင်ငွေ ရရှိတာ၊ website.တွေ ကနေရတာ၊ instant articles, ad breaks စတဲ့ facebook ကနည်းလမ်းတွေ စသဖြင့် များစွာ ရှိလာပါတယ်။ ဒါ့အပြင် လူများများ ရှိတဲ့ page, Group, Website တွေ ဖန်တီးထားပြီး ကြော်ငြာတွေ လက်ခံတာ၊ Live Sales အနေနဲ့ Product တွေကို ကိုယ်စား ရောင်းချပေးတာ၊ စတာတွေ ရှိလာပါတယ်။
တစ်ခုသတိပြုရမှာကတော့ ဘယ်နည်းလမ်းက တကယ် အလုပ်ဖြစ်သလဲ၊ အချိန် နဲ့ငွေ ဘယ်လောက် ရင်းနှီးရမလဲ၊ အကျိုးရှိမှုနဲ့ ဘဝတက်လမ်း စတာတွေ ပါ ချိန်ထိုးပြီး ရွေးချယ် လုပ်ဆောင် သင့်တာပါပဲ။
(၉) ကိုယ့်လက်ရှိလုပ်ငန်းနဲ့ ချိတ်ဆက် ဝင်ငွေ..
တကယ်လို့ ကိုယ်က ကိုယ်ပိုင်လုပ်ငန်း လုပ်နေသူဆိုရင်တော့ အပိုဝင်ငွေကို လက်ရှိလုပ်ငန်း နဲ့ပဲ ချိတ်ဆက် ရယူလို့ ရပါသေးတယ်။ ဥပမာ ရောင်းရ တဲ့ ပစ္စည်းတွေ များလာတဲ့ အခါ Delivery Service ကိုပါ Charges တစ်ခု ယူပြီး ထပ်ဆောင်းဝန်ဆောင်မှုပေးတာ၊ အဆောင်ငှား ထားပြီး အငှားနေသူ များကို ကုန်စုံနဲ့ လူသုံးပစ္စည်းတွေ ရောင်းချတာ၊ စတဲ့ နည်းလမ်းမျိုးစုံ စဉ်းစားလို့ ရနိုင်ပါသေးတယ်။
(၁၀) သတင်းအချက် အလက် ရောင်းမယ်…
တကယ်လို့ မိမိ မှာ အခြား သူတွေ အတွက် အသုံးဝင်မယ့် သတင်းအချက်အလက် တွေ ရရှိ နေတယ် ဆိုရင်လဲ ဒါတွေကို လစဉ်ကြေးနဲ့ ဖြစ်စေ၊ ပုတ်ပြတ် စနစ်ဖြစ်စေ ရောင်းချ လို့ရနိုင်ပါသေးတယ်။ ဥပမာ ကမ္ဘာကျော် Bloomberg တီဗီလိုင်းဆိုရင် အခကြေးငွေ ရယူပြီး စီးပွားရေး သတင်း တွေကို ဦးဦးဖျားဖျား လွှင့် ပေးလေ့ရှိပါတယ်။ ဒါမှ မဟုတ် မိမိ မှာ မြန်မာ တစ်ပြည်လုံး ရဲ့ အရောင်းဆိုင်စာရင်းတွေ၊ အထည် အလိပ် ဆိုင်စာရင်းတွေ၊ စသဖြင့် data တွေ ကောက်ယူ ရရှိထားတယ်ဆိုရင်လဲ ဒါတွေကို အသုံး လိုမယ့် သူများကို ပြန်လည်ရောင်းချ နိုင်ပါတယ်။ ဒါပေမယ့် မိမိကိုယ်ပိုင် ကောက်ယူ ထားတဲ့ အချက်အလက် တွေ ဖြစ်ဖို့ လိုတဲ့ အပြင် ကျင့်ဝတ် နဲ့ညီ တဲ့ ရယူ ရောင်းချ မှုတော့ ဖြစ်ဖို့လိုပါတယ်။
(၁၁) လက်မှု ပစ္စည်း လေးတွေ ကိုယ်ပိုင် လုပ်ရောင်းမယ်…
အပိုဝင်ငွေ ရဖို့ ဟိုးယခင်ကထဲက လုပ်ဆောင်ကြတဲ့ နည်းလမ်းတစ်ခုကတော့ တစ်နိုင်တစ်ပိုင် လက်မှု ပစ္စည်း Handmade လေးတွေ ပြုလုပ်ရောင်းချ ကြတာပါပဲ။ ဒီဖက်ခေတ်မှာတော့ ခေါင်းစဉ်းကြိုးလေးတွေ ၊ ကလစ်လေးတွေ၊ပိုက်ဆံအိတ်လေးတွေ၊ အရုပ်လေးတွေ၊ အကျင်္ီ လေးတွေ စသဖြင့် အမျိုးအစား အစုံ ကို ပြုလုပ်ရောင်းချ လေ့ရှိပါတယ်။ ဒါ့အပြင် အကျင်္ီ ချုပ် ဆိုင် လိုမျိုး ကို ပုံမှန် ပြန်သွင်းနိုင်တဲ့ အလှ ပန်းဒီဇိုင်းတွေ၊ကြယ်သီးတွေ၊ စတာတွေ ကိုရယူ ဖန်တီးတာမျိုးတွေလဲ ရှိပါတယ်။ ဒါ့အပြင် ပန်းပင် စိုက် ၀ါသနာ ပါရာကနေ အပင်လေးတွေ ပြုစုပျိုးထောင်ပြီး ပွားလာ တဲ့ အပင်လေးတွေကို ပြန်လည်ရောင်းချတာ၊ ပန်းချီကားလေးတွေ ဆွဲတာ၊ ပုံတူ ပန်းချီ ရုပ်ပြောင်းပန်းချီ လေးတွေ ဖန်တီးရောင်းချတာ၊ အလှကိတ်မုန့် လေးတွေ ပြုလုပ်တာ၊ ပန်းစည်း အလှ လေးတွေ ပြင်ပေး တာ တွေကလဲ ဒီဖက်ခေတ်မှာ ခေတ်စားလာပါတယ်။
(၁၂) Freelance အလွတ်တန်း အလုပ်တွေ
မိမိကျွမ်းကျင်မှု တစ်ခုပေါ်မူတည်ပြီး အားတဲ့ အချိန် ဆောင်ရွက်နိုင်တဲ့ Freelance အလုပ်တွေကလဲ အလုပ်ဖြစ် လေ့ရှိပါတယ်။ ဥပမာ Digital Marketing လုပ်ဆောင်ပေးတာ၊ application, website တွေ ရေးဆွဲပေးတာ၊ စီးပွားရေး အကြံပေး System တွေ Setup ချပေးတာ၊ လုပ်ငန်းတွေကို Financial Service တွေ လုပ်ဆောင်ပေးတာ၊ စတာတွေပါပဲ။
(၁၃) ရှယ်ယာ စပ်တူ လုပ်မယ်…
မိမိမှာ ယုံကြည်စိတ်ချရတဲ့ လုပ်ငန်း လုပ်ကိုင်နေသူ အသိမိတ်ဆွေ တွေ ရှိမယ် ဆိုရင် သူတို့ရဲ့ လုပ်ငန်းတွေ မှာ ငွေပမာဏ တစ်ခု ရှယ်ယာ အစုစပ်အနေနဲ့ ထည့်ထားပြီး အပိုဝင်ငွေရယူတာမျိုး လဲ လုပ်ဆောင်လို့ရပါသေးတယ်။
ဒါတွေကတော့ ဒီနေ့ခေတ် မြန်မာပြည်မှာ အလုပ်ဖြစ်နိုင်လောက်တဲ့ အပိုဝင်ငွေ ရနည်းလေးတွေ ကို ကျွန်တော့် အတွေ့အကြုံပေါ်မူတည် မျှဝေပေးခဲ့တာဖြစ်ပါတယ်။ အားလုံးပဲ ဝင်ငွေတိုးလို့ အောင်မြင် ကြပါစေကြောင်း။
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေကို လွယ်ကူစွာကျော် ဖြတ်စေနိုင်ပါတယ်။
Kaung Hein Soe

Want your business to be the top-listed Finance Company in Mandalay?
Click here to claim your Sponsored Listing.

Telephone

Address


Mandalay