KTH IT-Solution
15/03/2026
Kyat (ကျပ်)၊ Baht (ဘတ်)၊ Dollar (ဒေါ်လာ) ဝင်ငွေ/ထွက်ငွေတွေကို သီးသန့်စီ မှတ်နေရလို့ ခေါင်းရှုပ်နေပြီလား? 🤯
လစဉ်ကြေးပေးစရာမလိုဘဲ မိမိရဲ့ Google Drive ထဲမှာပဲ Data တွေကို 100% လုံခြုံစွာ သိမ်းဆည်းပေးမယ့် "My Bank" App ကို မိတ်ဆက်ပေးလိုက်ပါတယ်။ 🎉
သာမန် ငွေစာရင်းမှတ် App တွေနဲ့ မတူတဲ့ My Bank ရဲ့ အားသာချက်တွေကတော့ -
✅ Multi-Currency: မြန်မာကျပ်၊ ထိုင်းဘတ် နဲ့ အမေရိကန်ဒေါ်လာ အားလုံးကို App တစ်ခုတည်းမှာ အလွယ်တကူ တွက်ချက်မှတ်သားနိုင်ခြင်း။ (ထိုင်းရောက် မြန်မာတွေအတွက် အရမ်းအဆင်ပြေပါတယ်။)
✅ No Monthly Fees: လစဉ်ကြေး၊ နှစ်စဉ်ကြေး (Subscription) လုံးဝ ပေးစရာမလိုခြင်း။
✅ 100% Private: Data တွေကို တခြား Server တွေမှာ မသိမ်းဘဲ မိမိရဲ့ ကိုယ်ပိုင် Google Sheet / Google Drive ထဲမှာပဲ သိမ်းဆည်းပေးလို့ လုံခြုံရေးအတွက် စိတ်ချရခြင်း။
✅ Offline Mode: အင်တာနက် မရှိချိန်၊ မီးပျက်နေချိန်မှာလည်း စာရင်းသွင်းနိုင်ပြီး အင်တာနက်ပြန်ရတာနဲ့ Auto Sync လုပ်ပေးခြင်း။ 📶
သင့်ရဲ့ ငွေကြေးစီးဆင်းမှု (Cashflow) ကို သပ်ရပ်တဲ့ Chart တွေနဲ့ အလွယ်တကူ ပြန်ကြည့်လို့ရမယ့်အပြင် လစဉ် Budget Limit တွေပါ သတ်မှတ်ထားလို့ရပါတယ်။
👉 အခုပဲ Pre-Order တင်လိုက်ပါ: https://sites.google.com/kthitsolution.com/kth-it-solution/
သင့်ကလေးတွေအတွက် ဘာများစဉ်းစားထားလဲ?
သင်္ချာလိုမျိုး တစ်ဆင့်ချင်းစီ စဉ်းစားစရာမလိုတဲ့ EXCEL Solver ゚viralシ
16/12/2023
https://m.facebook.com/story.php?story_fbid=672383301711353&id=100068190661726&mibextid=Nif5oz
Wireless Site Surveys
လွန်ခဲ့သော (၁၀) ခုနှစ် တစ်ခုလောက်ကတော့ WLAN Network တွေ Deployment လုပ်တဲ့နေရာမှာ အများအားဖြင့် One-time Site Survey လုပ်ဖို့ပဲ လိုအပ်ပါတယ်၊ ဘာလို့လည်းဆိုတော့ User Capacity အရရော၊ Environmental Interference အရရော အပြောင်းအလဲသိပ်မရှိပါဘူး၊ အစောပိုင်း WLAN Deployment တွေရဲ့ အဓိက ရည်ရွယ်ချက်က ကိုယ်အသုံးပြုလိုတဲ့ နေရာတွေမှာ RF Coverage အပြည့်အဝရပြီဆိုရင် Perfect ဖြစ်ပြီလို့ ပြောလို့ရတာကိုဗျ၊ ယနေ့ခေတ် အစစအရာရာတိုးတက်လာတဲ့ခေတ်ကြီးမှာ End User တွေရဲ့ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းဖို့ရာ RF Coverage ရနေရုံနဲ့ မလုံလောက်တော့ပါဘူး၊ တဟုန်ထိုး တိုးတက်လာတဲ့၊ တိုးပွားလာတဲ့ Wireless Technology ကြောင့် ကျေးဇူးလည်း တင်မိပါတယ်၊ End User တွေရဲ့ လိုအပ်ချက်တိုင်းကို ဖြည့်ဆည်းပေးနိုင်ဖို့ Technologies တွေကလည်း အမှီလိုက်ကြရပါတယ်၊ Unlicensed RF Devices တွေဖြစ်နေလို့လည်း အခုလို တရှိန်ထိုး တိုးတက်လာတာလည်း ပါပါတယ်၊ ယနေ့ ခေတ် WLAN Network တွေ Installed လုပ်ပြီးတဲ့အချိန်မှာ Site Surveys ဆိုတာက Ongoing Process တစ်ခုလိုလည်းဖြစ်နိုင်ပါတယ်၊ WLAN Site Survey တွေ လုပ်တဲ့အချိန်မှာ ဘယ်အချိန်မှာ ဘယ်လိုမျိုးတွေ လုပ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေ မရှိပါဘူး၊ လိုအပ်ရင် လိုအပ်သလို အချိန်မရွေး လုပ်ရနိုင်ပါတယ်၊ WLAN Site Survey လုပ်တဲ့နေရာမှာ Pre-Installation and Post Installation Site Survey ရယ်လို့ (၂) မျိုးရှိပါတယ် (Post-Installation Site Survey အကြောင်းကို ဒီ Page မှာ ရေးပြီးပါပြီ)၊ သက်ဆိုင်ရာ WLAN Vendor တွေကလည်း သူတို့ ပစ္စည်းတွေ သုံးမယ်ဆို Deployment Scenerios ပေါ်မှာ အခြေခံပြီး Guidelines တွေ အကြံပြုကြလေ့ရှိပါတယ်၊
Vendors တွေရဲ့ Best practices တွေနဲ့ ကြုံတွေ့ခဲ့ရတဲ့ Experience တွေကလည်း site survey process မှာ အင်မတန် အရေးပါပါတယ်၊ WLAN Deployment လုပ်မယ့် Area အကုန်လုံးကို လမ်းလျှောက်ပြီးတော့ Physical Location တွေ သေချာစစ် AP ကို ဘယ်လိုထားရင် Coverage က ဘယ်လိုမိနိုင်တယ်၊ ပတ်ဝန်းကျင်မှာ Interference တွေက ဘယ်လိုတွေ ရှိနေသလဲ၊ User Capacity က ဘယ်လောက်ရှိနိုင်သလဲ စသဖြင့် WLAN Network ကို Design ချဖို့ လိုအပ်ပါတယ်၊
WLAN site survey တွေမှာ main objectives အနေနဲ့ အောက်ပါအချက်တွေကို ထည့်စဉ်းစားဖို့ လိုအပ်ပါတယ်၊
✺ အမှန်တကယ် RF Coverage ရချင်တဲ့နေရာတွေ သိဖို့ လိုအပ်ပါတယ် (Customer နဲ့ သေချာဆွေးနွေးပါ)
✺ RF Interference ဖြစ်စေတဲ့ Source တွေကို သိအောင်လုပ်ပါ၊ ရှိခဲ့ရင်လည်း လျှော့ပါးနိုင်သမျှ လျှော့ပါးအောင်လုပ်ပါ (ဆိုလိုတာက ပတ်ဝန်းကျင်မှာ ၈၀% လောက်က 2.4GHz ကိုသုံးထားတယ်ဆို ကိုယ်က 5GHz ကိုသုံးမှာပေါ့၊ ပတ်ဝန်းကျင်က Channel တွေကို Fixed လုပ်ထားတယ်ဆိုလည်း ကိုယ်က Interference လွတ်တဲ့ Channel တွေကို ပြောင်းသုံးမယ် စသဖြင့်ပေါ့)
✺ User Capacity ဘယ်လောက်သုံးမှာလည်း ယနေ့ခေတ်မှာ အရမ်းအရေးကြီးပါတယ်၊ ရုံးတွေမှာဆိုလည်း BYOD တွေ ခွင့်ပြုမှာလား၊ Smart Home Products တွေလာဉီးမှာလား၊ Entertainment အတွက် Smart TV တွေရော တပ်ဖို့ရှိလား၊ Future မှာရော လူဉီးရေ ထပ်တိုးဉီးမှာလား၊ ဘယ်လို Plan တွေ ရှိသလည်း စသဖြင့် သေချာ ဆွေးနွေးဖို့ လိုအပ်ပါတယ်၊
✺ AP / Switch / Router / Cable တွေဆွဲဖို့အတွက် နေရာတွေ သေချာကြည့်ပါ၊ တပ်ဆင်မယ့်နေရာတွေကို Customer နဲ့ Confirmed လုပ်ပါ ရှင်းပြပါ၊
✺ Indoor ဆိုလည်း ဘယ်လောက် Antenna Gain (dBi) / Output Power (dBm) ဘယ်လောက်ပါတဲ့ AP တွေကို ရွေးချယ်သုံးမလည်း၊ Ceiling Mount / Wall Mount / Pole Mount ဘယ်လိုရွေးချယ်မလည်း၊ Outdoor ဆိုလည်း အကွာအဝေး၊ Interference, ကြားခံအတားအဆီးတွေရှိမယ်ဆို ဘယ်လို Antenna Types ကို ရွေးချယ်မလည်း စသဖြင့် ရွေးချယ်တတ်ဖို့ လိုအပ်ပါတယ်၊
✺ RF Propagation တွေက ဘယ်လိုရှိတယ်၊ Attenuation က ဘယ်လို၊ ပတ်ဝန်းကျင်အခြေအနေက ဘယ်လိုရှိတယ် စသဖြင့် Survey Process မှာ အရေးကြီးပါတယ်၊
ဒီနေရာမှာ နားလည်ဖို့လိုတာက RF Site Survey ဆိုတာ WLAN Design ကို ဆိုလိုတာမဟုတ်ပါဘူး၊ RF Site Survey ဆိုတာ WLAN Design တစ်ခု ထွက်လာဖို့အတွက် လိုအပ်တဲ့ Processes and Procedures တွေကို ဆိုလိုတာဖြစ်ပါတယ်။
အပိုင်း (၂) ဆက်ပါဉီးမယ်...
Click here to claim your Sponsored Listing.
Contact the business
Address
Loikaw
20101
Opening Hours
| Monday | 08:00 - 18:30 |
| Tuesday | 08:00 - 18:30 |
| Wednesday | 08:00 - 18:30 |
| Thursday | 08:00 - 18:30 |
| Friday | 08:00 - 18:30 |
| Saturday | 08:00 - 06:30 |
| Sunday | 08:00 - 18:30 |