Daniel's English Home
08/07/2025
🫰🫰စနေနေ့တုန်းကအတန်းသားလေးတွေနဲ့ free Speaking classဆိုတဲ့ social club လေးစတင်ခဲ့ပါပြီ။🫰🫰
Level ကတော့ pre intermediate အတန်းလေးဖြစ်ပါတယ်။ Speaking ဆိုတဲ့အတိုင်း Vocabulary ကြွယ်ဝဖို့အလို့ငှာ Topicအလိုက် Vocabulary တွေ Reading နဲ့မပါမဖြစ် Grammar patterns လေးကိုအရင်းပြုထားပါတယ်ဗျ။ သင်တန်းသား သင်တန်းသူတွေ အားတတ်သရောပါဝင်ကြတာ ချစ်ဖို့ကောင်းချက်ပဲ။
💃💃🕺🕺Social club ကိုစိတ်ဝင်စားတယ်ဆိုရင် နောက်မကျသေးဘူးနော် စာရင်းတွေလာပေးလို့ရသေးတယ်နော်။
📢📢📢 #အင်္ဂလိပ်သင်တန်း
တစ်ချို့ကလေးတွေမှားနေတာလေးတွေတွေ့တော့မနေနိုင်မထိုင်နိုင်တဲ့ ဒီဆရာကပြောပြဦးမယ်။
🧐 ဘာလို့ “I Prefer Tea to Coffee” လို့ပြောပြီး “Than” မသုံးတာလဲ?
အင်္ဂလိပ်ဘာသာစကားမှာ
➡️ “prefer” ဆိုတဲ့ကြိယာနဲ့တွဲသုံးတဲ့ comparison အတွက် "to" ကိုသုံးတာပါ။ "than" မဟုတ်ပါဘူး။
များသောအားဖြင့် Degree Comparison ဆိုပြီးကျောင်းစာမှာပါတဲ့ Adj-er than နဲ့ more Adj than လို့သိကြတာများပါတယ်။ နိူင်းယှဉ်တာကြီးတူပေမယ့် အသုံးအနှုန်းတွေကတော့ကွာပါတယ်။
✅ မှန်ကန်တဲ့ပုံစံ
I prefer tea to coffee.
She prefers books to movies.
❌ မှားနေတဲ့ပုံစံ
I prefer tea than coffee.
She prefers books than movies.
🤔 ဘာကြောင့် “to” ဆိုတာမှန်တာလဲ?
“Prefer” ဟာ နာမ်နှစ်ခု (သို့) -ing ပါတဲ့ကြိယာများကို နှိုင်းယှဉ်တဲ့အခါမှာ
parallel structure ကိုလိုအပ်တယ်။
ဒီမှာ သုံးသင့်တာက “to” ဖြစ်ပြီး
“than” ဆိုတာကတော့ adjective comparison အတွက်သာ သုံးတာပါ။
📌 ဥပမာများ:
I prefer walking to driving.
They prefer working at home to going to the office.
ဒါက တူညီတဲ့အမျိုးအစား (verb+ing / noun) နှစ်ခုကို နှိုင်းယှဉ်တာပါ။
📍 “Than” ကိုတော့ “taller than,” “more beautiful than” တို့လို
နှိုင်းယှဉ်ခြင်းပြနာမဝိသေသန (comparative adjectives) မှာ သုံးပါတယ်။
#အင်္ဂလိပ်သင်တန်း
Click here to claim your Sponsored Listing.
Category
Contact the school
Telephone
Website
Address
Lashio