KKT

KKT

Share

Photos from KKT's post 12/04/2022

**** Toyota Ipsum အကြောင်းတစေ့တစောင်း ****

🚙 သက်တမ်းတစ်လျှောက်မှာ မျိုးဆက်နှစ်မျိုးသာ ခွဲခြားထုတ်လုပ်ခဲ့တဲ့ တိုယိုတာရဲ့ Ipsum ဆိုတဲ့ အမျိုးအစားလေးအကြောင်းဖေါက်သည်ချ ချင်ပါတယ်။ လက်ရှိ ပြည်တွင်းမှာ ယာဉ်အိုယာဉ်ဟောင်း အစားထိုး တင်သွင်းခွင့်ရရှိထားတဲ့ မော်ဒယ် အတွင်းမှာ အကျုံးဝင်လျှက်ရှိနေသေးတဲ့ ဒီ မိသားစုသုံး ကားလေးဟာ Asia မှာတော့ Picnic ဆိုတဲ့နာမည်နဲ့ ရောင်းချပေးပါတယ်။

🏆 First Generation ( 1995-2001)
Compact MPV အမျိုးအစား ထိုင်ခုံ ၃ တန်း နဲ့ ခပ်လုံးလုံး စတိုင် ချိုးထားပြီး ခါးကြောရှည်ရှည်လေး ထုတ်ထားတဲ့ ဒီမျိူးဆက်ကို လူကြိုက်များခြင်းမရှိခဲ့ပါဘူး။ အင်ဂျင်ပါဝါ ကတော့ 2.0L 3S-FE I4 အင်ဂျင်တပ် ပြီး ထုတ်လုပ်ထားပေမယ့် , 2.2L 3C-TE ဒီဇယ်အင်ဂျင်တပ် လို့လည်း ထုတ်ပါသေးတယ်။
ခေတ်ပြိုင် တိုယိုတာ မော်ဒယ် GAIA ရဲ့ ရှေ့ပြေး ရုပ်ထွက်လည်း ဖြစ်ခဲ့ပါတယ်။ တိုယိုတာ ရဲ့ လက်ရှိအချိန်ထိ ထုတ်လုပ်ဆဲဖြစ်တဲ့ Avensis တွေရဲ့ အဓိက platform အဖြစ်စတင် ရပ်တည်လာတာပါ။ 1997 model မှာ ရုပ်အနည်းငယ် အပြောင်းအလဲ ရှိပါတယ်။
Chassis အနေနဲ့ကတော့ ဓါတ်ဆီဆို GF-SXM10 နဲ့ ထွက်ပြီး ဒီဇယ်တွေကတော့ KH-CXM10 တဲ့ ထွက်ပါတယ်( 4WD ဆိုရင် 15 )။

🏆 Second Generation ( 2001-2009)
ဒီဒုတိယနဲ့ နောက်ဆုံးမျိုးဆက်မှာတော့ ရုပ်ထွက်က တော်တော်ကြွထွက်လာပြီး မြန်မာပြည်မှာ လူကြိုက်များကြပါတယ်။ ဂျပန် မှာတော့
2.4L 2AZ-FE I4 အင်ဂျင်တပ် တစ်မျိုးတည်းကိုသာ ထုတ်လုပ်ပြီးတော့ , အခြားသော နိုင်ငံတွေမှာတော့
2.0L 1AZ-FE I4 အင်ဂျင်အပြင် , ဒီဇယ် ဆီသုံး 2.0L 1CD-FTV I4 တွေမှာတပ်ဆင် ထုတ်လုပ်ပါတယ် ( အင်ဒို/ မလေး / ဗီယက်နမ်)။ ပြည်တွင်းမှာ အသွင်းများတဲ့ ဂရိတ်တွေကတော့ E , I , I Limited , U, UG Selection ဂရိတ်တွေ ဖြစ်ကြပါတယ်။ တံခါးငါးပေါက်၊ ထိုင်ခုံသုံးတန်းဖြစ်ပြီး ဂရိတ်အားလုံးကို အဲကွန်းပတ်လည်ဖြင့် ထုတ်လုပ်ထားပြီး UG selection ဟာ အမြင့်ဆုံးဂရိတ်လို့ ပြောနိုင်ပါတယ်။
Japan မှာ ဓါတ်ဆီ 2.4L တစ်မျိုးသာ ထုတ်တဲ့အတွက် ပြည်တွင်း ရောက်ရှိလာတဲ့ Ipsum တွေမှာလည်း 2.4 L အင်ဂျင်နဲ့သာ တွေ့ရလေ့ ရှိပါတယ်။
ဂရိတ်တွေမှာ ပါဝင်ပစ္စည်း ကွဲပြားမှုတွေကိုအောက်မှာ စုစည်းဖေါ်ပြပေးထားပါတယ်။

🎖 “E ဂရိတ်”
အတွင်းခန်းဒက်ရ်ှဘုတ် ကျွန်းကွက်၊စတီယာရင်ကျွန်းကွက်၊ ရှေ့ထိုင်ခုံတံခါးလက်တင်၊ တီဗွီ၊ ပါ၀င်ပါတယ်။ ရှေ့နောက်စကတ်အသေး၊ Fog Light ၊ နောက်မှန်ဝိုက်ဘာ(နောက်ဒုတ်)၊စပွိုင်လာအသေး၊ Sunroof နှစ်ခု တို့ဖြစ်ပါတယ်။

🎖“I ဂရိတ်”
အတွင်းခန်းကျွန်းကွက်၊ စတီယာရင်ကျွန်းကွက်၊ စတီယာရင်ကွန်ထရိုးလ်၊ အဲကွန်းဒီဂျစ်တယ်ကွန်ထရိုးလ်၊ အလယ်တန်းထိုင်ခုံသုံးခု၊ နောက်ထိုင်ခုံ လက်တင်အပြည့် ဖြစ်ပါတယ်။ ရှေ့နောက်စကတ်အကြီး၊ Fog Light မပါ၊ နောက်မှန်ဝိုက်ဘာ(နောက်ဒုတ်)၊ စပွိုင်လာအကြီး၊ နောက်မှန် အရောင်၀င်တာ တွေ့ရပါတယ်။

🎖“I Limited”
I ဂရိတ်ထက်အနည်းသာပိုတဲ့ ဂရိတ်တစ်ခု ဖြစ်ပါတယ်။ ပတ်လည်မှန်မည်းတာ၊ ရှေ့ခန်းအလယ်ခန်း လေအိပ်ပါ၀င်တာ၊ တီဗွီ၊ ဒီဗွီဒီပါ၀င်တာတွေပဲ ကွာခြားတာတွေ့ရပါတယ်။

🎖“U ဂရိတ်”
ဒီဂရိတ်ကတော့ အတွင်းခန်းကျွန်းကွက်အပြည့်၊ အတွင်းခန်းပတ်လည်အဝါ၊ တီဗွိ၊ ဒီဗွီဒီ၊ ထိုင်ခုံသုံးတန်းခုံပြည့် ဖြစ်ပါတယ်။ ရှေ့နောက်စကတ်အကြီး၊ Fog Light ရှေ့နောက်၊ နောက်မှန်ဝိုက်ဘာ၊ ပတ်လည်မှန်မည်းပြီး၊ Sunroof နှစ်ခုဖြစ်ပါတယ်။

🎖“UG Selection”
အတွင်းခန်းကျွန်းကွက်ဖြစ်တဲ့အထဲမှာ ဂီယာလက်ကိုင်ကျွန်းကွက်ဖြစ်တဲ့ ဂရိတ်ဖြစ်ပါတယ်။ စတီယာရင်ကွန်ထရိုးလ်၊ အဲကွန်းဒီဂျစ်တယ်ကွန်ထရိုးလ်၊ လေအိပ် ပတ်လည်(၈)လုံး၊ ထိုင်ခုံပါဝါမော်တာ ဖြစ်ပါတယ်။ ရှေ့နောက်စကတ်အကြီးပုံပြောင်း (၂၀၀၅မော်ဒယ်အထက်)၊ ပတ်လည်မှန်အရောင်၀င်ပြီး၊ နောက်မှန်ဝိုက်ဘာ၊ စပွိုင်လာအကြီး၊ Fog Light ပတ်လည်ဖြစ်တာတွေ့ရပါတယ်။

🎫 Chassis အနေနဲ့ကတော့ 2001 မော်ဒယ်တွေမှာ TA နဲ့ လာပြီး 2002 ကစပြီး UA ဖြစ်သွားပါတယ်။ TA-ACM21 နဲ့သာ ဂရိတ်စုံထွက်လာလေ့ရှိပြီး 4WD ဆိုရင်တော့ TA-ACM26 နဲ့ ထွက်ပါတယ်။ ကားအားလုံးဟာ 4 speed Auto gear ( U241E) နဲ့သာလာလေ့ရှိပြီး 4WD မှာသာ အနည်းငယ်ကွဲလွဲမှုရှိပါတယ်။ ဒီဇယ်ဗားရှင်းမှာတော့ မန်နူရယ်ဂီယာ ၅ ချက်နဲ့ ထုတ်ပေမယ့် ပြည်တွင်းမှာတော့ အသုံးပြုမှုမရှိပါဘူး။
လက်ရှိ ပြည်တွင်းမှာ လူကြိုက်များပြီး ရောင်းပန်းလှတဲ့ Wish နဲ့ နှိုင်းယှဉ်မယ်ဆိုရင်တောင် Ipsum ဟာ အများကြီးအားသာချက်ရှိနေပါသေးတယ်။

🚙 Toyota Ipsum အကြောင်း တစေ့တစောင်းတော့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ🙏


To Original Upload

Photos from KKT's post 04/04/2022

HONDA FIT အကြောင်းသိကောင်းစရာ

Honda Fit ဟာ 2001 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယခုဆိုရင် သက်တမ်းအားဖြင့် နှစ်(၂၀)တိုင်ခဲ့ပြီဖြစ်သလို Generation (၃) ဆက်အထိ ပြောင်းလဲခဲ့ပြီး ဖြစ်ပါတယ်.။ ကမ္ဘာအနှံကို တင်ပို့ရောင်းချခဲ့တဲ့ Honda Fit ကားတွေဟာ Honda Jazz အနေနဲ့လဲ ဈေးကွက်တင်ခဲ့ပြီး နိုင်ငံ (၈) နိုင်ငံမှာ ရှိတဲ့ စက်ရုံ (၁ဝ) ရုံမှ ထုတ်လုပ်တာဖြစ်ပါတယ်.။ တံခါး (၅) ပေါက် Hatchback ကားအမျိုးအစားဖြစ်ပြီး ရှေ့အင်ဂျင်၊ ရှေ့ယက်အမျိုးအစား ကားတစ်စီးဖြစ်ပါတယ်.။

Honda ဟာ Fit Hybrid အမျိုးအစားကိုလဲ ထုတ်လုပ်ခဲ့ပြီး ဂျပန်နိုင်ငံမှာ 2010 နဲ့ ဥရောပမှာ 2011 ခုနှစ်မှာ ဈေးကွက်တင်ခဲ့ပါတယ်.။ Honda Fit EV လို့ခေါ်တဲ့ လျှပ်စစ်ကားတစ်မျိုးကိုလဲ အရေအတွက်အကန့်အသတ်နဲ့ ထုတ်လုပ်ခဲ့ဖူးပြီး အမေရိကန်နဲ့ ဂျပန်တို့မှာ 2012 ခုနှစ်မှာ ဈေးကွက်တင်ခဲ့ပါတယ်.။ အမည်နှစ်မျိုးအနက် "Jazz" ဆိုတဲ့အမည်ကို ဥရောပ၊ သမုဒ္ဒရာပိုင်းဒေသ၊ အရှေ့အလယ်ပိုင်း၊ အာဖရိက၊ သြစတေးလျနဲ့ အာရှအချို့ဒေသတွေမှာ အသုံးပြုခဲ့ပြီး "Fit" အမည်ကိုတော့ ဂျပန်၊ အမေရိကန်နဲ့ တရုတ်တို့မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်.။ ကျွန်တော်တို့နိုင်ငံမှာတော့ ဂျပန်မှကားများကို အများဆုံးတင်သွင်းတဲ့အတွက် "Fit" အမည်နဲ့ ကားတွေပဲ တွေ့ရတာဖြစ်ပါတယ်.။

Honda Fit ရဲ့ Generation (၃) ဆက်အနက် 1stGeneration ကို 2001 မှ 2008 အထိ ထုတ်လုပ်ခဲ့ပါတယ်.။ ဂျပန်နိုင်ငံအတွက် ထုတ်လုပ်တဲ့ 1st Gen Honda Fit တွေဟာ 1.3 i-DSI နဲ့ 1.5 VTEC အင်ဂျင် အမျိုးအစား (၂) မျိုးနဲ့ ရရှိနိုင်ပါတယ်.။ ဒီကားတွေကို ဈေးကွက်မှာ chassis code GD1 ကို အစွဲပြုပြီး GD1 လို့ခေါ်ကြပါတယ်.။ GD1 တွေမှာ 4WD တွေ၊ ဂီယာ (၅) ချက် Manual တွေ အစရှိသဖြင့် အခွဲငယ်များ မျိုးစုံရှိပါတယ်.။ Original TV နဲ့ Navigation တွေကတော့ ထပ်တိုးပြီး ဝယ်လို့ရတဲ့ Optional တွေ ဖြစ်ပါတယ်.။

2nd Generaion Honda Fit တွေကိုတော့ 2007 မှာ စတင်ပြသခဲ့ပြီး Car of the Year Japan ဆု ရရှိခဲ့ပါတယ်.။ ဒီကားတွေကိုတော့ Chassis Code GE6 ကိုအစွဲပြုပြီး GE6 လို့ ခေါ်ကြပါတယ်.။ အင်ဂျင် (၂) မျိုးနဲ့ ရရှိနိုင်ပြီး 1.3 L အင်ဂျင်ဟာ မြင်းကောင်ရေ 98 ကောင်အား ထုတ်လုပ်ပေးနိုင်ပြီး 1.5 L အင်ဂျင်ကတော့ 117 ကောင်အားအထိ ရရှိနိုင်ပါတယ်.။ ဂီယာ (၅) ချက် Manual, ဂီယာ (၅) ချက် Auto (4WD) နဲ့ CVT Transmission တွေ ရရှိနိုင်ပါတယ်.။

GE6 ကို အကြမ်းအားဖြင့် Modification / Grade ခွဲချင်တယ်ဆို G, G F package, L package ဆိုပြီး (၃)မျိုးခွဲခြားလို့ ရပါတယ်.။ G Grade မှာ မှန်ကာလာမပါခြင်း၊ ဘေးမှန်မှာ မီးတန်းမပါခြင်း၊ မှန်ချိုးမှန်ခေါက် မရခြင်း စတဲ့အချက်တွေ ရှိပါတယ်.။ GF ကတော့ G ထက် အနည်းငယ် Grade ပိုမြင့်ပြီး G မှာ မပါဝင်တဲ့ အချက်တွေ ပါဝင်လာမှာဖြစ်ပါတယ်.။ အမြင့်ဆုံး L Package မှာတော့ Button Type နဲ့ Digital Aircon ဖြစ်ပါတယ်.။ GE6 ရဲ့ ၂ဝ၁ဝ ခုနှစ် ၁ဝ လပိုင်းနောက်ပိုင်း ထုတ်လုပ်တဲ့ကားတွေမှာ ရှေ့ဘန်ဘာနဲ့ နောက်မီးခွက်ဒီဇိုင်း ကွဲပြားသွားပါတယ်.။ ရှေ့ဘန်ဘာ ရုပ်ပြောင်းသွားပြီး နောက်မီးမှာလဲ အဖြူတစ်တန်းဖြစ်သွားပါတယ်.။

3rd Generation တွေကိုတော့ 2013 ကနေ ယနေ့အထိ ထုတ်လုပ်နေပါတယ်.။
Honda Fit မှာ အခြားမော်ဒယ်များအဖြစ် ပိုပြီးကြီးတဲ့ Fit Shuttle နဲ့ ဆီစားသက်သာတဲ့ Hybrid ကားတွေလဲ ရှိပါသေးတယ်။

ဒီလောက်ဆိုရင်တော့ HONDA FIT အကြောင်း တစေ့တစောင်းတော့ နားလည်သဘောပေါက်ကြလိမ့်မယ်လို့ ထင်ပါတယ်ခင်ဗျာ။

မိတ်ဆွေများ ဗဟုသုတတိုးပွားကြစေဖို့ ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။

ကြိုက်နှစ်သက်တယ်ဆိုရင် like & shareလေးလုပ်ခဲ့
ပေးကြပါအုန်းခင်ဗျာ🙏

to Original Upload

Want your business to be the top-listed Autos & Automotive Service in Magway?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Magway
04016