Lapyae

Lapyae

Share

18/05/2024

With Habits & Ideas Sharing – I just got recognized as one of their top fans! 🎉

08/04/2024

" တစ်ခါတစ်ရံ "

ကိုယ်မှန်သလား
မှားသလား သေချာမသိပေမဲ့ ကိုယ့်ကြောင့်
နစ်နာသွားမလားဆိုတဲ့ ကိုယ်ချင်းစာစိတ်နဲ့
အရာရာကို ခွင့်လွတ်ပေးနိုင်အောင်နေခဲ့ဖူးတယ်။

ပြောသင့်လား
မပြောသင့်ဘူးလားဆိုတာ
ကိုယ်တိုင် သေချာမဝေခွဲနိုင်ပေမဲ့
ကိုယ့်ကြောင့်သူတို့ ထိခိုက်သွားမှာစိုးလို့
အရာရာကို ရေငုံနူတ်ပိတ်နေခဲ့ဖူးတယ်။

မြင်နေရ တွေ့နေရပေမဲ့
မေးသင့်လား မမေးသင့်ဘူးလားဆိုတာ
ကိုယ်တိုင်မဆုံးဖြတ်နိုင်ပေမဲ့ ကိုယ့်ကြောင့်သူတို့
အနှောက်အယှက်ဖြစ်သွားမလားလို့တွေးပြီး
အရာရာမသိသလို ဟန်ဆောင်ပေးခဲ့ရဖူးတယ်။

လုပ်သင့်လား
မလုပ်သင့်လားဆိုတာ
ကိုယ်တိုင် မစဉ်းစားတတ်သေးပေမဲ့
ကိုယ့်ကြောင့်သူတို့ နာကျင်သွားမလားဆိုတဲ့ စိတ်နဲ့
အရာရာ အရှုံးပေးလိုက်ခဲ့ဖူးတယ်။

တုန့်ပြန်သင့်လား
ခွင့်လွှတ်သင့်လားဆိုတာ
ကိုယ်တိုင် နားမလည်သေးပေမဲ့
ကိုယ့်ကြောင့် သူတို့အဆင်မပြေဖြစ်သွားမလားဆိုတဲ့
စိတ်နဲ့အရာရာ လက်လွတ်ခဲ့ဖူးတယ်။

တစ်ခါတစ်ရံ ကိုယ်မှန်တယ်ဆိုပေမဲ့
တစ်ပါးသူအတွက် နစ်နာမှာစိုးတဲ့စိတ်နဲ့
အမှန်တရားကို ချနင်းခဲ့ရတာမျိုး။

တစ်ခါတစ်ရံ ပြောသင့်ဖြေရှင်းသင့်ပေမဲ့
တစ်ပါးသူတွေ ထိခိုက်မှာစိုးတဲ့အတွက်
စကားလုံးတွေကို မျိုသိပ်သိမ်းဆည်းပေးလိုက်ရတာမျိုး။

တစ်ခါတစ်ရံ မေးသင့်မေးထိုက်ပေမဲ့
တစ်ပါးသူစိတ်ထဲ အနှောက်အယှက်ရသွားမှာစိုးလို့
မသိသလိုဟန်ဆောင် ပေးခဲ့ရတဲ့အခိုက်အတန့်မျိုး။

တစ်ခါတစ်ရံ လုပ်သင့်လုပ်ထိုက်ပေမဲ့
တစ်ပါးသူနာကျင် ဒဏ်ရာရသွားမှာစိုးလို့
အလျော့ပေးအရှုံးခံအညံ့ပေးလိုက်ရသလိုမျိုး။

တစ်ခါတစ်ရံ တန်ပြန်တုန့်ပြန်သင့်ပေမဲ့
တစ်ပါးသူ အဆင်မပြေဖြစ်သွားမှာစိုးလို့ ခွင့်လွတ်ခဲ့ရတဲ့
အချိန်မျိုး တကယ်ကို ဘဝမှာရှိခဲ့ဖူးတယ်။

©® မိုးရည်စက်များ
❀ စာပေချစ်သူများကို အစဉ်လေးစားလျှက် ❀

မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
____________________________________
မူရင်းရေးသူအား
Credit_ပေးပါသည်
_________________

#ကျနော်သိပ်အားနာတက်တယ် #တစ်ခါတစ်ရံ
#ချစ် #မိတ်ဆွေ #မူရင်းရေးသားသူကို ေးပါသည်
#စာပေဟောပြောပွဲ #စာပေချစ်သူ #ဘဝစာပေ
#ဖတ်မိဖတ်ရာစာစုများ #ဗဟုသုတစာပေ

Want your public figure to be the top-listed Public Figure in Lashio?
Click here to claim your Sponsored Listing.

Category

Telephone

Address


Lashio