People Movement - Magway

People Movement - Magway

Share

14/03/2021

စစ်အာဏာရှင်ဆန့်ကျင်ရေး မကွေးမြို့နယ်လုံးဆိုင်ရာ ညသပိတ် တော်လှန်ရေး

၁၄.၃.၂၀၂၁ ||

ဆိုရမည့် သီချင်း - သွေးသစ္စာ ၊ ကမ္ဘာမကြေဘူး ၊ အလိုမရှိ

အော်ရမည့် သံချပ်

စစ်အာဏာရှင် ... အလိုမရှိ

၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေး ... ဒို့အရေး

ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေး ... ဒို့အရေး

မတရား ဖမ်းဆီးထိန်းသိမ်းခံများ ... ချက်ချင်းလွှတ်

ဖိရင်ကြွမယ် ... ထိရင်ချမယ်

တို့ပြည်သူတွေ ညီရဲ့လားဟေ့ ... ညီတယ်ဟေ့ ... ညီတယ်ဟေ့

အရေးတော်ပုံ ... အောင်ရမည်။

အချိန် - သံပုံးတီးအပြီး (ည ၉ နာရီ)

နေရာ - သက်ဆိုင်ရာ ရပ်ကွက်စုရပ်များ (သို့) မိမိအိမ်ရှေ့ (သို့) နီးစပ်ရာ လမ်းဆုံလမ်းခွများ

နေ့ရက် - ၁၄.၃.၂၁ (တနင်္ဂနွေည)

မှတ်ချက်။ ။ နေ့ခင်းဘက် သပိတ်များလည်း ပုံမှန်အတိုင်း ရှိမည် ။

အားလုံးသိအောင် ပြန်ဖြန့်ကြစို့ ...

13/03/2021

တနိုင်ငံလုံး ခံစစ်ဆောက်လုပ်ခြင်း လှုပ်ရှားမှု
၁၄.၃.၂၀၂၁ ||

အိမ်ရှေ့၊ နီးစပ်ရာ လမ်းဆုံလမ်းခွနှင့် ရပ်ကွက်စုရပ်အလိုက် ခံစစ်ဆောက်လုပ်ခြင်း လှုပ်ရှားမှုကို မနက်ဖြန် ၁၄.၃.၂၀၂၁ ရက်နေ့တွင် တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မကွေးမြို့ ပြည်သူလူထုတရပ်လုံးအနေဖြင့် စစ်အပါးစေများ၏ လူထုလှုပ်ရှားမှုများအား ဖိနှိပ်ရန် လှုပ်ရှားသွားလာမှုများကို ဟန့်တားနိုင်စေရေး နီးစပ်ရာ စုပေါင်း၍ ခံစစ်များ ညီညီညာညာ စုပေါင်းဆောက်လုပ်ကြရန် တိုက်တွန်းနှိုးဆော် အပ်ပါသည်။

အရေးတော်ပုံ အောင်ရမည်။

Photos from People Movement - Magway's post 13/03/2021

နားလည်မှု လွဲမှားခြင်းမရှိစေရန် အသိပေးကြေညာခြင်း

စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားသမဂ္ဂများ တပ်ပေါင်းစု - မကွေးသည် အာဏာရူးစစ်အုပ်စုအား အပြီးအပိုင် မောင်းထုတ်နိုင်ရန် အာဏာရှင် အမြစ်ဖြတ်ရေး လှုပ်ရှားမှုများကို စတင်စုစည်းချိန်မှစ၍ ပုံစံအမျိုးမျိုးဖြင့် စဉ်ဆက်မပြတ် ဖော်ဆောင်လျက်ရှိပါသည်။

စစ်အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသားသမဂ္ဂများ တပ်ပေါင်းစု - မကွေးသည် ရည်ရွယ်ချက်တူ မိတ်ဖက်စစ်ကြောင်းများနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပြီး လူထုလှုပ်ရှားမှုများ အန္တရာယ်အနည်းဆုံးဖြင့် တိုးချဲ့နိုင်ရန်လည်း ကြိုးပမ်း ဆောင်ရွက်နေပါသည်။

ထိုသို့ဆောင်ရွက်ရာတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ကျောင်းသားသမဂ္ဂများ တပ်ပေါင်းစု - မကွေး၏ လှုပ်ရှားပုံဖော်မှုများကို ကျောင်းသားသမဂ္ဂများ တပ်ပေါင်းစုဟူသော အမည်ဖြင့်သာ အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မကွေးလူထုအနေနှင့် နားလည်မှုမလွဲစေဘဲ ပူးပေါင်းပါဝင်နိုင်ရန် အသိပေးကြေညာအပ်ပါသည်။

မိတ်ဖက်အဖွဲ့များ၊ စစ်ကြောင်းများနှင့် ချိတ်ဆက်ပါဝင်သည့်ကိစ္စများတွင်လည်း တပ်ပေါင်းစု၏ နာမည်ကိုသာ အသုံးပြုသွားမည် ဖြစ်ပါသည်။

အရေးတော်ပုံ အောင်ရမည်။

စတင်စုစည်းချိန် ထုတ်ပြန်ထားမှုအား အောက်တွင်ပြန်လည်ဖော်ပြလိုက်ပါသည်။

Want your organization to be the top-listed Government Service in Magway?
Click here to claim your Sponsored Listing.

Website

Address


Magway