Magway Highlight

Magway Highlight

Share

17/09/2023

မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်က နာလန္ဒမြို့ကြီးမှာ နောက်ပါသံဃာတော်များနှင့်အတူဆွမ်းခံကြွခဲ့တုန်းက ဖြစ်တယ်။

နိဂန္တတို့က ဘုရားကို ကဲ့ရဲ့ကြတယ်။

"မင်းတို့ဗုဒ္ဓကွာ မေတ္တာရှင်ကြီးလို့ဆိုပြီး နာလန္ဒမှာဆွမ်းခံကြွတယ်၊တပည့်ဒါယကာတွေအပေါ် မညှာတာပဲကွ"လို့ ကဲ့ရဲ့ကြတယ်။

ဘာကြောင့်လဲဆိုတော့ နာလန္ဒမြို့မှာက အငတ်ဘေးဆိုက်နေတာကြောင့် ဖြစ်တယ်။

တီးတိုးကဲ့ယဲ့ယုံမကဘူး နိဂန္တတွေခိုင်းစေချက်ကြောင့် ရွာသူကြီးတယောက်က ဗုဒ္ဓထံမှောက်အရောက်သွားပြီး ကဲ့ရဲ့တယ်

၊မေတ္တာမဲ့သူလို့ စွပ်စွဲတယ်။

မြတ်ဗုဒ္ဓက "တလုပ်တဇွန်းလောင်းလှူလို့ မွဲသွားသူ သံသရာမှာမရှိဘူး၊ကြီးပွားချမ်းသာသူတို့သာလျင်ရှိတယ်"လို့ မြတ်‌ဗုဒ္ဓကမိန့်တော်မူတော်တယ်။

ဒီသုတ္တန်ကဘာကိုဖော်ပြသလဲဆိုတော့ နိဂန္တတွေ ဒါနအကြောင်းကိုမသိတာ ဖော်ပြပါတယ်။

လက်ရှိကျွန်တော်တို့နိုင်ငံမှာလည်း နိဂန္တတို့လိုပဲ ဒါနအကြောင်းနားမလည်သူတွေများလာတယ်။

တချို့က ဘုရားကမရှိတော့ဘူး၊မရှိတော့တဲ့သူကိုလှူနေတာ အပိုအလုပ်လို့ဆိုကြတယ်။

သူတို့မေ့နေတာက သာသနာရှိနေတာ သူတို့မေ့နေတယ်။သာသနာရှိရင် ရတနာသုံးပါးရှိတယ်။

ရတနာသုံးပါးရှိတဲ့အတွက် သာသနာဝင်တို့ရဲစိတ်မှာ ဘုရားအသိရှိတယ်၊တရားအသိရှိတယ်၊သံဃာအသိရှိတယ်။

ရတနာသုံးပါးအသိစိတ်ရှိတဲ့အတွက် လှူဒါန်းမှုတွေဟာ အပိုအလုပ်မဟုတ်ပါဘူး။

မြတ်ဗုဒ္ဓသက်တော်ထင်ရှားရှိခဲ့ရင်လည်း လှူသမျှကိုဘုန်းနိုင်မှာမဟုတ်ပါဘူး။အသုံးအဆောင်တိုင်းကို သုံးဆောင်နိုင်မှာမဟုတ်ပါဘူး။

သို့သော် ဘုရားအသိစိတ်နဲ့လှူသူတိုင်း ကုသိုလ်ထပ်တူရပါတယ်။ဘုရားမဘုန်းနိုင်လည်း လှူသူမှာကုသိုလ်ရတယ်။
ကောင်းကျိုးရတယ်။

တချို့က စေတီပုထိုးတွေကို ကဲ့ယဲ့ကြတယ်။‌မြတ်ဗုဒ္ဓမှာ ပူဇော်အထူးကိုခံယူထိုက်သူဟူသောဂုဏ် ရှိတယ်။

အဲဒါကြောင့် ကမ္ဘာတဝှမ်းမှာ ဗုဒ္ဓကိုရည်စူးပြီးလှူသော ဘုရား ပုထိုး စေတီတွေဟာ ပေါ်ပေါက်နေဦးမှာပဲ။ဂုဏ်တော်တွေရှိနေသေးလို့ ဘုရားရှိနေပါတယ်။

အရဟံဂုဏ်တော်ကို ပွားများရင် ကိုယ့်သဏ္ဍာန်မှာလည်း ကိလေသာတွေခေါင်းပါးလာတယ်။

ဘုရားဂုဏ်တော်တွေ သက်ရှိထင်ရှားရှိတယ်။လူတွေမှီခို ချမ်းသာနိုင်တယ်။

အဲဒါကြောင့် ဘယ်လောက်ပဲကဲ့ယဲ့ကဲ့ယဲ့ ဣဿာမစ္ဆရိယဘယ်လောက်ဖြစ်ဖြစ် ဆင်းရဲသားတော့မလှူဘူးလို့ဘယ်လိုပဲအမှန်ပြုပြု(မမှန်ပါဘူး)

ဘုရားဂုဏ်တော်ကြောင့်ကိုပဲ ကမ္ဘာတဝှမ်းမှာ ဘုရား ပုထိုး စေတီတွေ ပေါ်ပေါက်လာနေဦးမှာပါပဲ။

ဖျက်စီးသူ စိမ်ရေသင့်ယုံသာရှိပါလိမ့်မယ်။သတိဝင်အောင်ပြောပြထားပါ့မယ်၊ကမ္ဘာတဝှမ်းမှာ ပူဇော်မှူတွေ ထပ်ပြီးပေါ်လာဦးမယ်ဆိုတာ သတိပေးပါတယ်။

တခါ ဘုရားမှာငွေတွေစုပုံတာ ကဲ့ယဲ့ကြပြန်တယ်။အကုသိုလ်စိတ်ဆိုးနဲ့ဝေဖန်ကြပြန်တယ်။

တခြားသောဘာသာတွေမှာ နိုင်ငံတော်အခွန်ငွေကောက်သလိုပဲ ဘုရားငွေစုကြတာရှိတယ်။

ကျွန်တော်တို့သာသနာမှာ မရှိပါဘူး။ခရာစ်ယာန်ချပ်ကျောင်းတွေ အစ္စလာန်ဗလီတွေ ဟိန္ဒူဘုရားကျောင်းတွေ ဗုဒ္ဓသာသနာ့ဝင်တို့တည်ရာ စေတီပုထိုးတွေထက် ချမ်းသာပါတယ်။

သို့သော် သူတို့ငွေဟာ လူသားဘုရားတစ်ယောက်ကို ပူဇော်တာမဟုတ်ပါဘူး။ကမ္ဘာတဝှမ်းက ဘုရား ပုထိုး စေတီတွေဟာ လူသားဘုရားကို ပူဇော်ထားတာ ဖြစ်ပါတယ်။

ဘုရားကဲ့သို့ ဘယ်လူသားမှ ထိုသို့ပူဇော်ခံရသူ မရှိပါဘူး။

‌ကျွန်တော်တို့ဘုရားငွေ ဘယ်လိုများသလဲ။ရွှေတဂုံစေတီကြီးစီ ဖူးမျှော်ရောက်သူတစ်ဦးဟာ ရွှေသင်္ကန်းအတွက် ငွေသုံးထောင်လှူတယ်ဆိုပါစို့။

ငွေသုံးထောင်လှူလို့ ဘယ်သူမှမမွဲပါဘူး။သို့သော် လူတစ်သန်းအကြည်ညိုဖြစ် လှူဒါန်းရင် ဘုရားဂေါပကစာရင်းမှာ အလှူငွေသန်းပေါင်းသုံးသောင်းဖြစ်သွားတယ်။

ရည်စူးရာအတိုင်း ရွှေအချပ်လိုက်ကပ်လှူပူဇော်တောင်ရပါတယ်။ရွှေတဂုံဘုရားမှာ ရွှေတွေပြည့်လို့ဆိုပေမဲ့ နိုင်ငံသူနိုင်ငံသားတွေ ဘယ်သူမှမွဲမသွားပါဘူး။

အဲဒီလိုနည်းနဲ့ သာသနာမှာ အလှူငွေစုသွားတာ ပူဇော်ကြတာ ဖြစ်ပါတယ်။

မြတ်စွာဘုရားက နာလန္ဒမှာ တလုပ်တဇွန်းလှူလို့ ဘယ်သူမှမဆင်းရဲ မမွဲဘူးတဲ့၊ချမ်းသာသူတွေပဲရှိတယ်တဲ့။

ဘုရားပုထိုးစေတီတွေ ကျောင်းသိမ်ဇရပ်တွေ မြန်မာနိုင်ငံမှာထင်ရှားလို့ ဘယ်သူမှမမွဲဘူး။ချမ်းသာသူများသာ ရှိပါတယ်။

#​အောင်ကိုဦး

27/08/2023

#မကွေးအိမ်ခြံမြေစျေးကွက်

နေရာ​ကောင်း ​စျေးတန် စာရွက်မှန်သည့်
ဝိုင်း​မြေများ ​

(1)
ပြည်​တော်သာလမ်းမကြီးပြီး​ပေါ် ​​​
ပေ 20×65 ​ပေဝိုင်းလွတ် သိန်း 1500

(2)
မဲထီးလမ်းမကြီး​ပေါ်
​ပေ 20 ဝိုင်းတစ်ခြမ်း နှစ်ထပ်တိုက် ​ရေမီးစုံ
သိန်း 1665

(3)
နတ်​မောက်လမ်းအနီး
​မျက်နှာစာ 45​ပေ× အလျား65 ​ပေ
ပါမစ်​မြေ သိန်း 1550

(4)
ပြည်​တော်သာလမ်းအနီး
​ပေ40×65 ​ပေ သိန်း 1600

(5)
ထ ၁လမ်း​ကျောကပ်
​ပေ 40×65 ​ပေ သိန်း ၂၀၀၀

#ဆက်သွယ်ရန်
၀၉ ၄၃၀ ၇၁ ၈၆၀

Photos from Magway Highlight's post 15/05/2023

ဒီကနေ့ နေ့လယ် ၁၂ နာရီအချိန်မှာ စစ်တွေမြို့ခံတချို့ကို ဆက်သွယ်လို့ရပြီ ၊ စစ်တွေရဲ့ ၉၀ ရာခိုင်နှုန်းနီးပါးပျက်စီး

မိုခါမုန်တိုင်းတိုက်ခတ်ခံလိုက်ရတဲ့ စစ်တွေမှာ ၉၀ ရာခိုင်နှုန်းနီးပါးပျက်စီးသွားပြီလို့ ဘီဘီစီဆက်သွယ်လို့ရခဲ့တဲ့ ဒေသခံဆီက သိရပါတယ်။

"အခုတမြို့လုံးကိုပတ်ကြည့်နေတာ။ လမ်းတွေအကုန်ပျက်စီးနေပြီ၊ အထင်ကရနေရာတွေဖြစ်တဲ့ စစ်တွေဆေးရုံ၊ တက္ကသိုလ်တွေဆိုအကုန်အမိုးလန်ကုန်တယ်။ ကမ္ဘောဇဘဏ်က တစစီဖြစ်သွားပြီ။ ရွာတွေကတော့ ရွာပျက်ကုန်ပြီပဲ" လို့ စစ်တွေဒေသခံက ပြောပါတယ်။

လေဘေးသင့် စစ်တွေဒေသခံတွေအတွက် လူအင်အားနဲ့ ကူညီပေးကြဖို့အပြင် နေစရာ၊စားစရာတွေပါ ကူညီဖို့လိုအပ်နေပြီလို့ စစ်တွေဒေသခံက ဆိုပါတယ်။ မနေ့ မေလ ၁၄ ရက် မနက် ၁၁ နာရီကနေ ညနေ ၃ နာရီခွဲဝန်းကျင်ဟာ မုန်တိုင်းတိုက်ခတ်မှု အပြင်းထန်ဆုံးဖြစ်ခဲ့ပြီး လူအသေအပျောက်တချို့ရှိနိုင်တယ်လို့လည်း ‌ခန့်မှန်းနေကြပါတယ်။

စစ်တွေမြို့ရဲ့ နောက်ဆုံးရ အခြေအနေကို မြို့ခံတွေနဲ့ ထပ်မံဆက်သွယ်နိုင်ဖို့ကြိုးစားနေပြီး သတင်း‌တွေဆက်လက်တင်ဆက်ပေးသွားပါမယ်။

ပုံစာ - အင်အားပြင်းမုန်တိုင်းတိုက်ခတ်ခံရပြီး ဒီကနေ မေ ၁၅ ရက် ၂၄ နာရီပြည့်ချိန်မှာ ရခိုင်ပြည်နယ် စစ်တွေမြို့က အပျက်အစီးမြင်ကွင်းတချို့ကို ဒေသခံတွေ ရိုက်ကူးထားပြီး လူမှုကွန်ရက်မှာဖြ‌န့်ဝေလိုက်တဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။

ဓာတ်ပုံ - Youn Mi Mi ၊ U San Myat Shwe
https://www.bbc.com/burmese/articles/c6p076rn70mo
#ဘီဘီစီမြန်မာပိုင်း #ရခိုင်ပြည်နယ် #စစ်တွေမြို့ #မိုခါဆိုင်ကလုန်း #မုန်တိုင်း

လတ်တ​လော စစ်​တွေမြို့မြင်ကွင်းအချို့

15-5-2023
Photo-စံမြတ်​ရွှေ

Want your business to be the top-listed Media Company in Magway?
Click here to claim your Sponsored Listing.

Telephone

Address


Magway