SFDA - Sesame Farmer Development Association
ဇွန်လ ပထမပတ်စိုက်ကြတဲ့ နှမ်းစိုက်ခင်းများအခြေနေပါ။
၂၀၂၅ ခုနှစ် မိုးရာသီ နှမ်းစိုက်ပျိုးထုတ်လုပ်နေကြသည့် မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီး အသီးသီး ထဲမှ မကွေးတိုင်းဒေသကြီး အတွင်း မြို့နယ်အသီးသီး တိုက်နယ်အသီးသီး အုပ်စုအသီးသီး ကျေးရွားအသီးသီး အလိုက်ရှိရာမှ အောက်ခြေ ကျေးရွာအဆင့်မှာ ကွင်းအလိုက် ရာသီဥတုဟု ခေါင်းစဥ်ကြီးအောက်က မိုးပေး အခြေနေ နေရာခြင်း မိုးပေးမှု မျှမျှ သသ နည်းလွန်ခြင်း များလွန်းခြင်း မညီမမျှ မတူညီလှလို့ SFDA ဆိုသော တောင်သူအသင်းဖွဲ့ ရှိရာ ဒေသမှာ နှမ်းစိုက်ပျိုးခွင့်ရတဲ့၂၀၂၅မိုးမှာ ဧပြီးလ စတုတ္ထပတ် စိုက်နှမ်း မေလ. တတိယပတ်နှမ်း ဇွန်လပထပတ်နှမ်း ဟူ၍ ၃မျိုး ၃ချိန် တောင်သူများ မိုးပေးလို့ မိုးနှေးလို့ မိုးများလို့ မိုးနည်းလို့ မိုးဖျက်လို့ ဆိုသော အရာရာ ရာသီဥတုသခ်ါရကိုကျော်လွှားရင်း ကုနိူင်သလောက် လူနာနှမ်းကို ဆရာဝန့်တောင်သူများ ကုသနိူင်သလောက် ကုသရင်းဖြင့် SFDAအဖွဲ့ ရုံးအခြေစိုက်ထားရာဒေသ၏ ဒေသမယိုင်သေးဖူးမလဲသေးဖူးအခြေနေမှာရပ်တည်နေပါတယ်။
24/06/2025
၂၀၂၅ရဲ့ မိုးမှာ MHA သဘာဝမြေသြဇာ နှင့် တောင်သူများမိတ်ဆက်ပေးနိုင်ဘို့ စမ်းသပ်ကွက်အဖြစ် ဇွန်လပထမပတ်တွင်နှမ်းဖြူစိုက်ပျိုးသည့် SFDAအဖွဲ့ဝင် တောင်သူတဦး ၏ ၁.၅၀ ဧကစိုက်ခင်းတွင် စမ်းသပ်ကွက်ဆောင်ရွက်ခဲ့သောစိုက်ခင်းအခြေနေပါ။
၂၀၂၅ မိုးရာသီ မိုးမြေပဲ စိုက်ပျိုးရန်အတွက် မိုးမကျခင်အကြီု တောင်သူများ မြေပဲမျိုးခွဲရန် လိုအပ်ပါက မကွေး တောင်တွင်းကြီး ကားလမးမဘေး သစ်ရာကောက် တွင်ရှိသော SFDA မြေပဲခွဲစက် ဆီကြိတ်စက်ရုံသို့ စိတ်တိုင်းကျ မြေပဲအခွံခွာကြိတ်ခွဲခြင်း နှမ်း နှင့်မြေပဲဆီကြိတ်ခြင်း အစီစဥ်ဝန်ဆောင်မှုရယူနိုင်ကြပါပြီခဗျ်ာ...
မြေပဲအခွံခွါကြိတ်ခွဲခြင်း အစီစဥ် ခွဲစက် ၂လုံးဖြင့် တောင်သူစိတ်တိုင်းကျ အဆံသန့်ထွက်စေပြီး အငှားကြိတိခွဲဝန်ဆောင်ခ. တောင်သူဆိုပါက ပြင်ပပေါက်စျေးအောက်လျော့ချပြီးကြိတ်ခွဲဝန်ဆောင်မှုပေးဆောင်ရွက်သွားပါမည်။
12/10/2024
SFDAမှ AFDAရဲ့ ပူးပေါင်းပါဝင်ကူညီထောက်ပံ့မှုအစီစဥ်ဖြင့် ကျေးရွာပေါင်း ၃၀ ရွာ တောင်သူအဖွဲ့ဝင် ၅၈၅ နှင့် အကောင်ထည်ဆောင်ရွက်မည့် မြေပဲစီမံကိန်း အတွက် ကျေးရွား တရွာချင်း ဆောင်းမြေပဲစိုက်ဧက မြေပြင်အရှိစာရင်းကောက်ယူခြင်းလုပ်ငန်းကို ၁၁.၁၀.၂၀၂၄နေ့တွင် SFDAမှ ကျိုးစားအကောင်ထည်ဖော်ဆောင်ရွက်နိုင်ခဲ့ပါပြီ ခဗျ်ာ...
15/09/2024
02/09/2024
ယနေ့ ၂.၉.၂၀၂၄နေ့ နှမ်းစုပေါင်းရောင်းချစင်တာ မကွေး ဝယ်ယူပေးသည့် နှမ်းဖြူ စျေးကွက်လေးဖြစ်ပါတယ်ခဗျ်ာ...
နှမ်းနက် ဂရိတ် A ဆ စျေးကွက်မှာ ယနေ့ ၂၀၅၀၀၀ ဖြစ်ပြီး ဂရိတ်တမျိုးနှင့်တမျိုး ၂၀၀၀ စျေးခွာဝယ်ယူပြီး ပွဲခ အလုပ်သမားအလွတ် လက်ငင်းငွေပေးချေစနစ်ဖြင့် အပတ်စဥ် တနဂ်နွေနေ့ တနေ့ပိတ်ရက်ရှိပြီးကျန်ရက်များတွင် နံက် ၉:၀၀ နာရီမှ ညနေ ၄:၀၀ နာရီ အထိ ဝယ်ယူပေးနေကြောင်း နှမ်းစိုက်တောင်သူများအား သတင်းကောင်းပါးအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Contact the organization
Website
Address
Magway