YanLay

YanLay

Share

06/07/2023

#အတွေးလေးတွေကြည့်တွေးကျပေါ့

လူက လူအတွေး၊ နွားက နွားအတွေး
=============================

တခါတုန်းက လူတစ်ယာက်ဟာ
အိမ်နောက်ဘက် ကွက်လပ်မှာ
နွားတစ်ကောင်နဲ့ ဆီဆုံ လှည့်နေရင်း
ခဏ ထားခဲ့ပြီး အိမ်ရှေ့မှာ
ရေနွေးကြမ်း ငှဲ့သောက်နေသတဲ့ ။

အဲဒီတုန်းမှာ လမ်းပေါ်မှာ
လူစိမ်းဧည့်သည်တစ်ယောက် ဖြတ်လာတာ
မြင်လို့ ရေနွေးကြမ်းသောက်
လှမ်းဖိတ်လိုက်သတဲ့။

သူ့အရပ်၊ ကိုယ့်ဒေသ
မိုးလေဝသ အကြောင်း၊
စိုက်ရေးပျိုးရေးအကြောင်း၊
အလ္လာပ သလ္လာပတွေ ပြောနေကြရင်း
အိမ်ရှင်ကကြမ်းပြင်ကို နှင်တံ(နွားကန်)နဲ့
ဗြန်းကနဲ ရိုက်လိုက်တယ်။
ပြီးတော့ စကား ဆက်ပြောကြပြန်တယ် ။

တစ်အောင့်လောက် အကြာ ကြမ်းပြင်ကို ရိုက်လိုက်ပြန်ရော။
ဧည့်သည် လူစိမ်းလည်း အိမ်ရှင်ရဲ့ ထူးဆန်းတဲ့ အပြုအမူကြောင့်
အကြောင်းရင်းကို မေးကြည့်မိသတဲ့။

မေးစမ်းပါရစေဦး နောင်ကြီးရယ်၊
စကားပြောနေရင်း နောင်ကြီးက
ကြမ်းပြင်ကို ခဏခဏ
တဗြန်းဗြန်း ရိုက်နေတာ ဘာသဘောလဲဗျ
ဆိုတော့ အိမ်ရှင်က

ဒီလိုဗျ ။ ကျုပ်က အိမ်နောက်ဖေးမှာ
နွားနဲ့ ဆီပွတ် နေတာလေ။
ခလောက်သံက တိတ်သွားတော့
ဒီနွားက ဆုံမလှည့်ပဲ ရပ်နေလို့
ကျုပ်က နှင်တံရိုက် အသံ ပေးနေရတာ။
ကိုင်း အခု ကျုပ်နွားရဲ့
ခလောက်သံကို မိတ်ဆွေ
ကြားတယ် မဟုတ်လား၊
သူ ဆုံလှည့်နေပြီလေ"။

လူစိမ်းက ဘဝင် မကျသလိုနဲ့
ဒီလိုဖြင့် နောင်ကြီးရယ်..
ခင်ဗျားရဲ့နွားက ဆုံကို ဆွဲချင်ဟန်ဆောင်ပြီး
ခြေစုံ ရပ်နေရင်းက ခေါင်းကို
လှုပ်ရမ်းပြီး ခလောက်သံ ပေးနေရင်ရောဗျာ ..။

ဒီအခါမှာ အိမ်ရှင်က
အခုလို ပြန်ပြောလိုက်ပါတယ်။

ဒါကတော့ မိတ်ဆွေက လူဆိုတော့
လူလို တွေးတာကိုးဗျ။

သူက နွားလေဗျာ..။
နွားလိုပဲ တွေးတော့မှာပေါ့ ....တဲ့။

တိရစ္ဆာန်ဟာ တိရိစ္ဆာန်အတွေးပဲ တွေးတတ်ပြီး တိရိစ္ဆာန်အလုပ်ပဲလုပ်တတ်ပါတယ်။

လူထုဦးလှ မြန်မာ့ရိုးရာ ပုံပြင်များ....

06/07/2023

ငါပြုပြင်နိုင်ဖို့

ငါ ညံ့ရင်
ငါခံရမယ်
သူများကို အပြစ်မတင်ဘူး။

ငါ လဲရင်
ငါ ထရမယ်
တွဲထူမယ့်သူလဲ မမျှော်ဘူး။

ငါ ပျင်းလို့
ငါ ဖျင်းတာ
ကြိုးစားတဲ့သူကို မနာလိုမဖြစ်ဘူး။

ငါ မလေ့လာလို့
ငါ မတတ်တာ
သူများနှိမ်လဲ မနာဘူး။

ငါ့ လိုအပ်ချက်
ငါ ဖြည့်ဆည်းရမယ်
မကူညီရကောင်းလားလို့လဲ မမြင်ဘူး။

ငါ ကောင်းအောင်
ငါ နေရမယ်( ငါမကောင်းတဲ့ အခါ)
အပေါင်းသင်းကြောင့်လို့ ခေါင်းစဉ်မတပ်ဘူး။

ငါ့ အကြောင်းကို
ငါ သိနေရမယ်
ဒါမှ ပြုပြင်ပြောင်းလဲနိုင်မယ်။လို့ ခံယူထားတယ်😁

Want your business to be the top-listed Beauty Salon in Magway?
Click here to claim your Sponsored Listing.

Category

Website

Address


Magway