Flower Group

Flower Group

Share

10/06/2024

အသိပေးကြေညာချက်
၁။Flower Groupမန်ဘာဝင်များသို့စာအုပ်မိတ္တူများအား ၅.၆.၂၀၂၄ ရက်နေ့အပြီးအပ်နှံကြရန်အသိပေးကြေညာခဲ့ရာ စာအုပ်မိတ္တူပေါင်း(၆၂၇၇) အုပ်အပ်နှံခဲ့ကြသဖြင့် ကွန်ပျူတာထဲသို့စာရင်းသွင်းရာစာအုပ်ပေါင်း
(၅၀၅၀)အုပ်ပြီးစီးခဲ့ပြီး(၁၂၂၇)အုပ်သာစာရင်းသွင်း
ရန်ကျန်ရှိပါသည်။

၂။အဆိုပါကွန်ပျူတာထဲသို့ရောက်ရှိပြီးစာအုပ်များအားဆက်လက်စာရင်းသွင်းပြီးပါကစာအုပ်များအားအုပ်စုခေါင်းဆောင်များအလိုက်မိမိရှိသောစာရင်းဇယားများနှင့်တိုက်ဆိုင်စစ်ဆေးမှုများဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။ထိုသို့တိုက်ဆိုင်စစ်ဆေးမှု့များဆောင်ရွက်ပြီးစီးပါကအဆောက်အဦးနှင့်မြေကွက်များအားတန်ဘိုးသင့်၍
မန်ဘာများအားလုံးသို့အချိုးကျတပြေးညီတွက်ချက်ပြီးခွဲဝေပေးသွားမည်ဖြစ်ပါကြောင်းအသိပေးအပ်ပါသည်။

14/05/2024

Q&A မေးခွန်းများကိုပြန်လည်ဖြေကြားပေးခြင်း

(၁)ဘာလို့အုပ်စုဖွဲ့ခိုင်းနေတာလဲ တစ်ယောက်ချင်းလာထည့်ထားတာ တစ်ယောက်ချင်းပဲပြန်ပေးလို့မရဘူးလား?
မန်ဘာတွေကိုငွေသားအစားဂရံမြေကွက်ပြန်ပေးမှာပါ
အုပ်စုဖွဲ့ပြီးအုပ်စုအလိုက်မြေကွက်တွေကိုစာချုပ်စာတမ်းနဲ့လွှဲပြောင်းပေးမှာဖြစ်တဲ့အတွက်မဖြစ်မနေအုပ်စုဖွဲ့ရန်လိုအပ်ပါတယ်။

(၂)အဖွဲ့ခေါင်းဆောင်ကိုယုံကြည်လို့ရပါ့မလား?
ယုံကြည်မှူရှိအောင်မိမိတို့ကောင်းစွာသိရှိရင်းနှီး
တဲ့သူတွေအချင်းချင်းအုပ်စုဖွဲ့ပြီး ယုံကြည်ထိုက်
တဲ့ပုဂ္ဂိုလ်တဦးကိုအားလုံးကိုယ်စားပြုအုပ်စု
ခေါင်းဆောင်အဖြစ်ခန့်အပ်စေတာဖြစ်ပါတယ်။

(၃)စာရင်းတွေရှိတာပဲ စာအုပ်မိတ္တူတွေပေးစရာ
လိုသေးလို့လား?
စာရင်းတွေရှိတာမှန်ပါတယ် ဒါပေမယ့်
ရုံးလုပ်ငန်းသဘောအရမန်ဘာတွေရဲ့စာအုပ်
နဲ့မိမိတို့ထံရှိတဲ့စာရင်းတိုက်ဆိုင်စစ်ဆေးဖို့
လိုအပ်ပါတယ်။ဒါ့အပြင်အုပ်စုခေါင်းဆောင်
ဟာအုပ်စုဝင်မန်ဘာတွေကိုယ်စားပြုအနေနဲ့
စာရွက်စာတမ်းတွေမှာလက်မှတ်ထိုးရမှာရှိတဲ့
အတွက် အုပ်စုခေါင်းဆောင်ဘယ်သူလဲ၊
အုပ်စုဝင်မန်ဘာတွေကဘယ်သူတွေလဲဆိုတာ
အမည်၊မှတ်ပုံတင်အမှတ်၊လက်မှတ်တွေနဲ့
တိတိကျကျမှတ်တမ်းယူထားဖို့လိုအပ်တဲ့
အတွက်ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။

(၄)အုပ်စုမရှိတဲ့သူတွေဘယ်လိုလုပ်ရမလဲ?
Flower Groupရုံးကိုမဆက်သွယ်ပဲသက်ဆိုင်ရာ
စာပေနဲ့ယဉ်ကျေးမှူအဖွဲ့တွေကိုဆက်သွယ်ပါ
ကိုယ့်လူမျိုးအဖွဲ့မရှိရင်လည်းနီးစပ်ရာ
အဖွဲ့တဖွဲ့နဲ့ဆက်သွယ်စာရင်းပေးရင်
သင့်တော်ရာအုပ်စုမှာပါဝင်နိုင်အောင်
ကူညီပေးပါလိမ့်မယ်။

(၅)စာအုပ်ပျောက်တာ၊အကြောင်းအမျိုးမျိုး
ကြောင့်စာရင်းမပေးနိုင်ရင်ကော?
စာရင်းတွေရှိပြီးဖြစ်တဲ့အတွက်အမှန်တကယ်ထည့်ဝင်ခဲ့ရင်မှတ်ပုံတင်အမှတ်နဲ့တိုက်စစ်ပြီးပေးအပ်သွားမှာဖြစ်ပါတယ်။ဒါကြောင့် စာအုပ်မိတ္တူမပေးနိုင်ရင်
လည်း သက်ဆိုင်ရာအဖွဲ့တွေနဲ့ရုံးကိုဆက်သွယ်ပြီး
အမည်၊စာအုပ်နံပါတ်(စလစ်နံပါတ်)၊မှတ်ပုံတင်
အမှတ်တွေပေးပြီးအုပ်စုဖွဲ့ကြဖို့တိုက်တွန်းအပ်ပါတယ်။

Want your establishment to be the top-listed Bar/pub in Lashio?
Click here to claim your Sponsored Listing.

Telephone

Website

Address


No (75), Kyar Nyo Street , Ward (3)
Lashio

Opening Hours

Monday 09:30 - 17:00
Tuesday 09:30 - 17:00
Wednesday 09:30 - 17:00
Thursday 09:30 - 17:00
Friday 09:30 - 17:00
Saturday 09:30 - 17:00