K-TEC Auto Repair Shop

K-TEC Auto Repair Shop

Share

11/07/2023

Nissan Note ကားအကြောင်း
တစေ့တစောင်း
=============================
Nissan ရဲ့ Hatchback ကားထဲမှာတော့ အတွင်းခန်းကျယ် ကားနဲ့သင့်တော်တဲ့ အင်ဂျင်ပါဝါ ရှိတဲ့ ကားအမျိုးအစား လို့ ပြောလို့ရပါတယ်။

မျိုးဆက်အား ဖြင့်တော့ လက်ရှိချိန်ထိ မျိုးဆက် ၂ ဆက်ပါ။

စတင်ထုတ်လုပ်တဲ့
၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိက ပထမမျိုးဆက်
(First Generation)
Nissan Note E11 ဖြစ်ပြီး ၂၀၁၂ ခုနှစ်က နေ လက်ရှိအချိန်အထိကို ဒုတိယ မျိုးဆက်
(Second Generation)
Nissan Note E12 ကို ထုတ်
လုပ်လျက်ရှိပါတယ်။

First Generation ကားများကို Europe ဘက် အခြမ်းတွင် Engine အနေဖြင့်
1.4L CR14DE I4 88HP
1.6L HR16DE I4 110 HP 1.5K9K dCi 86HP
အင်ဂျင်များဖြင့် ထုတ်လုပ်ပါတယ်။

Europe Made Model များကို Transmission ပိုင်းတွင် Manual 5 Speed
AT 4 Speed Hydraulic ဖြင့် တပ်ဆင်အသုံးပြုပါသည်။

Japanese Made Model များကိုတော့ HR15DE I4 109HP အင်ဂျင်များဖြင့်ထုတ်လုပ်ပြီး Transmission ပိုင်းကိုတော့ CVT ဖြင့်တပ်ဆင်အသုံးပြုပါသည်။

လက်ရှိမြန်မာနိုင်ငံတွင်
အများဆုံး အသုံးပြုသော Nissan Note E11 များသည် Japanese Made Model များသာဖြစ်ပါသည်။

Nissan Note E11
(2005 to 2011)
Nissan Note E11 တွင် စတင်ထုတ်လုပ်သည့်
၂၀၀၅ ခုနှစ်မှ ၂၀၀၇ ခုနှစ်ထိ မှာ ရှေ့ Shell ပုံစံတူဖြစ်ပြီး၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိမှာ အရင် Model နဲ့ Shell ပုံစံ ကွာခြားသွားပါသည်။

ထို့အပြင် Nissan Note Rider Series တွင်လည်း ပုံမှန် Model များဖြင့် ရှေ့ Shell မတူပဲ Nissan Rider Series
အတိုင်း Shell ပုံသဏ္ဌာန်
ပြောင်းသွားပါတယ်။

ထုတ်လုပ်သည့်ခုနှစ်အလိုက် Grade ခွဲများစွာရှိသဖြင့် ကားတစ်စီးနှင့် တစ်စီး အတွင်းပိုင်းတွင် အနည်းငယ် ကွားခြားမှု
လေးများရှိနိုင်ပါတယ်။

Nissan Note E11 နှင့် Engine နှင့် အခြား Specification ပိုင်းဆိုင်ရာ ပုံစံတူ ကားများမှာ Nissan Tida Latio
Nissan AD Van
Nissan Wingroad တို့ဖြစ်ကြပါသည်။

ယခုမြန်မာပြည်တွင် Brand New အသစ်ထုတ်လုပ်ရောင်းချသော Nissan Sunny များလဲ HR15DE Engine သုံးထား
ပြီး Note E11 နဲ့ တချို့ Spare Parts များတူပါသည်။

Nissan Note E12
(2012 to Current)
လက်ရှိမြန်မာပြည်တွင် Nissan Note ပုံပြောင်းလို့
အသိများပါတယ်။

၂၀၁၂ ခုနှစ်မှ စတင်ကာ
လက်ရှိအချိန်ထိ ဆက်လက်ထုတ်လုပ်လျက်ရှိသော
ကားအမျိုးအစားဖြစ်ပါသည်။

Nissan Note E12 ကို Japanese Made Model များ အနေဖြင့် အင်ဂျင် 1.2L HR12DE I3 နှင့် 1.2L HR12DDR I3 တို့ဖြင့်ထုတ်
လုပ်ပါတယ်။

HR12 Engine များကတော့ Straight-3 Engine
(Piston 3 လုံး) ဖြစ်ပြီး HR12DE ကတော့ Enginer Power အနေနဲ့ 59kW
(80PS, 79HP) ထုတ်လုပ်ပြီး HR12DDR ကတော့ Supercharged ဖြစ်ပြီး 72kW (97 hp) ထုတ်လုပ်ပါတယ်။

HR12DE နှင့် HR12DDR
အသုံးပြုသော Nissan Note E12 ကားများသည် Body ပုံစံ အားလုံးတူသော်လည်း
အင်ဂျင်ခန်းဖွဲ့စည်းမှုနှင့်
အတွင်းခန်း Dashboard Designများ ကွာခြားပါတယ်။

2012-2015 Model များသည် အပြင် Body ပုံစံ အတူတူဖြစ်ကာ 2017 Model သည်
ပုံစံအသစ် ဖြင့်ပြောင်းလဲ
ထုတ်လုပ်ပါသည်။

Nissan Note E12 နှင့် Engine & Specification အမျိုးအစားတူ ကားကတော့ Nissan Latio ဖြစ်ပါသည်။

Grade ခွဲများစွာရှိပြီး အတွင်း
ခန်းတွင် Digial Aircon or Manual Aircon အစရှိသဖြင့် Grade ပေါ်မူတည်ပြီး
ပါ၀င်သော Function များ
ကွဲပြားခြားနားနိုင်ပါသည်။

အားသာချက်များ
Nissan Note E11 သည် ၎င်းကားနှင့်တန်းတူ အတန်းအစားများဖြစ်သော အခြား 1300cc Hatchback ကား များ နှင့် နှိုင်းယှဉ်ပါက

၁။ အင်ပါဝါ 1.5L ရှိသော
ကြောင့် အခြား 1300cc များ
နှင့်ယှဉ်ပါက မောင်နှင်းရာ
တွင် ပိုမိုကောင်းမွန်တယ်လို့ ခံစားရပါတယ်။

၂။ အတွင်းခန်း
(နောက်ပစ္စည်း) ခန်းအကျယ်အ၀န်းမှာလည်းအခြား Hatchback ကားများထက်
ပိုကျယ်၀န်းပါတယ်။

၃။ Transmission သည်
CVT ဖြစ်သောကြောင့် အခြား AT များထက်မောင်းနှင်ရာ
တွင် ညက်ညောမှုရှိတယ်လို့ ခံစားရပါသည်။

၄။ ပြုပြင်ထိန်းသိမ်းရန်
အပိုပစ္စည်းများ အလွယ်တကူ ၀ယ်ယူ ရရှိနိုင်ပါသည်။

၅။ အခြား Hatchback ကားများနှင့်ယှဉ်ပါက စျေးနှုန်းမှာ သက်သာမှုရှိသလို မိသားစု
အသုံးပြုရန်အဆင်ပြေသော ကားတစ်စီးဖြစ်ပါသည်။

၆။ Nissan Note E12 သည်
ပုံစံအလွန်လှပပြီး အတွင်းခန်း ကျယ်၀န်းပါသည်။

တန်းတူ ဖြစ်သော အခြား Hatchback ကားဖြစ်သော (Honda Fit GK5) နှင့်ယှဉ်ပါ က စျေးနှုန်းမှာ သက်သာပြီး HR12DDR တွင် Supercharger ပါ၀င်သော
ကြောင့် ယာဉ်မောင်းနှင်မှုတွင် အလွန်ကောင်းမွန်သာလွန်
တယ်လို့ ခံစားရပါသည်။

အဓိက လူကြိုက်နည်းရချင်းများမှာ
၁။ Note E11 body design သည် အမှတ်တမဲ့ ကြည့်ပါက ဆွဲဆောင်မှု နည်းသလိုခံစားရပါသည်။

၂။ Note E12 မှာ ပြင်ဆင်ရာတွင် အပိုပစ္စည်းအနည်းငယ်ရှားသလို ခံစားရပါသည်။

(အရေးကြီးပါက အွန်လိုင်းက နေ တိုက်ရိုက်တင်သွင်းလို့
ရနိုင်ပါသည်၊ အချိန်လေး
သည်းခံစောင့်ပေးရုံပါ ၁
လလောက်ပေါ့)

၃။ Steering Gun Motor Type ဖြစ်လို့ အသံလေးနဲနဲရှိတတ်ပါတယ်။

အရေးကြီးဆုံး သတိထားရ
မည့်အချက်
Nissan Note E11 & E12 ၏ Auto Oil (Gear Oil) ကိုလဲ
လှယ်မည်ဆိုပါက Nissan Genuine CVT NS-2/NS-3
ကိုသာ သုံးစွဲပေးပါရန်၊ အခြား Brand များထည့်မိပါက Transmission System
ထိခိုက်နိုင်ပါသည်။

(Review ရေးတဲ့အထဲမှာ
လိုအပ်တာလေးတွေရှိရင်
တော့ ဖြည့်တွေးပေးဖို့
အကြံပေးပါရစေခင်ဗျား)

ဒါမှမဟုတ် အောက်က Link မှာလဲ ၀င်ရောက်ကြည့်ရှုလေ့လာမှတ်သားလို့ ရပါတယ်
https://en.wikipedia.org/wiki/Nissan_Note
အမျိုးများအားလုံး
ကားမှား ရောင်းမှား ဝယ်မှား
ပေါင်မှား ကာလာမှား ဂရိတ်မှား အန္တရာယ်မှ ကင်းဝေးကြပြီး ဗဟုသုတများတိုးပွားကြပါစေခင်ဗျား။
လေးစားစွာဖြင့်
ကိုချမ်းအေး
မူရင်းရေးသားသူကို
Credit :ပေးပါတယ်ခင်ဗျား။

Photos from K-TEC Auto Repair Shop's post 20/05/2023

ခုရက်ပိုင်းလုပ်ဖြစ်တဲ့ကားလေးတွေ🚗

Photos from K-TEC Auto Repair Shop's post 03/05/2023

4WD မှာပါတဲ့ L ၊ H နဲ့ C ဆိုတဲ့ အက္ခရာတွေက ဘာတွေကိုကိုယ်စားပြုတာလဲ

2H ၊ 4H ၊ 4HLC ၊ 4LLC ဆိုပြီးတော့ပါတဲ့ 4WD ကားတွေမှာဆိုရင်……

2H ဆိုတာ နောက်ဘီးနှစ်ဘီးယက်စနစ်ဖြစ်ပါတယ်။ သူက ပုံမှန်လမ်းတွေမှာ ပုံမှန် သွားစေပါတယ်။

4 H ဆိုတာကတော့ ရှေ့ဘီး နောက်ဘီး နှစ်မျိုးလုံး စက်အားဖြင့် တွန်းစေတာပါ။ ရာသီဥတုဆိုးဝါးချိန်မှာ ဆွဲအားညီမျှ စေဖို့သုံးတာပါ။

4HLC ဆိုတာကတော့ center differential ကို lock လုပ်လိုက်တာပါ။ပြောရရင် ရှေ့နောက်ဘီးတွေရဲ့လိမ်အားကို ၅၀% စီမျှတအောင် လုပ်ဆောင်စေတာပါ။

အထူးသတိပေးချင်တာက ကားရပ်ပြီးမှ ဒီMode ကို ချိန်းပေးရတာပါ။ ရွှံ့နွံ လမ်းကြမ်းတွေမှာသုံးတာပါ။

4LLC ကတော့ Low range Gear lock center ဖြစ်စေတာပါ။ သူ့ကိုသုံးရင်လဲကားရပ်ပြီးမှာ Gear mode ကို ချိန်းပေးရမှာပါ။တောတွေတောင်ကုန်းငယ်တွေတက်တဲ့အခါသုံးပါတယ်။

နောက် ပုံမှန်ဂီယာမှာ
P ဆိုတာ ပါကင် ရပ်ထားတာပါ။
R ဆိုတာ နောက်ဆုတ်ခြင်းပါ။
N ဆိုတာ NEUTRAL ဂီယာပါ။
D ဆိုတာ DRIVE ရှေ့သို့မောင်းနှင်ခြင်းပါ။
+/- (သို့) M +/- ဆိုတာ အော်တိုမှမန်ငြူ ရယ် ချိန်းပြီး ကိုယ်တိုင် ဂီယာ အတိုး/အလျော့ လုပ်တာပါ။

=====================

Credit-Original Writer
#လဝန်းသစ်ကားဝပ်ရှော့

Want your business to be the top-listed Autos & Automotive Service in Lashio?
Click here to claim your Sponsored Listing.

Website

Address


ပါရမီလမ်းသွယ် 12
Lashio