EKO Restaurant

EKO Restaurant

Share

Photos from EKO Restaurant's post 30/07/2021

Ballantine’s Finest

အသစ်ထွက်တဲ့ Sir Edward’s Beer Reserve က စျေးသက်သာတဲ့အပြင် ပေးရတဲ့စျေးနဲ့ အရမ်းတန်တဲ့အကြောင်းကို ရေးခဲ့ပြီးပါပြီ။ ဒါပေမယ့် Sir Edward’s က အရမ်း brand အမြင့်မဟုတ်တဲ့အတွက် တချို့တွေကမကြိုက်ပါဘူး။ အဲ့အခါ စျေးလည်းတန်ပြီး brand ကောင်းကောင်းထဲက လိုချင်တဲ့သူတွေအတွက် ကျွန်တော် recommend ပေးလေ့ရှိတာ နှစ်ခုရှိပါတယ်။ Ballentine’s Finest ရယ်၊ Dewar’s White Label ရယ်ပါ။

အခုတော့ Ballentine’s Finest လေးအကြောင်း review ချင်ပါတယ်ခင်ဗျာ။

About - ထုံးစံအတိုင်း blended scotch whisky အမျိုးအစားဖြစ်ပါတယ်ခင်ဗျာ။ 40% ABV ရှိပါတယ်။ Ballantine’s ဆိုတာ တစ်ချိန်က Europe ရဲ့ ရောင်းအားအကောင်းဆုံး brand တစ်ခုပါ။ အခုထိလည်း Europe နှင့် Asia ဘက်မှာ လူကြိုက်များ အောင်မြင်နေတဲ့ brand ပါခင်ဗျာ။

Aroma - ရနံ့လေးက sweet ဖြစ်ပါတယ်။ Sweet & soft aroma လေးကိုမှ အစေ့အဆန်တွေရဲ့ ရနံ့ကလည်း သိသာစွာပါဝင်နေပါတယ်။ တစ်ချက်တစ်ချက် တောပန်းရိုင်းများရဲ့ ရနံ့ကိုလည်း ခံစားမိနိုင်ပါတယ်။ အဲ့အပြင် သစ်သီးတွေရဲ့ fruity aroma လေးကိုလည်း ပါးပါးလေး လိုက်ပါခံစားရပါသေးတယ်။ Sweet & nutty ဖြစ်နေတာလေး အီတဲ့အထိရောက်မသွားဖို့အတွက် spice & smoke ကလည်း ပါတယ်ဆိုရုံလေးနဲ့ တစ်ချက်တစ်ချက် ဝင်ထိန်းပေးထားပါသေးတယ်။ Aroma လေးက ရိုးရိုးလေးနဲ့ကို ကောင်းနေတာပါခင်ဗျာ။

Taste - အစမှာ အရသာက weak ဖြစ်နေသလို ထင်မိပေမယ့် တကယ်တမ်းကြတော့ မ weak ပါဘူးခင်ဗျာ။ အစမှာ သူ့ရဲ့ ညက်ညောမှုက creamy ဖြစ်တာနဲ့တွဲပြီး ယမကာတစ်ခုရဲ့အရသာကို အပျော့ဆုံးဖက်ဆွဲချထားပါတယ်။ ပြီးရင်တော့ spicy ဖြစ်တာလေး ပေါ်လာတာနဲ့အတူ ပါးစပ်ထဲမှာ စူးသလိုလို/ခါးသလိုလို/ကလိနေသလိုမျိုးလေး နဲ့ ယမကာအရသာကို sexy ဆန်ဆန် ပြန်ဆွဲတင်လိုက်ပါတယ်။ အတက်အကျနှစ်ခုလုံးရဲ့နောက်မှာ အချိုပေါ့ပေါ့လေးနဲ့ vanilla အရသာလေးက အစွန်းနှစ်ဖက်ရောက်မသွားအောင် ကူထိန်းပေးထားပါတယ်။

Aftertaste - Peated smoke လေး နူးနူးညံ့ညံ့ ညှင်ညှင်သာသာနှင့် aftertaste မှာ သိသာစွာ ပေါ်လာပါတယ်။ Smoke က အရမ်းမပျော့သလို အရမ်းလည်းမပြင်းပါဘူး။ Gentle smoke လေးကိုမှ warm & sweet ဖြစ်တဲ့ finish လေးနဲ့ တွဲထားပါတယ်။ ပြီးရင်တော့ ခါးသက်သက်အရသာလေးက ခံတွင်းရှင်းသွားအောင် အဆုံးသတ်ပေးမှာပါ။

ဒီကောင့်မှာ ကျွန်တော်အကြိုက်ဆုံးက နူးနူးညံ့ညံ့ peated smoke လေး aftertaste မှာ ညှင်ညှင်သာသာ ပေါ်လာတာပါ။ သူ့ရဲ့ smoky က နူးညံ့တဲ့အတွက် smoky ကြိုက်တဲ့သူတွေကော မကြိုက်တဲ့သူတွေပါ အဆင်ပြေမှာပါ။
ပြီးတော့ ဒီကောင်က smooth တယ်ဆိုပေမယ့် sexy ဆန်ဆန် smooth တာပါ။ Ballantine’s Finest ဆိုတဲ့အတိုင်း smooth တာထက်စာရင် fine & creamy ဆို ပိုမှန်မှာပါ။

အဲ့တော့ ညက်ညောမှုနဲ့မှ အဆင်ပြေမည့် beginner ကနေစပြီး သုံးဆောင်နေကြလူတွေအပြင် smoky သမားတွေအတွက်ပါ ဒီကောင်က အဆင်ပြေနိုင်မှာပါ။ ပိုက်ဆံလည်း နည်းနည်းပိုသုံးချင်ပြီး branded ထဲကရွေးချင်တဲ့သူတွေအတွက် Ballantine’s Finest ကို ထည့်စဉ်းစားဖို့ recommend ပေးလိုက်ပါတယ်။
Thank You 😊
Credit
(Photos from Internet)

30/07/2021

ရေသောက်ဖို့ အကောင်းဆုံး အချိန်များ
===========================

Want your establishment to be the top-listed Bar/pub in Loikaw?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


မိုင်း-၂၆၈/ဂ, ကုက္ကိုလ်လမ်း, မိုင်းလုံးရပ်ကွက်
Loikaw
09011