Plus-Forex
21/04/2025
Fed အဖွဲ့ကို ပြုပြင်ပြောင်းလဲပြီး ဥက္ကဌ Powell ကို အလုပ်ထုပ်မယ်ဆိုတဲ့ ထရန့်ရဲ့ အကြံအစည်ကြောင့် ကမ္ဘာ့ရွှေစျေး အမြင့်ဆုံးစံချိန်တင် မြင့်တက်
——————————————————————————
April 21 ၊ 2025
တနင်္လာနေ့ အာရှစျေးကွက် စတင်ချိန်မှာတော့
ကမ္ဘာ့ရွှေစျေးဟာ သမိုင်းတစ်လျှောက်အမြင့်ဆုံး စံချိန်ကို ထပ်မံရောက်ရှိသွားပြီလဲ ဖြစ်ပါတယ်။ Federal Reserve ကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်မယ်ဆိုတဲ့ သမ္မတထရန့်ရဲ့ အကြံအစည်နဲ့အတူ အီစတာအားလပ်ရပ် အပစ်အခတ်ရပ်ဆဲရေးကာလ ပြီးသွားတဲ့ ရုရှား-ယူကရိန်းစစ်ပွဲ တစ်ကျော့ပြန်လာတာဟာ ဒေါ်လာတန်ဖိုးကို ကျဆင်းစေပြီးတော့ ရွှေကိုမြင့်တက်စေလျှက်ရှိနေပါတယ်။
ယနေ့မနက်အစောပိုင်း စျေးကွက်ချိန်မှာ စံချိန်သစ်တင်ပြီးတဲ့နောက် Spot Gold တန်ဖိုးတွေဟာ 1.4% ထပ်မံမြင့်တက်သွားခဲ့သွားခဲ့တာကို တွေ့ရမှာပါ။ June လမှာ သက်တမ်းကုန်ဆုံးမဲ့ ရွှေရှယ်ယာတွေရဲ့ တန်ဖိုးဟာလဲ 1.8% မြင့်တက်သွားခဲ့ပါတယ်။ လက်ရှ်ိမြင့်တက်နေတဲ့ ရွှေရဲ့ မောင်းနှင်အားဟာ မြေပြင်နိုင်ငံရေးအခြေအနေ အရှုပ်အထွေး၊ နိုင်ငံတကာအခွန်%တိုးမြင့်ကောက်ခံမှု၊ ဗဟိုဘဏ်တွေရဲ့ ရွှေဝယ်လိုအား နဲ့အတူ ငွေကြေးဖောင်းပွမှု မြင့်တက်ခြင်းတို့ကြောင့် ဖြစ်ပါတယ်။
တနင်္လာနေ့စျေးကွက်အတွင်း ရွှေစျေးမြင့်တက်မှုဟာ ထရန့်ကနေပြီး Fed ကို ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်မယ်ဆိုတဲ့ သတင်းကနေ စတင်ခဲ့ပါတယ်။ ဒီသတင်းကြောင့် နဂိုရှိရင်းစွဲချမှတ်ထားတဲ့ ငွေကြေးပေါ်လစီတွေဟာလည်း မသေချာမရေရာမှုတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
အိမ်ဖြူတော် စီးပွါးရေးအကြံပေး Kevin Hassett ရဲ့ ပြောကြားချက်အရ ထရန့်တို့အဖွဲ့ဟာ လက်ရှိ Fed ဥက္ကဌ Jerome Powell ကို ရာထူးကနေ ထုတ်ပါယ်ဖို့အထိ ပြင်ဆင်ထားတယ်လို့ သိရှိရပါတယ်။ ဒီသတင်းဟာ ဒေါ်လာတန်ဖိုးအပေါ်မှာကြီးစွာသောဖိအားတွေ သက်ရောက်စေပြီး သုံးနှစ်အတွင်း အနိမ့်ဆုံးတိုတဲ့ အခြေအနေထိကိုပါ ရောက်ရှိသွားစေခဲ့ပါတယ်။
အီစတာအားလပ်ရက်အတွင်း တစ်ရက်တာ အပစ်အခတ်ရပ်ဆဲတဲ့ ပူတင်ရဲ့ ကမ်းလှမ်းချက်ပျက်ပြယ်သွားခဲ့တာဟာလဲ ယနေ့ရွှေစျေးမြင့်တက်ခြင်းရဲ့ အဓိကအကြောင်းအရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ပူတင်ဟာ အီစတာအားလပ်ရက်မှာ တစ်ရက်တာ အပစ်အခတ်ရပ်ဆဲမယ်လို့ အကြောင်းကြားခဲ့ပြီးနောက် ယနေ့မနက်အစောပိုင်းမှာ ယူကရိန်းကို ဒုံးကျည်၊ ဒရုန်းများနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ကိဗ် နဲ့ မော်စကို ရှိ နှစ်ဖက်သော အစိုးရများကတော့ အပစ်အခတ်ရပ်ဆဲရေးကို သူချိူးဖောက်တယ်၊ ငါချိုးဖောက်တယ်ဆိုပြီး အပြန်အလှန်စွပ်စွဲ အပြစ်တင်နေကြတာကို တွေ့ရပါတယ်။ အဆိုပါ သတင်းတွေကြောင့် စျေးကွက်ထဲရှိ တစ်ခြားသော သတ္ထုတွေရဲ့ တန်ဖိုးတွေလဲ မြင့်တက်နေခဲ့တာကို တွေ့မြင်ရမှာလဲ ဖြစ်ပါတယ်။
#ကမ္ဘာ့ရွှေ
#မြန်မာ့ရွှေ
Click here to claim your Sponsored Listing.
Contact the school
Telephone
Website
Address
48street 78th
Mandalay
05041