Lashio Clinic
12/05/2022
WHO အသိအမှတ်ပြု/မြန်မာ FDA အသိအမှတ်ပြု ရာသီတုပ်ကွေးလေးမျိုးကာကွယ်ဆေး Vaxigrip Tetra 2022 အား ထိုးနှံလိုသူများ ကြိုတင်စာရင်းပေးနိုင်ပါပြီဗျ ဆေးရရှိမှု အကန့်အသတ်ရှိတဲ့အတွက် ကြိုတင်စာရင်းပေးပေးကြပါ ဆေး ၁ လုံးအတွက် ထိုးနှံခ အပြီးအစီး ၃၂၀၀၀ ကျပ် ကျသင့်ပါမယ်ခင်ဗျ
အပြင်မထွက်ချင်ဘူး ဆေးခန်းမလာချင်တဲ့သူတွေအတွက်တော့ အိမ်တိုင်ရာရောက်ထိုးနှံပေးပါတယ် နေရာ အနီးအဝေးနဲ့ လူအရေအတွက်အပေါ်မူတည်ပြီး Home Visit fees တော့ ထပ်မံကျသင့်ပါမယ်ဗျ
Vaxigrip Tetra 2022 ရာသီတုပ်ကွေးလေးမျိုးကာကွယ်ဆေးဟာ ၂၀၂၂ ခုနှစ် မိုးရာသီကာလအတွင်း ကူးစက်နိုင်တဲ့ ပြင်းထန်တုပ်ကွေး အမျိုးအစား လေးမျိုးဖြစ်တဲ့ A/H1N1 , A/H3N2 , B/Washington , B/Phuket ကို ထိရောက်စွာ ကာကွယ်နိုင်ပါတယ်....
တုပ်ကွေးကူးစက်မှုဟာ ရာသီအလိုက် အထူးသဖြင့် မိုးဦး မိုးနှောင်း ဆောင်းအကူးတွင် ဖျားနာကိုက်ခဲ နှာရည်ယိုပြီး အစားသောက်ပျက် နုန်းချိ၍ ကိုယ်လက်မအီမသာဖြစ်ကာ အလုပ်အကိုင်ထိခိုက်ခြင်း၊ မိမိ မိသားစု/ပတ်ဝန်းကျင်သို့ ချောင်းဆိုး နှာချေခြင်းမှတဆင့် တုပ်ကွေးဗိုင်းရပ်စ်ပိုး ပြန့်ပွားစေခြင်းစတဲ့ လူမှုဘဝတွင် ဆိုးကျိုးများ ဖြစ်စေနိုင်ပါတယ်....
Vaxigrip Tetra 2022 ကို ထိုးနှံထားခြင်းဖြင့် ရာသီတုပ်ကွေးမဖြစ်ပွားအောင် ၆ လ မှ ၁ နှစ်အထိ ထိရောက်စွာကာကွယ်ထားနိုင်ပါတယ်...
ထိုးနှံလို့ ရသော အသက်အရွယ်ကလည်း ၈ နှစ်အောက်ဆို ၁ လ တစ်ခါ ၂ ကြိမ် နှင့် ၈ နှစ်အထက် ဆိုလျှင် တစ်လ တစ်ကြိမ်တည်းသာ ထိုးနှံရမှာဖြစ်ပါတယ်...
ကိုယ်ဝန်ဆောင်များလည်း ထိုးနှံလို့ရပြီး မွေးဖွားလာမယ့် ကလေးလေးကိုလည်း ၆ လအထိ ကာကွယ်မှုရရှိမှာဖြစ်ပါတယ်...
ထို့ကြောင့် Vaxigrip Tetra 2022 ကို
ကလေးငယ်များ
သက်ကြီးရွယ်အိုများ
စက်ရုံ/အလုပ်ရုံမှ ဝန်ထမ်းများ
ခုခံအားနည်းသူများ နှင့်
နာတာရှည် ရောဂါရှိသူများ ထိုးနှံထားခြင်းဖြင့်
ကျန်းမာသော ဘဝကို ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်....
(ဆေးရရှိမှု အကန့်အသတ်ရှိသောကြောင့် ကြိုတင်စာရင်းပေးထားမှ စိတ်ချရပါမယ်)
မေတ္တာဖြင့်
Dr. KHA
pageမှာactiveမဖြစ်ပေမဲ့
နေ့တိုင်းpageမှာမေးမြန်းသမျှတွေကိုအချိန်ရတိုင်းဖြေကြားဆွေးနွေးပေးနေပါတယ်
နေ့တိုင်းနီးပါနှာစေး၊ချောင်းဆိုး၊ညောင်းညာကိုက်ခဲ၊
ဖျား၊အာသီးယောင် စတာတွေတွေ့နေရပါတယ်
အပြင်ထွက်တိုင်းmaskတပ်ပါ
75% alcoholပါတဲ့hand gelဆောင်ပြီး
အရာဝတ္ထုတွေကိုင်တွယ်ပြီးတိုင်းလက်ဆေးပါ
အစားများများစားပြီး အိပ်ရေးဝအောင်အိပ်ပါ
အားလုံးဘဲကျန်းမာရေးဂရုစိုက်ကျပါ
Click here to claim your Sponsored Listing.
Category
Website
Address
Lashio
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 21:00 |
| Saturday | 09:00 - 23:00 |
| Sunday | 09:00 - 23:00 |