ZOT Entertainment

ZOT Entertainment

Share

Photos from ZOT Entertainment's post 14/12/2020

Something is slowly and steadily coming....


#ရုပ်ရှင်ဆင်ဆာမလိုအပ်ပါ

31/10/2020

သီတင်းကျွတ် အခါသမယမှာ ချမ်းသာ ကိုယ်စိတ်မြဲကြပါစေ။

Photos from ZOT Entertainment's post 24/10/2020

Page နဲ့မဆိုင်ပေမယ် တစ်ချက်လောက်အချိန်ပေးပြီးဖတ်ပေးကြပါ

Pe******ia ဆိုတာကတော့ အသက်မပြည့်သေးတဲ့ ကလေးတွေအပေါ်မှာ လိင်စိတ်ဖောက်ပြန်တတ်တဲ့ စိတ်ရောဂါတမျိုးဖြစ်ပါတယ်
လက်ရှိမြန်မာပြည်မှာက pe******ia ဆိုတာ ဆိုးရွားတဲ့ အရာတခုဆိုတာကို မသိကြပဲ ပေါ့ပေါ့တန်တန်သဘောထားနေကြတာကို တွေ့ရပါတယ် (ဥပမာ -child po*******hy တွေကိုပါ မကောင်းတဲ့အဒရာအဖြစ် မမြင်တတ်ကြတာမျိုးပါ) ။အမေရိကန်နိုင်ငံရဲ့စစ်တမ်းတခုအရ နှစ်စဉ်ကလေး ၁သိ န်းကျော်ဟာ pe*****le တွေရဲ့သားကောင် ဘဝကိုကျရောက်နေတယ်လို့ဆိုပါတယ်။ စစ်တမ်းတွေအားနည်းတဲ့ ကျွန်တော်တို့နိုင်ငံမှာတောင် ကလေးတွေကို ပထွေးက (သို့မဟုတ် ) ဖခင်အရင်းက မုဒိန်းကျင့်လို့ ကိုယ်ဝန်ရသွားတယ် ဆိုတာမျိူးကို ရံဖန်ရံခါကြားရတတ်တာ အားလုံးအသိပဲဖြစ်ပါတယ်၊ ဒါဟာ လူ့အသိုင်းအဝိုင်းမှာ ပုန်းကွယ်နေတဲ့ pe*****leတွေပဲ ဖြစ်ပါတယ် ။

အခုခေတ်မှာတော့ ၊နည်းပညာတိုးတက်လာတာနဲ့အမျှ pe*****le တွေရဲ့ သားကောင်ရှာဖွေနည်းတွေကလည်း ပိုပြီးကျယ်ပြန့်လာပါတော့တယ်။ ဖုန်းတွေတွင်ကျယ်လာတဲ့နောက်မှာတော့ ၁၂၊ ၁၃ ၊ ၁၄ အရွယ်ကစပြီး social media သုံးတတ်လာတဲ့ ကလေးတွေကတော့ pe*****leတွေရဲ့ သားကောင်တွေဖြစ်မှန်းမသိဖြစ်လာပါတော့တယ်။ Pe*****le တွေဟာ Facebook တခွင်မှာ Page ထောင်ကာ စိတ်ကစားတတ်ခါစကလေးတွေ ကြွေစေလောက်မယ့် စာတွေကို၊ ကိုကြီး ၊ ဒယ်ဒီ အစရှိတဲ့ အသုံးအနှုန်းတွေကို အသုံးပြုကာ ရေးသားပြီး chatboxကိုဖိတ်ခေါ်နေတာတွေကို တွေ့ရှိရပါတယ်။ အဆိုပါpageတွေရဲ့ရေးသားချက်တွေမှာ page adminတွေက ကလေးတွေကို လိင်စိတ်တိမ်းညွတ်တတ်တဲ့ pe*****leတွေ ဖြစ်ကြောင်းကို သိသိသာသာကြီးကို တွေ့မြင်ရပါတယ်။ အဆိုပါ page တွေကို အားပေးနေတဲ့ သူတို့ကိုယ်တိုင်က သားကောင်ဖြစ်မှန်းမသိဖြစ်နေတဲ့ ကလေးတွေဟာလည်း pe*****le တွေရဲ့ အပြောချိုချိုတွေအောက်မှာ နစ်မြောကာ pe*****leတွေဘက်က ကာကွယ်ပြောဆိုနေတာကို မြင်ရတာကလည်း ဝမ်းနည်းစရာကောင်းလှပါတယ် ။ ဒီလို လူ့အသိုင်းအဝိုင်းမှာ ပေါ်တင် လိင်စိတ်ဖောက်ပြန်ရဲတဲ့ pe*****leတွေကို မိဘတွေအနေနဲ့ သတိထားပြီး ကလေးတွေကို ကာကွယ်သင့်ပါပြီ။

ဥပဒေတွေအရတော့ ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ pe*****le s*x offender တွေကို ထောင်ဒဏ် ၇နှဈကနေ ၁၀နှစ်ထိ ချမှတ်လေ့ရှိပါတယ်
ထောင်ကလွတ်ခဲ့ရင်လည်း registered s*x offenderစာရင်းထဲ အထည့်ခံရပြီး ကလေးတွေရှိမယ့်နေရာတွေကို သွားလာခြင်းပိတ်ပင်ခံရပါတယ်
ပြစ်မှုပြင်းထန်ခဲ့ရင်တော့ ထောင်ဒဏ်တသက်တကျွန်းထိ ချမှတ်လေ့ရှိကြောင်း ဖတ်ရှုမိပါတယ်။ ထောင်ထဲက pe*****leတွေရဲ့ ဘဝဟာလည်း အခြားထောင်သားတွေရဲ့ အသက်ရန်ရှာခြင်းကို အမြဲခံနေရလေ့ရှိပါတယ် (they get what they deserved) ။ အင်ဒိုနီးရှားနိုင်ငံမှာတော့ ဆေးထိုးပြီး လိင်စိတ်ကို ဖယ်ရှားပစ်တာ (သို့မဟုတ်) သေဒဏ်အထိပါ pe*****le s*x offender တွေကို ပြစ်ဒဏ်ချမှတ်လေ့ရှိပါတယ်။

မသိနားမလည်သေးတဲ့ကလေးတွေအပေါ်
လိင်စိတ်အမြတ်ထုတ်တတ်တဲ့ pe*****le s*x offenderတွေဟာ လူ့အသိုင်းအဝိုင်းကနေဖယ်ထုတ်ပစ်ရမယ့် အသားထဲကလောက်တွေ ဖြစ်လို့ ၊ သူတို့ကို အားလုံးပူးပေါင်းပြီး တိုက်ထုတ်ပစ်ဖို့ တိုက်တွန်းချင်ပါတယ် ။


Bro Aye Chan Aung

ပုံနဲ့စာကို ပေးပို့ပေးတဲ့ ကို Aye Chan Aung ကို ကျွနိတော်တို့ ZOT Entertainment မှ ကျေးဇူးအထူးတင်ရှိပါတယ်။

ဘာလို ဒီအကြောင်းအရာကို ခုမှ ကျွန်တော်တို့ page မှာ ကောက်ခါငင်ကာတင်ရတာလဲဆိုတော့ အောက်က ss မှာပါတဲ့ Eat me Daddy ဆိုသည့် page လဲ Pe******ia ဆန်ဆန် အရေးအသားတွေကို ss ​တွေ မှာပြထားတဲ့အတိုင်း တွေ့ရမှာပါ။ အခုတော့ အဲ့ page က ကျွန်တော်တို့ရဲ့ မိတ်ဆွေများရဲ့ အားထုတ်မှုကြောင့် unpublish လုပ်ထားလိုက်ရပါပြီ။ ဒါပေမယ့် နောက်ဆုံး ss မှာပြထားတဲ့ အကောင့်တစ်ခု back up ဖွင့်ထားတယ်လို့သိရပါတယ်။

စိတ်မကောင်းစရာကတော့ ကလေးမငယ်လေးတော်တော်များများက အဲ့လို page တွေဘက် ကာကွယ်ပြောဆိုပေးနေတာကိုပဲဖြစ်ပါတယ်။ မိတ်ဆွေတို့လဲ အဲ့လို အလားတူ page မျိုး account မျိုးတွေ့လာပါက comment box မှာပြထားတဲ့ ကျွန်တော်တို့ မိတ်တွေတွေရဲ့ Myanmar P.Do awareness gp ကို လာရောက်ပြောကြားလို့ရပါတယ်ခင်ဗျာ။

******ia_is_not_for_fun
zotentertainment

Want your establishment to be the top-listed Arts & Entertainment in Lewe?
Click here to claim your Sponsored Listing.

Website

Address


Lewe