Arkar Aircon Service

Arkar Aircon Service

Share

30/06/2026

လိပ်စာလေးမေးနေကြလို့

အောင်စေတနာ ဘီ ၃လမ်းပါနော်
09442277930 ဟလိုလုပ်လိုက်ရုံပါပဲရှင့်

30/06/2026

သန့်နေရော

TikTok · Arkar Aircon Spare-part Magway 29/06/2026

customer ကိုသွားမရှုပ်နဲ့

TikTok · Arkar Aircon Spare-part Magway

Photos from Arkar Aircon Service's post 18/06/2026

အဲကွန်း ဆရာသမားများ အတွက် အစုံတင်ပေးထားတာမို့ လိုအပ်တာလေးတွေ ဝယ်ယူလို့ရနေပါပြီရှင့်

နယ်မှ အဲကွန်းဆရာများအတွက် ဂိတ်ချလေးတွေ သေချာဆောင်ရွက်ပေးပါတယ်ရှင့်

Viber ဖုန်းနံပါတ် 09 444 039 211မှတဆင့် လိုအပ်တဲ့ပစ္စည်းလေးတွေမေးလို့ရပါတယ်ရှင့်

17/06/2026

Crd to original uploader

⛔ #အဲကွန်းတွေဆားဗစ်လုပ်တိုင်းဖြုတ်ဆေးသင့်လား?
⛔ #အဲကွန်းတစစီဖြုတ်ဆေးတာရဲ့ကောင်းကျိုးဆိုးကျိုး

♦️တပ်ဆင်ထားတဲ့အဲကွန်းရဲ့အခြေအနေပေါ်မူတည်ပါလိမ့်မယ်။

♦️တချို့အိမ်တွေမှာအဲကွန်းတပ်ဆင်ထားတဲ့ပတ်ဝန်းကျင်နဲ့အခန်းတွေက ဖုန်ထူတဲ့နေရာမှာရှိနေရင် သို့မဟုတ် အမှုန်အမွှားတွေများတဲ့ပတ်ဝန်းကျင်နေရာ
ဒေသတွေမှာဆိုရင်တော့ အဲကွန်းရဲ့အင်ဒိုးယူနစ်၊အောက်ဒိုးယူနစ်တွေက အလွယ်တကူထူထူထဲထဲဂျီးကပ်နေတတ်လို့ လိုအပ်ရင်ဖြုတ်ဆေးသင့်ပါတယ်။
(ပုံမှန်က အဲကွန်းကို သုံးလတကြိမ်ဆားဗစ်လုပ်တာဟာ တွက်ကြာ့်ရင် တနှစ်နေမှ စုပေါင်းလုပ်တာထက် ပြင်ဆင်ဆေးကြောစရိတ်သက်သာသလို စက်သက်တမ်း ပိုကြာကြာသုံးလို့ရသလို ၊ နေရထိုင်ရတာအတွက်လည်း အဆင်ပြေစေပါတယ်)

♦️ဒါမှမဟုတ်ဆားဗစ်လုပ်ပြီးမဆေးကြောတာကြာတဲ့နေရာတွေ၊ပိုးမွှားအန္တရယ်ရှိနေတဲ့နေရာတွေဆိုရင်တော့တစစီဖြုတ်ဆေးသင့်ပါတယ်။

♦️အဲကွန်းရဲ့ပန်ကာဒလက်တွေ၊ကွိုင်တွေမှာဂျီးသိပ်မတွေ့ရရင်တော့ လေစစ်စကာလောက်သာဖြုတ်ဆေးသင့်ပြီး ပိုက်လိုင်းတွေ၊စက်ပစ္စည်းအစိတ်အပိုင်းတွေကို တစစီဖြုတ်မဆေးသင့်ပါ။

⛔အဲကွန်းတွေတစစီဖြုတ်ဆေးခြင်းရဲ့ကောင်းကွက်ဆိုးကွက်များ

အဲကွန်းတွေဆားဗစ်လုပ်ရာမှာလိုအပ်တဲ့အခါမှာတစစီဖြုတ်ဆေးချင်းရဲ့

♦️ #ကောင်းကျိုးတွေကတော့

1.အင်ဒိုးအောက်ဒိုးယူနစ်တခုလုံးသေသေချာချာဆေးကြောနိုင်လို့ဂျီးမကျန်အောင်...........ဆေးကြောနိုင်ပါတယ်

2.ဂျီလုံးဝကင်းလို့စက်တလုံးလည်းလှပသန့်ရှင်းနေပါလိမ့်မယ်။

♦️ #ဆိုးကျိုးတွေကတော့

1 #မလိုအပ်ပဲခဏခဏတစစီဖြုတ်ဆေးတဲ့အခါကော်သားနဲ့လုပ်ထားတဲ့စက်တွေရဲ့ စကူနေရာတွေချောင်ကုန်လို့ စက်ကအသံထွက်လာပါလိမ့်မယ်။

2 #.တချို့အစိတ်အပိုင်းတွေဟာကော်သားနဲ့လုပ်ထားတာဖြစ်လို့ ဖြုတ်တဲ့သူကဘယ်လောက်ကျွမ်းကျင်ပါစေ ကာလကြာတဲ့အခါ ရာသီဥတုဒဏ်ကြောင့်ကျွတ်ဆတ်မာကြောသွားလို့ဖြစ်စေ၊အခန့်မသင့်လို့ဖြစ်စေ မတော်တဆ စက်မှာတပ်ဆင်ထားတဲ့ အစိတ်အပိုင်းတွေ၊ကလစ်တွေကအလွယ်တကူကျိုးပဲ့ပျက်စီးတတ်လို့ စက်ရဲ့သက်တမ်းနဲ့အလှအပပျက်ယွင်းနိုင်ပါတယ်။အသံလည်းဆားဗစ်လုပ်ပြီးနောက်ပိုင်းဆူညံလာနိုင်ပါတယ်။

3. #ကြေးပိုက်တွေရဲ့အဆက်ဂျွိုင်းတွေက ခဏခဏဖြုတ်တပ်လုပ်တဲ့အခါ အဆက်ကော်လာတွေပါးလွှာပျက်စီးပြီး ဂက်စ်ယိုစိမ့်လွယ်လို့ ဆားဗစ်လုပ်သူရော ၊သုံးစွဲသူပါ သောကများရတတ်ပါတယ်။ငွေကုန်ကြေးကျလည်းများတတ်ပါတယ်။
(အဲကွန်းဆားဗစ်လုပ်လို့ဂက်စ်ဖြည့်ရတယ်ဆိုတာ မလိုအပ်ပဲ ဖြုတ်ဆေးတာကြောင့်ပါ)

4 #.ခဏခဏဖြူတ်တတ်လုပ်တဲ့အခါကြေးပိုက်ကော်လာအဆက်တွေကွဲအက်မှုတွေဖြစ်လို့ဂက်စ်တွေပတ်ဝန်းကျင်ထဲရောက်သွားလို့ပမာဏများလာရင် သဘာဝပတ်ဝန်းထိခိုက်စေနိုင်ပါတယ်။ဂက်စ်ပြန်ဖြည့်ရတဲ့အတွက်လည်းပိုက်ဆံပိုကုန်ကျနိုင်ပါတယ်။

(အဲကွန်းဆားဗစ်လုပ်လို့ဂက်စ်ဖြည့်ရတယ်ဆိုတာ မလိုအပ်ပဲ ဖြုတ်ဆေးတာကြောင့်ပါ)

5 #ဖြုတ်ဆေးတာများလို့ပိုက်လိုင်းထဲကဆီတွေလျော့ပါးရင်ပြန်ဖြည့်ဖို့ကဆားဗစ်လုပ်ရင်းဖြည်ဖြို့ခက်ခဲတဲ့အတွက်ကွန်ပရက်ဆာမှာချောဆီနည်းလို့မီတာခပိုကုန်နိုင်သလို ၊ဆီနဲ့အပလေ ရောပြီးအက်ဆစ်ဖြစ်ပြီး ကွန်ပရက်ဆာကို ဒုက္ခပေးတတ်လို့ စက်ရဲ့သက်တမ်းလည်းတိုနိုင်ပါတယ်။။

6. # ခဏခဏဖြုတ်တပ်လုပ်ရင်း လျှပ်စစ်ပစ္စည်းတွေရေစိုပျက်စီးနိုင်ချေနဲ့ စက်ပစ္စည်းပျက်စီးဆုံးရှံးနိုင်ချေပိုများပြီး ငွေကုန်ကြေးကျပိုများနိုင်ပါတယ်။
(အင်ဗျာတာအဲကွန်းဆို စပယ်ပစ္စည်း ဈေးကြီးလို့ညပိုသတိထားရပါတယ်)

⛔အကောင်းဆုံးကတော့ အဲကွန်းတွေဆားဗစ်လုပ်တဲ့အခါ လိုအပ်မှသာတစစီဖြုတ်ဆေးသင့်ပြီး ပုံမှန်ကတော့ ကြေးပိုက်တွေနဲ့ အစိတ်အပိုင်းအကုန်လုံးကိုတစစီမဖြုတ်ပဲ အိပ်စွပ်ပြီးရေထိုးသန့်ရှင်းရေးလုပ်၊ဂက်စ်ဖိအားပြည့်မပြည့်စမ်းသပ်ရင်း၊ ပန်ကာမော်တာဝန်ရိုးတွေရဲ့လိုအပ်တဲ့နေရာမှာ ချောဆီထိုးပြုပြင်တာလောက်သာလုပ်ရင် စက်ရဲ့သက်တမ်းလည်းပိုပြီး ၊ပြင်ဆင်စရိတ်လည်းသက်သာမယ်လို့အကြံပြုလိုပါတယ်။

#ကိုနန္ဒမိုး

16/06/2026

Arkar Aircon Service ရဲ့ အမှတ်တံဆိပ်လေး တိုက်အသစ်မှာ နေရာယူ 😍😍😍

12/06/2026

ဟဲလို😍😍😍

ဆိုင်နေရာအသစ်လေးပါရှင့်
လိပ်စာက
မကွေးမြို့
သစ္စာလမ်းပေါ် ကိုဟွန်ဒါ ဂစ်တာဆိုင်အနီး
လိုချင်တာလေးတွေ လာရှာလို့ရပါပြီရှင့်

09/06/2026

မဂ်လာပါရှင့်😍😍😍
Customer အသစ်လေးတွေကို ကျေးဇူးတင်စကားပြောရမယ့်အချိန် ရောက်လာပါပြီရှင့်

April မှာ 26 ဦး May မှာ 37 ဦး စုစုပေါင်း 63 ဦးသော customers အသစ်တွေ Arkar Aircon Service ကိုချိတ်ဆက်ပြီး ဝန်ဆောင်မှုကို ရယူခဲ့ကြပါတယ်

အထူးကျေးဇူးတင်ရမှာကတော့ အားပေးမြဲ အားပေးကြတဲ့ အမာခံ core customers များပဲဖြစ်ပါတယ်🙏🙏🙏

ဝန်ထမ်းတွေထပ်မံဖြည့်တင်းပြီး ပိုကောင်းတဲ့ဝန်ဆောင်မှုတွေပေးဖို့ အမြဲကြိုးစားနေပါတယ်ရှင့်💪💪💪

မိတ်ဟောင်း မိတ်သစ်များအားလုံးကို အထူးကျေးဇူးတင်ပါတယ်။ လုပ်ငန်းကိုင်ငန်းတွေလည်း အဆင်ပြေအောင်မြင်ကြပါစေရှင့်👍👍👍

15/05/2026

Hello
ပြီးခဲ့တဲ့ ဧပြီကတော့
တကယ်ကို ဟောဟဲစိုက်တဲ့ လပါပဲ
🥵🥵🥵🥵

အချိန်မှီ ဝန်ဆောင်မှု မပေးနိုင်ဘဲ ပျက်ကွက်မှုများစွာအတွက် မိတ်ဟောင်းမိတ်သစ်များကို ကျေးဇူးတင်ခြင်းများစွာနဲ့ တောင်ပန်ရမယ့် လ တစ်လ ဖြစ်ခဲ့ပါတယ်
😞😞😞😞

မိတ်ဆွေတို့ စိတ်တိုင်းကျနိုင်ဖို့ အမြဲကြိုးစားနေပါတယ်ရှင့်။ 💪💪💪💪

သည်းခံစောင့်ဆိုင်းပေးကြတဲ့ customer တစ်ဦးတစ်ယောက်ချင်းစီကိုလည်း အများကြီးအားနာမိပါတယ်။
🙏🙏🙏🙏

အကောင်းဆုံး ဝန်ဆောင်မှုအတွက် အစဥ်ကြိုးစားလျက်

Arkar Aircon Service

Want your business to be the top-listed Realtor/realty Service in Magway?
Click here to claim your Sponsored Listing.

Website

Address


Magway