Pyi Thu Khit

Pyi Thu Khit

Share

NUG နဲ့ မကွေးဖက်ဒရယ် ယူနစ် တွေ့ဆုံဆွေးနွေး 02/04/2026

NUG နဲ့ မကွေးဖက်ဒရယ် ယူနစ် တွေ့ဆုံဆွေးနွေး ဆိုတဲ့

NUG နဲ့ မကွေးဖက်ဒရယ် ယူနစ် တွေ့ဆုံဆွေးနွေး Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.

အကြမ်းဖက် စစ်ကောင်စီ စခန်းကို တိုက်ခိုက်ဖျက်ဆီး သေနပ် ၆ လက် သိမ်းဆည်းရရှိဟု KNU ထုတ်ပြန် 01/04/2026

အကြမ်းဖက် စစ်ကောင်စီ စခန်းကို KNLAနဲ့ ပူးပေါင်းတပ် တိုက်ခိုက်ဖျက်ဆီး သေနပ် ၆ လက်သိမ်းဆည် သတင်း

အကြမ်းဖက် စစ်ကောင်စီ စခန်းကို တိုက်ခိုက်ဖျက်ဆီး သေနပ် ၆ လက် သိမ်းဆည်းရရှိဟု KNU ထုတ်ပြန် Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.

Unity Column က ကျဆုံးရဲဘော် စတားလုံးရဲ့မိဘနှစ်ပါးကိုကန်တော့ 30/03/2026

တော်လှန်ရေး သတင်းအမှန်တွေ တင်ပေးသွားမည် Pyi Thu Khit You Tube ချန်နယ်ကို Subscribe လုပ်အားပေးကြအုံ့နော်

Unity Column က ကျဆုံးရဲဘော် စတားလုံးရဲ့မိဘနှစ်ပါးကိုကန်တော့ Enjoy the videos and music you love, upload original content, and share it all with friends, family, and the world on YouTube.

Photos from Pyi Thu Khit's post 21/07/2025

မတ္တရာနှင့် ပုသိမ်ကြီးမြို့နယ်ထဲက စက စခန်းအားလုံးကို MDY-PDF သိမ်းပိုက်၊ ဗိုလ်ကြီး ၁ ဦးအပါ ၁၆ ဦးအရှင်မိပြီး လက်နက်ခဲယမ်းအများအပြားနှင့် စစ်သားအလောင်း ၁၅ လောင်း သိမ်းဆည်းရမိ

ဇူလိုင် ၂၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်ရှိ ကျေးရွာ ၃ ရွာက စစ်ကောင်စီတပ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က ဒီနေ့ ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့ ပူးပေါင်းမဟာမိတ်တပ်ဖွဲ့တွေက ဇူလိုင်လ (၂၀)ရက် မနေ့က မတ္တရာမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာ၊ ပုသိမ်ကြီးမြို့နယ် သရက်ကိုင်းကျေးရွာနဲ့ မြကန်သာကျေးရွာတို့ရှိ စစ်ကောင်စီ တပ်စခန်းအားလုံးကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုသည်။

အဆိုပါ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ထံက ဒရုန်းဂျမ်ဘာ ကားတစ်စီး၊ ဒရုန်းနဲ့ဆက်စပ်ပစ္စည်းတွေ အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရသည်။

ဒါ့အပြင် ဗိုလ်ကြီးအဆင့်ရှိသူ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁) ယောက် အပါအဝင် စစ်သုံ့ပန်း (၁၆) ယောက် ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ် အလောင်း (၁၅) လောင်း တွေ့ရှိခဲ့သလို စစ်ကောင်စီတပ်က ထိခိုက်ဒဏ်ရာရရှိသူ အများအပြားလည်း ရှိခဲ့တယ်လို့ MDY-PDF က ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)နဲ့အတူ မတ္တရာမျိုးမှန်တပ်ဖွဲ့ ၊ မတ္တရာမြို့နယ် ပကဖ နဲ့ SSTF တပ်ဖွဲ့တို့ ပူးတွဲဖော်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရသည်။

Photos from Pyi Thu Khit's post 20/07/2025

MDY PDF တိုက်ခိုက်မှုကြောင့် ဧရာဝတီမြစ်အတွင်း စစ်ကောင်စီသင်္ဘော ၁စီးနစ်မြုပ်၊ ၃စီး မီးလောင်ပျက်စီး

ဇူလိုင် ၂၀

မန္တလေးမြို့ ဂေါဝန်ဆိပ်ကမ်းက စတင်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘောတွေပါဝင်တဲ့ သင်္ဘောအုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY PDF က လမ်းတစ်လျှောက် ဖြတ်တောက်ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ ဒီနေ့မှာ ထုတ်ပြန်သည်။

ဇူလိုင်လ ၁၇ ရက်နေ့က ဧရာဝတီမြစ်ကြောင်းအတိုင်း မောင်းနှင်လာတဲ့ စစ်သင်္ဘော ၅စီးပါ စုစုပေါင်း သင်္ဘော ၁၄ စီး အုပ်စုကို MDY PDF က မတ္တရာမြို့နယ်၊ စဉ့်ကူးမြို့နယ်နဲ့ သပိတ်ကျင်းမြို့နယ်တလျှောက် ပိတ်ဆို့တိုက်ခိုက်ခဲ့တယ်လို့ သိရသည်။

အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ တွဲတွန်းသင်္ဘောတစ်စီး နစ်မြုပ်သွားခဲ့ပြီး စစ်သင်္ဘောတစ်စီးနဲ့ အခြားသင်္ဘော ၂စီး မီးလောင်ပျက်စီးမှု များပြားခဲ့တယ်လို့ ဆိုသည်။

စစ်ကောင်စီဘက်က သူတို့ရဲ့ သင်္ဘောတွေ အထက်သို့ ဆန်တက်နေတဲ့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာ Y12 လေယာဥ်တွေနဲ့ ထပ်ကြပ်မကွာ ဗုံးကြဲကာကွယ်ပေးခဲ့ပြီး ဂျက်ဖိုက်တာတွေ၊ Mi-35 တွေနဲ့လည်း အကြိမ်ကြိမ် ဗုံးကြဲနေတဲ့ကြားက အခုလို တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်လို့ MDY PDF က ထုတ်ပြန်ထားသည်။

19/07/2025

မင်းလှတွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်မှု (၈၀) ဦးထိ သေဆုံးအောင် တိုက်ခိုက်နိုင်ခဲ ဟု ထုတ်ပြန် (ရုပ်သံ)

ဇူလိုင်၁၉

ပဲခူးတိုင်း၊ မင်းလှမြို့နယ် အတွင်းရှိ အကြမ်းဖက် စစ်တပ် နေရာနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၈၀ ဦးထက်မနည်း သေဆုံးပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တပ်ခွဲမှူး ဗိုလ်ဘက က ပြောသည်။

ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်ခန့်တွင် မင်းလှမြို့နယ်အပိုင် ပဲခူးရိုးမ အတွင်းရှိ စပါးကြီးချောင်း၌ စခန်းချနေထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာ စစ်ကြောင်းမှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၂ နာရီခန့် တိုက်ပွဲဖြစ်ပွားပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃၀ ဦး သေဆုံးကာ အများ အပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ဘန့်ဘွေးကုန်းရွာကို ပြန်လည် ဆုတ်ခွာသွားပြီးနောက် ဇူလိုင်လ ၁၄ ရက်နေ့တွင် ထပ်မံ အင်အားဖြည့်တင်းကာ အင်အား ၄၀၀ ကျော်ဖြင့် ပဲခူးရိုးမ အတွင်း စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ကြောင်း သိရှိရသည်။

ယင်းစစ်ကြောင်းသည် ဇူလိုင်လ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ပဲခူးရိုးမအတွင်းရှိ ခါချဥ်တောင်ပေါ်ကို ရောက်ရှိလာပြီး ၄၈ ပေါက်၊ ဥတစ်လုံးတောင်နှင့် ခါချဥ်တောင်တို့တွင် ညနေ ၄ နာရီအထိ တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်က လက်နက်ကြီးများ အဆက်မပြတ် ပစ်ခတ်၍ ဒရုန်း ၃ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ တော်လှန်ရေး ရဲဘော်များ ခါချဥ်တောင် စခန်းမှ ဆုတ်ခွာပေးခဲ့ရကြောင်း သိရသည်။

ထိုနေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅၀ ကျော် သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိကာ ဒဏ်ရာရရှိကာ တော်လှန်ရေး တပ်ဖွဲ့ဘက်မှလည်း ရဲဘော် ဇာမဏီ ဒရုန်းဗုံးသီး ထိမှန် ကျဆုံးခဲ့ပြီး ရဲဘော် ၇ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေး တပ်ဖွဲ့များဘက်မှ ဆိုင်ကယ် ၂ စီး၊ မိုးကာ ၊ ဆိုလာ​ပြား ၊ ဆန်အိတ်များ နှင့် အိုးခွက်ပန်းကန်များလည်း ဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။

"စစ်ခွေး အသေများက သူတို့က စစ်မှုထမ်းတပ်သားတွေကို ရှေ့ကထားပြီး ကျားထိုးတက်ခိုင်းတာ ကျနော်တို့ တပ်စခန်းကို လူလှိုင်းနဲ့ တက်သိမ်းတာပေါ့။ အဲတာကျ နောက်ဆုံးပေးခဲ့ရတာ တိုက်ပွဲ ၂ ခုလုံးပေါင်း စစ်ခွေး ၈၀ ကျော်သေပါတယ်။ ကျနော်တို့ ရဲဘော် ၁ ဦး ကျဆုံးတယ်။ စခန်းကလည်း ဆုတ်ခွာပေးလိုက်ရတယ်" ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တပ်ခွဲမှူး ဗိုလ်ဘက က ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ဘန့်ဘွေးကုန်းရွာကို ဆုတ်ခွာသွားပြီး စစ်ကြောင်းထပ်မံ ထိုးလာပါက တိုက်ပွဲများဖြစ်ပွားလာနိုင်၍ ပြည်သူများအနေဖြင့် ရိုးမအတွင်း သွားလာမှုများ မပြုလုပ်ကြရန်နှင့် စစ်ဆင်ရေးများ ဆက်လက်ဖော်ဆောင်နိုင်ရန် တော်လှန်ရေး တပ်ဖွဲ့များကို ထောက်ပံ့ကူညီပေးကြရန် မေတ္တာရပ်ခံကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ တပ်ခွဲမှူး ဗိုလ်ဘက က ဆက်လက် ပြောဆိုသည်။ パート11

Photos from Pyi Thu Khit's post 15/07/2025

အတင်းအဓမ္မတပ်သားသစ်စုဆောင်းခံရသူများအား အလင်းဝင်ဘက်ပြောင်းဖို့ အာရက္ခတပ်တော် ဖိတ်ခေါ်နေ

ဇူလိုင် ၁၅

မြန်မာပြည်အနှံ့ စစ်ကောင်စီ၏ အတင်းအဓမ္မတပ်သားသစ်စုဆောင်းရေးတွင် ရောက်ရှိနေသော လူငယ်၊ လူလတ်များအား အလင်းဝင်ဘက်ပြောင်းလာရန် အာရက္ခတပ်တော်(ULA/AA)မှ ဖိတ်ခေါ်နေကြောင်း ထုတ်ပြန်ထားသည်။

အာရက္ခတပ်တော်၏ ထုတ်ပြန်ချက်တွင် "အကြမ်းဖက်စစ်ကောင်စီတပ်ထံတွင် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကိုခံရပြီး အမျိုးမျိုးညှဉ်းပန်းနှိပ်စက်ခြင်းကိုခံနေရသော မြန်မာပြည်အနှံ့မှ လူငယ်များအနေဖြင့် အာရက္ခတပ်တော်ထံသို့ ဘက်ပြောင်းလိုပါက မိမိတို့တပ်ရှိရာ မည်သည့်နေရာတွင်မဆို အချိန်မရွေး ဘက်ပြောင်းလာနိုင်ပြီး အလင်းဝင် ဘက်ပြောင်းလာသူတိုင်း၏ အသက် နှင့် လုံခြုံမှုရရှိစေရေးကို အာရက္ခတပ်တော်မှ အာမခံပါသည်။" ဟု ပါရှိသည်ကိုတွေ့ရသည်။

ယနေ့ ဇူလိုင်လ ၁၅ ရက်နေ့တွင်လည်း စစ်ကောင်စီ၏ အမ်း-ပဒါန်းစစ်မြေပြင်မှ တပ်သားနှစ်ဦး အာရက္ခတပ်တော်ထံ အလင်းဝင်လာကြောင်း ULA/AA မှ ထုတ်ပြန်ထားသည်။

အဆိုပါအလင်းဝင်လာသည့် တပ်သားနှစ်ဦးမှာ တပ်မ ၉၉ လက်အောက်ခံ ခလရ ၇၉ တပ်ရင်းမှ ကိုယ်ပိုင်အမှတ် -ပစ/၁၃၄၉၈၁ တပ်သားနေလင်းအောင် နှင့် တပ်မ ၉၆၉ လက်အောက်ခံ ခလရ ၇၉ တပ်ရင်းမှ ကိုယ်ပိုင်အမှတ် -ပစ/၁၂၇၁၄၆ တပ်သားအောင်သက်ထွန်း တို့ဖြစ်သည်။

စစ်ကောင်စီသည် စစ်မှုထမ်းဥပဒေကို ခုတုံးလုပ်ကာ လူငယ်၊ လူလတ်ပိုင်းများကို စစ်အာဏာရှင် သက်တမ်းရှည်စေရေးကိစ္စရပ်များတွင် မိမိ၏သဘောဆန္ဒမပါဘဲ စစ်အင်အားဖြည့်တင်းရေးများကို လုပ်ဆောင် နေကြောင်း သိရသည်။

ရှေ့တန်းစစ်မြေပြင်သို့ အတင်းအဓမ္မ ပို့ဆောင်ခြင်းခံနေရသော စစ်ကောင်စီ၏ တပ်သားသစ် (သို့) ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် တိုက်ခိုက်လိုစိတ်မရှိဘဲ ရှေ့တန်းစစ်မြေပြင်များမှ နီးစပ်ရာ တိုင်းရင်းသားလူမျိုး တော်လှန်ရေးအဖွဲအစည်းများထံသို့ ဘက်ပြောင်းခိုလှုံရန် ကြိုးစားနေကြောင်း သိရသည်။

စစ်ကောင်စီထံမှ အလင်းဝင်ခိုလှုံဘက်ပြောင်းလိုသူများအနေဖြင့် အာရက္ခတပ်တော်ရှိသည့် နေရာများတွင် အလင်းဝင်နိုင်ပြီး လုံခြုံရေး နှင့် အသက်အာမာခံ ရေးတို့ကို တာဝန်ယူကြောင်း အာရက္ခတပ်တော်မှ ပြောဆိုထားသည်။

ဓာတ်ပုံ- အမ်း-ပဒါန်း စစ်မြေပြင်မှ အာရက္ခတပ်တော်ထံ ဘက်ပြောင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်သစ် ၂ ဦးအား တွေ့ရစဥ်/AA Info Desk.

15/07/2025

အမ်း-ပဒါန်းမှ AAထံ အလင်ဝင်သော စကစတပ်ဖွဲ့ဝင် ထွက်ဆိုချက်(ရုပ်သံ)အပြည်စုံ

ဇူလိုင် ၁၅
Khit Ta Media

အမ်း-ပဒါန်း စစ်မြေပြင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်မှ အာရက္ခတပ်တော်ထံသို့ အလင်းဝင်ရောက်လာသည့် ကိုယ်ပိုင်အမှတ် - ပစ/၁၃၄၉၈၁ တပ်သား နေလင်းအောင်၏ ထွက်ဆိုချက်ရုပ်သံဖိုင် ထုတ်ပြန်ချက်ကို AAInfoDesk က ဖော်ပြသည်။

စစ်မှုမထမ်းမနေရ ဥပဒေအား ခုတုံးလုပ်ကာ အတင်းအဓမ္မစစ်သားစုဆောင်းနေသော ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီတပ်၏ စုဆောင်းခြင်းကိုခံခဲ့ရသော မြန်မာပြည်အနှံ့အပြားမှ လူငယ်များသည် တိုက်ပွဲများဖြစ်ပွားနေသည့် ရှေ့တန်းစစ်မြေပြင်များသို့ အသီးသီး ပို့ဆောင်ခြင်းကိုခံရကာ စစ်ကောင်စီ၏ စစ်အင်အားဖြည့်တင်းသည့်ကိစ္စရပ် နှင့် စစ်အာဏာရှင် သက်ဆိုးရှည်ရေးကိစ္စရပ်များတွင် မိမိ၏ စိတ်သဘောဆန္ဒမပါဘဲ အစတေးခံ၊ အဖြည့်ခံများအဖြစ် ပါဝင်လျက်ရှိကြသည်။

ရှေ့တန်းစစ်မြေပြင်သို့ အတင်းအဓမ္မ ပို့ဆောင်ခြင်းခံနေရသော စစ်ကောင်စီ၏ တပ်သားသစ် (သို့မဟုတ်) ပြည်သူ့စစ်တပ်ဖွဲ့ဝင်များသည် တိုက်ခိုက်လိုစိတ်မရှိဘဲ အခွင့်ရလျှင်ရသလို၊ အခြေအနေပေးလျှင်ပေးသလို ရှေ့တန်းစစ်မြေပြင်များမှ နီးစပ်ရာ တိုင်းရင်းသားလူမျိုး တော်လှန်ရေးအဖွဲ့အစည်းများထံသို့ ဘက်ပြောင်းခိုလှုံရန် ကြိုးစားလာကြသည်။

တစ်ပြိုင်နက်တည်းတွင် ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီသည် မြန်မာပြည်၏ နေရာအနှံ့တွင် စစ်ရှုံးကာ စခန်းပေါင်းမြောက်မြားစွာကို လက်လွှတ်ဆုံးရှုံးထားရပြီးနောက် အဆိုပါစခန်း၊ မြို့များကို ပြန်လည်သိမ်းပိုက်ရယူရန် အပြင်းအထန် ကြိုးစားလျက်ရှိသည်။ သို့သော်လည်း ယခင်နှစ်များ၌နည်းတူ နေရာအများစုတွင် အထိအခိုက် အကျအဆုံးများစွာနှင့် ရင်ဆိုင်နေရပြီး ၎င်းတို့၏ လက်ပူတိုက် သင်တန်းပေးထားသော တပ်ဖွဲ့ဝင်များမှာလည်း အထက်တပ်မှူးများ၏ ဗိုလ်ကျအနိုင်ကျင့်မှု၊ ညှဉ်းပန်းနှိပ်စက်မှုတို့ကြောင့် တိုက်လိုခိုက်လိုစိတ်မရှိတော့ဘဲ နေ့စဉ်နှင့်အမျှ တပ်မှထွက်ပြေးလျက်ရှိနေကြသည်။ အချိန်နှင့်အမျှ ထွက်ပြေးရန်ကြိုးစားနေကြသည်။

အာရက္ခတပ်တော်ထံသို့ ဘက်ပြောင်းကာ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၉) ရက်နေ့တွင် အမ်း-ပဒါန်း စစ်မြေပြင်မှတစ်ဆင့် အလင်းဝင်ရောက်လာကြသည့် စစ်ကောင်စီ၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များထဲမှ တပ်သား နေလင်းအောင်၏ ထွက်ဆိုချက် ရုပ်သံမှတ်တမ်းသည် အထက်ဖော်ပြပါ အကြောင်းအရာ အချက်အလက်များ မှန်ကန်ကြောင်း ထင်ဟပ်နေသည်။

ထို့ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်ထံတွင် အတင်းအဓမ္မ စစ်သားစုဆောင်းခြင်းကိုခံရပြီး အမျိုးမျိုးညှဉ်းပန်းနှိပ်စက်ခြင်းကိုခံနေရသော မြန်မာပြည်အနှံ့မှ လူငယ်များအနေဖြင့် အာရက္ခတပ်တော်ထံသို့ ဘက်ပြောင်းလိုပါက မိမိတို့တပ်ရှိရာ မည်သည့်နေရာတွင်မဆို အချိန်မရွေး ဘက်ပြောင်းလာနိုင်ပြီး အလင်းဝင် ဘက်ပြောင်းလာသူတိုင်း၏ အသက် နှင့် လုံခြုံမှုရရှိစေရေးကို အာရက္ခတပ်တော်မှ အာမခံပါသည်။

မှ ကူးယူဖော်ပြပါသည်။
July 15, 2025 ส่วนที่ 12

Want your business to be the top-listed Media Company in Mandalay?
Click here to claim your Sponsored Listing.

Address


ပြည်ကြီးတံခွန်
Mandalay