Learners Support Learners

Learners Support Learners

Share

12/11/2021

🌃What happened to LSL?🌃
(Guys hope you suggest your opinions in comment section)

04/08/2021

FYI ‼️‼️

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏ ကျောင်းသား၊ ကျောင်းသူလူငယ်များ အသိပညာအတတ်ပညာ
စဉ်ဆက်မပြတ်သင်ယူနိုင်ရေးအတွက်
ကာလတိုသင်ကြားရေး (Short course) အစီအစဉ်

ကိုဗစ်ကူးစက်မှုနှင့် စစ်အာဏာသိမ်းမှုတို့ကြောင့် ရပ်ဆိုင်းခဲ့ရသော ပညာသင်ကြားရေးကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပညာရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ ပြည်တွင်းပြည်ပပညာရှင်များဖြင့် ပူးပေါင်းကာ ကျောင်းသား၊ ကျောင်းသူများ စဉ်ဆက်မပြတ်ပညာသင်ယူခွင့်ရရှိစေရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။

ကျောင်းသားကျောင်းသူလူငယ်များ မျက်မှောက်ခေတ်ပညာရေး၊ အသိပညာ၊ အတတ်ပညာများ မျက်ခြေမပြတ်စေရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန၏စီစဥ်မှုဖြင့် ကနေဒါနိုင်ငံ Canadian Imperial Bank of Commerce, Decision Science Department ၏ အကြီးတန်း ဒါရိုက်တာ ဒေါက်တာမြင့်ဇော် က “Essence of Calculus” ခေါင်းစဉ်ဖြင့် ၀၇.၀၈.၂၀၂၁ ရက်နေ့ ညနေ (၄ : ၃၀) နာရီတွင် (အချိန်အနည်းငယ် အပြောင်းအလဲရှိနိုင်သည်)သင်ကြားပို့ချပေးသွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ အဆိုပါသင်တန်းကို တက်ရောက်လိုသော သင်္ချာ ဘာသာရပ် အထူးပြုလေ့လာနေသည့် ကျောင်းသူ/သားများ၊ အထက်တန်းအောင် ကျောင်းသူ/သားများ၊ စိတ်ပါဝင်စားသူများ အနေဖြင့် အောက်ဖော်ပြပါ link တွင် ဝင်ရောက်စာရင်းပေးသွင်းကာ မည်သူမဆို တက်ရောက်နိုင်မည် ဖြစ်ပါသည်။

https://learning-moe-nugmyanmar-org.zoom.us/meeting/register/tZAvcumvpj4vEtCAUc8qwwQ1vS0cNgLdvqY3

Live လွှင့်မည့် page နှင့် YouTube Channel

page: https://www.facebook.com/Ministry-of-Education-National-Unity-Government-of-Myanmar-109386154653912
YouTube Channel: https://www.youtube.com/channel/UCGkpwToZtryJtBof-fEeCAQ

မှတ်ချက်။ ။ အဆိုပါသင်တန်းအား အထက်တန်းအောင်ပြီးသူများလည်း တက်ရောက်နိုင်သည်။

13/07/2021

အရင်အပတ်ကဆွေးနွေးသွားခဲ့တယ့် Chemistry (part 3)video ကို လေ့လာနိုင်ပါပြီ။
အဆင်မပြေတာ၊နားမလည်တာ၊မှားနေတာများရှိရင် comment ထဲမှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်။

07/07/2021

ဒီအပတ်ဆွေးနွေးသွားမယ့် "Unit-3 Comprehension exercise video" ကို လေ့လာနိုင်ပါပြီ။
အဆင်မပြေတာ၊နားမလည်တာ၊မှားနေတာများရှိရင် comment ထဲမှာဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်။

Want your school to be the top-listed School/college in Mandalay?
Click here to claim your Sponsored Listing.

Category

Website

Address


Mandalay