Aung Myin Thu
10/04/2022
Dharam Sankat Mein [2015] မြန်မာစာတန်းထိုး
============================
Oh My God ရဲ့ အဆက်လို့လည်း မြန်မာတွေ သိကြတယ်!
ဒီဇာတ်ကားလေးကတော့ IMDB-6.3 ရှိထားပြီး မိသားစုကြား ချစ်ခြင်းမေတ္တာနဲ့ ဘာသာတရားတို့၏ စစ်မှန်သည့်ငြိမ်းချမ်းရေးအကြောင်း ညွန်းဆိုထားသည့်ဇာတ်ကားကောင်းလေးပါ။
Oh My God 2 အဖြစ်လည်း ခေါ်ဝေါ်ကြပါသေးသည်။
ဇာတ်လမ်းအကျဉ်း မစ္စတာဒရမ်ပါးလ် ဟာ ဘာသာမဲ့တစ်ဦးဖြစ်ပြီး အစ္စလာမ် ဘာသာကိုမျက်မုန်းကျိုးနေခဲ့သူတစ်ဦး ဖြစ်နေခဲ့ပါတယ်။
သို့သော် သူရဲ့မိသားစုဝင်တွေကတော့ နီးလ်ဘာသာကို လေးနက်သက်ဝင်ခဲ့သူတွေ ဖြစ်နေကြပါတယ်။
တစ်နေ့မှာတော့ ဒရမ်ပါးလ် ရဲ့သား အာမစ်ကတော့ ရှရပ်ဆိုသည့် မိန်းကလေးနှင့် စေ့စပ်ပေးရန် တောင်းဆိုခဲ့သည်။
ထို့ပြင် ရှရပ်တို့ဘက်မှ ဒရမ်ပါးလ်ကို ဘာသာရေးကိုင်းရှိုင်းသော ဖခင်ကောင်းအဖြစ် တွေ့မြင်လာစေရန်ပါ တောင်းဆိုခဲ့ပြန်ပါသည်။
မမျှော်လင့်တဲ့တစ်ရက်မှာတော့ ဒရမ်ပါးလ်ဟာ မွေးစားအမေရဲ့ စာချုပ်လေးကို တွေ့ရှိခဲ့ပြီး သူကိုယ်တိုင်ပင် အစ္စလာမ်မျိုးရိုးဖြစ်နေကြောင်း သိရှိခဲ့ရသည်။
သူ၏ အဖေရင်းမှာ သက်ရှိထင်ရှားရှိနေကြောင်းလည်း ကြားသိရပြီး သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်ခဲ့သည်။
သို့သော် သူရောက်သွားချိန်မှာတော့ ဗလီဆရာ၏ ဆုံးဖြတ်ချက်အရ အစ္စလာမ် ဘာသာဝင်တစ်ဦးအဖြစ် လေ့ကျင့်ခဲ့ပြီးမှ အဖေ၏ နောက်ဆုံးခရီးမတိုင်ခင် လာရောက်တွေ့ဆုံရန် ပြောကြားခဲ့ပြန်သည်။
ဒါကြောင့် ဒရမ်ပါးလ်ဟာ သူအရင်က မျက်မုန်းကျိုးလှသော အစ္စလာမ်ဘာသာဝင် အိမ်နီးနားချင်း ထံပင် အကူအညီတောင်းခဲ့ရပြန်သည်။
တစ်ဖက်မှာလည်း သူ၏ အစ္စလာမ်ဘာသာ လေ့လာမှုမျိုးကို ဖုံးဖိထားခဲ့ပြီး သားဖြစ်သူဆန္ဒအရ နီးလ်ဘာသာ ဓလေ့များကိုသင်ယူခဲ့သည်။
တစ်နေ့မှာတော့ နှစ်ဖက်ဘာသာဝင်တို့ ဘာသာရေးပဋိပက္ခဖြစ်ခဲ့ကြသောအခါ —-???
ဤကဲ့သို့သော အခြေအနေမျိုးမှာ ဒရမ်ပါးလ်တစ်ယောက် ဘယ်လိုခံစားခဲ့ရမလဲ ဆိုတာတော့ ပရိသတ်ကြီးကပဲ အဆုံးအဖြတ်ပေးကြရမှာပါ။
အဖေရင်း နဲ့ သားနှစ်ဦးကြား ဗျာပါဒတွေနဲ့ နှစ်ဖက်လုံးပြေလည်စေဖို့ ကြိုးစားခဲ့ရသူ ဒရမ်ပါးလ်အတွက် ဘယ်ဘာသာက ရင်ဘတ်ထဲကိန်းအောင်းခဲ့မလဲ ။
ဒါရိုက်တာရဲ့ ပါးနပ်မှုတွေနဲ့ မိသားစုမေတ္တာကို ဖော်ကျူးလိုက်သည့်အပြင် နားလည်မှု အလွဲတွေကို ငြိမ်းချမ်းရေးအသွင် ကူးပြောင်းနိုင်ရေးကိုပါ ထည့်သွင်းစေခဲ့သည့်အတွက် ဇာတ်လမ်းကို အရှိန်တက်စေခဲ့ပါတယ်။
ဒါပြင့် ဘာသာရေး အသုံးချသူတွေနဲ့ လွဲမှားမှုလေးတွေပါ ကွက်ကွက်ကွင်းကွင်း မြင်တွေ့လာရတာကြောင့် ဇာတ်ကားကောင်း အဖြစ် တန်းဝင်လာခဲ့ပါတယ်။
ဒါကြောင့် CM ပရိသတ်ကြီးလည်း တွေးဆဝေဖန်တတ်စေဖို့ ကြည့်ရှုအားပေးကြပါဦးလို့တိုက်တွန်းပါရစေ။
(ဇာတ်ကား အညွန်းရေးသူကတော့ လင်းခယံပဲ ဖြစ်ပါတယ်)
ဇာတ်ကားကြည့်ရန် 👇👇👇
https://m.facebook.com/events/400692114801098?view=permalink&id=401934888010154
10/04/2022
OMG Oh My God [2012] မြန်မာစာတန်းထိုး
----------------------------------------
IMDB: /10
ဒီဇာတ်ကားလေးကတော့ ကြည့်တိုင်းမရိုးရတဲ့ အတွေးအခေါ်ကားလေးဖြစ်ပြီး IMDB -8.3 အထိလည်း ရရှိထားပါသေးတယ်။
ဇာတ်လမ်းအရတော့ မစ္စတာကမ်ဂျီ ဆိုသူဟာ ဘာ သာမဲ့တစ်ဦးဖြစ်ပြီး ကိုးကွယ်မှုအပေါ်လည်း လက်တလုံးခြား အမြတ်ထုတ်နေသူ တစ်ဦးလည်းဖြစ်ပါတယ်။
တစ်နေ့မှာတော့ သူရဲ့ ဆင်းတုတော်ဆိုင်လေးငလျင် ဒဏ်ကြောင့် ပျက်စီးသွားခဲ့ပါတယ်။
ဒါကြောင့် မစ္စတာကမ်ဂျီ ဟာ အာမခံကုမ္ပဏီရဲ့လျော် ကြေးကို သွားရောက်တောင်းခံခဲ့ပါတယ်။
သို့သော် ဒီပျက်စီးမှုဟာ ဘုရား ကို မယုံကြည်မှု စော်ကားမှုကြောင့် ဖြစ်ရသည်ဟု ငြင်းဆိုမှုကြောင့် မစ္စတာ ကမ်ဂျီလည်း အာမခံကြေးမရှိခဲ့ပေ ဤသို့သော အကြောင်းတွေကြောင့် မစ္စတာကမ်ဂျီဟာ ဘုရားကို တရားစွဲဖို့ ကြိုးပမ်းခဲ့ပါတယ်။
ဘာသာရေးခေါင်းဆောင်တွေကို ဆင့်ခေါ်စေပြီး ဘုရား၏ ဖန်တီးမှုကြောင့် သူ့ဆိုင် ပြိုပျက်ရခြင်းဖြစ်ကြောင်း ရှင်းပြရင်း တရားဆိုင်စေခဲ့ပါတယ်။
ဒီကားလေးရဲ့ အနှစ်သာရကတော့ လေးနက်လွန်းလှပြီး ဘာသာမဲ့တစ်ဦး၏ တရားဆိုင်မှုတွေက စိတ်၀င်စားစရာကောင်းလာခဲ့ ပါတယ်။
မစ္စတာကမ်ဂျီရဲ့နိဂုံး ဘယ်လို အဆုံးသတ်ခဲ့မလဲ။ တရားရေးဆိုင်မှုတွေက အောင်မြင်လာခဲ့မလား ဆိုတာတော့ ကိုယ်တိုင်ကြည့်ရှုရင်း တွေးဆလာမိမှာပါ။
ဘာသာရေး တစ်ခုရဲ့ယုံကြည်မှုက နှလုံးသားက မွေးဖွားလာခြင်းဖြစ်ပြီး အယောင်ဆောင် ကိုးကွယ်မှုတွေကို ဒီဇာတ်ကားလေးက ကောင်းကောင်းကြီးသရော်စေခဲ့ပါတယ်။
ထို့ပြင် သန့်ရှင်းတဲ့ဘာသာရေးအပေါ် အသုံးချနေသူတွေရဲ့ သဘောသဘာ၀နှင့် စကားတစ်ခွန်း ၏ ညွန်း ဆိုပုံတွေကလည်း ကွက်ကွက်ကွင်းကွင်းရှိလှတာကြောင့် ကြည့်ရှုရင်း အကျိုးရှိလှစေသည့်ဇာတ် ကားဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။
ဇာတ်ကားကြည့်ရန် 👇👇👇
https://m.facebook.com/events/400692114801098?view=permalink&id=401806074689702
10/04/2022
Mister (2017) မြန်မာစာတန်းထိုး
======================
မိချော နှစ်ယောက် ကိုယ်တစ်ယောက် အရမ်းကောင်းတဲ့ အချစ်ဇတ်လမ်းလေးပါ ...။
ဂျေးက လေဆိပ်မှာ လူကြိုဖို့စောင့်နေရင်း မိရာဆိုတဲ့ကောင်းမလေးကို လူမှားပီး ကြိုခဲ့တယ် ..မြင်မြင်ချင်းဆိုသလို ဂျေးက ချစ်မိသွားတယ် ...။
မိရာမှာက ချစ်သူ ရှိနေတော့ ဂျေးကို ပြန်ပီး
မကြိုက်ခဲ့ဘူး...မိရာနဲ့ သူ့ချစ်သူကြားမှာ အခက်အခဲတွေ ကြုံလာခဲ့တယ်..
ဂျေးကကူညီပေးဖို့ မိရာရဲ့ချစ်သူစီကို အသွားကားပေါ်မှာ ချန္ဒရာမုသီ ဆိုတဲ့ကောင်မလေးနဲ့ ဆုံခဲ့တယ် ...
ချန္ဒမုသီ ကို လူဆိုးတွေက နှောက်ရှက်နေလို့
ဂျေးက ကူညီပေးခဲ့တယ် ..ချန္ဒမုသီက အိမ်က မိဘတွေက ယောကျာင်္းအတင်းပေးစားလို့ ထွက်ပြေးလာတဲ့ ကောင်မလေးပါ ...။
ဘယ်သွားလို့ ဘယ်လာရမြန်းမသိ ဖြစ်နေလို့
ဂျေးက ခေါ်လာခဲ့တာပေါ့ ...
ကဲပါလေ အညွန်းတွေများနေရင် ကြည့်ရတာဖီးပျက်နေလိမ့်မယ် ...
မိချော နှစ်ယောက်ရဲ့ အခက်အခဲတွေ ဂျေးက လိုက်ပီးဖြေရှင်းပေးရင်း နဲ့ ဘယ်သူနဲ့ ဘယ်လို ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာတော့ ကိုယ့်ဘာသာပဲ ဝင်ကြည့်လိုက်တော့နော် ...။
ဇာတ်ကားကြည့်ရန် 👉👉👉 https://www.facebook.com/100035225256090/videos/126040378580137/
09/04/2022
Savyasachi (2018) မြန်မာစာတန်းထိုး
=====================
အာရွန် ဟာမွေးဖွားလာကတည်းက ထူးခြားတဲ့သူပါ....
မိခင် ၀မ်းဗိုက်ထဲတွင် စတင်လွယ်စဉ်ကတည်းကအမွှာပူးဖြစ်ခဲ့သော်လဲ မွေးဖွားလာခဲ့သောအခါအာရွန် တစ်ယောက်ထဲသာ ဖြစ်ခဲ့ပါတယ်..ဆေးပညာလောကတွင် ဖြစ်ခဲ့သော..ဖြစ်တက်သော အစဉ်အလာ တစ်ခုဖြစ်ပြီးတစ်ခြား အမွှာတစ်ယောက်အား တစ်ယောက်ကစုပ်ယူသွားတာ ဖြစ်ပြီး ၂ ကိုယ် တစ်စိတ် နဲ့အသက် ၂ခုရှိတဲ့ သူ ဖြစ်ကြောင်း ငယ်စဉ်က ဆရာ၀န်တွေကအာရွန်ရဲ့ မိဘတွေကို ရှင်းပြခဲ့ပါတယ်...
အာရွန် ဟာ ဆိုးလဲ ဆိုးသူ တော်လဲ တော်တဲ့သူ လို့အာရွန် နဲ့ ပတ်သက်မိသူတွေက ပြောဆိုကြပါတယ်..တစ်ရက်မှာတော့ အာရွန် နဲ့ ပက်သက်ခဲ့မိသူတွေခရီးသွား ကားတစ်စီးပေါ်တွင် ဆုံမိရာကနေစကားစပ်မိရင်း တစ်ချိန်ထဲ တစ်နေရာထဲမှာအာရွန် ကို သိတဲ့သူတွေ ဘာကြောင့်ဆုံမိခဲ့သလဲဆိုတာ အထူးအဆန်းဖြစ်နေပါတယ်..ဒီလိုနဲ့ လမ်းတစ်နေရာမှာ ကားက ဘရိတ်ပေါက်ပြီးချောက်ထဲသို့ ကျသွားသော အခါမှာတော့....
ဇာတ်ကားကြည့်ရန် 👇👇👇
https://www.facebook.com/groups/292817186258443/permalink/306307298242765/
Telegram
https://t.me/AUNG_MYIN_THU_1_APRIL_22/317
#𝐒𝐚𝐧𝐝𝐢𝐀𝐮𝐧𝐠💛✍️
Click here to claim your Sponsored Listing.
Category
Contact the public figure
Telephone
Address
Letpadan