Paragon International

Paragon International

Share

02/12/2025

ရာသီဥတုအေးနေပုံကို ဒီစကားလုံးလေးတွေသုံးပြီး ပြောလို့ရပါတယ် 🥰

25/11/2025

ဒီနေ့ Nov 25, 2025
ကျွန်တော့် အင်္ဂလိပ်စာသင်တန်း
Paragon ရဲ့ ၂၅ နှစ်ပြည့်တဲ့နေ့၊
The 25th Anniversary of
Paragon Education Centre ပေါ့ 😀

အရင်တုန်းကတော့ ဒီနေ့မှာ ကျောင်းသူကျောင်းသားတွေကို အရည်အချင်းစစ်၊
အောင်လက်မှတ်ပေး၊ အတန်းတင်တာကို
ပွဲခမ်းခမ်းနားနား လုပ်ပေးခဲ့ပါတယ်။
၂၀၁၈ အထိပေါ့။

၂၀၁၉ ကိုဗစ်ကနေစပြီး ဒီနေ့အချိန်အထိ
အားလုံးသိကြတဲ့အကြောင်းတွေကြောင့်
ကျောင်းဆင်းပွဲတွေ မလုပ်ဖြစ်တော့ပါဘူး။
အတန်းတွေကလည်း online တက်ကြတာ
ပိုများလာပါတယ်။

နှစ်ပေါင်း ၂၅ နှစ် ရှိပါပြီ။
Paragon ဆိုတဲ့သင်္ဘောကြီး ခုတ်မောင်းနေဆဲပါ။ Cliff Rake ဆိုတဲ့ သင်္ဘောကက်ပတိန် လက်ထဲမှာ အရာရာကို ရင်ဆိုင်အံတု ကျော်လွှားနေဆဲပါ။

နှစ်ပေါင်းများစွာ ယုံကြည်အားပေးလာကြတဲ့
မိဘများနဲ့ ကျောင်းသူကျောင်းသားများ ကတော့ ကျွန်တော်တို့အတွက် မရှိမဖြစ် အလွန်အရေးကြီးသူများ ဖြစ်ပါတယ်။
ကျေးဇူးအထူး တင်ရှိပါတယ် 🙏🙏🙏

Goes on and on Paragon 🚢

10/11/2025

A clean break
သင်တန်းအပ်ရန်
085232461, 09256041007

28/10/2025

Paragon ရဲ့ တန်းခွဲသစ်။
English for International Education (EIE)
- နိုင်ငံတကာကျောင်းတက်မယ့် ကျောင်းသားတွေအတွက် အထူးသင်တန်းပါ။
- Nov 6 စပါမယ်။
- အတန်းချိန် နေ့လည် ၁ ကနေ ၃:၃၀ ပါ။
- တစ်ပတ် (၄) ရက် Mon, Tue, Thu, Fri
- Pearson သင်ရိုးနဲ့ English ကို ဘက်စုံ
သင်ပေးသွားပါမယ်။
- Syr Sithu အဓိကသင်မှာဖြစ်ပြီး ဆရာကြီး Cliff Rake က QC လုပ်သွားပါမယ်။
- အသက် ၅ နှစ်ကနေ စ အပ်နိုင်ပါပြီ။
- သင်တန်းကြေး 160,000, 180,000, 200,000 ပါ။

Paragon Education Centre
လားရှိုးတက္ကသိုလ်အနီး၊
လားရှိုးမြို့။
09256041007

28/10/2025

Know when to stop
ဘယ်တော့ရပ်တန်းကရပ်ရမလည်းဆိုတာကိုသိပါ။

- If you’re eating too much, know when to stop.
အစားတအားအစားများနေရင် ရပ်သင့်တဲ့ချိန်ရပ်ပါ။

- If you’re mad at your significant other, know when to stop.
မိမိတွက်အရေးပါပြီးချစ်ရသောသူများကို စိတ်ဆိုး၊စိတ်ခုနေရင်လည်း ရပ်သင့်တဲ့ချိန်ရပ်ပါ။

- Even at a party, know when to stop.
ပါတီပွဲတွေမှာတောင် ဘယ်တော့ပြန်ရမလည်း၊ သောက်စားနေရင်လည်း ဘယ်တော့ရပ်တန့်ရမလည်းဆိုတာကိုသိပါ။

မိမိဆုံးဖြတ်ချက်တွေကြောင့် မိမိကိုယ်တိုင်ဖြစ်စေ၊သူတစ်ပါးကိုဖြစ်စေ ထိခိုက်နစ်နာစရာ မဖြစ်လာခင်မှာ ရပ်တန့် တတ်အောင် remind လုပ်ပေးသော Quotation လေးဖြစ်ပါတယ် 🤍

Want your school to be the top-listed School/college in Lashio?
Click here to claim your Sponsored Listing.

Category

Telephone

Address


No. 24, Hninsi (2) Road, Quarter 1, Near Lashio University
Lashio