KGZ Engineering Construction Group

KGZ Engineering Construction Group

Share

17/02/2026

အိမ်ဆောက်တဲ့အခါ စျေးသက်သာတယ်လို့ထင်ရစေတဲ့ အပေါ်ယံဆွဲဆောင်မှုတွေက

• ပစ္စည်း Quality လျော့ခြင်း
• Standard မပြည့်တဲ့လုပ်ငန်းစဉ်နဲ့
• Site ကြီးကြပ်မှု မလုံလောက်ခြင်းစတဲ့ လိုအပ်ချက်တွေနဲ့ကြုံရနိုင်ပါတယ်

အိမ်ဆိုတာ တစ်ခါတည်းဆောက်ပြီး နှစ်ပေါင်းများစွာနေရမှာပါ။

ဒါကြောင့် အိမ်​ဆောက်မယ်ဆို
Quality နဲ့ တာဝန်ယူမှုကို အရင်စဉ်းစားပြီးမှ ​ရွေးချယ်​ပါ🍀

03/02/2026

🏗️ **အဆောက်အဦးဆောက်တဲ့အခါ
Design ရှိပြီး Engineer မပါရင် ဘာဖြစ်နိုင်လဲ?**
လုပ်ငန်းရှင်အများစု ကြုံဖူးကြတဲ့ အဖြစ်အပျက်တစ်ခုရှိပါတယ်။
👉 အဆောက်အဦးဆောက်မယ်ဆိုရင်
Architect ဆီမှာ Archi Design ဆွဲတယ်
Structural Engineer ဆီမှာ Structure Design ဆွဲတယ်
ဒီအဆင့်အထိတော့ မှန်ပါတယ် 👍
ဒါပေမယ့်…
တကယ် ဆောက်လုပ်တဲ့အချိန်ရောက်လာတော့
Engineer မပါဘဲ အရပ်ကန်ထရိုက်ကို အလုပ်အပ်လိုက်တဲ့အခါ
ပြဿနာတွေ စတင်ပေါ်လာပါတယ်။
❌ Design တွေ ဘာကြောင့် ပျက်သွားလဲ?
“columnက ကြီးလွန်းတယ်”
“Beam ဒီလောက်မလိုဘူး”
“ဒီနံရံကအပိုကြီး မပါလည်းလှတယ် ဖြုတ်လိုက်မယ်
(အမှန်က သူတို့အလုပ်လုပ်ရတာပိုမြန်ပြီး ပိုသက်သာလို့)
👉 Archi Design ကို ကိုယ်ကြိုက်သလို ပြောင်း
👉 Structure Design ကို အတွေ့အကြုံအခြေခံနဲ့ ဖြတ်ချ
ဒီလိုနဲ့
📉 Design အလှ ပျက်
📉 Structure အားနည်း
📉 အနာဂတ်မှာ ပြုပြင်ရတဲ့ကုန်ကျစရိတ် တက်

Structure Design ဆိုတာ
➡️ အလှအပအတွက် မဟုတ်ပါဘူး ခိုင်ခံ့မှု အတွက် ဖြစ်ပါတယ်။
Engineer မပါဘဲ ပြောင်းလိုက်တဲ့ column / Beam တစ်ခုချင်းက
➡️ အချိန်ကြာလာတာနဲ့
➡️ ခံနိုင်ရည်​တွေကျလာမယ် ကျိုးမယ်
စတဲ့ အန္တရာယ်တွေ ဖြစ်စေနိုင်ပါတယ်။
✅ အမှန်တကယ် မှန်ကန်တဲ့ ဆောက်လုပ်နည်း
✔️ Archi Design → Architect
✔️ Structure Design → Structural Engineer
✔️ ဆောက်လုပ်ချိန် → Engineer Supervision မဖြစ်မနေပါရပါမယ်
Engineer ရှိရင်
🔧 Design အတိုင်းဆောက်မယ်
🔧 မပြောင်းသင့်တာ မပြောင်းဘူး
🔧 ပြောင်းရမယ်ဆိုရင်လည်း Design အတိုင်း ပြန်တွက်ပြီး ပြောင်းမယ်
🧠 လုပ်ငန်းရှင်များ သိထားသင့်တဲ့ အချက်တစ်ချက်
Design က စက္ကူပေါ်မှာပဲ လှတာ မဟုတ်ပါဘူး
တကယ်ဆောက်တဲ့အချိန် Design အတိုင်း ဖြစ်မှ
အဆောက်အဦးက လှလည်းလှ၊ လုံလည်းလုံခြုံပါတယ်

အဆောက်အဦးတစ်လုံးရဲ့ အောင်မြင်မှုက
Design ဆွဲတာမှာ မဆုံးပါဘူး
Design ကို “မပျက်ဘဲ ဆောက်နိုင်ခြင်း” မှာ ဆုံးပါတယ်။
အားလုံးပဲ လှပပြီးခိုင်ခံ့တဲ့အိမ်​လေးများပိုင်ဆိုင်နိုင်ကြပါ​စေ🙏

21/12/2025

Photos from KGZ Engineering Construction Group's post 21/11/2025

ရန်မျိုးနိုင် ၅ လမ်း site မှ foundation လုပ်ငန်း​လေးပါ သံ​ချောင်း​တွေကို HRB 400 original သုံး​ပေးထားပါတယ်ခင်ဗျ
အိမ်ရှင်အများစုက ​ဆောက်လုပ်​ရေး company ​တွေကို အပ်လိုက်ရင် ပစ္စည်း​လျှော့သုံးသွားမလား အရည်အ​သွေး​လျှော့သုံးသွားမလားစိတ်ပူတတ်ကြပါတယ် အဲဒီလိုပူပန်မှု​တွေကင်း​​ဝေး​စေဖို့အတွက်ကျွန်​တော်ကျွန်မတို့ရဲ့ KGZ Engineering Construction Group မှ သတ်မှတ်အရည်အ​သွေးအတိုင်းပြည့်မီ​အောင်​တာဝန်ယူဆောင်ရွက်​ပေး​နေပြီဖြစ်လို့ လူကြီးမင်းတို့ရဲ့ နားခိုရာ အ​ဆောက်အဦးများကို စိတ်ချယုံကြည်စွာ အပ်နှံလို့ရပါတယ်ခင်ဗျ

Photos from KGZ Engineering Construction Group's post 15/11/2025

KGZ Engineering Construction Group မှ တာဝန်ယူတည်​ဆောက်ခဲ့​သော မ​ကွေး မြို့​မှ အကြမ်းထည် အ​ချောထည် အ​ဆောက်အဦးများနှင့် renovation ပြုလုပ်​​ဆောင်ရွက်ပေးခဲ့​သောအ​ဆောက်အဦးများ 🍀
ယုံကြည်စွာလုပ်ငန်းအပ်နှံ​ပေးကြ​​သော အိမ်ရှင်မိသားစုများလည်း စီးပွားဥစ္စာများဒီ​ရေအလားတိုးတက်ပွားများပါ​စေ​ကြောင်း ကျွန်​တော်ကျွန်မတို့အဖွဲ့မှ ဆုမွန်​ကောင်း​တောင်း​ပေးလိုက်ရပါတယ်ရှင့် 🙏🙏🙏

Photos from KGZ Engineering Construction Group's post 26/02/2024

🏗908 sft one storey building
🏠Angel private preschool ​​ရေတွင်းကြီးလမ်း ပုထိုးဖြူရပ်ကွက်
စလင်းမြို့။
ယခင်အ​ဆောက်အဦးအားပြန်လည်ဖြိုဖျက်မွမ်းမံ၍ angel private preschool ​တည်​ဆောက်ခြင်း project အား ကျွန်​တော်များ KGZ Engineering Construction Group မှ တာဝန်ယူတည်​ဆောက်​ပေးခဲ့ပါသည်
🤝ယုံကြည်စွာလုပ်ငန်းအပ်နှံ​ပေး​သော angel private preschool ပိုင်ရှင်မိသားစုအားကျေးဇူးအထူးတင်ရှိပါသည်ခင်ဗျာ

Want your business to be the top-listed Contractor in Magway?
Click here to claim your Sponsored Listing.

Category

Website

Address


Salin
Magway

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00