Dualpower Autoworks Magway

Dualpower Autoworks Magway

Share

29/07/2023

ရပ်ဝေး ရပ်နီးမှ မိတ်ဟောင်း မိတ်သစ်များအားလုံး ကျနော်တို့၏ ဆိုင်အသစ်ဖွင့်ပွဲသို့ ကြွရောက် ချီးမြှင့်ပေးပါရန် ရိုသေလေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည်ခင်များ။

22/04/2023

⭕ ဒီဇယ်ကွန်မွန်းရေး (CRS) တာလပေါ ပြစ်ချက်များ ⭕

ဒီဇယ်ပိုင်းမှာ ကွန်မွန်ရေးက လူကြိုက်အများဆုံးပဲ။ ဂျပန်ဥရောပ ကားကြီး၊ကားလတ်၊ကားသေး လောကမှာ ကွန်မွန်းရေးဒီဇယ်က ၇၀% လောက်ရှိတယ်။ ကျန်တဲ့ ၃၀% က ခေတ်ဟောင်း EDC ပန့်တွေနဲ့ ကားကြီး ယူနစ်အင်ဂျက်တာ ၊ ယူနစ်ပန့်အုပ်စုဖြစ်ပါတယ်။ ယူနစ်အင်ဂျက်တာကြိုက်ပါတယ်ဆိုတဲ့ SCANIA ကြီးတောင် A30 လို့ခေါ်တဲ့ middle class Bus ကားတွေမှာ ကွန်မွန်ရေးကိုသုံးပါတယ်။ ယူနစ်အင်ဂျက်တာနဲ့ စာရင် ကွန်မွန်ရေးက ခလေးသာသာဖြစ်သွားပြန်ရော။ ကွန်မွန်းရေးပိုင်းက အထာသိရင် လုပ်စရာသိပ်ပြီးများများစားစားမရှိဘူး။ ဗမာပြည်မှာ Toyota ရဲ့ 1kD ၊ 2kD ၊ NO4C ၊ 4P10 ၊ JO50 စတဲ့ ကားတွေနဲ့ ကွန်မွန်ရေးကို စသိခဲ့ကြတယ်။ စက်ဆရာကောင်းကောင်းမရှိတဲ့ တချို့ မြို့တွေမှာဆိုရင် ကွန်မွန်းရေးကို ကားအုံနာအချို့ ဝယ်တောင်မဝယ်ရဲဘူး။ ပြန်ပြန်ပြီး ရောင်းထုတ်ကြတယ်။ ပန့်ရှာတာ ရှာမတွေ့လို့ဆိုပြီး သူတို့အခေါ် လီဘာကြိုးပျောက် ၊ ပန့်ပျောက်ဖြစ်ပါတယ်။ ခုများတော့ ကွန်မွန်ရေးက ဆရာကောင်းရင်လူတိုင်းနီးပါး ပြင်နိုင်ကြတဲ့ အနေထားဖြစ်သွားပါပြီ။ ကွန်မွန်ရေးကိုင်တဲ့ဆရာတွေက scan tools ကောင်းကောင်းလိုတယ်။ ကွန်မွန်ရေးရဲ့ တော်ရုံ ပြဿနာတွေက Data anlystics ကြည့်ပြီး ပြင်ရုံဖြင့် အဆင်ပြေကြတယ်။ တချို့ ထူးကဲတဲ့ ပြစ်ချက်တွေကတော့ ရှိတာပေါ့လေ။ အပိုင်ပြောလို့တော့မရဘူး။ ကားပညာဆိုတာ လျော့တွက်လို့ရတာမှမဟုတ်ဘဲ။ ခုခေတ်က ကြိုက်တဲ့ scan tools စက်ကို website ကနေ မှာ visa ကဒ်နဲ့ငွေချေပြီး DHL နဲ့ အိမ်အရောက်ဝန်ဆောင်မှုပါ ရှိနေတော့ မဂ္ဂင်းနစ်တွေအတွက် အရင်ကထက် အများကြီး ပိုအဆင်ပြေလာပါပြီ။ သို့ပေမဲ့ " ကိုယ့်လူတို့ စက်ထိုးခလေးတော့ယူကြအုံး " ။ ကွန်မွန်ရေးပန့်တွေကို ပြင်လို့ရလားတဲ့။ ကွန်မွန်ရေးပိုင်းမှာ အများစု ပန့်က ဖြစ်တာနည်းတယ်။ ဖြစ်ရင်တောင်မှဘဲ ပန့်အလုံးလိုက် လဲကြတယ်။ အသစ်ကတော့ သုံးတဲ့သူရှားတယ်။ ဂျပန်ကျပဲ အသုံးများတော့။ ပန့်ကို ဘယ်သူမှ စိတ်ရှည်လက်ရှည် ခွဲစိတ်ပြီး ပြုပြင်တာမျိုးမလုပ်ကြဘူး။ အကယ်၍ ပြုပြင်ရင်တောင် ကားမှာတပ်သုံး အဆင်ပြေဖို့က ၅၀% ဘဲ။ ဒီစကားကို အတွေ့အကြုံအရ ယှဥ်ပြောရရင် ဘုရင့်နောင်က ဝယ်လာတဲ့ 2KD ပန့်တစ်လုံး တပ်နှိုးကြည့် အဆင်မပြေလို့ ၃ လုံးမြောက်မှ OK သွားတယ်။ ကွန်မွန်ရေးပန့်တွေရဲ့ သဘောက အချိန်ကြာလာရင် ၎င်း အထဲရှိ ပလန်ဂျာတွေ ပွန်းစားလာတယ်။ ဒါ့ကြောင့် မူရင်းဆီပရက်ရှာကို ကောင်းကောင်းကြီး မပို့ပေးနိုင်တော့ဘူး။ ကွန်မွန်ရေးပန့်ချိန်စက်တွေက စျေးကြီးတယ်။ ရှားတယ်။ ပန့်ပရက်ရှာကို လိုအပ်သလိုချိန်ဖို့အတွက် ပန့်ကောင်းနေမှရမှာ။ ဂျပန်ကျ ပန့်တွေက အသစ်လိုတော့ 100% ကောင်းမယ်လို့ ယုံကြည်လို့မရကြောင်း။ ပြုပြင်မယ်ဆိုရင်လည်း Bosch ပန့်တွေဆိုရင် မူရင်း ပရက်ရှာရအောင်ပြုပြင်ဖို့ မလွယ်ကြောင်း။ နောက်ပြုပြင်ပြီးသား ပန့်ကိုလည်းကားမှာ တပ်နိုးကြည့် နိုးဖို့အတွက် 100% အာမခံလို့မရပါကြောင်း message ပေးရင် ကျွန်တော်တို့ရဲ့ ကျေးဇူးရှင် မဂ္ဂင်းနစ်ဘော်ဒါကြီးများ ဘေးကင်းကြပါစေ 🙏

#ဝပ်ရှော့ဆရာညီအကိုတွေ အားလပ်တဲ့အချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၄)အုပ်၀ယ်ယူနိင်ပါတယ်ခင်ဗျာ 🙏
စက္ကူဈေးတွေ2ဆထိတက်နေပေမယ့်လည်းစာအုပ်ဈေးမတက်ဘဲမူရင်းဈေးအတိုင်းရောင်းပေးနေပါတယ်ခင်ဗျာ

& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်
https://www.facebook.com/100064755550366/posts/551421737026340/

#အော်တိုဂီယာ ဗားဘော်ဒီစာအုပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

& ECUစာအုပ်
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲစာအုပ်
https://www.facebook.com/127119418075398/posts/1074605609993436/

မြန်မာလိုစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476
09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)

Want your business to be the top-listed Autos & Automotive Service in Magway?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Magway
54321