Chel
04/01/2026
မနက်ခြောက်နာရီ ထ လမ်းလျှောက်..ဈေးပတ်..ထမင်းသုပ်စားတယ်..(ထမင်းသုပ်ကို အကြော် ငါးဖယ် အစုံထည့်ခိုင်းတယ်..အကြော် မစားဘူး..ဖယ်ရတာ ဝါသနာမို့🤣🤣)
FB ခဏကြည့်.. ဖြိုးပြည့်စုံကို အသည်းပေးရသေးတယ်😁😁..တစ်နေ့တော့ သူ့showပွဲကို ကြည့်အုံးမယ်..😂😂
တစ်နေ့တာအတွက် Morningပါရှင်..
08/12/2025
အမြဲ ဝင်ဖတ်ဖြစ်နေတဲ့ pageလေး..ကြိုက်မိတဲ့postလေး...
Day198 ဘောလုံးပွဲကြည့်လည်း တရား
မနေ့က နားရက်မှာ အမျိုးသားက ဘောလုံးပွဲကြည့်တယ်ပေါ့...
ကိုယ်လည်းနောက်ပိုင်းလေးမီလိုက်တာ .. finalဆိုတော့ နိုင်သွားတဲ့အသင်းက player တွေရော၊supporter တွေရော ပျော်လိုက် ၊ ငိုလိုက်ကြတာ....ဆိုတာ....
နောက်နှစ်မှာလည်း ဒီလိုပျော်ရွှင်မှုမျိုးကို ရချင်သေးတယ်လို့ interview မှာ မျက်ရည်စတွေနဲ့.. အသင်းခေါင်းဆောင်ထင်ပါရဲ့...ပြောသွားတယ်...
ကိုယ်က အမျိုးသားကို ကြည့်နော်... လောဘဆိုတာ အဆုံးမသတ်ဘူး... အခုပျော်လွန်းလို့ ကျတဲ့ မျက်ရည်စတောင်မသုတ်ရသေးဘူး.. သူနောက်တနှစ်အတွက် ထပ်လိုချင်ပြန်ပြီ...
ကြိုးစားပေအုံးတော့နော်..
နောက်တနှစ်ထပ်နိုင်ရင်လည်း နောက်တနှစ်လာအုံးမှာနော်...
ပိုက်ဆံသိန်း၁သောင်း ရအောင် ကြိုးစားမယ်ဆိုပြီး အလုပ်တွေလုပ်... ချွေတာစုဆောင်း သဌေးဖြစ်လို့ သိန်း၁သောင်း ရတဲ့အချိန်မှာ ဒီလူဟာ... သိန်း၂သောင်း လိုချင်တယ်လို့တွေးတယ်တဲ့..
ဂျပန်က သဌေးတယောက်က TVမှာပြောဖူးတယ်...
ကိုယ်ကအဲ့လိုပြောတော့ အမျိုးသားက ဒါဆိုမကြိုးစားရတော့ဘူးလား... တခါနိုင်တာနဲ့ ကျေနပ်ရမှာလား... တဲ့...
မဟုတ်ပါဘူး... နေ့စဥ်နေတိုင်း ကိုယ်တတ်နိုင်သလောက် ၁၀၀%ကြိုးစားနေထိုင်သင့်တယ်...
ဒါပေမဲ့ လောကကြီးရဲ့ လိုအပ်ချက်တွေဟာ ဘယ်တော့မှ မဆုံးဘူး.ဆိုတာသိထားရမယ်...
iphoneကလည်း နှစ်တိုင်းထွက်နေမယ်...
အိမ်မရှိသူက အိမ်ဝယ်ပြီးရင် ကားလိုချင်မယ်.. တစီးပြီး၂စီးလိုချင်မယ်..
ကားတွေလည်း အသစ်အသစ်ထွက်နေမှာပဲ..
ဖက်ရှင်လည်းဒီလိုပဲ..
ငွေကလည်း လိုနေမှာပဲ..
ဘယ်လောက်ရှာရှာ တော်ပြီ ပြီးပြီ ဒီလောက်ဆို လုံလောက်ပြီလို့ တွေးသူရှားတယ်..
ဒါကိုမသိပဲ အဲဒါတွေနောက်ပဲ တကောက်ကောက် လိုက်နေရင် ဘဝမှာ အရေးကြီးတာတွေကို လက်လွတ်ဆုံးရှုံးရလိုက်မယ်...
နောက်ဆုံးဘဝဆုံးသွားမှာလေ... လို့ ပြောပြရတယ်...
မပြီးနိုင်တာတွေနောက်လိုက်ရင်း ဘဝပြီးသွားရင် နှမျောဖို့ကောင်းလွန်းပါတယ်...
03/12/2025
ဟင်းချက်ရင်း စာရေးဖို့ အတွေးတွေ ဝင်လာတယ်..ကိုယ်သိတာလေးကို ငါသိပါတယ် ငါ တွေးတတ်ပါတယ် လုပ်ချင်တာပေါ့လေ..အကုန်လုံးချ ရေးမယ်ဆိုရင် အချိန်ကုန်မယ်..အဓိက အလုပ်တွေ ထိခိုက်မယ်လေ။
စာရေးတာပဲ အချိန်ကုန်နေလို့ မဖြစ်ဘူး..ဒီ အလုပ်က ငွေရှာပေးနေတာ မဟုတ်ဘူး..ရေးတော့ ရေးမယ်..အဓိက အလုပ်ကိုတော့ မထိခိုက်စေရဘူး။ကိုယ့်စိတ်ကို ပြန်ဆုံးမရတယ်။
ကိုယ်ဟာ ရေသောက်နည်းတယ်..အသီးအနှံတွေ သိပ်မစားဖြစ်ဘူး..အစား ရွေးတယ်။ခုတော့ကျန်းမာရေးထိလာလို့ တစ်နေ့ ရေ နှစ်လီတာ သောက်ရတယ်..(စိတ်မှာ မသောက်ချင်ဘူးနော် ..မသောက်ချင်လည်း သောက်) ငှက်ပျောသီး၊ဖရဲသီး၊အုန်းရည် ဒါတွေ အလှည့်ကျ စားခိုင်းရတယ်။ဟင်းချက်တဲ့အခါ ကျောက်ဖရုံသီး..မုန်လာဥ..အသီးအရွက် တွေ စားခိုင်းရတယ်။စိတ်အလိုပဲ လိုက်နေလို့ မဖြစ်ဘူးလေနော်။နေမကောင်းရင် အရင်ဆုံး အားငယ်နေတာ သူပဲ မလား။
ဘယ်အရာလေးပဲ လုပ်လုပ် စိတ်ကို လွှတ်ထားလို့ မရ..အတင်းအကျပ် ချုပ်ထားလို့လည်းမရ..အသိ၊သတိလေးနဲ့ ကိုယ် ဖြစ်ချင်တာလေးတွေ ခိုင်းရင်း..သူ ဖြစ်ချင်တာလေးတွေ လုပ်ပေးရင်း ရှေ့ဆက်..။
ဒီနေ့တော့ မနက်စာ အပြင်မှာ စားဖြစ်တယ်။ နေ့လည်စာ ၊ ညနေစာ အိမ်မှာ စားပါမယ်။
Photo Pinterest
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Mandalay