Electrical Power-LTU
20/07/2023
https://www.facebook.com/100068345813298/posts/590632853224903/?mibextid=Nif5oz
ရှေးကချင်လူကြီးများပြောပြမယ့်”ကချင်” အကြောင်း workshop
ဒီ”Workshop” လေးမှာတော့ ကျွန်တော်တို့ အနေနဲ့ ပုံမှန်ကြားနေ၊ ဖတ်နေကျ စာအုပ်တွေထဲက အရာတွေမဟုတ်ဘဲ “ကချင်လူမျိုးစု”တွေ အကြောင်းကို ရှေးကချင်လူကြီးများရဲ့ “ပြောစကား”တွေကတဆင့် ချဉ်းကပ်လေ့လာသွားကြမှာ ဖြစ်ပါတယ်။
“သက်ကြီးစကား သက်ငယ်ကြား” ဆိုသလို
ရှေးကချင်လူကြီးတွေအနေနဲ့ သူတို့ခေတ်အခါက ဘယ်လိုအရာတွေကို ကိုယ်တိုင်ခံစား ကြုံတွေ့ခဲ့ရလဲ ဆိုတာတွေကို ပြန်လည်ခံစားရင်း အဲ့ဒီ အတိတ်က ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်အမှားတွေကနေ ကျွန်တော်တို့ နောက်မျိုးဆက်တွေအနေနဲ့ သင်ခန်းစာယူကာ ဘဝနေထိုင်မှုဆိုင်ရာ သာဓကကောင်း၊ အကြံဉာဏ်ကောင်းတွေကို ရယူသွားနိုင်မှာ ဖြစ်ပါတယ်။
အဆိုပါ Workshop လေးကိုတော့ “ကချင်လူမျိုးစု လေ့လာရေး” ဒီပလိုမာသင်တန်း အဖွင့်မိတ်ဆက်ပွဲ (Open House Event)လေးနဲ့အတူ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ကျောင်းသား၊ကျောင်းသူတွေအနေနဲ့ Open House Event လေးကို တက်ရောက်ကာ ဒီပလိုမာသင်တန်းအကြောင်းစုံစမ်းရင်း နဲ့ တခါတည်း Workshop လေးကိုလည်း တက်ရောက်လေ့လာနိုင်မှာဖြစ်လို့ “ခဲတလုံးနဲ့ ငှက်နှစ်ကောင် ပစ်” နိုင်မယ့် အခွင့်အရေးလေးပဲဖြစ်ပါတယ်။
ကဲ ဒါဆိုရင်တော့ ဒီအခွင့်အရေးလေးကို အချိန်မီရယူနိုင်ဖို့ အောက်မှာ ဖော်ပြထားတဲ့ “Diploma in Kachin Social Studies” ဒီပလိုမာသင်တန်းရဲ့ Open House Event လင်ခ့်လေးကို အချိန်မီစာရင်းသွင်းဖို့ တိုက်တွန်းလိုက်ရပါတယ်။
ရှေးကချင်လူကြီးများပြောပြမယ့်”ကချင်” အကြောင်း နားထောင်ကြမယ်။
စာရင်းပေးသွင်းရန်: https://us06web.zoom.us/meeting/register/tZIvf-mrqjMiGdd_0fAcAaKYQM1YiGw4dbpD
အသေးစိတ်ဖတ်ရှုရန်: https://www.facebook.com/100068345813298/posts/588631176758404/?mibextid=cr9u03
လွမ်းမိတဲ့ အမေ့လက်ရာ (၁)
"မျောက်ငိုသီးချက်"
https://shingnip.com/?p=978
ဆောင်းကတော့ အေးစက်စက်နဲ့ ရောက်လာခဲ့ပြန်ပြီ။
ပြည်သူတွေလှူထားတဲ့ အပေါစားဂွမ်းစောင်တစ်ထည်ကို ခန္ဓာကိုယ်မှာခြုံရင်း ကင်းစောင့်ခဲ့ရတဲ့ ညတွေက ပိုပြီး ညတာရှည်နေသလိုပဲ။
အချမ်းလုံအောင် ဂွမ်းစောင်ကို ခပ်တင်းတင်းခြုံလိုက်မိတိုင်း အစစအရာရာ ခက်ခဲနေတဲ့ ကာလကြီးမှာ ခြိုးခြံချွေတာပြီး နိုင်သလောက်စု လှူပေးကြတဲ့ ပြည်သူတွေရဲ့ စေတနာကြောင့်မို့လို့လားပဲ။ စောင်တစ်ထည်ကနေ သူပေးနိုင်တဲ့ အနွေးဓာတ်ထက်ကို ပိုပြီး နွေးထွေးနေတော့တာ။
ဘယ်တုန်းကမှ မတွေးထားမိတဲ့ လက်နက်ကိုင်တစ်ယောက်ရဲ့ ဘ၀ဟာ ကျွန်တော့်လို အထက်အညာက မြို့ကြီးသားတစ်ယောက်အတွက် အစပိုင်းကာလတွေမှာ ခက်ခဲမှုတွေ များခဲ့တာတော့ အမှန်ပါပဲ။
ဒါပေမဲ့လည်း အစစအရာရာ စွန့်လွှတ်ပြီးကိုယ်ရွေးချယ်ထားတဲ့ လမ်းဖြစ်လို့ အောင်ပွဲမရမချင်း ရှေ့ဆက်လှမ်းနေဦးမှာပါ။
ကိုယ်နေခဲ့တဲ့နိုင်ငံကို အာဏာရူးစစ်ခွေးတွေရဲ့ မတရားအာဏာသိမ်းခဲ့တာဟာ (၂)နှစ်ပြည့်ခါနီးလာသလို ကျနော် PDF တပ်သားတစ်ယောက် ဖြစ်ခဲ့တာလည်း တစ်နှစ်ပြည့်ခါနီးပါပြီ။
ဒါပေမဲ့ ဒါပေမဲ့ပေါ့ဗျာ။ မင်းအောင်လှိုင်နဲ့ အာဏာရူးတစ်စုရဲ့ "မတရားအာဏာသိမ်းခြင်း" ခံခဲ့ရတဲ့ နေ့ကနေစပြီး ကျွန်တော်လည်း ကျန်တဲ့လူငယ်တွေလို အနာဂတ်မဲ့ခဲ့ရပါတယ်။
မင်းအောင်လှိုင်နဲ့ စစ်ခွေးတစုကို ကြောက်နေရင် ကျွန်တော်တို့သာမက အနာဂတ်ရဲ့ လာမယ့်မျိုးဆက်တွေပါ ဆက်ကြောက်ရတော့မယ့် အခြေအနေမို့လို့ အစဦးကာလတွေမှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြတယ်။
အညာဘက်ကရွာပေါင်း များစွာမှာ အိမ်ခြေတွေ မီးရှိတာခံခဲ့ရတဲ့ ပြည်သူတွေဟာ ကျနော်တို့ စစ်ကြောင်းတွေ ရောက်တဲ့အချိန်တိုင်း မရှိတဲ့ကြားကနေ ရှိတာလေးတွေ ချကျွေးကြ၊ ရိက္ခာအတွက်လည်း နိုင်သလောက်လေး ပေးလိုက်ကြနဲ့ သူတို့နိုင်တဲ့ဝန်ကို ရအောင်ထမ်းခဲ့ကြတာမြင်ရင် ရင်ထဲကြည်နူးမိသလို အခါခါလည်း မျက်ရည်လည်မိပါရဲ့။
ဒီလပိုင်းထဲ ရွာတစ်ရွာရောက်တော့ မရှိတဲ့ကြားကနေ ချကျွေးကြတဲ့ ထမင်းဝိုင်းမှာ ရာသီစာဟင်းတခွက်ဖြစ်တဲ့ မျောက်ငိုသီးချက် တစ်ခွက်ပါလေရဲ့။
ကိုယ်အကြိုက်ဆုံးဟင်းမို့လို့ စားရတာမြိန်ပေမယ့် အမေ့လက်ရာ ဟင်းပွဲတွေကို သတိရတဲ့စိတ်ကြောင့် မျိုချရတဲ့အခါမှာတော့ တစ်ဆို့ဆို့ကြီးလိုပဲ။
အိမ်မှာသာဆို မျောက်ငိုသီးတွေပေါ်ချိန်ကျ အမေက ခဏခဏချက်တော့တာဗျ။ တစ်အိမ်သားလုံးလည်း ကြိုက်ကြသလို အမေ့ချစ်သားလေးကျနော်ရဲ့ အကြိုက်ဆုံးဟင်းလည်း ဖြစ်နေတာကိုး။
ကျန်တဲ့ဟင်းတွေ ချက်ချိန်မှာသာ အမေဟင်းချက်တာ မကူရင် နေရမယ်။ ကိုယ်ကြိုက်တဲ့ဟင်းတွေ ချက်တဲ့နေ့ဆို အမေလုပ်တာတွေလည်း မှတ်ထားရင်းနဲ့ အမေခိုင်းတာလေးတွေ ကူလုပ်နေကြမို့ ဒီဟင်းကိုတော့ တစ်ခါမှ လက်တွေ့မချက်ဖူးပေမဲ့ အမေ့ချက်နည်းကိုတော့ မမေ့ဘူးဗျ။
မျောက်ငိုသီး မနုမရင့်ကို မွှေးသွားအောင် ပြာပူပူထဲမှာ မီးအရင် 'အုံ' လိုက်တယ်ဗျာ။ ပြီးရင် အခွံတွေအကုန်ခွာပြီး ရေပြန်ဆေးလိုက်တယ်။
ကြက်သွန်နီ မထူမပါးလှီးထားတာကို အရင်ဆီသတ်၊ ပြီးရင် ငရုတ်သီးအရောင်တင်မှုန့်၊ နနွင်းမှုန့်ထည့်မွှေ။
လှီးထားတဲ့ ခရမ်းချဥ်သီးထည့်။ ခရမ်းချဥ်သီး မြန်မြန်ကြေပြီး အနှစ်ဖြစ်အောင် ငါးငံပြာရည်လေးလည်း နည်းနည်းထည့်၊ သေချာလေးမွှေပေး။
ခရမ်းချဥ်သီး မကြေ့တကြေလေးရပြီဆိုမှ အနေတော်တုံးပြီး ရေစင်စင်ဆေးထားတဲ့ ငါးခြောက်ထည့်လုံး။
ပြီးရင်မျောက်ငိုသီးထည့်၊
အခွံခွာထားတဲ့ အာလူးပေါက်စလေးတွေ ထည့်မွှေ။
အပေါ့အငံ အရသာအတွက်ကတော့ ဆားနဲ့အသားမှုန့် သင့်ရုံထည့်။ ရေလေးမမြုပ်တမြုပ် နှစ်ခါလောက်ထည့်ပြီး ဆီပြန်တဲ့ထိချက်ရုံပဲဗျာ။
ဆီပြန်လာပြီဆို ထက်ခြမ်းခွဲထားတဲ့ ငရုတ်သီးစိမ်းနဲ့ ရေစင်စင်ဆေးပြီး အနေတော်ခြွေထားတဲ့ နံနံပင်လေးသာ အုပ်လိုက်ရင် ဘာပြောကောင်းမလဲ။ ခါတိုင်းကုန်သလောက် ထမင်းထက် ပိုချက်ထားတဲ့ ထမင်းတောင် မလောက်အောင်ကို စားလို့ မြိန်တော့တာဗျ။
ကျွန်တော်တို့ကို ရောက်လေရာက ပြည်သူတွေက သားသမီးလို တန်ဖိုးထားချစ်ကြသလို ကျွန်တော်တို့ကလည်း မိဘသဖွယ် လေးစားချစ်ခင်ကြတာမို့ ဘယ်ရွာကိုရောက်ရောက် အမေ့ရဲ့ နွေးထွေးမှုနဲ့မေတ္တာတွေထက် မသာတောင် မလျော့တဲ့ ချစ်ခြင်းတွေကို အမြဲလိုလို ရခဲ့ပါတယ်။
ဒါပေမဲ့လည်း အမေ့ကိုသတိရမိတာ၊ အမေ့ရဲ့ လက်ရာလေးတွေကို လွမ်းမိတာကတော့ သားတစ်ယောက်ရဲ့ အမေ့ကို ချစ်တဲ့စိတ်ကြောင့်ပဲ ထင်ပါရဲ့။
တော်လှန်ရေးကြီး ပြီးလို့ အမေ့အိမ်ပြန်ရောက်တဲ့အခါ အမေ့ကို သားကြိုက်တဲ့ မျောက်ငိုသီးဟင်းလေး ချက်ကျွေးပါဦးလို့ပြောရမယ်။ ခါတိုင်းလိုအမေခိုင်းတာလေးတွေ ကူလုပ်ရင်းနဲ့ လွမ်းမိတဲ့အမေ့လက်ရာလေးကို တဝကြီးစားရမယ့် နေ့လေးက မဝေးတော့ဘူးထင်ပါရဲ့။
ဒီတော်လှန်ရေးကြီး မြန်မြန်ပြီးအောင် တိုက်နိုင်တဲ့သူကတိုက်၊ လှူနိုင်တဲ့သူကလှူ၊ ကူနိုင်တဲ့သူကကူနေကြပြီမို့လို့ ကလစ်နိုင်တဲ့သူတွေကလည်း တာဝန်ကျေပွန်စွာနဲ့ ကလစ်ပေးကြပါဦးလို့ တောင်းဆိုလိုက်ပါရစေလားဗျာ။
Linn Khant Maw
English လိုလည်း ဖတ်ကြည့်ရအောင်နော်
https://shingnip.com/?p=978
06/11/2022
VPN များကို အခမဲ့ ရယူနိုင်ပါတယ်.........
App ကို Down. ...Install ပါ ....ပြီးရင် App ထဲဝင်ပြီး VPN အတွက် Mail & pw ယူပါ.....
Appထဲ စစဝင်ခြင်း ဘာမှမနှိပ့်ဘဲ စက္ကန့်၂၀လောက်နေပြီးမှ ဟိုဝင်ဒီဝင်လုပ် ကြော်ငြာကြည့်ပါ။
🤍 ကြော်ငြာတခုနဲ့တခုကြား ၁ မိနစ်လောက် ခြားပေးပါ။ ဆက်တိုက်မကြည့်ပါနဲ့။
📌 တခါဝင်ရင် ၅ မိနစ်အနည်းဆုံးနေပေးပါ အများဆုံး ၁၅ မိနစ်ပါပဲ
🌏 VPN ကို US UK Australia Canada Japan Taiwan စတာတွေထားပေးပါ
Android မှာသာရပါတယ်
PlayStore👇👇👇👇 https://play.google.com/store/apps/details?id=com.suportrevo.vfplus
Apkpure👇👇👇👇 https://m.apkpure.com/vf/com.suportrevo.vfplus
Apkcombo👇👇👇👇👇
https://apkcombo.com/vf/com.suportrevo.vfplus/
Mediafire👇👇👇👇
https://www.mediafire.com/download/72h0me # #
တိုက်ရိုက် t.me/vfplusapp/127
Click here to claim your Sponsored Listing.
Category
Website
Address
Lashio