LNRC Lashio

LNRC Lashio

Share

20/01/2023

သွေးတိုးရောဂါဆိုတာ ဘာလဲ?
Hypertension ဆိုတာကို သွေးတိုးတယ်လို့ လူသိများပါတယ်။ သွေးပမာဏမြင့်မားပြီး သွေးလွှတ်ကြောနံရံတွေကို ဆန့်ကျင်တွန်းကန်လာတဲ့အခါဖြစ်ပေါ်တဲ့ အခြေအေနေဖြစ်ပါတယ်။ နှလုံးကနေ သွေးလွှတ်ကြောသို့ သွေး ညှစ်ထုတ်လိုက်တာနဲ့ သွေးစီးဆင်းမှုက သင့်ရဲ့သွေးကြောနံရံတွေကို တွန်းတဲ့အခါ သွေးဖိအားအဆက်မပြတ်ပြောင်းလဲစေပါတယ်။ ဒီလို သွေးဖိအားမြင့်တက်ခြင်းက အချိန်ကြာမြင့်စွာဖြစ်နေမယ်ဆိုရင်တော့ သင့်ခန္ဓါကိုယ်မှာ အန္တရာယ်ဖြစ်နိုင်ပါတယ်။

သွေးတိုးရောဂါ အမျိုးအစားများစွာရှိပါတယ်။ ဒါပေမယ့်, အဓိကအမျိုးအစားများကတော့ :

Primary hypertension,(essential hypertension , idiopathic hypertension လို့လည်းသိထားကြပါတယ်)

Secondary hypertension (အောက်ခံအကြောင်းရင်းတစ်ခုခုကြောင့်ဖြစ်တာဖြစ်ပါတယ်။)

Isolated systolic hypertension;

Preeclampsia, (ကိုယ်ဝန်ဆောင်ကာလ သွေးတိုးခြင်း) စတာတွေဖြစ်ပါတယ်။

သင် သို့မဟုတ်သင် အလေးထားတဲ့သူမှာ သွေးတိုးရောဂါရှိလျှင် ဆေးဘက်ဆိုင်ရာ ကုသမှုခံယူခြင်းက အရေးကြီးပါတယ်။

သင့်ရဲ့သွေးပေါင်ချိန်နံပါတ်များက ဘယ်လိုအဓိပ္ပါယ်လဲ?
သင့်ရဲ့သွေးပေါင်ချိန်မှာ ဂဏန်း၂မျိုး ပါဝင်ပါတယ်။ သင့်ခန္ဓါကိုယ်မှာ လည့်ပတ်နေတဲ့ သွေးကြိမ်နုန်းကို တိုင်းတာတာဖြစ်တယ်။

– Systolic (အပေါ်ကိန်း) ကတော့ပိုများတဲ့ပမာဏတစ်ခုပါ။ နှလုံးခုန်တဲ့အခါ သွေးကြောထဲမှာဖြစ်သွားတဲ့ ဖိအားကို တန်ဖိုးကိုတိုင်းတာတာပါ။ ဒါဟာ နှလုံးကြွက်သားကျုံ့ညှစ်တဲ့အချိန်မှာ ဖြစ်လာပါတယ်။

– Diastolic (အောက်သွေး) ကတော့ ပိုနည်းတဲ့ပမဏဖြစ်ပြီး နှလုံးခုန်သံ တစ်ချက်နဲ့တစ်ချက်ကြားထဲက သွေးကြောထဲမှာဖြစ်သွားတဲ့ ဖိအားကို တိုင်းတာခြင်း ဖြစ်ပါတယ်။ ဒီအချိန်ဟာ နှလုံးက ခဏနားနေပြီး သွေးပြန်ဖြည့်နေတဲ့အချိန်ဖြစ်ပါတယ်။

ပြင်းထန်မှုပေါ်မူတည်ပြီး သွေးတိုးခြင်းကို အောက်ပါအတိုင်း ခွဲခြားနိုင်ပါတယ်:

Prehypertension: 120/80 mmHg or higher

Advertisement

Stage 1 high blood pressure: 140/90 mmHg or higher

Stage 2 high blood pressure: 160/100 mmHg or higher

Hypertensive crisis (a life-threatening condition): 180/110 mmHg or higher

American Heart Association ၏အဆိုအရ 120/80 mmHg နဲ့ 90/60 mmHg ကြား ပမာဏကို သွေးပေါင်ချိန်ပုံမှန် ဖြစ်တယ်လို့ မှတ်ယူပါတယ်။ တစ်ခါလေးတိုင်းရုံနဲ့ သွေးတိုးရျိတယ်လို့ မှတ်လို့မရပါ။15 မိနစ်အကြာမှာတစ်ခါထပ်တိုင်းပြီးမှ သွေးတိုးနေပြီလို့ သတ်မှတ်ရမှာပါ။

သင့်ရဲ့သွေးပေါင်ချိန်ဖတ်တာဟာ တသမတ်တည်း 140/90 mmHg အထက်ရောက်နေရင် သွေးတိုးရောဂါဖြစ်နေပြီလို့ ဆိုနိုင်ပါသည်။ ဒါဟာသင့် သွေးတွေက ဖိအားပိုမြင့်နေပြီး သွေးကြောတွေရော ကိုယ်တွင်းအင်္ဂါအပေါ်ပိုပြီးဖိအားပေး ထိခိုက်နေပြီလို့ဆိုလိုပါတယ်။

ဘယ်လိုအချက်တွေကြောင့် စိုးရိမ်ပူပန်သင့်ပါသလဲ?
သွေးတိုးရောဂါဟာ အန္တရာယ်ရှိတယ်လို့ မခံစားရပေမဲ့ နှလုံးသွေးကြောဆိုင်ရာရောဂါ, နှလုံးရပ်ခြင်း လေဖြတ်ခြင်းနှင့်ကျောက်ကပ်ပျက်ခြင်း စတဲ့အခြေအနေများဖြစ်ပေါ်စေနိုင်ပါတယ်။ သွေးတိုးဝေဒနာရှင်လူအများစုဟာ ရောဂါလက္ခဏာမပြပဲရှိတတ်ပြီး ဒါကြောင့် “အသံတိတ်လူသတ်သမား လို့ခေါ်ဆိုတာ ဖြစ်ပါတယ်။

သွေးတိုးရောဂါဖြစ်စေတဲ့ အကြောင်းတရားများက ဘာတွေလဲ?
သွေးတိုးဖြစ်စေတဲ့ အတိအကျအကြောင်းရင်း မရှိပေမယ့်ဆေးဘက်ဆိုင်ရာကျွမ်းကျင်သူတွေက သွေးတိုးစေနိုင်သောအချက်များကို ဖော်ထုတ်ထားပါတယ်။ primary hypertension နဲ့ secondary hypertension ဆိုပြီး ၂မျိုးရှိပါတယ်။

primary hypertension
Essential hypertension လို့လည်း လူသိကြပါတယ်။ အဖြစ်အများဆုံးအမျိုးအစားဖြစ်ပါတယ်။ နောက်ခံအကြောင်းရင်းလည်းမရှိတဲ့ရောဂါ ဖြစ်ပါတယ်။ လေ့လာချက်များအရ မျိုးရိုးဗီဇ, အသက်နှင့်မျိုးနွယ် စတာတွေနဲ့ ပတ်သက်လိမ့်မယ်လို့ တွေးထားကြပါတယ်။ သည်အခြားအချက်တွေဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း, အဝလွန်ခြင်း, ဆေးလိပ်သောက်ခြင်း, အစားအသောက်ထဲတွင်အတွက် အရက်နှင့် ဆားများများ စားသုံးမှုတို့လည်း ပါဝင်ပါတယ်။

Advertisement

Secondary hypertension.
secondary hypertension ကိုဖြစ်စေတဲ့ အချက်တွေမှာ အိပ်ပျော်စဉ်အသက်ရှူကျပ်ခြင်း, ကျောက်ကပ်ရောဂါ, နှလုံးရောဂါအခြေအနေများနှင့် ထိခိုက်ဒဏ်ရာများ သို့မဟုတ် adrenal ဂလင်းမူမမှန်ဖြစ်ခြင်း စတာတွေပါဝင်ပါတယ်။ဤအခြေအနေများက သွေးပေါင်ချိန်တက်စေနိုင်ပြီး သွေးတိုးရောဂါဖြစ်စေနိုင်ပါတယ်။

တချို့သော ဆေးတွေ ဥပမာ အီစရိုဂျင်ပါဝင်တဲ့ ကိုယ်ဝန်တားဆေးများ, steroids နှင့် သွေးကြောကျဉ်းစေတဲ့ ဆေးတွေက သွေးပေါင်တက်စေပါတယ်။ တချို့အမျိုးသမီးတွေမှာတော့ကိုယ်ဝန်ရှိတာ သို့မဟုတ်ဟော်မုန်းကုထုံးတွေက သွေးဖိအားတိုးစေပါတယ်။ ပုံမှန်အားဖြင့် ဆေးကုသမှုခံယူပြီးရင် ပုံမှန်ပြန်ဖြစ်လာပါလိမ့်မယ်။ ဒီကုသမှုက ရက်သတ္တပတ်အတော်ကြာမှာဖြစ်ပြီး သင့်ရဲ့သွေးပေါင်ချိန် ဆက်ပြီး မြင့်မားနေတယ်ဆိုရင် သင့်ဆရာဝန်နဲ့စကားပြောသင့်ပါတယ်။

သွေးတိုးရောဂါရဲ့ ဖြစ်ဖို့ အားပေးတဲ့ အချက်များကဘာတွေလဲ?
အချက်များစွာ ရှိပါတယ်။ သင့်မှာ အောက်တွင်ဖော်ပြထားသော အချက်များ တစ်ခုထက်ပို ရှိပါက ဖြစ်နိုင်ချေများပါတယ်။

– အသက်အရွယ်: အမျိုးသမီးများက အသက် ၆၅ နှစ်နောက်ပိုင်းမှာဖြစ်နိုင်ချေ များပြီး အမျိုးသားတွေကတော့ အသက် ၄၅ နောက်ပိုင်းမှာ ဖြစ်တာပိုများပါတယ်။

– လူမျိုး : လေ့လာချက်တွေအရ African-Americans တွေက သွေးတိုးဖြစ်တာ ပိုများပါတယ်။

လိင် : အသက် ၅၅ မတိုင်ခင် ယောက်ျားလေးတွေက သွေးတိုးဖြစ်ဖို့ ပိုများပြီး ၅၅ နောက်ပိုင်းမှာတော့ မိန်းကလေးတွေက ပိုဖြစ်ပါတယ်။

မိသားစုရာဇဝင် : သင့်ရဲ့ မိသားစုဝင်များ (မိဘသို့မဟုတ်မောင်နှမ) တွေမှာ သွေးတိုးရှိနေပြီဆိုရင် သင့်မှာ ဖြစ်နိုငိချေ များနေပါပြီ။

ကိုယ်အလေးချိန်များနေခြင်း သို့မဟုတ်အဝလွန်ခြင်း: သင့်အလေးချိန်နဲ့ သင့်ရဲ့အရပ် အမြင့်က မကိုက်ပဲ ကျန်းမာရေးနဲ့မညီညွတ်တဲ့အခါ သွေးတိုးရောဂါဖွံ့ဖြိုးဖို့ ဖြစ်နိုင်ခြေရှိပါတယ်။

ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း : ကိုယ်အလေးချိန်များနေခြင်း သို့မဟုတ်အဝလွန်ခြင်း တို့ဖြစ်နိုင်ပါတယ်။

အစားအသောက် မညီမျှခြင်း : ဆားများခြင်း သို့မဟုတ် ပိုတက်စီယမ်ဓါတ် နည်းခြင်းတွေက ခန္ဓါကိုယ်မှ အရည်များဆွဲယူထားမှုကြောင့် သွေးတိုး စေနိုင်ပါတယိ။

အရက်နှင့်ဆေးလိပ်: အရက်သို့မဟုတ်ဆေးလိပ်အလွန်အကျွံ သုံးစွဲတာက သွေးပေါင်ချိန်မြင့်တက်စေနိုင်ပါတယ်။

ဒီလို အားပေးတဲ့အချက်တွေကို နားလည်ခြင်းက သင့်ရောဂါ ပိုမိုဆိုးရွားလာခြင်းမှ တားဆီးပေးနိုင်ပါတယ်။။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
သွေးတိုးရောဂါ၏ရောဂါလက္ခဏာတွေကဘာတွေလဲ?
ကိစ္စ အများစုမှာ သွေးတိုးရောဂါဆိုတာ သိသာတဲ့ လက္ခဏာတွေမပြဘဲဖြစ်ပွားနိုင်ပါတယ်။ ရောဂါလက္ခဏာတွေဖြစ်ပြီဆိုရင် ခေါင်းကိုက်ခြင်း, ရင်တုန်ခြင်း သို့မဟုတ် နှာခေါင်းသွေးလျှံခြင်း စတာတွေဖြစ်နိုင်ပါတယ်။ ဒါကြောင့်တခါတရံ “အသံတိတ်လူသတ်သမား လို့ခေါ်ဆိုတာ ဖြစ်ပါတယ်။

သင့်မှာ ဖြစ်နိုင်ချေ မြင့်စေတဲ့ အချက်များရှိပါက သွေးတိုးရောဂါကို စောစောသိနိုင်ဖို့ မှန်မှန် သွေးပေါင်ချိန်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ တွေ့သင့်သလဲ?
သင့်မှာ သွေးတိုးရှိတယ်လို့ သံသယရှိလျှင် ဆရာဝန်ကိုဆက်သွယ်သင့်ပါတယ်။ သွေးတိုးရောဂါကို စောစောသိနိုင်ဖို့ သွေးပေါင်ချိန် သေချာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ခေါင်းကိုက်ခြင်း, မူးဝေခြင်း, နဲ့ နှာခေါင်းသွေးလျှံခြင်းစတဲ့ လက္ခဏာတွေဖြစ်နေပြီဆိုရင် သင့်ခန္ဓါကိုယ်က စတင် ပျက်စီးနေပြီဖြစ်ပါတယ်။

သွေးတိုးရောဂါကို ဘယ်လို စမ်းသပ်နိုင်သလဲ?
သင့်ဆရာဝန်က သွေးတိုးရောဂါရှာဖွေရန် ဖြစ်နိုင်ချေများစေသော အချက်များ, မိသားစုရာဇဝင် , ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုတွေ နှင့်သင့်သွေးပေါင်ချိန်ပမာဏ ကိုကြည့်ပြီး အကဲဖြတ်ပါလိမ့်မယ်။

ဆရာဝန်သို့မဟုတ်သူနာပြုက gauge , stethoscope (သို့မဟုတ်အီလက်ထရောနစ်အာရုံခံကိရိယာ) နှင့် pressure cuff တွေသုံးပြီးတိုင်းတာပါလိမ့်မယ်။

စမ်းသပ်မှုများအတွက်ပြင်ဆင်ထားရန်:

စမ်းသပ်မှုမစခင် မိနစ် ၃၀ အလိုမှာ ကော်ဖီ သို့မဟုတ် စီးကရက်မသောက်ပါနဲ့။ ဤလုပ်ရပ်များက သင့် သွေးဖိအားကို ခဏမြင့်တက်စေနိုင်ပါတယ်။

စမ်းသပ်မှုမစခင် သန့်စင်ခန်းကိုသွားပါ။ ဆီးအိမ်တင်းနေရင် သင့် သွေးဖိအား ပြောင်းလဲနိုင်ပါတယ်။

ဆက်လက်ဖတ်ရှုမည်။

စမ်းသပ်မှုမပြုလုပ်မီ 5 မိနစ်အလိုမှာ ငြိမ်ငြိမ် ထိုင်နေပါ။ လှုပ်ရှားနေခြင်းက သွေးဖိအားအတွက် ခဏတာ မြင့်တက်စေနိုင်ပါတယ်။

သင့်ရဲ့သွေးပေါင်ချိန်က 140/90mmHg ကျော်နေလျှင်, သင့်ဆရာဝန်က သွေးတိုးရောဂါရှိတယ်လို့ သတ်မှတ်ပါလိမ့်မယ်။ သင့်မှာ ဆီးချိုရောဂါ ဒါမှမဟုတ် နာတာရှည်ကျောက်ကပ်ရောဂါရှိပါက 130/80 mmHg ထက် ပိုမိုမြင့်မားတဲ့သွေးဖိအားကို သွေးတိုးရောဂါလို့ သတ်မှတ်ပါတယ်။

အကူအညီပေးနိုင်တဲ့ အခြားဆေးဘက်ဆိုင်ရာစမ်းသပ်ချက်တွေ ရှိပါသလား?
အခြားစမ်းသပ်မှုများကတော့

– ဆီးစစ်ခြင်း

– electrocardiogram (ECG)

– ရင်ဘတ်ဓါတ်မှန်ရိုက်ခြင်း

– computed tomography (CT) scan က

ဒီစမ်းသပ်မှုတွေက သင့်သွေးဖိအား တက်စေနိုင်သော ဘယ်အကြောင်းရင်းကို မဆို ဖော်ထုတ်ပေးနိုင်ပါတယ်။ အကြောင်းရင်းလည်းမရှိဘူးဆိုရင် သင့်ရောဂါကို primary hypertension လို့သတ်မှတ်ပါလိမ့်မယ်။

သွေးတိုးရောဂါများအတွက်ကုသမှုက ဘာတွေလဲ?
ကုသမှုရဲ့ အဓိက ရည်မှန်းချက်တွေကတော့သင့်သွေးဖိအားကို 140/90 mmHg အောက်မှာ ထားဖို့ ဖြစ်ပါတယ်။ သင့်မှာ ဆီးချိုရောဂါဒါမှမဟုတ်နာတာရှည်ကျောက်ကပ်ရောဂါရှိပါက သင့်သွေးဖိအားကို 130/80 mmHg အောက်မှာ ထားဖို့ ပိုလိုပါတယ်။

လူနေမှုပုံစံပြောင်းလဲမှု
သွေးတိုးရောဂါအတွက်ကုသမှုတွေက လူနေမှုပုံစံ ပြောင်းလဲနေတာကနေ ဆေးဝါးများ အသုံးပြုတဲ့အထိ ကွဲပြားခြားနားပါတယ်။ သင့်ရဲ့ သွေးဖိအားတိုးတာက အရမ်းမပြင်းထန်လျှင်, သင့်ဆရာဝန်က ပထမဆုံး လူနေမှုပုံစံပြောင်းလဲဖို့ ညွှန်ကြားပါလိမ့်မယ်။

သင့်ရဲ့သွေးပေါင်ချိန်က ထိန်းချုပ်မှုအောက်မှာ ရှိနေပြီဆိုတာနဲ့ , ဆေးသောက်ဖို့လိုအပ်ပါလိမ့်မယ်။ “ထိန်းချုပ်မှုအောက်မှာရှိနေတယ်” ဆိုတာက သင့်သွေးဖိအားနံပါတ်များက ပုံမှန် ပမာဏအတွင်းမှာရှိနေတယ်လို့ ဆိုလိုတာဖြစ်ပါတယ်။ သင့်ဆရာဝန်က အချိန်မှန် သွေးဖိအားစမ်းသပ်မှုလုပ်ဖို့ အကြံပြုမှာဖြစ်ပြီး ဘယ်နှစ်ခါတိုင်းရမယ်ဆိုတာ ပြောပြမှာဖြစ်ပါတယ်။

ဆေးဝါးများ
အပေါ်ကနည်းနဲ့အလုပ်မဖြစ်တာ သို့မဟုတ်သင့်မှာ ပိုဆိုးတဲ့ သွေးဖိအားရောဂါဖြစ်နေတယ်ဆိုရင် သင့်ဆရာဝန်က ဆေးဝါးနဲ့ကုသဖို့ ညွှန်ကြားပါလိမ့်မယ်။ သွေးတိုးရောဂါကို ကူညီပေးနိုင်တဲ့ဆေးတွေကတော့ –

Water pill အဖြစ်လူသိများတဲ့ ဆီးဆေးတွေကတော့ , ရေနဲ့ ဆားကို စွန့်ထုတ်စေခြင်းဖြင့် ဖိအားကျစေကာ သွေးပေါင်ချိန်ကိုလျော့နည်းစေပါတယ်။

Beta blockersတွေက နှလုံးပေါ်သက်ရောက်တဲ့ အားပမာဏလျှော့ချပေးတာတွေ သွေးကြောကျယ်ပေးတာတွေ နဲ့ အလုပ်လုပ်ပါတယ်။

Calcium channel blockersတွေက သွေးကြောတွေ ဖြေလျော့စေပြီး နှလုံးခုန်နှုန်းနှေးစေနိုင်ပါတယ်။

Angiotensin-converting inbibitor (AOE )သွေးကြောကျဉ်းအောင်လုပ်ပေးတဲ့ အင်ဇိုင်းတွေ ဖွဲ့စည်းခြင်းကို ပိတ်ဆို့ထားပြီး သွေးကြောတွေ ကျယ်စေပါတယ်။

Angiotensin II receptor blockers (ARBs) သည်လည်း သွေးကြောကျဉ်းအောင်လုပ်ပေးတဲ့ အင်ဇိုင်းတွေ ဖွဲ့စည်းခြင်းကို ပိတ်ဆို့ထားပြီး သွေးကြောတွေ ကျယ်စေပါတယ်။

Renin inhibitor တွေက ကျောက်ကပ်ကနေထုတ်လုပ်တဲ့ သွေးဖိအားမြင့်ပေးတဲ့ renin ဆိုတဲ့ enzyme ထုတ်လုပ်မှုကို နှေးကွေးစေပါတယ်။

Vasodilators တွေက သွေးကြောတွေအပေါ်တိုက်ရိုက်သက်ရောက်ပြီး ကျယ်စေကာ သွေးကြောနံရံကို တွန်းစေတဲ့ ပမာဏကို လျှော့ချခြင်းဖြင့် အလုပ်လုပ်ပါတယ်။

သင့်ဆရာဝန်က သင့်တိုးတက်မှုကို စောင့်ကြည့်ပြီး ဆေးပမာဏပြောင်းခြင်း သို့မဟုတ် ဆေးထပ်တိုးခြင်း စတာတွေလုပ်ဆောင်ပြီး သင်နဲ့ သင့်တော်မှုရှိတဲ့ ဆေးကို သိအောင်လုပ်ပါလိမ့်မယ်။ ဘယ်ကုသမှုက သင်နဲ့ အသင့်တော်ဆုံးဆိုတာသိရဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။

အရေးပေါ်ကုသမှု
သင် သွေးတိုးရောဂါဖောက်လာပြီဆိုရင် အရေးပေါ်ခန်းသို့မဟုတ်အထူးကြပ်မတ်ဆောင်မှာ ကုသခံရဖို့လိုအပ်ပါလိမ့်မယ်။ သင့် နှလုံးနှင့်သွေးကြောတွေကို စောင့်ကြည့်သွားမှာ ဖြစ်ပြီး အောက်စီဂျင်ပေးတာ ဆေးပေးတာတွေနဲ့ သင့်သွေးပေါင်ချိန်ကို လုံခြုံတဲ့ ပမာဏရောက်အောင် ချထားပါလိမ့်မယ်။

သွေးတိုးရောဂါ၏နောက်ဆက်တွဲဆိုးကျိုးများက ဘာတွေလဲ?
သွေးတိုးတာ အချိန်ကြာလာတာနဲ့အမျှ ခန္ဓါကိုယ်ပျက်စီးစေနိုင်ပါတယ်။ သွေးတိုးရောဂါရဲ့ ဆိုးကျိုးများကို အောက်တွင်ဖော်ပြထားပါတယ်

နှလုံးပျက်စီးခြင်း
နှလုံးပျက်တယ်ဆိုတာ ခန္ဓါကိုယ်ရဲ့လိုအပ်ချက်များကို ဖြည့်ဆည်းရန်လုံလောက်သောသွေးပမာဏကို ညှစ်ထုတ်ပေးနိုင်စွမ်းမရှိတော့တာ ဖြစ်ပါတယ်။ ဒီအခြေအနေက နှလုံးကို ကျယ်စေပြီး အားပျော့လာစေပါတယ်။

Arterial aneurysms:
Aneurysms ဆိုတာ သွေးကြောထဲမှာဖြစ်တာပါ။Aneurysm ဆိုတာကတော့ သွေးလွှတ်ကြောနံရံရှိ ပုံမှန်မဟုတ်သောဖောင်းကြွနေမှုကို ခေါ်တာဖြစ်ပါတယ်။ Aneurysms အဖြစ်များတဲ့နေရာတွေကတော့ နှလုံးထဲက သွေးကို ခန္ဓါကိုယ်ထိ သယ်ဆောင်သောအဓိကသွေးလွှတ်ကြောများ၊ ဦးနှောက်ထဲမှသွေးလွှတ်ကြောများ , ခြေထောက်နှင့်အူ ၊သရက်ရွက် ကိုသွားသော သွေးလွှတ်ကြောများ ဖြစ်ပါတယ်။

ကျောက်ကပ်ပျက်စီးခြင်း
ကျောက်ကပ်အတွင်းမှသွေးကြောများ ကျဉ်းပြီး ကျောက်ကပ်ပျက်စီးပါတယ်။

နှလုံးရောဂါနှင့်လေဖြတ်ခြင်း: ခန္ဓါကိုယ်တစ်လျှောက်လုံးက သွေးလွှတ်ကြော (အထူးသဖြင့်နှလုံး, ဦးနှောက်, ကျောက်ကပ်, ခြေထောက်ကိုသွားတဲ့) တွေ ကျဉ်းပြီး သွေးမရောက်တော့လို့ဖြစ်ပါတယ်။ ဒါကheart attack , လေဖြတ်ခြင်း, ကျောက်ကပ်ပျက်ခြင်း ဒါမှမဟုတ်ခြေပြတ်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

မျက်စိအခြေအနေများ:
မျက်စိထဲက သွေးကြောတွေပေါက်ပြီး သွေးစိမ့်နိင်ပါတယ်။ ဒါဟာ အမြင်အာရုံ ပြောင်းလဲမှုများသို့မဟုတ် မျက်စိကွယ်တာအထိ ဖြစ်နိုင်ပါတယ်။

သွေးတိုးရောဂါကို ဘယ်လို စီမံခန့်ခွဲနိုင်သလဲ
သင့်ဆရာဝန်ရဲ့ကုသမှုအစီအစဉ်ကို လိုက်နာပါ။ ဒါဟာ နောက်ဆက်တွဲပြသနာတွေကို တားဆီးဖို့ နှောင့်နှေးစေဖို့လုပ်ပေးပြီး သင်အသက်ပိုရှည်အောင် ကူညီပေးနိုင်ပါတယ်။ သင့်မှာ သွေးတိုးရောဂါ မိသားစုရာဇဝင် ရှိပါက, သင့် အန္တရာယ်များကိုလျှော့ချဖို့ ဆရာဝန်နှင့်အတူ တိုင်ပသ်သင့်ပါတယ်။

ယေဘုယျအားဖြင့် အောက်ပါနည်းတွေနဲ့ စီမံခန့်ခွဲနိုင်ပါတယ်။

– ကျန်းမာပြီး ဆိုဒီယမ်ပမာဏနည်းတဲ့ အစားအစာ စားခြင်း။

– ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း

– ကျန်းမာသော ကိုယ် အလေးချိန်ကိုဆက်လက်ထိန်းသိမ်းထားကခြင်း

– ဆေးလိပ်ဖြတ်ခြင်း

– ညွှန်ကြားတဲ့ဆေးတွေကို dose မလွတ်ပဲ အချိန်မှန်သောက်ခြင်း

– အိမ်မှာသွေးပေါင်ချိန်ကိရိယာနဲ့ မှန်မှန် သွေးပေါင်ချိန်ခြင်း

– သင့် ကျန်းမာရေးနှင့်သွေးတိုးရောဂါနှင့် ဘယ်လိုနေထိုင်ရမလဲဆိုတာကို သိလိုတာတွေရှိပါကဆရာဝန်နှင့် တိုင်ပင်ခြင်း စတာတွေဖြစ်ပါတယ်။

Hello Health Group သည် ကျန်းမာရေးအကြံပေးမှု, စမ်းသပ်မှုနှင့် ကုသမှုတို့ လုပ်ဆောင်မည်မဟုတ်ပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

What is high blood pressure? http://www.nhlbi.nih.gov/health/health-topics/topics/hbp. Accessed 22/07/2015.

About high blood pressure. http://www.heart.org/HEARTORG/Conditions/HighBloodPressure/AboutHighBloodPressure/About-High-Blood-Pressure_UCM_002050_Article.jsp. Accessed 22/07/2015.

High blood pressure facts. http://www.cdc.gov/bloodpressure/facts.htm.

01/01/2023
Want your practice to be the top-listed Clinic in Lashio?
Click here to claim your Sponsored Listing.

Category

Website

Address


Lashio