Dr.GYM

Dr.GYM

Share

13/05/2026

Gym စကစားပြီဆိုတာနဲ့ လူတိုင်းနီးပါး တွေးမိတဲ့ မေးခွန်းတစ်ခုက "ငါရော Supplement တွေ သောက်ဖို့ လိုမလား" ဆိုတာပါပဲ။ တကယ်တော့ Supplement ဆိုတာ နာမည်အတိုင်းပဲ ကိုယ့်ရဲ့ နေ့စဉ် အစားအသောက်ထဲကနေ မလုံလောက်တဲ့ အာဟာရတွေကို ဖြည့်ဆည်းပေးတဲ့ "ဖြည့်စွက်စာ" သက်သက်ဖြစ်ပါတယ်
​ဘယ် Supplement တွေက ဘာအတွက်လဲ?
​Whey Protein:
ကြွက်သား တည်ဆောက်ဖို့နဲ့ ပျက်စီးသွားတဲ့ ကြွက်သားတွေကို ပြန်လည် ပြုပြင်ဖို့အတွက် အလွန် အရေးကြီးပါတယ်။
​Creatine:
လေ့ကျင့်ခန်း လုပ်တဲ့အခါ ခွန်အား (Strength) ပိုထွက်စေပြီး Performance ပိုကောင်းအောင် ကူညီပေးပါတယ်။
​Mass Gainer:
ခန္ဓာကိုယ် အရွယ်အစား ကြီးချင်သူတွေနဲ့ ဝိတ်တက်ချင်သူတွေအတွက် လိုအပ်တဲ့ ကယ်လိုရီကို အလွယ်တကူ ဖြည့်ပေးနိုင်ပါတယ်။
​Amino Energy / Pre-Workout:
ဆော့နေစဉ်မှာ အားအင် မကုန်ဘဲ လန်းဆန်းနေစေဖို့နဲ့ ကြွက်သား နာကျင်မှု သက်သာစေဖို့ အထောက်အကူပြုပါတယ်။
​ဘယ်လိုလူတွေ သောက်သင့်သလဲ?
​အလုပ်များလို့ အစားအစာကို အာဟာရ ပြည့်ဝအောင် မဖြည့်နိုင်သူတွေ
​Body Goal တစ်ခုကို အချိန်တိုအတွင်း ထိထိရောက်ရောက် ရောက်ချင်သူတွေ
​ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်မှုကို မြန်မြန်ဆန်ဆန် ပြန်လည် ကုစားချင်သူတွေ သောက်သင့်ပါတယ်။
​အမျိုးသမီးတွေကော သောက်လို့ရလား? 🙋‍♀️
​ဒါက လူမေးအများဆုံး မေးခွန်းပါ။ အမျိုးသမီးတွေလည်း Supplement သောက်လို့ရပါတယ်! Whey Protein သောက်ရုံနဲ့ ယောကျ်ားကြီးတွေလို ဗလကြီးတွေ ထွက်မလာပါဘူး။ အဓိကကတော့ ခန္ဓာကိုယ် ကျစ်လျစ်လှပဖို့ (Tone up ဖြစ်ဖို့) နဲ့ လေ့ကျင့်ခန်း လုပ်ပြီးရင် ပင်ပန်းတာ သက်သာစေဖို့အတွက် အများကြီး အထောက်အကူ ဖြစ်စေပါတယ်။
​MuscleTech နဲ့ Optimum Nutrition လို အရည်အသွေးမြင့် Brand မျိုးစုံကို ကျွန်တော်တို့ Dr.gymမှာ ယုံကြည်စိတ်ချစွာ ဝယ်ယူရရှိနိုင်ပါတယ်ခင်ဗျ
အသေးစိတ်စုံစမ်းရန် page cb (or) 09 957 616170 ကိုလဲဆက်သွယ်နိုင်ပါတယ်ခင်ဗျ

06/05/2026

⚠️ အသိပေးကြေညာချက် ⚠️
​ချစ်ခင်ရပါသော Dr. Gym ၏ Member များခင်ဗျာ,
​ယခုရက်ပိုင်းအတွင်း ဖြစ်ပေါ်နေသော ရာသီဥတုအခြေအနေကြောင့် Dr. Gym ကို ၂၀၂၆ ခုနှစ်၊ မေလ ၆ ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီမှ မေလ ၇ ရက်နေ့ နံနက် ၁၁:၀၀ နာရီအထိ ယာယီပိတ်ထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ခင်ဗျ
​အဖွဲ့ဝင်များအနေဖြင့် ဘေးကင်းလုံခြုံရေးကို အထူးဂရုစိုက်ကြပါရန်နှင့် မလွှဲမရှောင်သာ ပိတ်ရသည့်အတွက် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ပါက တောင်းပန်အပ်ပါတယ်ဗျ
မေလ ၇ ရက်နေ့ နေ့လယ် ၃:၀၀ နာရီတွင် ​ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပါမယ်ခင်ဗျ
​📍 တည်နေရာ
​Block (1) Myawady road, Lashio (လားရှိုးမြို့)
​📞 ဆက်သွယ်ရန်
​ဖုန်း - 09-421964861

24/04/2026

Gym မှာ Client တွေဆီကအကြားရဆုံး အလိမ်အညာလေးတစ်ခု...
" ဒီနေ့ကစပြီး gym မပျက်ပဲ အပြီးပြင်စဆော့ပြီ😁"

Want your school to be the top-listed School/college in Lashio?
Click here to claim your Sponsored Listing.

Telephone

Address


Myawaddy Street, Near Golden Cherry Cafe
Lashio

Opening Hours

Monday 06:00 - 20:30
Tuesday 06:00 - 20:30
Wednesday 06:00 - 20:30
Thursday 06:00 - 20:30
Friday 06:00 - 20:30
Saturday 06:00 - 20:30
Sunday 06:00 - 20:30