Lwin Medical Supply Distribution
26/08/2025
လူတစ်ဦးမှာရှိသင့်တဲ့ပမာဏများ 💙💙
#သွေးပေါင်ချိန် 💙
120/80
#သွေးခုန်နှုန်း 💙
60 ~ 100
#ခန္ဓာကိုယ်အပူချိန် 💙
98.2 ~ 100.5 °F ( 36.8 ~ 38 °C)
#အသက်ရှူနှုန်း 💙
တမိနစ်လျှင် 12 ~ 16 ကြိမ်
#ဟေမိုဂလိုဘင်💙 (Hemoglobin)
အမျိုးသား- 13 ~ 18 g/dL
အမျိုးသမီး- 11.5 ~ 16 g/dL
#ကိုလက်စထရော💙 (Cholesterol)
200mg/dLအောက်
#ဆိုဒီယမ်💙 (Sodium)
135 ~ 145 mEq/L
ထရိုင်ဂလစ်ဆရိုက် 💙(Triglycerides)
150 mg/dLအောက်
#ခန္ဓာကိုယ်တွင်း💙 သွေးပမာဏ
5 ~6 လီတာ
#သကြား 💙(သွေးတွင်းဂလူးကို့စ်)
ကလေးများ ။ 70 ~ 130 mg/dL
လူကြီးများ ။ 70 ~ 110 mg/dL
(အစားမစားမှီ) (အစာစားပြီး ၂နာရီအကြာ)
သံဓာတ် (Iron):
8 ~ 15 mg
ယူရစ်အက်စစ် ( Uric Acid )
အမျိုးသား ။ 3.5 ~ 7.0 mg/dl
အမျိုးသမီး။ 2.5 ~ 5.7 mg/dl
သွေးဖြူဥ (White Blood Cells)
4,000 ~ 11,000 cells/μL
သွေးဥမွှာ (Platelets)
150,000 ~ 400,000 cells/μL
သွေးနီဥ (Red Blood Cells)
5.6 ~ 6.0 million cells/μL
ဗီတာမင် D3
20 ~ 50 ng/mL
ကယ်လ်စီယမ် (Calcium)
8.6 ~ 10.3 mg/mL
ဗီတာမင် B12
200 ~ 900 pg/mL
BMI
18.5 ~ 24.9 အတွင်း
နေ့စဉ်ရေသောက်ရမည့်ပမာဏ
၈ခွက်
အိပ်ရေး တည ၇ နာရီမှ ၉ နာရီ
WHO အကြံပြုချက် ကိုယ်လက်လှုပ်ရှားမှုတပါတ် မိနစ် ၁၅၀
ဇော်မိုးအောင်(ကိုရီးယား)
#ကျန်းမာရေးဗဟုသုတရကြပါစေ
#ဗဟုသုတတွေ #လေးစားစွာဖြင့်မူရင်ရေးသားသူအား ゚viralシfypシ゚
17/01/2025
ကိုယ်ဝန် ပျက်ကျမှုဖြစ်စေနိုင်တဲ့ အစားအစာများ
===============================
ကိုယ်ဝန်ဆောင်ချိန်မှာဆိုလျှင် သာမန်အချိန်ထက် အစားအသောက် ၊ အနေအထိုင် ဆင်ခြင်ရတာကို သိရှိပြီး ဖြစ်မှာပါ။ ကိုယ်ဝန်ရှိပြီဆိုတာနှင့် နားလည်တတ်ကျွမ်းသူတွေဆီမှ ဆောင်ရန်၊ရှောင်ရန် နည်းနာများကို သိရှိထားသင့်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်နုနယ်သေးတဲ့အချိန်မှာ အစားအသောက် ၊ အနေအထိုင် မဆင်ခြင်လျှင် ပျက်ကျသည်အထိ ဖြစ်သွားနိုင်ပါတယ်။ အောက်ဖော်ပြပါ အစားအသောက်တွေဟာ အခန့်မသင့်လျှင် ပျက်ကျခြင်း ဖြစ်နိုင်တာကြောင့် ကိုယ်ဝန်နုစဉ်မှာ လုံးဝမစားသင့်တဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
၁။ နာနတ်သီး
----------------
နာနတ်သီးဟာ ကိုယ်ဝန်ပျက်ကျနိုင်ခြေ အများဆုံး အသီးဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေ လုံးဝမစားသင့်တဲ့ ဦးစားပေး အသီးတစ်မျိုးဖြစ်ပါတယ်။ နာနတ်သီးမှာပါဝင်တဲ့ bromelain လို့ခေါ်တဲ့ ဓါတ်ဟာ သားအိမ်ကို ပျော့စေပြီး သားအိမ်လမ်းကြောင်းကိုလည်း ကျဉ်းမြောင်းစေကာ ကိုယ်ဝန်နုစဉ်မှာ စားသုံးလျှင် အလွန် အန္တရာယ်များပါတယ်။
၂။ သင်္ဘောသီး
------------------
နာနတ်သီးပြီးလျှင်တော့ သင်္ဘောသီးပဲဖြစ်ပါတယ်။ အချို့က သင်္ဘောသီးအစိမ်းကို မစားသင့်ဘူးဆိုတာ သိရှိပြီး ဖြစ်မှာပါ။ ဖြစ်နိုင်မယ်ဆိုလျှင်တော့ သင်္ဘောသီးကို အစိမ်းရော အမှည့်ပါ မစားတာ အကောင်းဆုံးပါ။ ကိုယ်ဝန်နုနယ်စဉ်အချိန်မှာ စားသုံးမိလျှင် ကိုယ်ဝန်ပျက်ကျနိုင်ခြေရှိတာကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ လုံးဝမစားမိဖို့ အရေးကြီးပါတယ်။
၃။ ရှားစောင်းလက်ပက်ဖျော်ရည်
------------------------------------
ရှားစောင်းလက်ပက်ဟာ အသားအရေနှင့် ကျန်းမာရေးအတွက် အလွန်ကိုကောင်းတဲ့ အရာပဲ ဖြစ်ပါတယ်။ သို့သေ်ာ သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက် ဖြစ်နေမယ်ဆိုရင်တော့ တင်ပါးဆုံရိုး သွေးယိုစီးမှု ဖြစ်နိုင်ပြီး ကိုယ်ဝန်ပျက်ကျခြင်းကို ဖြစ်စေနိုင်ပါတယ်။
၄။ ဒန့်ဒလွန်သီး
------------------
ဒန့်ဒလွန်သီးမှာပါဝင်တဲ့ ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ ဓါတ်ပေါင်းတွေဟာ ကိုယ်ဝန်ဆောင်တွေအတွက်တော့ အန္တရာယ်ရှိနိုင်ပြီး ကိုယ်ဝန် ပျက်ကျစေနိုင်ပါတယ်။
၅။ မက်မွန်သီး
----------------
အရသာရှိတဲ့ မက်မွန်သီး ၊ မက်မွန်သီးဖျော်ရည်တွေဟာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ မစားသင့်တဲ့ အစားအစာတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ အထူးသဖြင့် မက်မွန်သီးအခွံမှာပါတဲ့ အမျှင်လေးတွေဟာ ယားယံခြင်းနှင့် သားအိမ်တွင်း သွေးယိုစီးမှုဖြစ်နိုင်ပြီး ကိုယ်ဝန်ပျက်ကျဖို့အတွက် အလားအလာများစေပါတယ်။ ကိုယ်ဝန်နုနယ်စဉ်အချိန်မှာ ရှောင်သင့်တဲ့ အသီးတစ်မျိုး ဖြစ်ပါတယ်။
၆။ ကော်ဖီ
------------
ကော်ဖီကြိုက်တဲ့သူအနေနဲ့ မနက်ခင်းကို ကော်ဖီတစ်ခွက်မှ မသောက်ရလျှင် တစ်နေ့တာလုံး နေလို့ထိုင်လို့ မကောင်းဘူးဆိုတာ သိပါတယ်။ သို့သော်ငြားလည်း ကိုယ်ဝန်ဆောင်တစ်ယောက်အနေနဲ့တော့ လုံးဝမရှောင်နိုင်လျှင်တောင် အလွန်ထိမ်းသိန်းပြီး သောက်သုံးသင့်ပါတယ်။ ကဖင်းဓါတ်က ခန္ဓာကိုယ်တွင်း အရည်တွေကို စုပ်ယူပစ်ပြီး ကယ်လ်စီယံဓါတ်ကို လျော့နည်းစေကာ ရေဓါတ်ကုန်ဆုံးမှုတွေ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်များ ရေများများသောက်ဖို့ လိုအပ်သလို ကဖင်းဓါတ် များလွန်းလျှင် ကိုယ်ဝန်ပျက်ကျခြင်း ၊ ပေါင်မပြည့်ဘဲမွေးခြင်း နှင့် အခြား သာမန်မဟုတ်တဲ့ ကလေးမွေးဖွားခြင်းမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
၇။ စည်သွပ်ဘူး ငါးများ
--------------------------
တူနာငါး ၊ ဆောလ်မွန်ငါးတွေကို စည်သွပ်ဘူးထဲထည့်ကာ ကြာရှည်ခံအောင်လုပ်ထားးသော ငါးမျိုးကိုလည်း မစားသင့်ပါဘူး။ အလွယ်ပြောရလျှင်တော့ ငါးသေတ္တာကို လုံးဝ မစားသင့်ပါဘူး။ ဒီလိုစည်သွပ်ဘူးမှာပါဝင်တဲ့ ငါးတွေမှာ Listeria လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပါဝင်ပြီး ကိုယ်ဝန်ပျက်ကျမှုကို ဖြစ်စေနိုင်ပါတယ်။
၈။ အအေးခံထားသော စားဖွယ်ရာများ
------------------------------------------
အထူးသဖြင့် ကုန်တိုက်တွေမှာရောင်းတဲ့ ရေခဲရိုက် အအေးခံထားသော ကြက်အူချောင်းများ ၊ အသားတုများ ၊ အသားတွေဟာလည်း စည်သွပ်ငါးတွေကဲ့သို့ ဘက်တီးရီးယားတွေ များစွာပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အစားအသောက်စားမယ်ဆိုလျှင် ပူနွေးသော အစားအစာများကိုသာ စားသင့်ပါတယ်။
၉။ အသင့်သောက် အအေးဘူးများ
--------------------------------------
ကိုယ်ဝန်ဆောင်များအနေဖြင့် အဆင်သင့်သောက်သုံးနိုင်တဲ့ အအေးဘူးတွေအစား လတ်ဆတ်တဲ့ အသီးဖျော်ရည်မျိုးကိုသာ သောက်သုံးသင့်ပါတယ်။
၁၀။ Green Tea (လက်ဖက်စိမ်း)
-------------------------------------
Antioxident ကြွယ်ဝတဲ့ Green Tea မှာ ကဖင်းဓါတ်ဟာ ၂၀၀ မီလီဂရမ်လောက် ပါဝင်ပါတယ်။ ကော်ဖီကဲ့သို့ပင် စွမ်းအင်ရှိတာကြောင့် များများသောက်လျှင် ကိုယ်ဝန်ပျက်ကျနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေသာမက နို့တိုက်မိခင်တွေ သောက်သုံးလျှင်လည်း ကလေးကို အကျိုးသက်ရောက်မှု ရှိနိုင်တာကြောင့် green tea သောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။
သင်ဟာ ကိုယ်ဝန်ဆောင်တစ်ယောက်ဖြစ်ပြီး ရရှိလာမယ့် ရင်သွေးလေးကို ကျန်းမာစွာ မွေးဖွားလိုတယ်ဆိုရင်တော့ အထက်မှာဖော်ပြခဲ့တဲ့ အစားအသောက်တွေကို ရှောင်ကြဉ်မယ်လို့ မျှော်လင့်ပါတယ်။ ရှောင်တယ်ဆိုတဲ့နေရာမှာ လုံးဝ မစားရတာမဟုတ်ပါဘူးနော်။ တန်ဆေးလွန်ဘေးကို အမြဲသတိရှိပြီး မိခင်ကျန်းမာရေးနဲ့လဲဆိုင်တာဖြစ်လို့ အစစ ဂရုစိုက်နိုင်ပြီး ကျန်းမာတဲ့ မိခင်ရော ကလေးပါဖြစ်ပါစေရှင်...
စစ်တွေ-ရန်ကုန်
26.7.2024
12 ယောက်စာနေရာရပါဖို့
420000 mmk
21/08/2023
မိုးရာသီ မှာ အဖြစ်များတဲ့ အရေပြားရောဂါလေးအကြောင်းပြောကြမယ်နော်
ပွေးလို့ မြန်မာလိုခေါ်တဲ့ အရေပြားမှိုစွဲခြင်း
👉ပေါင်ကြား ချိုင်းကြား တင်ပါးအဖြစ်များတတ်ပါတယ်
ယားယံတတ်ပြီး အနီကွက် အညိုကွက် မှာဘေးအသားကြွကြွလေးရှိတဲ့ ပုံစံဖြစ်တတ်တယ် (ပုံမှာပြထားသလိုပေါ့)
တဖြည်းဖြည်းဘေးကိုပြန့်ပြီး ကျယ်လာတတ်တယ်🧐
🧐🧐ဘာလို့ဖြစ်ရလဲ
မှိုဆိုတော့ အပင်လို့ပဲမြင်ကြည့်ရအောင်....
အပင်လေးဆိုတော့ သူရှင်သန်ဖို့ စိုစွတ်တဲ့နေရာလေးတွေ ကြိုက်တယ် .... အဲ့ဒါကြောင့်ချွေးထွက်များတဲ့သူတွေ.... ရေအိမ်သုံးပြီးခြောက်သွေ့အောင်မထားတာ....မိုးရာသီဆိုတော့ အဝတ်အစားခြောက်ဖို့ခက်တဲ့အခါ စိုစို အဝတ်တွေ ပြန်ဝတ်တတ်ရင် စတာတွေမှာ ဖြစ်တတ်ပါတယ်....
🙅🙅ဘာတွေဆောင်ရရှောင်ရမလဲမေးရင် တစ်ယောက်နဲ့တစ်ယောက်ကူးတတ်လို့ အသုံးအဆောင် သဘက်စတာ sharing လုပ်တာသတိထားရမယ်
ခန္ဓာကိုယ်ခြောက်သွေ့အောင်ထားရမယ်
တစ်ကိုယ်ရည်သန့်ရှင်းရေးဂရုစိုက်ရမယ်
💊💊ကုသခြင်း
မှိုသတ်ဆေးလိမ်းဆေးသောက်ဆေးတွေနဲ့ ကုသလို့ရပါတယ်။ (Clotrimazole cream, Miconazole, Terbinafine cream ) စတာတွေ ပေးလေ့ရှိပါတယ်။
ဆေးလိမ်းတဲ့အခါမှာ steroidပါတဲ့ လိမ်းဆေးလိမ်းမိရင် ခဏ သက်သာပြီး ပိုများလာပိုပွားလာတတ်တာမို့ ဆေးတွေ လျှောက်မလိမ်းပါနဲ့နော်။ ဆရာဝန်ညွှန်ကြားသလိုကုသရင် ပျောက်ကင်းနိုင်ပါတယ်။
#ပွေး
#အရေပြားရောဂါ
#ယားနာ
Click here to claim your Sponsored Listing.
Category
Website
Address
Lashio