555Mix Senior Agent

555Mix Senior Agent

Share

10/06/2026

ကမ္ဘာ့ဖလားလို ကြီးကျယ်ခမ်းနားတဲ့ ပြိုင်ပွဲကြီးတစ်ခုမှာ ကွင်းလယ်ဒိုင်လုပ်ရဖို့ဆိုတာ လွယ်ကူတဲ့ အခြေအနေ မှာတော့ ရှိမှာ မဟုတ်ပါဘူး ။ အထူးသဖြင့် လူမည်းဒိုင်တွေ အတွက်ဆို ပိုလို့တောင် အခွင့်အရေး ရဖို့ ခက်ခဲပါတယ် ။ ဒီလို ခက်ခဲတဲ့ အခြေအနေ တွေကနေ ကမ္ဘာ့ဖလား မှာ ကြီးကြပ်ခွင့် ရပါလျက်နဲ့ အမေရိကန်ဘက်က ပြည်ဝင်ခွင့်ဗီဇာကို ထုတ်ပေးဖို့ ငြင်းပယ်ခံခဲ့ရတဲ့ အာဖရိကတိုက်ရဲ့ အသန့်ရှင်းဆုံး ဒိုင်လူကြီးဖြစ်တဲ့ အိုမာအာတန် ဟာ ခုတော့ မိခင်နိုင်င်ဖြစ်တဲ့ ဆိုမာလီကို ပြန်ရောက်လာခဲ့ပါပြီ

လေဆိပ်ကနေ ဆင်းတဲ့အချိန်မှာ ဆိုမာလီနိုင်ငံသားတွေက သူတို့ရဲ့ဒိုင်လူကြီးဖြစ်သူကို သူရဲကောင်းလို ဝန်းရံကြိုဆိုခဲ့ကြပါတယ်။ အိုမာအာတန်ဟာ အစ္စတန်ဘူလ်မှာ တစ်ရာကြာတည်းခိုပြီးမှ မိခင်နိုင်ငံကို ပြန်လည် ရောက်ရှိလာတာပါ ။အိုမာအာတန် က

“အဘက်ဘက်ကနေ ဝန်းရံပံ့ပိုးကူညီပေးခဲ့တဲ့ ကမ္ဘာ့ဘောလုံးအဖွဲချုပ်နဲ့ ဆိုမာလီက ပြည်သူလူထုတစ်ရပ်လုံးကို အထူးကျေးဇူးတင်ပါတယ်ဆိုပြီးတော့ ဖွင့်ဟသွားခဲ့ပါတယ်

09/06/2026

ရော်နယ်ဒိုဟာ ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံးနဲ့ တစ်ဦးတည်းသော ကစားသမားအဖြစ် သမိုင်းမှတ်တမ်း ရေးထိုးထားပါတယ် ဒီလိုမျိုး ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်ရည်က သူ့ကို ကမ္ဘာ့ဘောလုံးလောကမှာ အဆင့်အတန်းတစ်ခုဆီ ပို့ဆောင်ပေးခဲ့တာပါ အခုအချိန်အထိ ဘယ်ကစားသမားမှ မလုပ်နိုင်သေးတဲ့ ဒီစံချိန်က ရော်နယ်ဒိုရဲ့ ကြံ့ခိုင်မှုနဲ့ ဂိုးသွင်းစွမ်းရည်ကို ပြ‌သနေတာပါ

လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ရော်နယ်ဒို ပါဝင်ကစားဖို့ ပြင်ဆင်နေပါတယ် တကယ်လို့ ဒီပြိုင်ပွဲမှာ ဂိုးထပ်မံ သွင်းယူနိုင်ခဲ့မယ်ဆိုရင်ကိုယ်ပိုင်စံချိန်ကို ထပ်ပြီး တိုးချဲ့သွားမှာပါ ဒါဟာ ကမ္ဘာ့ဖလား သမိုင်းတစ်လျှောက်မှာ အလွန်ခဲယဉ်းတဲ့ မှတ်တမ်းတစ်ခု ဖြစ်လာမှာ ဖြစ်သလို ရော်နယ်ဒိုအတွက်လည်း နောက်ထပ် အောင်မြင်မှု အသစ်တစ်ခု ဖြစ်လာမှာပါ

လက်ရှိမှာတော့ ရော်နယ်ဒိုဟာ သူ့ရဲ့ ကြံ့ခိုင်မှုကို အကောင်းဆုံး ထိန်းသိမ်းထားပြီး ပြိုင်ပွဲအတွက် အဆင်သင့် ဖြစ်အောင် ပြင်ဆင်နေတာမို့ ၂၀၂၆ ကမ္ဘာ့ဖလားမှာ ဂိုးသွင်းယူနိုင်မယ့် အခြေအနေက ရော်နယ်ဒိုရဲ့ ကစားသမားဘဝ နောက်ဆုံး အောင်မြင်မှု မှတ်တိုင်တစ်ခု ဖြစ်လာနိုင်ပါတယ်

08/06/2026

ဟာလန်းတစ်ယောက် မော်ရိုကိုနဲ့ ခြေစမ်းပွဲမှာ တော်တော်လေး ရုန်းကန်လိုက်ရပါတယ်။ နော်ဝေက အမေရိကန်ကို ရောက်ကတည်းက ပြင်းထန်တဲ့ အပူချိန်ကြောင့် တော်တော်လေး ရုန်းကန်ခဲ့ရတာပါ။

ဟာလန်းတို့ နော်ဝေသားတွေက နှင်းတွေ၊ ရေခဲတွေကို ဖက်ပြီး မွေးလာ၊ ကြီးပြင်းလာခဲ့တာပါ။ ဒီပွဲမှာ ဟာလန်းတစ်ယောက် (၇၅) မိနစ် ပါဝင်ကစားသွားခဲ့ပေမယ့် သူ့ရဲ့ ဘောလုံးထိချက်က (၄) ကြိမ်သာ ရှိခဲ့ပါတယ်။

တော်တော်လေး အံ့အားသင့်ဖို့ကောင်းလောက်အောင် ဆိုးရွားတဲ့ မှတ်တမ်းဖြစ်ပြီး (၂၀၁၉) နောက်ပိုင်း ဟာလန်းအတွက် ကလပ်နဲ့ နိုင်ငံမှာ အနည်းဆုံး ဘောလုံးထိချက်ဖြစ်ခဲ့ပါတယ်။

Want your business to be the top-listed Gym/sports Facility in Mandalay?
Click here to claim your Sponsored Listing.

Website

Address


Mandalay