Auto Home

Auto Home

Share

29/05/2024

မင်းလိုချင်တဲ့ အရာထက်
လိုအပ်တဲ့အရာကိုပဲအရင် လုပ်သင့်တယ်

ခဏတာကို မကြည့်နဲ့
တစ်ဘ၀စာကို ကြည့်တတ်ပါစေ

တစ်ချို့ အရာတွေက
လိုချင်,တပ်မက်ဖို့ကောင်းတယ်
ဒါပေမယ့်...

မင်းအတွက် အားမခံချက်မရှိဘူး
အဓိကနဲ့သာမည ခွဲခြားတတ်ပါစေ

ဘ၀ကိုစကားလုံးတွေနဲ့ ရေးသားလို့မရဘူး
လုပ်ဆောင်ချက်တွေနဲ့ပဲ ပုံဖော်တတ်သူဖြစ်ပါစေ

မျှော်လင့်ချက်အိမ်မက်တွေ ပျောက်ဆုံးသွားတဲ့အခါ
ပြည်လည်တည်ဆောက်ဖို့ ကြိုးစားပါ

ဘ၀ဆိုတာပြိုလဲဖို့ လွယ်ကူသလောက်
ပြန်တည်ဆောက်ဖို့ဆိုတာ အရမ်းကိုခက်ခဲပါတယ်

အိမ်မက်ဆိုတာဟာ အခမဲ့မက်လို့ရပေမယ့်
အကောင်ထည် ဖော်ဖို့အတွက်တော့
အစွမ်းကုန် ပေးဆပ်ရလိမ့်မယ်

ကိုယ်သာလျှင် ကိုယ့်ရဲ့အားကိုးရာပါ
ကိုယ့်ကိုကိုယ် ယုံကြည်ချက်ရှိနေသရွေ့
ရှင်သန်ချိန်တိုင်းက အဓိပ္ပါယ်ရှိနေမှာပါ

ကိုယ်လျှောက်လှမ်းနေတဲ့ လမ်းတစ်လျှောက်မှာ
အခက်,အခဲတွေကြုံလို့. လက်လျှော့ချင်လာတဲ့အခါ
သင်ဘာကြောင့် စတင်ခဲ့သလဲဆိုတာ ပြန်သတိရပါ

သူများနဲ့မတူတဲ့အခက်,အခဲတွေကို
ရင်ဆိုင်ကျော်ဖြတ်ပီးတဲ့အခါ
သူများနဲ့မတူတဲ့ ခံစားခွင့်တွေ ရရှိလာမယ်ဆိုတာ
ဧကန်မုချ ယုံကြည်လိုက်ပါ မိတ်ဆွေ

ထီးမပါတဲ့ ကလေးဟာ
မိုးထဲမှာ ပိုအပြေးမြန်တတ်ပါတယ်

ဦးတည်ချက်မရှိတဲ့လူဟာ
ဦးတည်ချက်ရှိတဲ့ လူအတွက် အလုပ်လုပ်ပေးရတယ်

ဘွဲ့ဒီဂရီဆိုတာ ကြေးတံဆိပ်
အရည်အချင်းဆိုတာ ငွေတံဆိပ်
လူမူဆက်ဆံရေး အတတ်ဟာ ရွှေတံဆိပ်ပါ

အချစ်ဆိုတာ ရိုးရိုးရှင်းရှင်းဖြစ်လို့ရတယ်
လွယ်လွယ်ကူကူတော့ မဖြစ်သင့်ဘူး

ယောက်ျား ကောင်းဟာ
မြူစွယ်မူဒဏ်ကို ကောင်းကောင်းခံနိုင်စွမ်းရှိဖို့လိုသလို
မိန်းမကောင်းဟာ အထီးကျန်တဲ့ ဒဏ်ကို ခံနိုင်စွမ်းရှိရပါမယ်

လှပတဲ့ နတ်သမီးဆိုတာ လူ့လောကမှာ တကယ်မရှိပါဘူး
စိတ်ရင်းကောင်းတဲ့ မိန်းခလေးဆိုတာပဲ ရှိပါတယ်

အမုန်းခံရတဲ့လူဟာ ဘာမှထိခိုက်မူ မရှိပါဘူး
မုန်းတဲ့လူရဲ့ နှလုံးသားထဲမှာသာ
ဒဏ်ရာဒဏ်ချက် အပြည့်ဖြစ်နေတတ်ပါတယ်

သင်ကိုယ်တိုင် ဘ၀အခက်အခဲကို
ရင်ဆိုင်ရဲတဲ့သတ္တိ မရှိဘူးဆိုရင် သင့်အတွက် ရဲရင့်ပေးမဲ့လူ မရှိပါဘူး

ပြဿနာတွေ့ရင် မိမိကိုယ်ကို အရင်စမ်းစစ်ပါ
၀မ်းချုပ်တိုင်းသာ ကမ္ဘာမြေဆွဲအားကို အပြစ်ဖို့နေမယ်ဆိုရင်
ပြဿနာကဘယ်တော့မှ ပြီးတော့မှာ မဟုတ်ပါဘူး

15/06/2023

ကားစျေးတွေက လှုပ်လှုပ် လှုပ်လှုပ်နဲ့ကြားလို့
ဒီနေ့သွားစုံစမ်းတာ
စျေးက၂ မျိုးဖြစ်နေတယ်
ဓာတ်ခဲပါရင်တမျိုး
ဓာတ်ခဲမပါရင်တမျိုးတဲ့🥴

Credit

13/06/2023

✏️အရမ်းကောင်းလွန်းလို့ဖတ်စေချင်ပါတယ် ညီမလေးတို့ ✏️

ရွာတစ်ရွာမှာ ထူးဆန်းတဲ့အဘိုးအိုတစ်ယောက်ရှိတယ် ။သူ့မှာ သိပ်လှတဲ့မြေးမလေးတစ်ယောက်ရှိတယ် ။

အဘုိးအိုးဟာ သိပ်ကျွမ်းကျင်၊သိပ်တော်၊သိပ်ထက်မြတ်လွန်းလှတဲ့ မျက်လှည့်ပညာကိုပိုင်ဆိုင်ထားတယ် ။အဲ့ဒီ ပညာရပ်နဲ့ပဲ အသက်မွေးဝမ်းပြုခဲ့တယ် ။

သူ့မြေးမလေးကိုလည်း အဲ့ဒီပညာသင်ပေးထားတယ် ။တစ်နေ့တော့ လူစီကားတဲ့ နေရာမှာ မျက်လှည့်ပြတာပေါ့ ။
ပန်းပွင့်ကနေ ငွေစက္ကူဖြစ်တာတွေ ၊ကြိုးကနေ ေမွဖြစ်သွားတာတွေစတဲ့ ပြကွက်မျိုးစုံကို ပြနေတာပေါ့ ။

အားလုံးပြီးသွားရင်လည်း ပရိတ်သတ်ပေးတဲ့ငွေကိုပဲ ယူတယ် ။အခုပြတဲ့ပွဲမှာ အဘုိးအိုက ထူးဆန်းတဲ့စကားတစ်ခွန်း ပြောတယ် ။မျက်လှည့်ပညာဆိုတာ မှော်ပညာမဟုတ်သလို တန်းခိုးစွမ်းအားတွေမရှိပါဘူး ။

လိမ်တာလည်း မဟုတ်ပါဘူး ။မျက်လှည့်ပညာမှာလျို့ဝှက်ချက်တွေ ရှိပါတယ် ။အဲ့ဒီလျို့ဝှက်ချက်တွေ မသိလို့သာ ခင်ဗျားတို့ လာကြည့်ကြတာပါ ။

လျို့ဝှက်ချက်တွေ ပြောပြတော့မယ်ဆိုတော့ ပရိတ်သတ်တွေဟာ အင်မတန်မှ စိတ်ဝင်စားသွားတယ် ။

ကြုိးကနေ မြွေဘယ်လိုဖြစ်သွားသလဲ ၊ပန်းကနေ ဘယ်လို ငွေစက္ကူဖြစ်သွားသလဲ စသည်ဖြစ်ပေါ့....။

ခဏကြာတော့ အဘုိးအိုက လျို့ဝှက်ချက်တွေ အကုန်ရှင်းပြခဲ့တယ် ။ပရိတ်သတ်တွေလည်း ပြောတုန်းခဏတော့ စိတ်ဝင်စားကြတာပေါ့ ။

သိလည်းသွားရော အော်ဒီလိုလုပ်တာလား ဒါလေးများဆိုပြီးဟုဆိုပြီ မျက်လှည့်ပညာကို စိတ်မဝင်စားတော့ဘူးပေါ့ ။

နောက်တစ်နေ့မြေးလေးကို ခေါ်ပြီးမျက်လှည့်သွားပြတာပေါ့ ။ပရိတ်သတ်တစ်ယောက်မှ မလာကြတော့ဘူး ။

မြေးလေးရေ ပရိတ်သတ်တစ်ယောက်မှမလာကြပါလား? ဘာကြောင့်လည်း? မြေးလေးကပြန်ပြောတယ် အဘုိးက မနေ့ကပွဲမှာ လျို့ဝှက်ချက်တွေ အကုန်ပြောလိုက်တာကိုး ဘယ်သူစိတ်ဝင်စားမလဲ ။

"အေးဟုတ်တယ် မြေးလေး"
အဘုိးတစ်သက်လုံး အသက်မွေးဝမ်းကြောင်းပြုပြီး ကျွေးမွေးခဲ့တဲ့ပညာ အခုတော့လျို့ဝှက်ချက်လည်းပြလိုက်ရော ဘယ်သူမှ စိတ်မဝင်စားတော့ဘူး ။တန်ဖိုးလည်း မရှိတော့ဘူး ။

မြေးလေးမှတ်ထားပါ လျို့ဝှက်ချက်ဖြစ်တဲ့ မြေးလေးရဲ့ ကိုယ်ခန္ဓာအလှကိုလည်း ဘယ်သူမှ မပြရဘူးကွဲ့ ။

ဒူးဖော် ၊ပေါင်ဖော် ၊ရင်သားတွေပေါ်နေရင် ဘယ်သူမှ စိတ်မဝင်စားတော့ဘဲ တန်ဖိုးမရှိဖြစ်သွားလိမ့်မယ် ။

ပြတုန်းခနပဲ သူတို့တန်ဖိုးထားကြတာ ။ဒါကြောင့် အဝတ်အစားကို လုံလုံခြုံခြုံဝတ်ပါ ။အဘိုးအိုဟာ သူ့ပညာနဲ့ရင်ပြီးတော့ မြေးလေးကိုဆုံးမခဲ့တယ် ။

ညီမငယ်လေးတွေလည်း အဘိုးအိုရဲ့ဆုံးမစကားကို နာလည်းနိုင်ကြပါစေ ။

#ခွန်အားဖြစ်စေသောစာများ

10/06/2023

မကြည့်လိုက်ရဘူး ခညားးးးးး😁

07/06/2023

စိတ်ထားကောင်းလိုက်တာ

23/05/2023

ဖတ်ကြည့်နော် သိပ်ကောင်းတယ်
ဘဝနေထိုင်နည်း
==========

( ၁ ) သိသလောက် မပြောပါနဲ့

ကိုယ်သိတာနဲ့ သူများက လက်ခံထားတာ မတူညီနိူင်ပါဘူး
လူတစ်ယောက်ရဲ့ လက်ခံနားလည်မှူဆိုတာ အရွယ်နဲ့ဆိုင်သလို
သူကြုံတွေ့ခဲ့ရသော ဘဝအတွေ့အကြုံ ၊ အတွေးအခေါ်နဲ့
ဆိုင်ပါတယ်။ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်ကို
မိန်းမယူတာ ၊ ရည်းစားထားတာ မကောင်းဘူး အပူမရှာနဲ့
တရားရှာလို့ သွားပြောရင် လက်ခံမှာ မဟုတ်ဘူးလို့ ထင်ပါတယ်။
ပါးစပ်မှာ ခဲဖျက်မပါသလို စကားဆိုတာကလည်း တန်ဖိုးထားတတ်
သူနဲ့သာ သင့် စကားတွေက တန်ဖိုးထားခြင်း ခံရမှာပါ။

( ၂ ) အမြင်မတော်ရင် မျက်နှာလွဲနေပါ

အမြင်မတော်တာတွေ့တိုင်း ၊ မှားနေတာတွေ့တိုင်း မပြောပါနဲ့
အမြင်မတော်တိုင်းသာ ပြောနေမယ်ဆိုင် သင် ရွာပြင်
အထုတ်ခံရပါလိမ့်မယ်။ဘာလို့လဲဆိုတော့ လူအများစုက ကိုယ်လုပ်
တာ ကိုယ်မှန်တယ်ထင်နေပြီး အမှန်တရားကိုထောက်ပြရင်
သူတို့ကို အရှက်ခွဲတယ်ဆိုပီး သင့်ကို အမြင်စောင်းကြပါလိမ့်မယ်။
လူအများအရှေ့မှာ ဖက်နမ်းနေပီး အမြင်မတော်သော အပြုအမူများ
လုပ်ဆောင်နေသော ချစ်သူနှစ်ဦးကို "မင်းတို့ မရှက်ကြဘူးလားကွာ"လို့
သွားပြောရင် သင့်ကို အထင်လွဲသွားပါလိမ့်မယ်။

( ၃ ) ကြားတိုင်းမယုံပါနဲ့

နားဆိုတာက အကြားအာရုံဖြစ်သောကြောင့် သင့် နားထဲကို
ဟုတ်တာ ၊ မဟုတ်တာ ၊ မှန်တာ ၊ မမှန်တာ အကုန်ကြားနေရပါလိမ့်
မယ်။ကြားနေတိုင်း လိုက်ခံစားနေရင် သင့် မှာ နှလုံးသား အပိုမပါ
သလို ဦးနှောက်လည်း အပိုမပါဘူးလေ။လူတစ်ချို့က သင့်ကို တစ်မျိုး
ပြောမယ် ၊ နောက်လူတစ်ချို့က သင့် ကိုတစ်မျိုးလာပြောကြပါလိမ့်မယ်။
ဘယ်သူတွေက ဘာတွေပဲပြောပြော ကိုယ့်ဦးနှောက်နဲ့ ချင့်ချိန်ပီး
နှလုံးသားနဲ့ တော်သင့်ရုံပဲ ခံစားပါ။
မြင်ရင်မြင်တယ်လို့ မှတ် ၊ ကြားရင် ကြားတယ်လို့မှတ်ပြီး လောကမှာ ဖြစ်ပျက်နေတဲ့ အရာတော်တော်များများကို သင်လက်ခံလာနိူင်ရင်
သင့် ပါးစပ်ကလည်း သင့်တော်သော ၊ အမုန်းမပွားသော ၊ အများလက်ခံ
နိူင်သော စကားကို ပြောဆိုလာပါလိမ့်မယ်။

နှူတ် ကိုစောင့်စည်းလာနိူင်ခြင်းသည် လူမုန်းနည်းလာမယ်။
အမြင်ကျယ်ကျယ်ကြည့်လာနိူင်ပြီး အကောင်းမြင်စိတ်များလာရင်
သူရော မိမိပါ အေးချမ်းလာပါလိမ့်မယ်။
နားကကြားခဲ့သမျှကို ဟိုဘက်နားကဝင်ပြီး ဒီဘက်နားက ထွက်ခဲ့ရင်
သင့် ရင်ထဲမှာ ခံစားချက်နည်းလာသလို အခြားသူကို အပြစ်မြင်မှူ
လည်း လျော့နည်းလာပြီး ကိစ္စတော်တော်များများမှာ သင်
ငြိမ်းချမ်းပျော်ရွှင်လာပါလိမ့်မယ်။

သူငယ်ချင်း....
နေတတ်ရင် ၊ လက်ခံတတ်ရင် အရာအားလုံးက ကျေနပ်စရာတွေ ချည်းပါပဲ

Crd

Want your business to be the top-listed Shop in Lashio?
Click here to claim your Sponsored Listing.

Website

Address


Lashio