Matrix Design & Construction
Sketchup Modelling Free Course လေး
Tiktok မှာတင်ပေးပါမယ်
Account Link လေး
Comment မှာ ချပေးထားပါတယ်
25/10/2025
အဆောက်အဦတစ်ခု ဆောက်လုပ်ဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် အရေးအကြီးဆုံးအချက်တွေထဲက တစ်ချက်ဖြစ်တဲ့ Design ရေးဆွဲခြင်းက Main Important Thing ပါပဲ။
Design ဖြတ်ပြီးမှ အဆောက်အဦ ဆောက်တဲ့အခါ လက်တန်းဆောက်လုပ်ခြင်းထက် အားသာချက်များစွာရှိပါတယ်
(၁) Design ဖြတ်ပြီးသား ဖြစ်တဲ့အတွက်ကြောင့် ဆောက်လုပ်တဲ့အခါမှာ လွယ်ကူချောမွေ့စေမယ်။အမှားအယွင်းလျော့နည်းစေမယ်။
(၂) ပုံမဆွဲပဲ လက်တန်းဆောက်လုပ်တဲ့အခါမှာ
ဒီဇိုင်းအမှား ဒါမှမဟုတ် ပြသနာတွေပေါ်လာခဲ့မယ်ဆိုရင် ပြန်ပြင်ဆင်ဖို့ ငွေကြေးအပြင် အချိန်များစွာ ကုန်ကျနိုင်မယ်။Design ဖြတ်ပြီးမှဆောက်တဲ့အခါမှာတော့ Design ပြင်ဆင်နေတဲ့ ကနဦးအစမှာထဲက ဖြစ်လာနိုင်မဲ့ ပြသနာတွေကို ကြိုတင်စစ်ဆေးပြင်ဆင်နိုင်လို့ လက်တွေ့တည်ဆောက်ချိန်မှာ ပြန်လည်ဖြိုဖျက်ပြင်ဆင်ရခြင်း(Rework)ကနေ ကာကွယ်နိုင်တဲ့အတွက် ကုန်ကျစရိတ်တွေ အများကြီး သက်သာစေပါတယ်။
(၃) Design ဖြတ်ပြီးသားမို့ Design ပေါ် မူတည်ပြီး အဆောက်အဦကြံ့ခိုင်ရေးအတွက် Structural Design တွက်ချက်ပြီး လိုအပ်တဲ့ဆောက်လုပ်ရေးပစ္စည်းတွေကို တိကျစွာ ခန့်မှန်းနိုင်တဲ့အတွက် ပစ္စည်းပိုလျှံတာ ဒါမှမဟုတ် လိုအပ်မယ်ဆို နောက်မှ ထပ်ဝယ်ရမယ် စတဲ့ အပိုကုန်ကျစရိတ်တွေကို ကြိုတင်ရှောင်ရှားစေနိုင်ပါတယ်။
(၄) အခန်းဖွဲ့စည်းပုံတွေ လေဝင်လေထွက်ကောင်းမွန်အောင်၊ Comfort ဖြစ်အောင် ထည့်သွင်းစဥ်းစားခြင်းနဲ့ Engineering Standard တွေနဲ့အညီ အတိုင်းအတာတွေ အရည်အသွေးစံနှုန်းတွေကိုပါ Design သတ်မှတ်ပြီးသားဖြစ်တဲ့အတွက် သတ်မှတ်ချက်အတိုင်း ဆောက်လုပ်နိုင်ပြီး အရည်အသွေးမြင့်တဲ့ အဆောက်အဦကို ရတဲ့အတွက် နောင်တစ်ချိန် ပြုပြင်ထိန်းသိမ်းမှု ကုန်ကျစရိတ်တွေကိုလဲ နည်းစေမှာဖြစ်တယ်။
(၅) Design ရေးဆွဲနေချိန်မှာ မိမိအသုံးပြုမဲ့ Budget နဲ့ကိုက်အောင် Materials အသုံးပြုမှုတွေကိုပါ ချိန်ညှိနိုင်တဲ့အတွက် သတ်မှတ်ထားတဲ့ Budget ထက်မကျော်လွန်အောင် ကြိုတင်ပြင်ဆင်နိုင်တယ်။
(၆) Design ထုတ်ပြီးတာနဲ့ ဆောက်လုပ်မဲ့ လုပ်ငန်းစဥ်အဆင့်ဆင့်ကို အချိန်ဇယားနဲ့တကွ စီမံခန့်ခွဲနိုင်တာကြောင့် လုပ်ငန်းပြီးစီးမှုကို ခန့်မှန်းနိုင်ပြီး အချိန်မီပြီးစီးနိုင်တယ်။
ဒါကြောင့် ဘယ်အဆောက်အဦမဆို Design ထုတ်ပြီးမှ ဆောက်လုပ်ခြင်းဟာ ဆောက်လုပ်ရေးလုပ်ငန်းစဥ်တွေကို လွယ်ကူအဆင်ပြေစေမယ်၊ကုန်ကျစရိတ်တွေသက်သာမယ် ချွေတာနိုင်မယ်၊ဒါ့အပြင် ခိုင်မာပြီး စံချိန်စံညွှန်းပြည့်ဝတဲ့ အဆောက်အဦကို ရရှိပိုင်ဆိုင်စေနိုင်မှာဖြစ်ပါတယ်။
25/10/2025
တစ်ထပ်အိမ်လေး
Click here to claim your Sponsored Listing.
Category
Address
Nawarrat Road
Lewe