FUTURE-MobilePhone&ComputerServices
01/11/2021
Future Mobile မှ လှိုက်လှဲစွာကြိုဆိုပါတယ်ခင်ဗျာ
30/08/2020
Xiaomi (MI Account Bypass)
ဒီတစ်ခါတော့ Mi Account bypass နဲ့ ပတ်သက်ပြီး နည်းနည်းလေး ပြောပြချင်ပါတယ်...
Bypass ဖြစ်တဲ့အတွက် Mi Account ပြန်ဝင်လို့မရဘူး... System Update လုပ်လို့မရဘူး... တစ်ချို့အလုံးတွေဆို... Factory Reset ပါ လုပ်လို့မရပါဘူး...
Mi Account ကျော်တဲ့ နည်းတွေကတော့ အများကြီး ရှိပါတယ်...အဲထဲမှာ Bootloader unlock နဲ့ Bootloader Unlock မဖြစ်သေးတဲ့ အလုံးတွေ ဆိုပြီး ရှိပါတယ်... Bootloader Unlock အလုံးတွေကတော့ Redmi 1, 1s, 2, 2A, Note 1, Note 1S, Note 2 စသဖြင့်ပေါ့... ဥပမာ... Redmi Note 1s mi account ကျနေတာကို ကျော်ချင်တယ်ဆိုပါစို့... ဖုန်းကို fastboot mode ဝင်ပါ... command prompt ခေါ်ပါ... fastboot devices နဲ့ ဖုန်းနဲ့ကွန်ပျူတာ ချိတ်ဆက်ခြင်းရှိမရှိ စစ်ပါမယ်...ချိတ်ဆက်ပြီဆိုရင် mi account ဖြုတ်ဖို့အတွက် fastboot erase persist နဲ့ fastboot erase config ဆိုပြီး ရိုက်လိုက်တာနဲ့ mi account ဖြုတ်ပြီးသားဖြစ်သွားပါပြီ... ပြီးတာနဲ့ fastboot reboot နဲ့ ပြန်ပြီး ဖုန်းကို reboot ချပါ... ပြန်တက်လာရင် mi account ကအစ ပြန်သုံးလို့ရပါတယ်... တစ်ချို့အလုံးတွေမှာ wifi, bluetooth ဖွင့်မရတဲ့ error ရှိခဲ့ရင် Firmware ဖိုင်ထဲက persist ကို ပြန် flash ပေးရပါမယ်... persist ရှိတဲ့ folder အောက်မှာ command prompt ခေါ်ပါ... ဖုန်းကို fastboot mode ပြန်ဝင်ပါ... fastboot flash persist persist.img လို့ ရိုက်လိုက်ပါ... ဒါဆိုရင် wifi, bluetooth ဖွင့်မရတဲ့ error ဖြေရှင်းပြီးသား ဖြစ်သွားပါမယ်...
ဒီလို မလုပ်ချင်ရင်လည်း အောက်မှာ ဆရာသန်းတိုးအောင် တင်ပေးထားတဲ့ Mi account remove လုပ်တဲ့ Software လေး တစ်ခု တင်ပေးထားပါတယ်... အဲဒါကလည်း Bootloader Unlock ဖြစ်ပြီးသားအလုံးတွေအတွက်ပါ...
ဆက်လက်ဖော်ပြပါမယ်...
Bootloader Unlocked Mi Account Remove File Credit: ဆရာ သန်းတိုးအောင် (TTA)
https://www.mediafire.com/file/il4ntpn9zvv8uxb/Bootloader+Unlocked+Mi+Account+Remove.rar/file
Credit- Lashio IT
Bootloader Unlocked Mi Account Remove MediaFire is a simple to use free service that lets you put all your photos, documents, music, and video in a single place so you can access them anywhere and share them everywhere.
30/08/2020
ADB Command Part (9)
command (part 9)
xiaomi phone တွေ lock ဖျက်ချင်တာ... recovery mode မှာ ဝင်တော့လည်း ကွန်ပျူတာနဲ့ ချိတ်ခိုင်းတဲ့ ပုံပဲ ပေါ်နေရင်... ပေးထားတဲ့ Software လေးနဲ့ ဖြုတ်လို့ရပါတယ်... adb command နဲ့ ဖြုတ်ချင်ရင်လည်း adb command မိတ်ဆက်တဲ့အချိန်တုန်းက ကျွန်တော်ပေးထားတဲ့ adb+fastboot.exe ကို install လုပ်ထားရင် ရိုက်ရမယ့် command က adb4 devices လို့ ရိုက်ပြီး computer နဲ့ ဖုန်း ချိတ်ထားခြင်းရှိမရှိ စစ်ပါမယ်... ချိတ်ဆက်မိရင် adb4 format-data လို့ရိုက်ပြီး enter ခေါက်လိုက်ရင် ဖုန်း screen မှာ format ရိုက်နေတဲ့ အတန်းလေး ပြေးနေပါမယ်.. အဲဒါပြီးသွားရင် adb4 reboot လို့ ရိုက်ပြီး ဖုန်းကို reboot ချပါ... ပြန်တက်လာရင် lock ပြုတ်နေပါပြီ..
ဒီနေ့မှာတော့ fastboot command နဲ့ ပတ်သက်တာလေးတွေ ဖော်ပြပါမယ်...
fastboot mode ဝင်ဖို့အတွက် ဖုန်းကို ပါဝါပိတ်ပြီး Vol down + Power တွဲဖိထားရင် fastboot mode ရောက်ပါမယ်..
ကွန်ပျူတာနဲ့ ချိတ်ဆက်ခြင်းရှိမရှိ စစ်ဖို့အတွက်... fastboot devices ပါ
xiaomi တွေ model သိချင်ရင်... fastboot getvar all (or) fastboot getvar product ပါ... ပုံ(၂-၁)နဲ့ ပုံ(၂-၂)ပါအတိုင်း ပေါ်လာရင် product ဆိုတဲ့နေရာမှာ ကြည့်ပြီး model ခွဲခြားနိုင်ပါတယ်...
Huawei တွေ model သိချင်ရင်.. fastboot oem get-product-model (or) fastboot oem get-build-number နဲ့ စစ်လို့ရပါတယ်... ပုံ(၃)ပါအတိုင်းပါ...
vivo တွေ model သိချင်ရင်... fastboot oem device-name (or) fastboot oem product-model (or) fastboot -i 0x1949 getvar product ပါ.. ပုံ(၄)အတိုင်းပါ...
Oppo ဖုန်းတွေ model သိချင်ရင် lock ကျနေတဲ့ အနေအထားမှာ emergency call ကိုရွေးပါ.. ဖုန်းခေါ်တဲ့နေရာပေါ်လာရင် * #899 # ကို ခေါ်လိုက်ရင် ပုံ(၅-၂)အတိုင်း တွေ့ရပါမယ်... Software version ကို ထပ်ရွေးပါ... တရုတ်စာနဲ့ ဖြစ်နေခဲ့ရင် imei ပါတဲ့နေရာရဲ့ အပေါ်တစ်ကွက်ပါ... ထပ်ပေါ်လာတဲ့အထဲမှာ model ဆိုတဲ့နေရာမှာ ကြည့်ပြီး သိနိုင်ပါတယ်... ပုံ(၅-၃)အတိုင်းပါ...
ဆက်လက်ဖော်ပြပါမယ်...
Model Check by fastboot mode
https://www.mediafire.com/file/g9xava0c8vx8crj/Check+Model+Xiaomi+-+Vivo+-+Huawei.rar/file
Xiaomi Factory Reset
https://www.mediafire.com/file/z9vd4x43e9wh6is/Mi+Factory+Reset.exe/file
Credit- Lashio IT
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
No. 125 Block 10, စွန်းလွန်းလမ်း
Lashio
06301
Opening Hours
| Monday | 09:00 - 17:00 |
| Tuesday | 09:00 - 17:00 |
| Wednesday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |