Kaizen Japanese Language Center
31/01/2025
Kaizen JLC မှ လားရှိုးစစ်ရှောင်ရင်း ၂၀၂၄ ၁၂လပိုင်းမှာ ရန်ကုန် ထိသွားဖြေကြတယ့် တပည့် ၂ယောက်ကြိုးစားမှုရဲ့ ရလဒ် SENSEI လည်း အတိုင်းမသိ ဝမ်းသာပါတယ်
🎊🎊🎊合格 おめでとうございます🎊🎊🎊
10/12/2024
JLPT EXAM DATE DECEMBER 1ရက်နေ့က လားရှိုးမှ တပည့်၃ဦး စစ်ရှောင်ရင်း သင်ယူထားတယ့် N4 ကို မရမက ရန်ကုန်ထိ သွားရောက် ဖြေဆိုပြီး ဖြေဆိုနိုင်ကြောင်း သိရှိရတော့ Senseiလည်း အတိုင်းမသိ ဝမ်းသာရပါသည်။
09/02/2024
🇯🇵🇯🇵🇯🇵အားလုံးပဲမဂ်လာပါ🇯🇵🇯🇵🇯🇵
JLPTကို July မှာဖြေဆိုချင်သူများ အတွက်ပါ
皆さん、頑張ってください😃😃😃
06/02/2024
အားလုံးပဲ မင်္ဂလာပါ
ဂျပန်ဘာသာစကားကိုစိတ်ဝင်စားသူများ အတွက်
ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများအထိ သွားရောက်သင်ယူစရာမလိုပဲ လားရှိုးမြို့တွင်
💯ဂျပန်စာကိုအခြေခံမှစနစ်တကျလေ့လာသင်ယူချင်ပါသလား?
✅ဂျပန်စာကို ဂျပန်နိုင်ငံသို့သွား၍ကျောင်းတက်လိုသူဖြစ်စေ၊အလုပ်လုပ်လိုသူဖြစ်စေ၊ဘာသာစကားတစ်ခုအနေဖြင့် တက်ရောက်ထားလိုသူဖြစ်စေ အားလုံးအတွက် အဆင်ပြေစေမည့် အတန်းခွဲသစ်များကို ဖွင့်လှစ်ပေးလိုက်ပါသည်။
✅အတန်းတစ်တန်းတွင် လူအနည်းစုဖြင့် ထိရောက်စွာသင်ကြားပေးပါမည်။
✅KAIZEN JLC ကို ရွေးချယ်သင့်သောအကြောင်းမှာ သင်ကြားပြသပေးမည့် ဆရာသည်ဂျပန်နိုင်ငံတွင် ပညာဆည်းပူးပြီး ဂျပန်နိုင်ငံရှိ companyများတွင်သာမက ရန်ကုန်မြို့ရှိ ဂျပန်companyများတွင်လည်း အလုပ်လုပ်ကိုင်ခဲ့သော အတွေ့အကြုံများရှိသည့် အလျောက် ဂျပန်စာအပြင် ဂျပန်လူမျိုးများ၏ lifestyle, manner, culture များကိုပါ သင်ကြားပေးသွားမည်ဖြစ်သောကြောင့် ယုံကြည်စွာသင်တန်းအပ်နှံနိုင်ပါသည်။
🌸Online Class များထပ်မှန် ဖွင့်လှစ်ပါပီ🌸
🌸Online Japanese Basic+N5 Class( 4 Skills + Kanji + Old Questions)🌸
သင်တန်းချိန် -⏰ 7:00 PM – 9:00 PM
သင်တန်းကာလ -📈 About 3.5 months
သင်တန်းကြေး -💲 200,000 ကျပ် (စာအုပ်ဖိုးအပါ)
💯 သင်တန်းရက်များ ငြိနှိုင်းနိုင်ပါသည်💯
💯အတန်းတွင် လူဦးရေအနည်းငယ်ဖြင့်သာ လက်ခံသင်ကြားပေးမည်
ဖြစ်သောကြောင့် အမြန်ဆုံးလာရောက်အပ်နှံကြဖို့နိုးဆော်အပ်ပါသည်။💯
💯သင်တန်းကြေးများကို ၂ကြိမ် ခွဲသွင်းနိုင်ပါသည်💯
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
🌸သင်တန်းတည်နေရာ
အမှတ် ၆ ၊ မြို့ပတ်လမ်း ၊ ရပ်ကွက် ၃ ၊
လားရှိုးမြို့။
(လားရှိုးရင်ခွဲရုံ အကျော် လားရှိုးမန်းကားဂိတ်တစ်အိမ်ကျော်)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
☎️ဆက်သွယ်ရန်ဖုန်း
09-699862715 , 09-268213470
🇯🇵အားလုံးပဲ မဂ်လာပါ 🇯🇵
ယနေ့မှာတော့ တရုတ်စာလုံး နည်းတူ ဂျပန်စာလုံး တစ်ချို့တွင်လည်း ရှေ့ကနေ 不ကို ထည့်လိုကိခြင်းဖြင့် ၎င်းတို့ရဲ့ ဆန့်ကျင်ဘက် စကားလုံးဖြစ်ပေါ်လာပုံများကို ဖော်ပြပေးပါမယ် ခင်ဗျ
Native speaker ရဲ့ အသံထွက်ပုံကို နားထောင်ရင်း မှတ်သားကြမယ်နော် 😃
健康 (けんこう) kenkou 不健康(ふけんこう) fukenkou
ကျန်းမာသော မကျန်းမာသော
十分(じゅうぶん) juubun 不十分(ふじゅうぶん) fujuubun
လုံလောက်သော မလုံလောက်သော
可能(かのう) kanou 不可能(ふかのう) fukanou
ဖြစ်နိုင်သော မဖြစ်နိုင်သော
安定 (あんてい) antei 不安定(ふあんてい) fuantei
တည်ငြိမ်သော မတည်ငြိမ်သော
🇯🇵အားလုံးပဲ မဂ်လာပါ 🇯🇵
ယနေ့မှာတော့ ဂျပန်စကားမှာ ရေးတယ့် အချိန်နဲ့ ပြောတယ့် အချိန်ကွာသွားတယ့် စကားလုံးအနည်းငယ်လေးကို ပြောပြချင်ပါတယ် ခင်ဗျ။ စကားပြောတယ့် ချိန်မှာတော့ ရေးသလိုမျိုး အဆုံးထိ မပြောတော့ပဲ အသံဆောင့်ပီး ပြောသလိုလေး i ကို ဖြုတ်ပီး tsu အသေးလေး ထည့်လိုက်တာပါ ခင်ဗျ
Native speaker ရဲ့ အသံထွက်ပုံကို နားထောင်ရင်း မှတ်သားကြမယ်နော် 😃
痛い (いたい) itai = နာကျင်သော
痛っ (いたっ) itaa
怖い(こわい) kowai = ကြောက်သော
怖っ(こわっ)kowaa
狭い (せまい) semai = ကျဥ်းမြောင်းသော
狭っ(せまっ)semaa
小さい(ちいさい)chiisai =သေးငယ်သော
小さっ(ちいさっ)chisaa
🇯🇵အားလုံးပဲ မဂ်လာပါ 🇯🇵
ယနေ့မှာတော့ တခြားဘာသာစကားနည်းတူ အသံထွက် တူပေမယ့် လေယူလေသိမ်း အနိမ့်အမြင့် ကွာတာနဲ့အဓိပ္ပါယ်ပါ ကွဲသွားနိုင်တယ့် စကားလုံးတွေ ကို ဖော်ပြပေးလိုက်ပါတယ်
Kanji (漢字)တော့မတူပါဘူးဗျာ
Native speaker ရဲ့ အသံထွက်ပုံကို နားထောင်ရင်း မှတ်သားကြမယ်နော် 😃
橋 (はし) hashi = တံတား
箸 (はし) hashi = ထမင်းစားတူ
飴 (あめ) ame = သကြားလုံးချိုချဥ်
雨 (あめ) ame = မိုး
鼻 (はな) hana = နှာခေါင်း
花 (はな) hana = ပန်း
柿 (かき) kaki = တည်သီး
牡蠣(かき) kaki = ကမာ oyster
蜘蛛 (くも) kumo = ပင့်ကူ
雲 (くも) kumo = တိမ်လွှာ
🇯🇵အားလုံးပဲ မဂ်လာပါ 🇯🇵
ယနေ့မှာတော့ 1 to 10 ရေတွက်ပုံနဲ့ ၂ ၄ ၆ ၈ ၁၀ ရေတွက်ပုံလေး နားထောင်ရင်း မှတ်ကြမယ်နော်
ရေးသားပုံက တရုတ်စာနှင့် တူပေမယ့် အသံထွက်တွေတော့ ကွဲပြားပါတယ် ခင်ဗျ
一 二 三 四 五 六 七 八 九 十
Ichi Ni San Shi Go Roku Shichi Hachi Kyuu Jyuu
二 四 六 八 十
Ni Shi Ro Ya To
29/01/2024
🇯🇵🇯🇵🇯🇵အားလုံးပဲ မဂ်လာပါ🇯🇵🇯🇵🇯🇵
ဒီနေ့မှာတော့ JFT နဲ့ JLPT ကွာခြားချက်အကြောင်းလေး ပြောပြပေးပါမယ် ခင်ဗျ😃😃😃
JFT = Japanese Foundation Test
JLPT= Japanese Language Proficiency Test
💢JFT စာမေးပွဲ ဆိုတာ ဘာလဲ?
- ဂျပန်ဘာသာစကားကို စစ်ဆေးတဲ့စာမေးပွဲဖြစ်ပြီး ဂျပန်နိုင်ငံသို့ Tokutei Ginou Visa ဖြင့် သွားရောက် အလုပ်လုပ်လိုသူများ ဖြေဆိုနိုင်သည်
- JLPT စာမေးပွဲလိုမျိုး N5, N4, N3, N2, N1 သတ်မှတ်ထားခြင်း မရှိပါ။ သို့သော် ဂျပန်စာ Level N4 အထိသင်ယူပြီးထားမှသာလျှင် JFT စာမေးပွဲကို ဖြေဆိုနိုင်ပါမည်။ ထို့ကြောင့် JLPT N4 သည် JFT နှင့် level တူသည် ဟု သတ်မှတ်နိုင်သည်။ ( JFT = JLPT N4 )
💢JFT စာမေးပွဲကို ဘယ်လိုဖြေရတာလဲ?
- JFTစာမေးပွဲသည် CBT (Computer Basic Testing ) သတ်မှတ်ချိန်အတွင်း ကွန်ပျူတာကိုအသုံးပြု၍ အဖြေမှန်များကို ရွေးချယ်ပေးရမှာ ဖြစ်ပါသည်။ JLPT နည်းတူ Multiple Choice ပုံစံ ဖြစ်ပါသည်။
💢JFT ကို ဘယ်အချိန် ဖြေရတာလဲ?
- လတိုင်းမှာ ဖြေဆိုနိုင်ပါတယ် သို့သော် မိမိ့ဖြေဆိုမည့်လကို Website မှာ ဖောင်တင်၍ ဖြေဆိုရပါသည်။
- စာမေးပွဲ တစ်ခါကျရှုံးသွားလျှင် 45 ရက်ကြာပီးမှ ပြန်လည်ဖောင်တင်ပီး ဖြေဆိုနိုင်ပါသည်။
(ကိုယ်ဖြေဆိုလိုသည့် နေ့ကို ကြိုတင် ဖောင်တင်ပီးမှသာလျှင် ဖြေဆိုလိုသည့်နေ့ကို ရရှိနိုင်ပါသည်)
💢JLPT နဲ့ JFT ဘယ်လိုကွာလဲ?
- JLPT စာမေးပွဲကို သတ်မှတ်အဖြေလွှာစာရွက်ပေါ်တွင်ဖြေဆိုရပြီး ဖြေဆိုပြီးနောက် 3 လနေမှသာ အောင်ခြင်း/ရှုံးခြင်းကိုသိရပါသည်။
- JFT စာမေးပွဲကိုတော့ ကွန်ပျူတာဖြင့် ဖြေဆိုရပြီး ဖြေဆိုပြီးနောက် အောင်ခြင်း/ရှုံးခြင်းကိုမူ 4/5 ရက်အတွင်း သိရပါသည်။
💯JFT အတွက် ဖောင်တင်ရန် https://j6.prometric-jp.com/Reserve/Login?CN=JL&LC=MY&fbclid=IwAR2LFKr1kBNFrkp1EsX4UYCJgajGiIkvvXtsdJFS50tnJi2nfRKNKjY6H5M
💯JLPT ဖောင်တင်ရန်
https://www.jlpt-maja.org.mm/
💯ဂျပန်စာကို စိတ်ဝင်စားလျှင် Kaizen Japanese Language Center သို့ အမြန်ဆုံး သင်တန်းအပ်ကြပါစို့💯
24/01/2024
အားလုံးပဲ မင်္ဂလာပါ
ဂျပန်ဘာသာစကားကိုစိတ်ဝင်စားသူများ အတွက်
ရန်ကုန်၊ မန္တလေးစသည့် မြို့ကြီးများအထိ သွားရောက်သင်ယူစရာမလိုပဲ လားရှိုးမြို့တွင်
💯ဂျပန်စာကိုအခြေခံမှစနစ်တကျလေ့လာသင်ယူချင်ပါသလား?
✅ဂျပန်စာကို ဂျပန်နိုင်ငံသို့သွား၍ကျောင်းတက်လိုသူဖြစ်စေ၊အလုပ်လုပ်လိုသူဖြစ်စေ၊ဘာသာစကားတစ်ခုအနေဖြင့် တက်ရောက်ထားလိုသူဖြစ်စေ အားလုံးအတွက် အဆင်ပြေစေမည့် အတန်းခွဲသစ်များကို ဖွင့်လှစ်ပေးလိုက်ပါသည်။
✅အတန်းတစ်တန်းတွင် လူအနည်းစုဖြင့် ထိရောက်စွာသင်ကြားပေးပါမည်။
✅KAIZEN JLC ကို ရွေးချယ်သင့်သောအကြောင်းမှာ သင်ကြားပြသပေးမည့် ဆရာသည်ဂျပန်နိုင်ငံတွင် ပညာဆည်းပူးပြီး ဂျပန်နိုင်ငံရှိ companyများတွင်သာမက ရန်ကုန်မြို့ရှိ ဂျပန်companyများတွင်လည်း အလုပ်လုပ်ကိုင်ခဲ့သော အတွေ့အကြုံများရှိသည့် အလျောက် ဂျပန်စာအပြင် ဂျပန်လူမျိုးများ၏ lifestyle, manner, culture များကိုပါ သင်ကြားပေးသွားမည်ဖြစ်သောကြောင့် ယုံကြည်စွာသင်တန်းအပ်နှံနိုင်ပါသည်။
🌸Japanese Basic+N5 ( 4 Skills + Kanji + Old Questions)🌸
သင်တန်းရက် -📅 Mon, Tue, Wed, Thu
သင်တန်းချိန် -⏰ 9:30 AM – 11:30 AM
သင်တန်းကာလ -📈 About 3.5 months
စတင်မည့်နေ့ -📄 2024 / 2 / 5
သင်တန်းကြေး -💲 200,000 ကျပ် (စာအုပ်ဖိုးအပါ)
🌸Japanese N4 ( 4 Skills + Kanji + Old Questions)🌸
သင်တန်းရက် -📅 Mon, Tue, Wed, Thu
သင်တန်းချိန် -⏰ 1:00 PM – 3:00 PM
သင်တန်းကာလ -📈 About 3.5 months
စတင်မည့်နေ့ -📄 2024 / 2 / 5
သင်တန်းကြေး -💲 200,000 ကျပ် (စာအုပ်ဖိုးအပါ)
🌸Japanese Basic+N5 ( 4 Skills + Kanji + Old Questions)🌸
သင်တန်းရက် -📅 Sat & Sun (ရုံးချိန်လွတ်)
သင်တန်းချိန် -⏰ 9:30 AM – 12:00 PM
သင်တန်းကာလ -📈 About 5 months
စတင်မည့်နေ့ -📄 2024 / 2 / 10
သင်တန်းကြေး -💲 200,000 ကျပ် (စာအုပ်ဖိုးအပါ)
🌸KIDS CLASS🌸
🌸 Japanese Basic+N5 ( 4 Skills + Kanji + Old Questions)🌸
သင်တန်းရက် -📅 Sat & Sun
သင်တန်းချိန် -⏰ 1:00 PM – 3:00 PM
သင်တန်းကာလ -📈 About 5 months
စတင်မည့်နေ့ -📄 2024 / 2 / 10
သင်တန်းကြေး -💲 200,000 ကျပ် (စာအုပ်ဖိုးအပါ)
(ကလေးငယ်များအားလည်း အခြေခံပိုင်နိုင်အောင် စနစ်တကျ သင်ကြားပေးပါမည်)
💯ဒါကြောင့် ဂျပန်ဘာသာစကား ကို သင်ယူတတ်မြောက်လိုပါက…
Kaizen Japanese Language Center ကို လာခဲ့ကြဖို့ဖိတ်ခေါ်အပ်ပါသည်။💯
💯အတန်းတိုင်းတွင် လူဦးရေအနည်းငယ်ဖြင့်သာ လက်ခံသင်ကြားပေးမည်
ဖြစ်သောကြောင့် အမြန်ဆုံးလာရောက်အပ်နှံကြဖို့နိုးဆော်အပ်ပါသည်။💯
💯သင်တန်းကြေးများကို ၂ကြိမ် ခွဲသွင်းနိုင်ပါသည်💯
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
🌸သင်တန်းတည်နေရာ
အမှတ် ၆ ၊ မြို့ပတ်လမ်း ၊ ရပ်ကွက် ၃ ၊
လားရှိုးမြို့။
(လားရှိုးရင်ခွဲရုံ အကျော် လားရှိုးမန်းကားဂိတ်တစ်အိမ်ကျော်)
▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄
☎️ဆက်သွယ်ရန်ဖုန်း
09-699862715 , 09-268213470
Japanese Language Center
ဂျပန်ရောက်ရင်သတိထားရမယ့်အချက်လေးများ
၁။ဂျပန်ရောက်ရင်အချိန်တိကျမှုသတိထားရပါမယ်။ကျောင်းတက်ချိန်ကိုလည်းအချိန်နောက်ကျတာ၁/၂ရက်ဆိုရင်တစ်ရက်ပျက်တာသတ်မှတ်တာမျိုးရှိပါတယ်။
အလုပ်အင်တာဗျူးကိုလည်းအင်တာဗျူးမတိုင်ခင်
၁၀မိနစ်လောက်စောရောက်သင့်ပါတယ်။နောက်ကျပြီးမှရောက်သွားမယ်ဆိုရင်အလိုလိုအင်တာဗျူးမအောင်ဖြစ်မှာပါ။
ရထားတွေလည်းမိနစ်နဲ့အမျှတိကျပြီးလာတတ်တဲ့အတွက်၅မိနစ်လောက်ရထားလွတ်သွားတာနဲ့ကိုယ်သွားရတဲ့အကွာအဝေးပေါ်လိုက်ပြီးနောက်ကျတတ်တဲ့အတွက်သတိထားသင့်ပါတယ်။
၂။အမှိုက်ပစ်တာသတိထားသင့်ပါတယ်။အမှိုက်ကသူရက်နဲ့သူခွဲပစ်ရပါတယ်။ရက်ကွက်အပေါ်လိုက်ပြီးအမှိုက်ခွဲပစ်ရတဲ့ရက်မတူလောက်ပါဘူး။အမှိုက်ကိုအကုန်ရောပြီးပစ်ရင်အိမ်ပိုင်ရှင်/အိမ်ပွဲစားရုံးကသတိပေးစာနဲ့ခွဲပစ်ဖို့ပြောပါလိမ့်မယ်။ကျောင်းအဆောင်ဆိုလည်းသေချာခွဲပစ်ဖို့အကြောင်းကြားပါလိမ့်မယ်။
၃။ဂျပန်ရောက်ရင်အချိန်ပိုင်းအလုပ်ဘဲဖြစ်ဖြစ်လုပ်ချင်ရင်ဂျပန်ဖုန်းနံပါတ်တစ်ခုလိုအပ်ပါတယ်။ဆက်သွယ်ရမယ့်ဖုန်းနံပါတ်တခုခုမရှိရင်အလုပ်မခန့်ပါဘူး။
အရမ်းစျေးကြီးတဲ့လိုင်းမဟုတ်ဘဲ၊သက်သာတဲ့ဆင်းကဒ်တွေရှိတဲ့အတွက်ဂျပန်ရောက်ခါစသူတွေကသက်သာတဲ့ဆင်းကဒ်ဘဲဖြစ်ဖြစ်ဝယ်သင့်ပါတယ်။
၄။နောက်တစ်ခုသတိထားသင့်တာကရထားထဲ၊ဆိုင်ထဲတွေမှာဖုန်းပြောလို့မရပါဘူး။ရထားထဲမှာအစားအသောက်လည်းစားလို့မရပါဘူး။ဂျပန်ရောက်ခါစသူတွေကသတိထားသင့်ပါတယ်။
၅။စက်လှေကားစီးရင်ဂျပန်မှာတိုကျိုဆိုရင်ဘယ်ဘက်ကပ်စီးပါတယ်။ညာဘက်ကအမြန်သွားချင်တဲ့သူတွေအတွက်လမ်းဖယ်ထားပါတယ်။အဲဒါကိုအလယ်ကန့်လန့်ရပ်ပြီးရပ်နေလို့မရပါဘူး။
ဂျပန်ရောက်ရင်ဒီလိုအချက်လေးတွေသတိထားသင့်ပါတယ်။ဗဟုသုတအနေနဲ့မျှဝေခြင်းဖြစ်ပါတယ်။
Crd # Nippon's blog
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Boundary Road
Lashio