Japanese with Mei

Japanese with Mei

Share

25/02/2025

JLPT exam online form

ဒီနေ့ကနေ စတင်လို့ရနေပါပြီ။ ဒီနေ့ကတော့ N1 & N2 အတွက်ပဲတင်လို့ရမှာပါ။ တခြား Level တင်လို့ရမယ့်ရက်တွေအောက်မှာကြည့်ပါရှင်။ အခုထိတော့တင်ရတာ ချောချောမွေ့မွေ့ပါပဲရှင်။ ‌တစ်ခုလေးပဲ ငွေချေတဲ့နားမှာတော့ test site မရှိသေးပါဘူးဆိုပြီးပေါ်လာတတ်ပါတယ်။ သိပ်မလောပါနဲ့။ ခဏစောင့်ပြီး တစ်ခေါက်လောက် refresh ခေါ်လိုက်ရင် test site ပေါ်လာပါလိမ့်မယ်။ refresh အများကြီးလည်းမလုပ်ပါနဲ့။ ခဏခဏလည်းသွားမဆွဲပါနဲ့။ အစကနေပြန်ပြန်ဖြစ်နေမှာစိုးလို့ပါ။ ခဏစောင့်စောင့်ပြီးမှ မရမှ လုပ်ပါ။ အဆင်ပြေပြေနဲ့စာမေးပွဲအတွက်ဖောင်တင်လို့ရကြပါစေရှင်။

01/12/2024

皆さん、こんにちは。。
စာမေးပွဲအဆင်ပြေကြပါရဲ့လား။ လောလောဆယ်တော့ ဖြေပြီးသွားတာက ပြီးသွားပြီမို့ စိတ်ဖိစီးမခံဘဲ နားနားနေနေ တစ်ရက်နားလိုက်ပါ။ ပြီးမှ ကိုယ်ဆက်လုပ်ရမှာကို ခေါင်းအေးအေးစဉ်းစားကြပါ။ အားလုံးပဲ ကြိုးစားမှုရဲ့အကျိုးနဲ့ အောင်မြင်ကြပါမှာပါရှင်။💗

21/09/2024

ဒါလေးကတော့ N5-4 level မှာ သိထားသင့်တဲ့ ကြိယာဝိသေသနလေးတွေပါ။ ဂျပန်စာရဲ့ အငယ်တန်းlevel မှာ အောက်ပါပမာဏပြကြိယာဝိသေသနတွေကို တော်တော်လေးတွင်တွင်ကျယ်ကျယ်သုံးတာတွေ့ရပါတယ်။ တခါကြည့်ထားရုံနဲ့ မမေ့နိုင်မယ့် ဒီလိုမှတ်ပုံလေးနဲ့ ကြိယာဝိသေသနလေးတွေကိုတွဲမှတ်ပါရှင်။

例文:
1. きのう とても 楽しかったです。
မနေ့က အရမ်းပျော်ခဲ့ရပါတယ်။
 
2.かれは そのしけんで まあまあのてんを とった。
သူက အဲ့ဒီစာမေးပွဲမှာ အသင့်အတင့်အမှတ်ကို ရခဲ့တယ်။

3.このつくえは わたしには ちょっと ひくい。
ဒီစားပွဲခုံက ကျွန်တော်အတွက်တော့ နည်းနည်းနိမ့်နေတယ်။

4.きのうは あまり さむくなかった。
မနေ့က သိပ်မအေးခဲ့ပါဘူး။

5.それは きみと ぜんぜん かんけいない。
အဲ့ဒီဟာက မင်းနဲ့ လုံးဝပက်သက်မှုမရှိဘူး။

Photos from Japanese with Mei's post 25/08/2024

မတုန်လှုပ်ကြပါနဲ့ရှင် အားလုံးအောင်မြင်ကြမှာပါ🤗

Want your school to be the top-listed School/college in Magway?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Magway