Magway SSID

Magway SSID

Share

Photos from Magway SSID's post 11/01/2022

သင်တန်းများဖွင့်လှစ်နိုင်ရေး တွေ့ဆုံဆွေးနွေး
မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မှ တိုင်းဦးစီးမှူးနှင့် မန်းရေနံမြေ၊ MPRL E&P မှ (CSR & Communications Manager)
ဒေါ်ဝတ်မှုန်တင်လတ် တို့ တွေ့ဆုံ၍ မန်းရေနံမြေဒေသအတွင်း နေထိုင်သော ကျေးရွာများမှ ပြည်သူများ အလုပ်အကိုင် ရရှိရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ကာ ၎င်းဒေသဝန်းကျင်တွင် များပြားစွာ ထွက်ရှိသော ခရမ်းချဉ်သီးများနှင့် ပတ်သက်၍ တန်ဖိုးမြှင့် ထုတ်ကုန်များဖြစ်သော ခရမ်းချဉ်သီးယို၊ ခရမ်းချဉ်သီးဆော့စ်၊ ခရမ်းချဉ်သီးဖျော်ရည် အစရှိသည် ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး သင်တန်းဖွင့်လှစ်ပေးနိုင်ရန် တင်ပြတောင်းဆိုမှုအား ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ဖွင့်လှစ်ပေးနိုင်ရန် တိုင်းဦးစီးမှူးမှ စီစဉ်ဆောင်ရွက်ခဲ့ပါသည်။
၎င်း သင်တန်းမှ ရရှိလာသော နည်းပညာများဖြင့် ထုတ်ကုန်များ ဆက်လက် ထုတ်လုပ်၍ ရန်ကုန်မြို့ရှိ ဟော်တယ်များ၊ စားသောက်ဆိုင်ဆိုင်များ၊ စူပါမားကတ်များသို့ တင်ပို့ရောင်းချနိုင်ရေး ကြိုးပမ်းဆောင်ရွက်
လျှက်ရှိသည်ကိုလည်း သိရှိရပါသည်။

Photos from Magway SSID's post 06/01/2022

၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဂုဏ်ထူးဆောင်လက်မှတ် ပေးအပ်ချီးမြှင့်သည့် အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းဗိုလ် အား မကွေးတိုင်းဒေသကြီးအတွင်း အေးချမ်းသာယာပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်သော ဒေသကြီးအဖြစ် ပေါ်ပေါက်လာစေရန် ဘက်စုံကဏ္ဍစုံမှ ဝိုင်းဝန်းကူညီပံ့ပိုး၍ တာဝန်အရပ်ရပ်ကို ထူးချွန်အောင်မြင်စွာ ဂုဏ်ပြုလေးစားထိုက်သော စိတ်ဓာတ်ဖြင့် ဆောင်ရွက်ခဲ့သောကြောင့် စက်မှုလက်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဆုအား မှတ်တမ်းတင် ထိုက်တန်စွာ ချီးမြှင့်ရရှိခဲ့ပါသည်။

Photos from Magway SSID's post 06/10/2020

Covid-19 ကပ်​ရောဂါကို မြန်မာတနိုင်ငံတဝန်းလုံး အင်တိုက်အားတိုက် ခုခံတွန်းလှန်ချိန် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန(မကွေးတိုင်းဒေသကြီး)မှ မကွေးတိုင်းအတွင်း ဌာနဆိုင်ရာများမှ တဆင့် အယ်ကိုဟော ၇၀% ပါဝင်သော 100ml Hand Sanitizer/Hand Gel များကို သက်သာသောနှုန်း(တစ်ဗူးလျှင်၆၀၀/-ကျပ်)ဖြင့် ဖြန့်ဖြူးပေးသွားမည် ဖြစ်ပြီး ‌မကွေးမြို့နယ်အတွင်း ပြင်ပမှ ဝယ်ယူလိုသူများအတွက် ထပ်မံ ထုတ်လုပ်ပေးပြီး သက်သာသောနှုန်းများဖြင့် ပံ့ပိုးပေးနိုင်ရေး ကြိုးစားဆောင်ရွက်လျှက်ရှိပါသည်။

Photos from Magway SSID's post 17/08/2020

မကွေးတိုင်းဒေသကြီး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စလင်းမြို့နယ်၊ မြေမိကုန်းရပ်၊ ဗောဓိရတနာ သီလရှင်ကျောင်း၌ CERP အစီအစဉ်ဖြင့် ဖွင့်လှစ်သော
လူသုံးကုန် ဆပ်ပြာသင်တန်းအား ယွန်းပညာကောလိပ်မှ ကျောင်းအုပ်ဆရာမကြီး၊ မကွေးတိုင်းမှ တိုင်းဦးစီးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူးနှင့် အရပ်ဖက် ပရဟိတ အဖွဲ့များ၊ သင်တန်းသား/သူများဖြင့် ၁၇.၈.၂၀၂၀ ရက်နေ့ နံနက် ၈:၃၀ နာရီတွင် သင်တန်းအား စတင်ဖွင့်လှစ်ခဲ့ပါသည်။ Covid အလွန်ကာလ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် ဌာနအနေဖြင့် အားကြိုးမာန်တက် ပူးပေါင်းပါဝင်၍ အသက်မွေဝမ်းကျောင်းသင်တန်းများ ကြိုးစားဖွင့်လှစ်နေမှုအား စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ စိတ်ပါဝင်စားသူများ ဌာနဖုန်းနံပါတ်၊Fb Acc/FB page များမှတဆင့် ဆက်သွယ်တက်ရောက်နိုင်ပါသည်။

Photos from Magway SSID's post 21/07/2020

၂၁.၇.၂၀၂၀ ရက်နေ့ နံနက်၁၀ နာရီ၌ မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ မကွေးမြို့နယ် မြင်ကွန်းကျေးရွာတွင် CERP အစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့သော လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းတွင် တိုင်းဦးစီးမှူး ဦးဝင်းဗိုလ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး သင်တန်းသားများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား စနစ်တကျလိုက်နာဆောင်ရွက်စေပြီး သင်ကြားပို့ချမည့်နည်းပညာများကို ကြိုးစားသင်ယူကာ ကိုယ်ပိုင်လုပ်ငန်းများ ထူထောင်နိုင်ရေး ပြောကြားခဲ့ပါသည်။ သင်တန်းသား(၃၅) ဦးနှင့်အတူ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ရပ်မိရပ်ဖများ စုစုပေါင်း အင်အား (၅၀) ဦးခန့် သင်တန်းဖွင့်ပွဲသို့ တက်ရောက်ခဲ့ပါသည်။

Want your organization to be the top-listed Government Service in Magway?
Click here to claim your Sponsored Listing.

Telephone

Website

Address


Aung Myintar(D)/6
Magway
8/