Friendship Cafe
13/09/2024
What is specialty Coffee???
အထူးတန်းဝင် ကော်ဖီဆိုတာ ဘာလဲ???
ထူးတန်းဝင် ကော်ဖီအဖွဲ့အစည်း (SCA) ၏ ချမှတ်ဖော်ဆောင်ထားသော အထူးတန်းဝင်ကော်ဖီ စံနှုန်း ၁၀၀ ရာခိုင်နှုန်းတွင် ၈၀ မှတ်နှင့်အထက် ရရှိသော ကော်ဖီသို့မဟုက် အထူးတန်းဝင် အနံ့အရသာများကို အပြည့်အဝ အာမခံချက်ပေးနိုင်သော Arabica Coffee အားအခြေခံစိုက်ပျိုး ထုတ်လုပ်သည့် ကော်ဖီများကို ခေါ်ဆိုခြင်းဖြစ်သည်။
၄င်း ကဲ့သို့ အထူးတန်းဝင် ကော်ဖီအဖွဲ့အစည်း (SCA)၏ သက်မှတ် စံနှုန်းများကို လိုက်နာ ဖော်ဆောင် လေ့လာစမ်းစစ်ခြင်းအား Q grader များ ကော်ဖီ အရသာရှာဖွေမှု့အားကျွမ်းကျင်သူများမှ တိကျလိုက်နာစွာ သက်မှတ်ဖော်ဆောင် ထားခြင်းဖြစ်သည်။
အထူးတန်းဝင် ကော်ဖီများသည် ကျယ်ပြန့်နက်ရှိုင်းသည့် အနံ့အရသာနှင့် စစ်မှန်ကောင်းမွန်သည့် အထူး အရည်အသွေးပြည့်ဝသော ကော်ဖီများဖြစ်ကြသည်။ အထူးတန်းဝင် ကော်ဖီ (Specialty Coffee) များသည် တစ်ဦးတစ်ယောက်တည်းသော ကြိုးပမ်းမှု့များကြောင့်ဖြစ်တည်လာခြင်းမဟုက်ပါ။ ယင်းသို့ အထူးအရည်အသွေးပြည့်ဝ ကောင်းမွန်သော အထူးတန်းဝင်ကော်ဖီ တစ်ခွက်ဖြစ်ဖို့ စတင်စိုက်ပျိုးချိန်မှ အသင့်သောက်သုံးနိုင်သည်အထိ ကော်ဖီ ဖြစ်ပေါ်လာရေး လုပ်ငန်းစဥ်တစ်ခုလုံးဝင်ပါဝင်သော သူအားလုံး၏ ဟန်ချက်ညီစွာ တစ်စိုက်မက်မက် ကြိုးစားအားစိုက်ထုတ်မှု့များ အထူးလိုအပ်ပါသည်။ ထိုကဲ့သို့ အထူးဂရုစိုက်အလေးထား ကြိုးပမ်းခဲ့မှု့များကြောင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် မြောက်များစွာသော အထူးတန်းဝင် (Specialty Coffee) များအားရရှိနိုင်ပြီး ယနေ့စာဖတ်သူ၏ လမ်းတစ်ကမ်းတွင်ပင်လျှင် လွယ်ကူစွာ လက်ဝယ်ရယူနိုင်ခြင်းဖြစ်ပါသည်။ ယင်းသို့သော ဂရုစိုက် အလေးထားကြိုးပန်းအားထုတ်မှု့များကြောင့် Coffee ချစ်မြတ်နိုးသောသူများအတွက် မနက်ခင်းတိုင်းတွင် အရည်အသွေးပြည့်မှီပီး ရနံ့အရသာပြည့်စုံကောင်းမွန်သော ကော်ဖီကောင်းတစ်ခွက်အား ခံစားသောက်သုံးနိုင်သည်မှာ သတင်းကောင်းတစ်ရပ်ဖြစ်သည်။
ထူးတန်းဝင်ကော်ဖီအဖွဲ့အစည်း(SCA)၏တိုင်းတာမှု့များ
(SCA) အထူးတန်းဝင်ကော်ဖီအဖွဲ့အစည်းသည် ၄င်းတို့အခြေခံတိုင်းတာမှု့များ ဖြစ်သော Cupping (Taste Evaluation ) များဖြင့် Coffee Beans ကို Aroma, Flavor, Aftertaste, Acidity, Body, Balance, Uniformity, Sweetness, Cleanliness စတဲ့ parameters တွေအပေါ်မှတ်ပေးလေ့ရှိကြသည်။
Arabica Coffee စိုက်ပျိုးခြင်း ( Cultivation )
Arabica Coffee အခြေခံသော အထူးတန်းဝင်ကော်ဖီများစုသည် မူလဇစ်မြစ် (Origin) ဖြစ်သော Southwest Ethiopia , South Sudan in East Africa စသည့် ဒေသများတွင် အများဆုံးစိုက်ပျိုးလေ့ရှိကြသည်။ ကနဦးစိုက်ပျိုးမှု့များသည် ၁၀ ရာစုမတိုင်ခင်က Yemen နိုင်ငံတွင်စိုက်ပျိုးခြင်းပင်ဖြစ်သည်။ Shade-grown trees growing များဖြစ်ပီး မြေလွှာဖွဲ့စည်းမှု့ ကောင်းမွန်သော မြေဆီမြေသြဇာ ထူးခြားကောင်းမွန်ပီး High Altitudes အမြင့်ပေ ၁၂၀၀ မှ ၂၀၀၀ အမြင့်ရှိသော နေရာများတွင်သာ အထူးစိုက်ပျိုးလေ့ရှိကြသည်။ ရာသီဥတုပြောင်းလဲမှု့နှင့် အပင်ဖျက်ပိုးများ ဝင်ရောက်မှု့အား စိုက်ပျိုးသူတောင်သူများမှ အထူးအလေးထား ဂရုစိုက် အချိန်ပေးကြရသည်။ ယင်းကော်ဖီများသည် ( Bourbon, Typica, Gesha, etc.) စသည်ဖြင့် Varieties ပေါင်းများစွာရှိကြသည်။ Sensory ဟုခေါ်သော ရနံ့အရသာများတွင် Complex flavour attributes, higher acidity and sweetness များကိုအတွေ့များရပေလိမ့်မည်။
ကော်ဖီသီးဆွတ်ခူးခြင်း (Coffee Harvesting)
ကော်ဖီများကို ဆွတ်ခွတ်ရာတွင် Hand Picked (လက်ဖြင့်ဆွတ်ခူးခြင်း & Mechanize Harvest) စက်ယန္တယားများကိုအသုံးပြု၍ ဆွတ်ခူးခြင်းဟူ၍နှစ်မျိုးနှစ်စားရှိပါသည်။ Specialty Coffee အထူးတန်းဝင်ကော်ဖီများသည် အရည်အသွေးပြည့်မှီအောင် နီပြည့်နေသော ပြည့်ဝမှည့်ဝန်းသည့် Cherry များကိုသာ ရွေးချယ်ဆွတ်ခူး ကြရသည့်အတွက် Hand Picked Method ကိုသာ အသုံးပြု၍ Harvest လုပ်ကြလေ့ရှိသည်။
Coffee Processing(ကော်ဖီကုန်ကြမ်းပြင်ဆင်ခြင်း)
Harvesting လုပ်ပြီးနောက် Specialty Coffee များတွင် နည်းလမ်းသုံးသွယ်ဖြင့် Processing လုပ်လေ့ရှိကြသည်။ ၄င်းနည်းလမ်းများမှာ Dry Process , Wet Process & Pulped Natural Process ဟူ၍သုံးမျိုးဖြစ်ကြသည်။မည်သည့် Process ကိုအသုံးပြုကြသည်ဖြစ်စေ အသုံးပြုသည့် Process တိုင်းတွင် တောင်သူများသည် Coffee Beans များ၏ ချို့ယွင်းချက် (Defects) များကို သေချာစွာဂရုစိုက်ဖယ်ရှားကြရသည်။
၄င်းနောက် Dry Milling , Cleaning , Hulling ,Grading ,Sorting & Packing လုပ်ငန်းစဥ်များမှတစ်ဆင့် Coffee Roaster များလက်ဝယ်ရောက်ရှိသည်အထိ အဆင့်ဆင့် ဂရုစိုက် အလေးထားလုပ်ဆောင်ကြရသည်။ ထို့နောက် Coffee Roaster များမှ ထူးကောင်းမွန်သော ရနံ့အရသာများရရှိအောင် ဂရုတစိုက် လှော်ကြရသည်။ ၄င်းအသင့်လှော်ထားသော Specialty Coffee Beans များအား အထူးကောင်းမွန်သည့် Coffee တစ်ခွက်ဖြစ်မြောက်စေရန် Barista များမှ သင့်တော် ကောင်းမွန်သော နည်းစနစ်များနှင့် ကိရိယာများကိုအသုံးပြုကာ စံချိန်စံညွှန်းများနှင့်အညီ အထူးဂရုစိုက် ဖျော်ကြရသည်။
ရရှိလာသည့် ကော်ဖီအား သောက်သုံးသူများ အနေဖြင့် အရသာအထူးကောင်းမွန်သော ကော်ဖီတစ်ခွက်အား သောက်သုံးသည်ဟု စိတ်ကျေနပ်သည်အထိ အရေးပါလှသည်။ ဒါမှသာ အထူးတန်းဝင်ကော်ဖီ (Specialty Coffee) ဟုခေါ်ထိုက်ပေမည်။
ယနေ့ခေတ်တွင် ဝယ်ယူသူများနှင့် သောက်သုံးသူများသည် Specialty Coffee အထူးတန်းဝင်ကော်ဖီ၏ အထူးနှစ်လိုဖွယ် ရနံ့အရသာများနှင့်အတူ Specialty Coffee Beans များ၏ စိုက်ပျိုးထုတ်လုပ်ပုံနှင့် နောက်ခံသမိုင်းကြောင်းများကိုလဲ စိတ်ဝင်တစား ရှိလာကြသည့်အတွက် Specialty Coffee Beans များ၏နောက်ဆုံး လက်ဝယ် ဖြစ်သော Barista များ၏တာဝန်မှာ Coffee တစ်ခွက်ကောင်းအောင်ဖျော်နိုင်ခြင်း Latte Art တစ်ခု လှအောင်ဆွဲနိုင်ရုံဖြင့် ပြီးမြောက်မသွားဘဲ Customer များအား မိမိအသုံးပြုသည့် Coffee Bean တစ်ခုစီ၏ အထူးအလေးထားစိတ်ဝင်စားဖွယ်ဖြစ်သော ထုတ်လုပ်ရာနေရာဒေသ မူလဇစ်မြစ် (Origin) အတိအကျ ၊ လှော်ထားသည့် အဆင့်သက်မှတ်ချက် Roast Level ၊ မျိုးစိတ် Variety ၊ ရရှိခံစားနိုင်မည့် ရနံ့အရသာ Flavor Profiles များအား Story ကောင်းတစ်ခုပြောပြနိုင်ရန်မှာလဲ အလွန်ပင်အရေးပါသော အချက်တစ်ခုပင်ဖြစ်ပါသည်။
အထက်ဖော်ပြပါအချက်အလက်များသည် တိုးတက်ကောင်းမွန်လာသော ကျွန်တော်တို့ Coffee လောက၏ Update ဖြစ်သည့် Third Wave Coffee သို့မဟုက် Specialty Coffee ၏ တန်ဖိုးဝိသေသများကို သောက်သုံးသူ Customers များမှ စိတ်ချယုံကြည်စွာ သောက်သုံးစေရေးနှင့် Professional Barista ညီကိုမောင်နှမများ တိုးပွါးလာစေရန်ရည်ရွယ်၍ ကျွန်တော်တွေ့ကြုံကျော်ဖြတ်လျက်ရှိသော Specialty Coffee Shop Barista တစ်ယောက်အနေဖြင့် စေတနာဖြင့် မျှဝေခြင်းဖြစ်ပါသည်။ အမှားယွင်းများရှိခဲ့ပါက မေတ္တာဖြင့်နားလည်ပေးစေလိုပါကြောင်း Seniors များကိုမေတ္တာရပ်ခံပါရစေ 🙏.
22/04/2023
𝐇𝐚𝐩𝐩𝐲 𝐄𝐢𝐝 𝐌𝐮𝐛𝐚𝐫𝐤 🕌🌙
ယနေ့မှာကျရောက်သော အစ္စလာမ်ဘာသာဝင်တို့ရဲ့ အထွဋ်အမြတ်ထားရာ နေ့ထူးနေ့မြတ်မှစ၍ အစ္စလာမ်ဘာသာဝင်များနှင့် မြန်မာပြည်သူပြည်သားများအားလုံး ကျန်းမာခြင်း၊ ချမ်းသာခြင်းတို့အပြင် အခြားသောကောင်းချီးများစွာလည်း ရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်း Cafe & Bubble Tea မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျ။
05/04/2023
ဒီနေ့အတွက် မွေးနေ့လက်ဆောင် suprise နေကြာပန်းနဲ့ Bubble Tea လေး 🥰🧋🌻
Click here to claim your Sponsored Listing.
Category
Contact the restaurant
Telephone
Website
Address
Lane No. 23. 7 Quarter. Near Shwe La Yone Bus-Stop
Lashio
Opening Hours
| Tuesday | 08:00 - 20:00 |
| Wednesday | 08:00 - 20:00 |
| Thursday | 08:00 - 20:00 |
| Friday | 08:00 - 20:00 |
| Saturday | 08:00 - 20:00 |
| Sunday | 08:00 - 20:00 |