Magway.ECD
08/06/2026
(၈-၆-၂၀၂၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ချောက်မြို့နယ်ရုံးမှ ဒေါ်သူသူအောင် ဦးစီးအရာရှိ ဦးဆောင်သည့် ဝန်ထမ်းအဖွဲ့ဝင် (၂)ဦးသည် တနင်္လာနေ့တိုင်း ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးလှုပ်ရှားမှု (Monday stop) အနေဖြင့်ချောက်မြို့" မြို့မဈေး" ရှိဈေးသည် များနှင့် ဈေးဝယ်သူများအား ဈေး ရောင်းဈေးဝယ်ရာတွင် ကြွပ်ကြွပ်အိတ်များ သုံးစွဲခြင်းမပြုဘဲ ကြွပ်ကြွပ်အိတ်အစားထိုးပစ္စည်းများအား အသုံးပြု၍ ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်းများ ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းအား ချောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ ပလတ်စတစ်အစားထိုးအိတ်များအသုံးပြုရန်အသိပညာပေးခြင်းဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များအား ကျား(၂၀)ဦးနှင့် မ(၃၀)ဦး စုစုပေါင်း(၅၀)ဦးတို့အား ဝေငှခြင်းလုပ်ငန်းဆောင်ရွက် ခဲ့ပါသည်။
08/06/2026
(၈-၆-၂၀၂၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မင်းဘူးခရိုင်ရုံးမှ
ဦးဖြိုးသီဟ၊ ဒုတိယဦးစီးမှူး
ဦးဆောင်သည့် ဝန်ထမ်းအဖွဲ့ဝင် (၃)ဦးသည် တနင်္လာနေ့တိုင်းပလတ်စတစ်သုံးစွဲမှုလျှော့ချရေးလှုပ်ရှားမှု (Monday stop) အနေဖြင့် မင်းဘူးမြို့" မြို့မဈေး" ရှိ ဈေးသည်များနှင့် ဈေးဝယ်သူများအား ဈေးရောင်းဈေးဝယ်ရာတွင် ကြွပ်ကြွပ်အိတ်များသုံးစွဲခြင်းမပြုဘဲ ကြွပ်ကြွပ်အိတ်အစားထိုးပစ္စည်းများအား အသုံးပြု၍ ဈေးရောင်းဈေးဝယ်ပြုလုပ်ခြင်းများ ရှိ/မရှိ လိုက်လံစစ်ဆေးခြင်းအား မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ပလတ်စတစ်အစားထိုးသတင်းစာအိတ်များ၊ အင်ဖက်၊ဌက်ပျောဖက်များအသုံးပြုရန်အသိပညာပေးခြင်းဖြန့်ဝေခြင်းနှင့် အသိပညာပေးလက်ကမ်းစာစောင်များအား ကျား(၁၀)ဦးနှင့် မ(၄၀)ဦး စုစုပေါင်း(၅၀)ဦးတို့အား ဝေငှခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပါသည်။
မကွေးတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဦးစီးဌာန၊ မင်းဘူးခရိုင်ရုံး၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပခဲ့မှုအပေါ် မြဝတီသတင်းတွင် ဖော်ပြပါရှိခဲ့ပါသည်။
(၅.၆.၂၀၂၆) ရက်နေ့တွင် မင်းဘူးခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒေါ်အေးမြင့်မြတ်ကို ဒုတိယဦးစီးမှူးသည် ၂၀၂၆ခုနှစ်၊ ဇွန်လ (၅) ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် "ရာသီဥတုပြောင်းလဲမှုတိုက်ဖျက်ဖို့ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်စို့" ဟူသော ခေါင်းစဉ်ဖြင့် အသိပညာပေး talk show အား မင်းဘူးမြို့နယ် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြုလုပ်ခဲ့ပါသည်။
အဆိုပါ talk show တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်း၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ကျင်းပရခြင်း၏ရည်ရွယ်ချက်၊ ယခုနှစ် ခေါင်းစဥ်နှင့် အိမ်ရှင်နိုင်ငံ၊ ရာသီဥတုပြောင်းလဲမှုဆိုသည်မှာ၊ ရာသီဥတုပြောင်းလဲမှု ထိန်းသိမ်းကာကွယ်ရေးနည်းလမ်းများနှင့် လိုက်လျောညီထွေနေထိုင်ရန်နည်းလမ်းများနှင့်ပတ်သက်၍ ပြည်သူလူထုများအသိပညာပေးတိုက်တွန်းပြောကြား ဆွေးနွေးခဲ့ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the organization
Telephone
Website
Address
ဘိုးရတနာဇက်ဆိပ်လမ်း၊ အောင်မေတ္တာ(က)ရပ်ကွက်၊ မကွေးမြို့
Magway
04011
Opening Hours
| Monday | 09:30 - 16:30 |
| Tuesday | 09:30 - 16:30 |
| Wednesday | 09:30 - 16:30 |
| Thursday | 09:30 - 16:30 |
| Friday | 09:30 - 16:30 |