Hnin Faction
05/11/2024
ကပ်ဖားကြီးဖြစ်ချင်တာ
တစ်ခုခုကြည့်မရရင် ထပြောတာနဲ့တင်
ဘာမှလုပ်လို့မရတော့ဘူး"(😎🤭
25/10/2024
Top 10☝️👑
23/10/2024
ကိုယ့်ကြောင့် တစ်ဖက်လူခက်ခဲသွားမှာ
သိပ်ကြောက်သလောက်
ကိုယ်ကတော့ တခြားလူတွေကြောင့်
ခက်ခဲနေတာ သဘာဝလိုတောင် ဖြစ်နေပါပြီ ။
ဘယ်သူမပျော်ဘူးလဲ လှမ်းကြည့်တယ်
နားလည်ပေးရမယ်ဆိုတဲ့ အသိတရားလေးရှိတယ် ။
ဘယ်သူ အဆင်မပြေဘူးလဲ လှမ်းကြည့်တယ်
ငါ တတ်နိုင်သလောက် ကူပေးရမယ်ဆိုတဲ့
အသိလေးရှိတယ် ။
ကိုယ့်ကြောင့်ဆိုတဲ့ ခေါင်းစဥ်တွေ
တပ်ခံရမှာစိုးလို့ မမှားပဲလျှော့ပေးခဲ့တာတွေ
အများကြီးပဲ ။
ကိုယ်ကိုယ်တိုင်ကြတော့
အမြဲမပျော်ရပဲ လွဲချော်နေရတယ် ။
နေ့ရက်တိုင်းကို
ဒီလူဟာ စိတ်ကုန်၍ လူပန်းနေပြီ ။
- သုတ
#အဲလစ်🍁🌻🌿
03/10/2024
အမိကမွေး အဖကကျွေးလို့
လူ့ဘဝလူ့လောကမှာ လူအဖြစ်ရပ်တည်ခွင့်ရခဲ့တာဆိုတာ မမေ့သင့်ဘူး
မိဘကျေးဇူးမဆပ်နိုင်ရင်နေ မိဘကိုကိုယ့်ကြောင့် စိတ်မဆင်းရဲစေနဲ့ အနှိမ်မခံရစေနဲ့ လူပြောလူဆိုမခံရစေနဲ့‼️
လူဖြစ်ခွင့်ပေးရုံတင်မက လူဘဝအလည် တင့်တယ်အောင်ပြုစုယုယပျိုးထောင်ပေးခဲ့တာဟာ သူတို့အတွက် ပြန်မရရင်နေ နာကြင်စရာတွေသွားမပေးမိစေနဲ့❌
အစားထိုးလို့မရတဲ့ မိဘတွေကို အရောင်စုံမှလာခူးတဲ့ ပန်းခူးသူတွေနဲ့ မလဲမိစေနဲ့ မပစ်မှားမိစေနဲ့❌
တချို့ကပြောတယ် မိဘနေရာရောက်ရင်သိလိမ့်မယ် ဒါမဲ့ တချို့တွေက မိဘနေရာဘယ်လောက်ရောက်ရောက်ကိုယ်ချင်းမစာတတ်ကျဘူး မသိတတ်ကျဘူး
တချို့တွေကျ မိဘနေရာမရောက်သေးပေမဲ့မိဘကိုကိုယ်ချင်းစာတတ်တယ်နားလည်တတ်တယ်
မိဘဆိုတာ မသေခင်ကျွေးရတာ သေမှမငိုနဲ့ အလကားအပိုတွေပဲ😅
02/10/2024
လူပီသသူကို ရွေးမိဖို့ လိုတယ်
လူစိတ်မရှိ လူမပီသပဲ ကိုယ်ချင်းစာစိတ်မရှိသူကို ယူမိရင် ဝဋ်ကြွေးပဲ တဘဝလုံးခါးပြီ‼️
တချို့က လူကိုမချစ်ဘူး ငွေကိုချစ်တာ
တချို့က လူကိုမချစ်ဘူး ဂုဏ်ကိုချစ်တာ
ကိုယ့်အပေါ် တကယ်မေတ္တာထားပြီးစေတနာရှ်ိသူကိုယူမိမှ ဘဝကငြိမ်းချမ်းမယ် ✅
ကိုယ့်အပေါ် တကယ့်မေတ္တာစစ်မဟုတ်ပဲ တခြားအရာတွေကြောင့်ယူတဲ့သူဟာ ကိုယ့်အပေါ်ဘယ်တော့မှ ငဲ့ညှာမှာမဟုတ်ဘူး ကိုယ့်အပေါ်စာနာနားလည်မှာမဟုတ်ဘူး❌
ကိုယ့်မိဘမွေးချင်းအပေါ် ဘယ်တော့အကောင်းမြင်မှာမဟုတ်ဘူး လေးစားမှာမဟုတ်ဘူး❌
ကိုယ်ရွေးချယ်မိတဲ့အိမ်ထောင်ဘက်ကြောင့် ကိုယ့်မိဘ၂ပါးအစော်ကားခံရမယ် အနှိပ်အချခံရမယ်
ပြောရမယ်ဆိုရင်တော့ ကိုယ့်အပေါ်တကယ့်မေတ္တာစစ်နဲ့စေတနာထားပြီးတကယ်မချစ်ခင်လို့ပဲ ကိုယ်အတွက်မစာနာပေး ကိုယ့်ပျော်ရွှင်မှုကိုမလ်ိုလားပဲ သူ့အတွက်သူပဲကြည့်တဲ့သဘောပဲ
အိမ်ထောင်ဘက်ကောင်းနဲ့တွေ့ပါစေ ဝဋ်ကြွေးတွေမဖြစ်ကြပါစေနဲ့
Hnin Lae Lae Maw
(2.10.2024)Wed‼️
22/09/2024
လူတိုင်းက ကိုယ့်ကို ကြိုက်နိုင်မှာမဟုတ်ဘူး။
ဒါကြောင့် ကိုယ်ဟာ လူတစ်ယောက်
နှစ်သက်ခြင်းခံရဖို့အတွက်
ကိုယ့်မူရင်းပုံစံနဲ့ကိုယ့်ရှိရင်းစွဲကို လုပ်ယူ
ပြောင်းလဲကြိုစားဖို့မလိုဘူး။
ကိုယ့်ရှိနေတဲ့အလှဟာ တစ်စုံတစ်ယောက်ရဲ့အရောင်စွန်းစရာမလိုဘူး။
တစ်စုံတစ်ယောက် ကြောင့် ကိုယ်ဟာ
တောက်ပစရာမလိုဘူး။
ကိုယ် ရှိရင်းတိုင်းပဲ နေပြီး မူရင်းတိုင်းပဲ လှအောင်နေပြဖို့ပဲလိုတယ်။
ကိုယ့်ဖြစ်တည်မှု ကိုယ့်တည်ရှိမှုကို လက်ခံတတ်ဖို့လိုပဲတယ်။
ကိုယ့်ကိုယ်ပိုကောင်းအောင် သင်ယူထိန်း
ကျောင်းဖို့ပဲလိုတယ်။
ဒါဆိုရင်ကိုယ့်ကို တစ်ကယ်ချစ်ခင်နှစ်သက်သူတွေက ကိုယ်နဲ့အကွာအဝေးကို ပိုနီးစေပြီး
ကိုယ့်ကိုမချစ်ခင်မနှစ်သက်သူက
သူ့ဘာသာအဝေးကို ထွက်သွားမှာပဲ။
ဒါဆိုရင် ကိုယ့်နားမှာ စစ်မှန်သူတွေ
သာကျန်ခဲ့ပြီး ဘယ်တော့မှ မနာကျင်
နိုင်စေတော့ဘူး။
ဒါဟာ ဘဝဖြစ်တယ်တဲ့။
အတုယောင်တွေ လုပ်ရယူရတာတွေနဲ့
ကင်းလေ ပိုနေပျော်လေတဲ့။
တစ်ခါတစ်လေကျရင် ဘဝဟာ
တစ်စုံတစ်ယောက်မပါပဲ
ကိုယ်တိုင်ဖန်တီးယူရတာတွေရှိသလို
တစ်စုံတစ်ယောက်မပါပဲ
ကြိုးစားပြီး ပျော်ရမဲ့အချိန်တွေရှိတယ်။
တစ်စုံတစ်ယောက်ကြောင့်မဟုတ်ပဲ
အားတင်းပြီးပြုံးထားရမဲ့ အချိန်
တွေရှိတယ်။
ဦးချေ(21.9.22)
photo-Joker
31/07/2024
ကံကြောင့်ပဲဆုံဆုံ
ဝဋ်ကြွေးကြောင့်ပဲ ကြုံကြုံ
ဆုံခြင်းနဲ့ ကြုံခြင်းကာလမှာ
ခဏလေး ရင်းနှီးခွင့်ရတာ ကျေနပ်တယ်. . .
လိုလို့ပဲ သုံးသုံး
မလိုလို့ပဲ မုန်းမုန်း
အသုံးနဲ့ အမုန်း ကြားကာလမှာ
ခဏလေး ပြုံးခွင့်ရတာ ကျေနပ်တယ်. . .
ချစ်လို့ပဲ ခေါ်ခေါ်
မုန်းကြလို့ပဲ မခေါ်ခေါ်
ခေါ်ခြင်းနဲ့ မခေါ်ခြင်း ကြားကာလမှာ
ခဏလေး ပျော်ဝင်ခွင့်ရတာ ကျေနပ်တယ်. . .
စိတ်ရင်းရှိလို့ပဲ တွေ့ တွေ့
စိတ်ရင်းမရှိတော့လို့ပဲ မေ့မေ့
တွေ့ခြင်းနဲ့ မေ့ခြင်း ကြားကာလမှာ
ခဏလေး တွေ့ခွင့်ရတာ ကျေနပ်တယ်. . .
တကယ်တော့
လောကကြီးထဲမှာ အရာအားလုံးက
ကံကြောင့်ပဲ ဖြစ်ဖြစ်
ဝဋ်ကြွေးကြောင့်ပဲ ဖြစ်ဖြစ်
ခဏလေးတွေချည်း
ဖွဲ့စည်း ဖြစ်တည်နေကြတာပါ
လိုရင် သုံးပါ ရပါတယ်
မလိုရင် မုန်းပါ ရပါတယ်....
ကံကြောင့် ဆုံလည်း ရတယ်
ဝဋ်ကြွေးကြောင့် ကြုံလည်း ရပါတယ် .....
ချစ်လို့ ခေါ်လည်း ရတယ်
မုန်းလို့ မခေါ်လည်း ရတယ်.....
စိတ်ရင်းရှိလို့ တွေ့လည်း ရတယ်
စိတ်ရင်း မရှိလို့မေ့လည်း ရပါတယ်....
ခဏဆိုတဲ့ အချိန်လေးဟာ
တန်ဖိုး ရှိပါတယ်....
ဒါကြောင့်လည်း
ကိုယ့်ကို လိုသူအတွက်ပဲ ဖြစ်ဖြစ်
မလိုသူအတွက်ပဲ ဖြစ်ဖြစ်
ခဏလေး ကံရဲ့ ကြုံဆုံခွင့် ရတုန်းမှာ
အမုန်း အာဃာတ စိတ်တွေနဲ့ မဆက်ဆံပဲ
မေတ္တာစိတ် ထားတတ်ဖို့ ကြိုးစားရမှာပါ
ကံကြောင့် ဆုံ
ကံကုန်လို့ သေရင်
ခွဲကြရမယ့် အတူတူ
ကြည် ဖြူစွာ ပြုံးပြလိုက်ပါ........။
20/07/2024
ဒီပုံဟာ တရားဦးဓမ္မစကြာဟောကြားနေတဲ့ပုံပါ။
ဘယ်နိုင်ငံက လက်ရာလဲ မပြောတတ်။
အရင်ကဆိုရင် တရားနာနေတဲ့ ပဉ္စဝဂ္ဂီ ငါးဦးကို
သင်္ကန်းဝတ်ပြီး ခေါင်းတုံးထားတဲ့ ရဟန်းအသွင်နဲ့ပဲ
ဆွဲကြတာ သတိထားမိတယ်။
ဒီပုံမှာတော့ တစ်ယောက်ပဲ ရဟန်းဝတ်သဏ္ဍာန်ရှိပြီး
ကျန်တာက အဖြူဝတ်ယောဂီဟန်တွေ။
ဒီလို ဘာလို့ဆွဲသလဲ ဆိုရင်
ဝါဆိုလပြည့်နေ့ ဓမ္မစကြာတရားနာတဲ့အခါ
ငါးဦးလုံးပြိုင်တူနာတာဖြစ်ပေမယ့်
အရှင်ကောဏ္ဍည တစ်ပါးပဲ သောတာပန်ဖြစ်တာ။
ဓမ္မစကြာတရားနာပြီးတဲ့အခါ "ရဟန်းဖြစ်ပါရစေ" ဆိုပြီး
ရဟန်းပြုခွင့်တောင်းတာကလည်း
အရှင်ကောဏ္ဍညတစ်ပါးပဲ တောင်းတာ။
ကျန်တဲ့ လေးပါးက ရဟန်းပြုခွင့် မတောင်းဘူး။
(ဓမ္မစကြာကို ဖတ်တဲ့အခါ သတိထားကြည့်ပါ)
ဒါကြောင့် ဒီပုံထဲက ရဟန်းတော်ဟာ
အရှင်ကောဏ္ဍညမထေရ် ဖြစ်ပါတယ်။
ဓမ္မစကြာဟောတဲ့နေ့ဟာ ဝါဆိုလပြည့်နေ့ည။
အဲဒီညမှာ အရှင်ကောဏ္ဍညက သောတာပန်ဖြစ်တယ်။
ရဟန်းဖြစ်တယ်။
ကျန်တဲ့ လေးပါးက သောတာပန်လည်း မဖြစ်။
ရဟန်းပြုခွင့်လည်း မတောင်းကြသေးပါဘူး။
ဒါကြောင့် ဘုရားက ဓမ္မစကြာကို ကျန်တဲ့လေးပါးအတွက်
နောက်ထပ် လေးရက် ဆက်ဟောပေးရတာပါ။
ဝါဆိုလပြည့် - အရှင်ကောဏ္ဍည
လပြည့်ကျော် ၁ရက် အရှင်ဝပ္ပ
လပြည့်ကျော် ၂ရက် အရှင်ဘဒ္ဒိယ
လပြည့်ကျော် ၃ရက် အရှင်မဟာနာမ
လပြည့်ကျော် ၄ရက် အရှင်အဿဇိ
ဒီလိုမျိုး #ဓမ္မစကြာကို ဝါဆိုလပြည့်နေ့ကနေ
လပြည့်ကျော် ၄ ရက်နေ့အထိ
၅ ရက် ဆက်ဟောပေးရပါတယ်။
တစ်ရက်ကို တစ်ပါးစီ သောတာပန် တည်ပါတယ်။
ရဟန်းပြုခွင့်ကိုလည်း သောတာပန်တည်မှ တောင်းတာ
ထင်ပါတယ်။
လပြည့်ကျော် ၄ ရက်နေ့ကျတော့
ပဉ္စဝဂ္ဂီငါးဦးလုံးက ရဟန်းလည်းဖြစ်နေပြီ
သောတာပန်လည်းဖြစ်နေကြပြီ။
ဉာဏ်တွေက ရင့်ကျက်ပြီ။ Ready ဖြစ်ပြီပေါ့။
ဒါကြောင့် ဝါဆိုလပြည့်ကျော် ၅ ရက်နေ့မှာ
"အနတ္တလက္ခဏသုတ်" ကို ဟောတာပါ။
အနတ္တလက္ခဏသုတ်ကို နာပြီးတဲ့အခါ
ပဉ္စဝဂ္ဂီငါးပါးလုံး ရဟန္တာဖြစ်တော်မူကြပါတယ်။
ဖြည့်စွက်။ ။ ဘုရားရဲ့ရောင်ခြည်တော်နေရာမှာ
လှည်း ရထားတို့ရဲ့ စက္ကခေါ်တဲ့ ဘီးပုံသဏ္ဍာန်
ထည့်ဆွဲထားပါတယ်။
ဒါကလည်း ဘုရားရှင်ဟာ
သူ့ရဲ့ ဓမ္မ ဆိုတဲ့တရားဘီးကြီး (ဓမ္မစက္က) ကို
စတင်လည်ပတ်ပြီ ဆိုတဲ့အဓိပ္ပါယ်ပါပဲ။
ပြီးတော့ ဒီစက်ဘီးကြီးကိုမြင်တာနဲ့
ဓမ္မစကြာသင်္ကေတဆိုတာ သိသာလှပါတယ်။
မူလမျှဝေသူနဲ့အတူ ပြန်လည်မျှဝေသူများကို
ကျေးဇူးတင်ပါတယ် ✨✨✨
တရားထူးတရားမြတ်ရကြပါစေ ✨🙏✨
Min Htut's page မှကူးယူသည်။
13/07/2024
မာလာရေစင်ကပ်လှူဆုတောင်းနည်းလေးပါရှင့်
🍁ဘဝဘဝဟောင်းများစွာကတော်စပ်ခဲ့ဖူးသော
🍁ဘိုးဟောင်းဘွားဟောင်းများနှင့်တကွ
🍁ပဌာန်းဆက်ရှိခဲ့ဖူးသော ဆွေတော်မျိုးတော် အပေါင်း၊
🍁မမြင်အပ်တဲ့ပုဂ္ဂိုလ်တို့ အား
ကျွန်ုပ်မှ အပြစ်များရှိပါက
♥️ကြေအေးပေးပါ
♥️ကျေနပ်ပေးပါ
♥️ခွင့်လွှတ်ပေးပါ
သင်တို့အားလုံးရဲ့ကိုယ်စားကျွန်ုပ်မှ နေ၍
မြတ်စွာဘုရားရှင်အား ဤမာလာရေစင်ဖြင့်ကပ်လှူပူဇော်ပါသည် 🙏🏿🙏🏿🙏🏿
🪷ဘုန်းတော်အနန္တ၊
🪷ကံတော်အနန္တ၊
🪷ဥာဏ်တော်အနန္တ၊
🪷တန်ခိုးတော်အနန္တ၊
🪷မေတ္တာတော်အနန္တ၊
🪷သစ္စာတော် အနန္တ၊
🪷ပါရမီတော် အနန္တ တို့ နှင့် ပြည့်စုံတော်မူသော
🙏🏿သက်တော်ထင်ရှား အရှင်မြတ်စွာဘုရားအားဥဒ္ဒိသ ရည်မှတ်သမှု အာရုံပြု၍
အကျွန်ုပ်ကို စောင့်ရှောက်သော
🍀ကိုယ်စောင့်နတ်၊
အကျွန်ုပ်ကိုစောင့်ရှောက်သော
🍀အစောင့်အရှောက်များနှင့်တကွ
🍀ဆွေဆက်၊ မျိုးဆက်၊ပဌာန်းဆက်၊ ဆွေတော်၊ မျိုးတော်အပေါင်း၊
🍀မမြင်အပ်တဲ့ပုဂ္ဂိုလ်များနှင့်တကွ
🍀သိုက်နန်းရှင် အားလုံး တို့အားရည်စူး၍
၄င်းတို့နှင့်ပေါင်းစု၍ ၄င်းတို့နှင့် အတူတကွ
ဤ မာလာ ရေစင်ကို
🙏🏿💜🙏🏿အရှင်မြတ်စွာဘုရားထံ သဒ္ဒါကြည်ဖြူစွာဖြင့် မွန်မြတ်သန့်စင်စွာ ကပ်လှူပူဇော်ပါ၏
(အလှူခံတော်မှူပါဘုရား)(သုံးကြိမ်)
🌟ဤမာလာရေစင်ကိုလှူဒါန်းပြီးအချိန်မှစ၍
ကျွန်ုပ်တို့မိသားစုနှင့်တကွကမ္ဘာသူကမ္ဘာသားအပေါင်းမြန်မာပြည်သူပြည်သားအပေါင်းတို့သည်
🙏🏼အညံ့တွေကျော်လွှားနိုင်ပါစေ
🙏🏼ကပ်ဆိုးတွေကျော်လွှားနိုင်ပါစေ
🙏🏼ဝမ်းနည်းမှုတွေကျော်လွှားနိုင်ပါစေ
🙏🏼ကျပ်တည်းမှုတွေကျော်လွှားနိုင်ပါစေ
🙏🏼ခွဲခွါခြင်းတွေကင်းဝေးပါစေ
🙏🏼ပြိုကွဲခြင်းတွေကင်းဝေးပါစေ
🙏🏼ငတ်မွတ်ဘေးမှကျော်လွှားနိုင်ကြပါစေ
🙏စစ်မက်ဘေးရန်မှသည်လည်းကျော်လွှားနိုင်ကြပါစေသတည်း။
⭐️(ဥုံသိန္ဓိ..သိန္ဓိ..သိန္ဓိ.. မဟာသိန္ဓိအပေါင်း
ထောင်သောင်းမက တည်စေသတည်း)
၃ခေါက် ရွတ်ဆိုရပါမည်။
🌹ခုနှစ်ရက်သားသမီးအပေါင်းနှင့်ကမ္ဘာသူကမ္ဘာသား မြန်မာပြည်သူ/သားများကပ်ကြီး၃ပါးနှင့်ရနါသူမျိုးငါးပါးဘေးမှ
ကျော်လွားနိုင်ကြပါစေ🙏🙏🙏။
10/07/2024
အောင်မြင်ချင်ရင် ကိုယ့်ကိုယ်ကိုမပြောသင့်တဲ့စကားတစ်ခွန်း
‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️‼️
"ငါ့လိုလူမျိုးလုပ်နိုင်ပါ့မလားနော်"❗
ဆိုတဲ့စကားတစ်ခွန်းလေးပါ။
ကိုယ်ဖြစ်စေချင်တဲ့အရာတွေတိုင်းမှာ လူတိုင်းတည်ဆောက်ပိုင်ခွင့်ရှိပြီးသားပါ ကမ္ဘာမြေကြီးက ခွဲခြားကန့်သတ်ထားတာမျိုး မရှိပါဘူး
အားလုံးကတန်းတူတွေပါပဲ ကြိုးစားချက် နှင့် မိမိအပေါ်ယုံကြည်မှုရှိကနေ ကွာသွားတယ်💪🚩🚩
ဒါကြောင့် ကိုယ့်ရဲ့ယုံကြည်ချက်လမ်းကြောင်းအတိိုင်း
သိမ်ငယ်မှုမရှိပဲ အားငယ်မှုမရှိပဲ သင်စရာရှိတာသင် လုပ်စရာရှိတာလုပ် အချိန်အပြည့်ဝိရိယရှိရှိနဲ့ပန်းတိုင်အထိ ရောက်အောင် အားထုတ်သွားပါ
09/07/2024
ပိုက်ဆံမရှာချင်တော့ဘူး။
ပိုက်ဆံပဲကိုယ့်ကို
လာရှာစေချင်တော့တယ်။ :🤭
09/07/2024
လောကမှာ ရှက်တတ်ဖို့၊ လူ့ကျင့်ဝတ် သိတတ်ဖို့ ဆိုတာတွေက
အသိဥာဏ်ရှိဖို့ လိုသေးတယ်။
ဥာဏ်ရည်မြင့်မှသာ ဘယ်အရာက ရှက်စရာ၊ ဘယ်အရာက ရှက်စရာမဟုတ်ဘူးဆိုတာကို သိနိုင်တာ။ လူတစ်ယောက်ဖြစ်နေရင် ဘယ်အရာကို ထိန်းသိမ်းရမလဲ၊ ဘယ်အရာက မလုပ်သင့်ဘူးလဲ၊ ဘယ်လိုအပြုအမူက သိက္ခာရှိတာလဲ၊ ဘယ်လိုအပြုအမူတွေက သိက္ခာမရှိတာလဲဆိုတာကို ခွဲခြားပြီးသိမှာ၊ ဆင်ခြင်တတ်မှာ။
ဥာဏ်ရည်နိမ့်တဲ့ လူတွေက မရှက်တတ်ဘူး။ အရှက်တရားဆိုတာ ဘာမှန်းမသိကြဘူး။ လူမှု့ပတ်ဝန်းကျင်ဆိုတာ နားမလည်ကြဘူး။ သူတို့တစ်ယောက်တည်း အဆင်ပြေဖို့နဲ့၊ စိတ်ချမ်းသာဖို့ဘဲသိကြတာ။
ဒါကို "မရှက်တတ်ဘူးလား၊ မရှက်ဘူးလား၊ သိက္ခာမရှိတဲ့လူ "လို့ သွားမေးနေလို့၊ သွားပြောနေလို့ အလကားဘဲ။
"အဲဒါ ရှက်စရာမို့လို့လား၊ ဘာကြောင့်ရှက်ရမှာလဲ" လို့ပဲ
သူတို့က ပြန်ပြောကြမှာ။ ဉာဏ်ရည်နိမ့်လို့ မရှက်တတ်တဲ့အပြင် သူတို့လုပ်တာ မှန်ပြီး ပြောတဲ့လူက အပြစ်ကြီးအောင်ပါ လုပ်ကြ၊ ပြောကြဦးမှာ။
အဲ့လို brain level နိမ့်တဲ့သူတွေအတွက် update လုပ်မယ့် application ကို ဘယ်သူမှ မတီထွင်နိုင်ဘူး။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
အောင်စေတနာA 4လမ်း
Magway