Win Lab - Car Care

Win Lab - Car Care

Share

16/02/2023

2023 မော်တော်ယာဥ်မူဝါဒ သုံးသပ်ချက်

(၁)အရောင်းပြခန်း (Showroom)( Brand Authorise Distributors)
လက်ရှိလူစီးမော်တော်ယာဥ်တင်သွင်းမှုရပ်ဆိုင်းခံထားရ၍တင်သွင်းခွင့်ရရှိမည့်အချိန်တခုအထိကုန်ကျစရိတ်များကိုကျခံလျှက်တင်သွင်းခွင့်အချိန်တခုကိုမျော်မှန်း
စောင့်ဆိုင်းနေရပါတယ်၊ လုပ်ငန်းသုံးပါခဲ့လျှင် တပတ် ၅စီးကိုလိုင်စင်လျောက်ခွင့်ရှိပြီး လိုင်စင်ကျခဲ့ပါကတင်သွင်းခွင့်ရှိပါတယ်။ (သိန်း၁၀၀၀အာမခံ Sqft 14000
Showroom, သိုလှောင်ရုံ Sqft 5000)

(၂)အရောင်းစင်တာ (Sale Center)( ၅နှစ်အတွင်းUsed ကားတင်သွင်းခွင့်ရှိ)
ယခင်က လူစီးနှင့်လုပ်ငန်းသုံး (၂)မျိုးစလုံးတင်သွင်းခွင့်ရခဲ့ပါတယ်,ယခုအခါတင်သွင်းခွင့်ရဖို့စောင့်မျော်နေရပါတယ်၊ လုပ်ငန်းသုံးများတင်သွင်းခွင့်ပြုနေသော်လည်း
လုပ်ငန်းသုံးအရောင်းစင်တာမဟုတ်သတ်မှတ်ခံရ၍
ပြောင်းလဲခွင့်မရသော(ပိတ်သိမ်း)ကုမ္ပဏီများအဖြစ်
ရောက်ရှိနေပါတယ် ။ ( သိန်း၁၀၀၀ အာမခံ Sqft 9000)

(၃)လုပ်ငန်းသုံးအရောင်းစင်တာ ( ၅နစ်အတွင်းUsed တင်သွင်းရရှိ)
လုပ်ငန်းသုံးအရောင်းစင်တာများသည်ယခင်အရောင်းစင်တာ,အရောင်းပြခန်းများကဲ့သို့အာမခံမထားဘဲ ကုမ္ပဏီ
လိုင်စင်ဖြင့်တင်သွင်းခဲ့ပြီး,အချိန်တခုမှာပြောင်းလဲခဲ့သော
Importers များဖြစ်ပါတယ်,ယခု အချိန်ထိတင်သွင်းခွင့်ရရှိခဲ့ပြီ, Kore မှ KIA Karneval လိုကားမျိုးကို ခွင့်ပြုချက်ရရှိနေပါတယ်( ကံကောင်းသော ကုမ္ပဏီ ၅ခု ၆ခု)
( သိန်း ၁၀၀၀ အာမခံနှင့် Showroom ပြရပါမယ်)

(၄) လုပ်ငန်းသုံးအရောင်းပြခန်း ( Brand Authorise Distributors)
လုပ်ငန်းသုံးကားများကိုဆက်လက်ခွင့်ပြုနေခဲ့ပါတယ်
တပတ်၅စီးလိုင်စင်လျောက်ခွင့်ရှိပြီး,ခွင့်ပြုချက်ရလျှင်တင်သွင်းခွင့်ရှိပါတယ်, ဒေါ်လာစျေးမြင့်မှုကြောင့်စျေးကွက်ဝယ်လိုအားအပေါ် မှီပြီးတင်သွင်းနေရပါတယ်
( သိန်း၁၀၀၀အာမခံ နှင့် Showroom ပြရပါမယ်)

(၅) SKD (ပြည်တွင်းတပ်ဆင်ထုတ်လုပ်မှု)( Brand Authorise Distributors)
ပြည်တွင်းထုတ်လုပ်မှုမှာဆက်လက်ခွင့်ပြုထားပါတယ်
အချိန်တခုမှာခဏရပ်လိုက်ရလို့ပြန်လည်လည်ပတ်ပိုဖို့ဆောင်ရွက်နေရပါတယ်၊ ယခင်ထုတ်လုပ်မှု (၃)နှစ်စာရဲ့ ၅၀%ကိုမတ်လအကုန်အထိခွင့်ပြုခဲ့ပါတယ်,လာမည့်နှစ်ကိုပိုမိုခွင့်ပြုဖို့ရှိပါတယ်၊ Suzuki, Hyundai လိုတပ်ဆင်တဲ့နိုင်ငံခြားရင်းနှီမြုပ်နှံမှုကတော့ ဒေါ်လာငွေညီမျှမှုအချိန်မှလည်ပတ်လို့ရမည့်အခြေအနေဖြစ်နေတာတွေ့နေရပါတယ်, China Brands ထုတ်လုပ်သူတွေကလည်း
ယခင်ကဲ့သို့ပေါက်စျေးအတိုင်းရောင်းရင်စျေးကွက်ဝေစုကိုပိုမိုရရှိနိုင်ပါတယ် , ( စက်ရုံများနှင့်လုပ်သားအင်အားများစွာကိုအလုပ်အကိုင်အခွင့်အလန်းများရရှိအောင်ဆောင်ရွက်နေရပါတယ်)

(၅) SKD Dealar
ပြည်တွင်းတပ်ဆင်ထုတ်လုပ်သည့်ကားများကို 3S
တာဝန်ယူပြီးပြန်လည်ရောင်းချနေရပါတယ်၊ ယခုအချိန်မှာကုန်ကျစရိတ်များစွားကိုကျခံပြီးစက်ရုံမှရောင်းချခွင့်ခွဲတမ်းများဖြင့်လုပ်ငန်းရှင်သန်ခွင့်စောင့် နေရပါတယ်

(၆) တဦးချင်းတင်သွင်းမှု ( Importers)
တဦးချင်းလိုင်စင်ဖြင့်တင်သွင်းမှုကတော့ဝန်ထမ်းပါမစ်များဝယ်ယူတင်သွင်းခြင်းကနောက်ဆုံးပါ.

(၇)ဝယ်ရောင်း ( ပြည်တွင်းဝယ်ယူရောင်းချမှု)
လက်ရှိအချိန်မှာတင်သွင်းမှုနည်းပါ၍ တဖြည်းဖြည်းစျေးပါလာတဲ့အတွက်အကောင်းဆုံးအချိန်လို့ပြောလို့ရပါတယ်, မူဝါဒ ပြောင်းလဲမှုတိုင်း အရှုံးအမြတ် ဒဏ်ကိုခံစားရပါတယ်

(၈) EV (Electric Vehicle )( Brand Authorise Distributors)
နိုင်ငံတော်မှအများပြည်သူများအသုံးပြုနိုင်ရန်အားပေးဆောင်ရွက်လျှက်ရှိ ၊ pilot အစီအစဥ်ဖြင့်ဆောင်ရွက်နေပါတယ်, တင်သွင်းမှု နှင့် Charging Station များကိုပူတွဲလုပ်ကိုင်ပြီးရင်နှီမြုပ်နှံခွင့်ပြုခဲ့ပါတယ် ၊တင်သွင်းမှုကိုတော့စီးကူးမူဝါဒအတိုင်း Authorise Distributors များဖြစ်မှသာတင်သွင်းခွင့်ပြုခဲ့ပါတယ် ( Telsa, Leaf တွေယခင်ကတင်သွင်းခွင့်ပြုခဲ့ပြီး 60% လောက်မှာ Authorise Distributors မရှိခဲ့လို့ အားလုံးကြိတ်ပြီးကုနေရတာအသိပါ) EV ကားများတွေကအဆင်ပြေပါတယ်
3S,4S Showroom တွေမြင်ရဖို့ပိုမိုအရေးကြီးပါတယ်
တာဝန်ယူမှု,တာဝန်ခံမှုရှိသော EV ကုမ္ပဏီ များပေါ်ပေါက်ဖို့အရေးအကြီးဆုံးပါ။

၂၀၂၃ မှာမော်တော်ယာဥ်နှင့်ပတ်သက်ပြီးကျွန်တော်သိသလောက်တတ်သလောက်ရေးသားခြင်းဖြစ်ပါတယ်
အမှတ် ၁ ကနေ အမှတ် ၈ အထိဘယ်လိုပဲပြောင်းလဲသွားပါစေ၊ မော်တော်ယာဥ်လုပ်ငန်းလုပ်ကိုင်သူအများကိုကြည့်လျှင်ကျွန်တော်တို့ညီအကိုတွေနှင်မိတ်ဆွေသူငယ်ချင်းတွေပါ, ပြောရလျင် ဒီလူတွေပါဘဲလို့ ,ကားကိုအားထည့်လုပ်သူသည်ကားတမျိုးကိုသာဇောက်ချလုပ်ကြသူတွေပါ....
ကားလောကသည်အမြဲပြောင်းလဲနေပြီး,လူဟောင်းတွေနားပြီးလူသစ်တွေပေါ်လာစမြဲကတော့ မထူးခြားတော့ပါ
၂၀၂၃မှာ အားလုံးအခက်အခဲများကိုအောင်မြင်စွာကျော်ဖြတ်ပြီးစိတ်ချမ်းသာကိုယ်ကျန်းမာကျပါစေလို့ဆုတောင်းပေးနေပါတယ်

crd # Zaw Htike Aye

မြန်မာ့မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း ဥက္ကဌ

09/12/2022

ကားအောက်ပိုင်းကြံ့ခိုင်မှုအတွက် အမြဲတမ်းသတိပြုသင့်သော အချက်များ

ကားရဲ.အကြီးမားဆုံးပြဿနာရယ်လို့ ဆိုလိုက်ရင် တော်တော်များများ က အင်ဂျင်ပိုင်းဆိုင်ရာ
ဂီယာပိုင်းဆိုင်ရာ ပြဿနာတွေကို ပြေးမြင် တတ်ကြပါတယ်၊ တကယ်တော့ အင်ဂျင်ရောဂါပိုင်းဆိုင်ရာ တွေကဖြေရှင်းရခက်ခဲပြီး ငွေကုန်ကြေးကျများတဲ့ ရောဂါတွေဖြစ်ပေမယ့်၊ သင့်ကားနဲ့ သင်ရဲ့ အသက် အန္တရာယ်အထိ အကြီးမားဆုံး ဒုက္ခပေးနိုင် တာကတော့ Suspension ပိုင်းလို့ခေါ်တဲ့ သင့်ကား အောက်ပိုင်း ရောဂါတွေပါ။ ဥပမာပြောရရင် အဝေးပြေးလမ်းကြောင်းခရီးသွားဖို့ ရှိတယ်။ ဒါမှမဟုတ် ကားကို မိုင်နှုန်းမြင့် မောင်းတော့မယ်ဆို ကားအောက်ပိုင်းတွေကို အဲ့ဒါကြောင့် အဓိက စစ်ဆေးကြတာပါ။ ဘာကြောင့်လဲဆိုရင် အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်နေတဲ့ကားတစ်စီးဟာ အင်ဂျင်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့် ရုတ်တရက် စက်ထိုးရပ်သွားရင်၊ သင့်ခရီးလမ်းမှာ စိတ်အနှောက်အယှက်ဖြစ်မယ်၊ ယုတ်စွအဆုံး အင်ဂျင်တစ်လုံး လဲလိုက်ရတာကလွဲလို့ ကျန်တာမဖြစ်နိုင်ပါ ။ ဒါပေမယ့် ကားအောက်ပိုင်း Suspensionပိုင်းက ပစ္စည်းတွေ
ပျက်နေတာ သတိမပြုမိလို့ ကားမောင်းနေတုန်း ပြုတ်ထွက်သွားမယ်၊ ကျိုးပဲ့သွား မယ်ဆိုရင် သင့်ကားမှောက်နိုင်ပြီး သင့်အသက်အန္တရာယ်အထိ ထိခိုက်လာနိုင်ဖွယ်တွေ ရှိပါတယ်။ ဒါကြောင့် သင်နဲ့ သင့်ကားရဲ့ လုံခြုံစိတ်ချရမှု Safety အတွက် သင်ကိုယ်တိုင် သတိပြုနိုင်တဲ့ ကားအောက်ပိုင်းရောဂါလက္ခဏာတွေကို အကျဉ်းချုပ်တင်ပြပေးပါ့မယ်။

ကားအောက်ပိုင်း (Suspension )ကို အဓိကအားဖြင့် အောက်ပါ ပစ္စည်းများဖြင့် ဖွဲ့စည်းထားပါတယ်။
( Tie rod ) တိုင်းရော့
( Tie rod end or Rack End ) မိန်းလုံး
( Ball Joint ) ဘောလ်ဂွိုင့်
( Constant Velocity -CV Joint ) ဒူးဆစ်
(Stabilizer Bar ) နှုတ်ခမ်းမွှေးလိုင်း
(Shock Absorber ) ရှော့ခ်ဘား
(Upper Arm ) အပေါ်လက်ဝါး
(Lower Arm ) အောက်လက်ဝါး
(Coil Spring ) ကွိုင်စပရင်
(Rubber Bushing ) ရာဘာဘွတ်
(Bellows ) သဲကာ
အစရှိတဲ့ အခြေခံပစ္စည်းတွေနဲ့ ဖွဲ.စည်းထားပြီး ကားအမျိုးအစား မော်ဒယ် အမျိုးအစား ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ် မူတည်ပြီး အောက်ပိုင်းပစ္စည်း အစိတ်အပိုင်းတွေ အများကြီး ပါဝင်ပါသေးတယ်။ အဲ့ဒီပစ္စည်းတွေနဲ့ အဓိကတွဲဖက် အလုပ်လုပ်နေတာကတော့ Brake System ဘရိတ်အဖွဲ့အစည်းတွေနဲ့ တာယာတွေပါ ။

(၁) တိုင်းရော့ (Tie rod )နဲ့ မိန်းလုံး(Tie rod end or Rack End) မကောင်းရင် ဘယ်လို ရောဂါလက္ခဏာတွေ ပြမလဲ တိုင်းရောနဲ့ မိန်းလုံးမကောင်းရင်ဖြစ်တတ်တဲ့ ထင်ရှားတဲ့ လက္ခဏာ ကတော့ သင်ကားကို အရှိန်ဖြည်းဖြည်းနဲ့ မောင်းနေတဲ့အခါမျိုး ဒါမှ မဟုတ် ကားကို ရုတ်တရက် ထောင့်ချိုးကွေ့ လိုက်တဲ့အခါမျိုးမှာ အရှေ့ဖက်အစွန်းဆုံးဆီကနေ ဒုတ် ဒုတ် မြည်သံထွက်လာမယ်။ လာထုနှက်တဲ့ အသံမျိုး ထွက်နေမယ်ဆိုရင် သင့်ကားရဲ့ တိုင်းရော့နဲ့ မိန်းလုံးတွေ ချို့ယွင်းနေပါပြီ။ နောက်တစ်ချက် က သင်ကားမောင်းနေ တဲ့အချိန်၊ ကားဘရိတ်အုပ်လိုက်တဲ့ အချိန်မှာ ကားက တဖက်ဖက်ကို ဆွဲနေမယ်။ ဒါ့အပြင် ကားတာယာတွေက အတွင်းဖက်ကိုဖြစ်စေ အပြင်ဖက်ကိုဖြစ်စေ ဘက်မညီမမျှ စားသွားမယ်ဆိုရင်လည်း အဲ့ဒါ တိုင်းရော့နဲ့ မိန်းလုံးမကောင်းတဲ့ရောဂါလက္ခဏာပါ။ တိုင်းရော့နဲ့ မိန်းလုံးဆိုတာကတော့ ကားအောက်ပိုင်းမှာ ပျက်စီးမှု အများဆုံး ပစ္စည်းပါ။ တိုင်းရော့ ကျိုးပိုင်းလို့၊ပြုတ်ထွက်လို့ တောင်တက်တို့ အဝေးပြေးတို့မှာ အသက်အန္တရာယ် ကြုံရတဲ့အထိ ဒုက္ခရောက်ရတဲ့ ကားတွေရှိဖူးပါတယ် ။ ဒီတော့ အခုဖော်ပြထားတဲ့ ရောဂါ လက္ခဏာလေးတွေ တွေ.ရင် မြင်ရင် ကြားရင် ကြီးကြီးမားမား ပျက်စီးမှု မဖြစ်ခင် ဝပ်ရှော့သွားပြီး တိုင်းရော့နဲ. မိန်းလုံးကို အသစ်လဲတန်လဲ ၊ Press ခုံမှာနင်းပြီး ပြန်သုံးတန်သုံးဖို့ လိုအပ်နေပါပြီ။

(၂) Ball Joint မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ Ball Joint မကောင်းရင် ဖြစ်တတ်တဲ့ လက္ခဏာတွေက သင့်ကား အောက်ဘက်ထောင့်ဆီကနေ တစ်ချက်တစ်ချက်၊ အသံခပ်မျှဉ်းမျှဉ်း ထုနှက်သံမျိုးတွေ ထွက်တတ်တယ်။ အထူးသဖြင့် လမ်းအတိမ်းအ စောင်း ဖြစ်နေတဲ့နေရာတွေတို့ ချိုင့်ခွက်တွေထဲတို့ မှာ မောင်းလိုက်ရင် အဲဒီအသံက ထွက်လာတယ်ဆိုရင် အဲဒါ Ball Joint မကောင်းတဲ့ လက္ခဏာပါပဲ ။ ပြောရရင် သံကိုတူနဲ့ ထုတဲ့ အသံမျိုးနဲ့ဆင်ပါတယ် ။ Ball Joint က သင့်ကားဘီးရဲ့ ဘယ်ညာအကွေ့အထိန်းတွေမှာ အဓိကထိန်းပေးထားတာမို့၊ Ball Joint မကောင်းဘူးဆိုတာနဲ့ သင့်ကားစတီယာရင် ( Steering ) ကို လာပြီး သက်ရောက်မှုတွေ ရှိလာပါမယ်။ ဖြစ်လာနိုင်တာကသင့်ကားစတီယာရင် မာပြီးလှည့်ရတာ ခက်သွားမယ်၊ ဒါမှမဟုတ် အရမ်းပေါ့ရွှတ်ပြီး ထိန်းရခက်သွားမယ်။ လမ်းအဖြောင့်မောင်းနေရင်းက အနိမ့်ပိုင်းကို ဆင်းလိုက်ရင် သင့်စတီယာရင် လက်ကိုင်ခွေကို လာတိုးတာမျိုးတွေဟာ Ball Joint မကောင်းခြင်းရဲ့ ရောဂါ လက္ခဏာတွေပါ။ အခြားရောဂါလက္ခဏာ ကတော့ တိုင်းရောမိန်းလုံးတို့လိုပဲ တာယာအတွင်းအပြင် မညီမညာစား သွားတာမျိုးပါပဲ ။

(၃) (Constant Velocity -CV Joint ) ဒူးဆစ် မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ ဒူးဆစ်လက္ခဏာကတော့ သိသာထင်ရှားပါတယ်။ သင့်ကား ဘယ် ကိုဖြစ်ဖြစ် ညာကိုဖြစ်ဖြစ် ကွေ့လိုက်လို့ တစ်ခုနဲ့တစ်ခု ကြိတ်ဝါးနေ သလို * ကလစ်ကလစ် တောက်တောက်တောက် တက်တက်တက် * အသံတွေ ထွက်လာတယ်။ ကွေ.တိုင်း အဲ့ဒီလို အသံတွေထွက်နေ တယ်ဆိုရင် အဲ့ဒါ ဒူးဆစ်မကောင်းတဲ့လက္ခဏာတစ်ရပ်ပါ။ နောက် ဒူးဆစ်ဘောတွေကို ထိန်းထားတဲ့ ကလစ် ပြုတ်ထွက်တာမျိုးဆိုရင်တော့ ကားကဂီယာ ဘယ်လိုထိုးထိုး ဂီယာဖရီးလို ဖြစ်နေတတ်ပါတယ်။

(၄) Shock bar , Coil Spring , Struts မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေပြမလဲ ဒီအပိုင်းတွေ မကောင်းရင်ပြတဲ့ လက္ခဏာတွေက သိသာထင်ရှားပါတယ်။ အထူးသဖြင့် လမ်း အနိမ့်အမြင့် မညီမညာဖြစ်တဲ့နေရာတွေ ၊ ဒါမှမဟုတ် ချိုင့်ခွက်တွေထဲ မောင်းတယ်ဆိုရင် ညိမ့်ညော ညင်သာမှု မရှိတော့ဘဲ အောက်ဘက်ကနေ ပြင်းထန်စွာ လာစောင့်နေတာမျိုးတွေကို သိသာထင်ရှားစွာ ခံစားရပြီဆိုရင်တော့ အဲ့ဒါ Shock bar , Coil Spring , Struts တို့ မကောင်းတဲ့ လက္ခဏာရပ်ပါ ။ရှော့ဘားတွေ မကောင်းတဲ့ လက္ခဏာ နောက်တစ်မျိုးကသင့်ကားကိုယ်ထည်တစ်ခုလုံးကို ပြင်းပြင်းထန်ထန် ယိမ်းနွဲ.စေတတ်ပါတယ်။ နောက်တစ်မျိုး ကလည်း တချို့ရှော့ဘားမှာဆိုရင် ဆီတွေ ယိုကျတာတို့၊ ရှော့ဘားကေ အောက်ကို ကျပြီး
အပေါ်ကို ပြန်ကန် မတက်တော့တာမျိုးတွေကို လည်း မြင်တွေ.နိုင်ပါတယ်ခမျာ။

(၅) ကားတဖက်ဖက်ကိုဆွဲနေတဲ့ ရောဂါလက္ခဏာပြရင် ဖြစ်နိုင်တာတွေက တာယာလေနည်းနေတာ ၊ တာယာလေပေါင် တစ်ဖက်နဲ့တစ်ဖက်မညီတာဖြစ်တတ်ပါတယ် ။ တာယာလေပေါင် အရင်စစ်ဆေး ရပါမယ်။ အခုနောက်ပိုင်းတချို့မော်ဒယ်မြင့် ကားတွေမှာတော့ တာယာ လပေါင်မညီရင် ဒက်ဘုတ်မှာ လေပေါင်မညီတာကိုပြတဲ့ မီးလင်း ပါတယ်။ တာယာတစ်ဖက်ဖက်စားနေတာ ဖြစ်နိုင်ပါတယ်၊ တာယာ တစ်ဖက်ဖက်မညီမညာ စားနေလား၊ ရှေ.နောက်ဘေး သေချာ စစ်ဆေးရပါမယ်။ မညီမညာဖြစ်နေရင် ဘာကြောင့်ဖြစ်တယ်စစ်ဆေးပြီး အသစ်လဲတန်လဲရပါမယ်။ ကားအလိုင်းမင့် (Alignment) မညီမညာ ဖြစ်တာမျိုးလည်းဖြစ်တတ်ပါတယ်။ အလိုင်းမင့်ချိန်ဆိုင်တွေမှာ သေချာစစ်ဆေးသင့်ပါတယ်။ တိုင်းရော့တို့ မိန်းလုံးတို့ မကောင်း တာလည်းဖြစ်တတ်ပါတယ် ။ ကားအောက်ပိုင်းပြုပြင်ရေ းဆိုင်တွေမှာ ပြုပြင်သင့်ပါတယ်။

(၆) Brake မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ ဘရိတ်နင်းရတာထိုင်းနေမယ်၊ ကပ်နေမယ် (ဝါ) လျောနေမယ်၊ ဘရိတ်အုံတွေအရမ်းပူနေမယ်၊ ဘရိတ်ကလစ်နဲ့ ဘရိတ်ဒရမ်နဲ့ ပွတ်တဲ့ ဂျစ်ဂျစ်ဂျစ်ဆိုတဲ့ ရောဂါလက္ခဏာပြရင် Break Pads တွေ ကုန်နေတာ၊ ဘရိတ်ပစ်စတင်တွေ ဂျမ်းဖြစ်နေတာ၊ ဘရိတ်ရူးလျော့နေတာ၊ ပင်တွေ သံချေးတက်ပြီး ကိုက်နေတာတွေဖြစ်နိုင်ပါတယ်။

(၇) Steering မကောင်းရင် ဘယ်လိုရောဂါလက္ခဏာတွေ ပြမလဲ စတီယာရင် လှည့်ရတာချော်နေမယ်၊ သင်စတီယာရင်ကို လှည့်တဲ့ အခါဖြစ်စေ၊ လှည့်ထားတဲ့ အတိုင်းလေး ထိန်းတာတဲ့အခါဖြစ်စေ၊ စတီယာရင်က ချော်ထွက်နေမယ် ဒါမှမဟုတ် လှည့်ဖို့ ခက်ခဲနေမယ် ဆိုရင် Steering Fluid နည်းနေတာဖြစ်နိုင်တယ်၊ Steering Belt ကြိုးလျော့နေတာ ဒါမှမဟုတ် ပွန်းစားနေတာဖြစ်နိုင်ပါတယ်. Steering Pump မကောင်းတာလည်းဖြစ်နိုင်ပါတယ်၊ Steering Pump က O ring ပျက်ပြီး ဆီယိုနေတာလည်းဖြစ်နိုင်ပါတယ်။ ဒါတွေက ကားတစ်စီးမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေခံအောက်ပိုင်း ရောဂါလက္ခဏာရပ်တွေပါ၊ အခြားခြားသော ကားအောက်ပိုင်းရောဂါ တွေ အများကြီး ကျန်ရှိပါသေးတယ်၊ မြန်မာနိုင်ငံမှာက လမ်းမကောင်း တာရယ်၊ နောက် Used ကားတွေသာများတာကြောင့် ကားအောက်ပိုင်း ရောဂါတွေကတော့ အဖြစ်များဆုံးရောဂါတွေလို့လည်းဆိုနိုင်ပါတယ်။ တချို့ကားတွေမှာဆို ဒူးဆစ်တို့ မိန်းလုံးတို့ ဘောဂွိုင့် တိုက်ရော့တို့ကို အုပ်ထားတဲ့ သဲကာလေးပေါက်တာကို မလဲတာကနေပြီးအဲ့ဒီ အရာတွေ ကြားထဲမှာနေရမယ့် အမဲဆီတွေ အပြင်ထွက်ပြီး ၊ အထဲမှာ မရှိရမယ့် သဲတွေ ဖုန်တွေ ရွှံ.တွေက အထဲဝင်ကာ အောက်ပိုင်းဆက်စပ် ပစ္စည်းတွေကို ပျက်စီးစေတာလည်း မကြာခဏဆိုသလို တွေ့မြင်ရ ပါတယ် ။

အောက်ပိုင်းကလင့်တွေ ၊ Bushing တွေ မကောင်းတာ ကြောင့်လည်း အထက်က ရောဂါတွေဖြစ်နိုင်ပါသေးတယ်။နောက်တစ်ခုက အထက်ပါရောဂါတွေက တစ်ခုခြင်းဖြစ်နိုင်သလို ၊ နှစ်ခုကနေ အကုန်လုံး စုပေါင်းပြီးလည်း ဖြစ်နိုင်ပါတယ်။ ကားပေါ် တက်လိုက်လို့ အောက်ပိုင်းဆီကနေ
သံစုံတီးဝိုင်းသံတွေ ကြားနေရ ရင်တော့ သင့်ကားအောက်ပိုင်း တော်တော်များများ ပျက်စီးယို ယွင်းနေပြီဆိုတာ သတိပြု သင့်ပါတယ်။ စစဖြစ်ခြင်း ရောဂါလက္ခ ဏာတွေ သတိမမူဘဲမပြုပြင် မထိန်းသိမ်းရင် အောက်ပိုင်း အခြား ဆက်စပ်ပစ္စည်းတွေကိုပါ လိုက်ပျက်စီးစေပြီးအနည်းဆုံး တာယာ စားသွားတာ၊ ကားမောင်းရတာ မငြိမ်တော့ဘဲ အသံတွေထွက်လာတာ ကနေ အဆိုးဝါးဆုံး သင့်အသက်အန္တရာယ်ထိအောင် ထိခိုက်စေမှာပါ။ ဒါကြောင့်သင့်ကားအောက်ပိုင်းကနေမူမမှန်တဲ့ အသံတွေ တုန်ခါမှုတွေ ကို သတိထားပြီး ရောဂါလက္ခဏာပြပြီဆိုတာနဲ့ သင်နဲ့ သင့်ကား ဘေးအန္တရာယ် ကင်းရှင်းရေး လုံခြုံရေးအတွက် ကားအောက်ပိုင်းဆိုင်ကိုစစ်ဆေးအကြံပြုတင်ပြပါသည်။

Credit : Original Uploader

09/12/2022

မြန်မာ့တွေ တွေးတဲ့ EV အကြောင်း 2
~~~~~~~~~~~~~~~~~~~~
ဖတ်ပြီးမှသာ EV ဝယ်ဖို့ စဉ်းစားပါ
Traffic cost
EV ဝယ်မယ်ဆို စဉ်းစာတာ တခု က ICE တွေနဲ့ ယှည်ရတာပေါ့နော် ။ ဘာကောင်းမလဲပေါ့။ အဲဒီ မှာ စဉ်းစားရတာကတော့ efficiency ပါပဲ ။ အားတွေ တခု ပေးသွင်းလိုက်ပြီး ရလာတဲ့ Result ပါ။ ICE က ၃၀% ပဲရှိပြီး EV က 80 % ရှိပါတယ်။ အဓိကကတော့ ICE ကားတွေ က piston တွေ အထက်အောက်လှုပ်ရှား မှု fiction အတွက် ဆုံးရှုံးသွားတာရယ် မီးလောင် ပေါက်ကွဲ မှုကြောင့် ဆုံးရှုံးသွားတာရယ်ကြောင့်ပါ။ Exhaust အပူဆိုတာ ဆုံးရှုံးသွားတာတွေပါ။ EV ကားတွေ နောက်ဖက်သွားမရှာပါနဲ့။ Exhaust မရှိပါ။ ဒါက EV တွေရဲ့ ကောင်းကွက် တချို့ပါ။ ကျွန်တော် ပြောတာ မဟုတ်ပါဖူး။ Research တွေ က တွက်ထားတာပါ။
နောက်တချက် EV သုံးရင် သိသာထင်ရှားစေတာကတော့ Traffic တွေမှာပါ။ မော်တာတွေရဲ့သဘောက ရပ်ထားလို့ရပါတယ်။ အင်ဂျင်တွေ လို idle speed လို မောင်းနေစရာမလိုပါ။ ဒါကြောင့်မို့လဲ စက်မှုလုပ်ငန်းတွေ မှာ Motor ပဲသုံးတာပေါ့။
အဲတော့ Traffic တွေမှာကားပိတ်မိနေရင် EV ကားက ရပ်ထားရင် Zero power consumption ပါ။ မီးပိုင့် မှာရပ်နေရရင် Zero ပါ။ Aircon ကတော့ သုံးရင် တချို့ တော့ ကုန်မှာပေါ့။ ဒါပေမဲ့ ကားအင်ဂျင် သုံးတဲ့ AC လောက်တော့ မကုန်ဖူး ။
ကျွန်တော်တို့နိုင်ငံလို Traffic များတဲ့နိုင်ငံမှာဆို EV ကတော့ ဘယ်လို ပြောမလဲ ။ မကုန်တော့ဖူးပေါ့နော်။
ကလေးတွေ ပြောသလို လုံးဝ အငြိမ်လို့ပြောရမှာပေါ့နော်။
ပေးချင်တဲ့ မက်ဆိ ကတော့ Traffic များလေ EV အတွက် ကတော့ big gain များလေပါ။
ဖတ်ရှု အတွက် ကျေးဇူးပါနော်

Credit: Kyaw Oo

07/12/2022

● 𝐄𝐕 နဲ့ပတ်သက်ပြီး သိထားသင့်တဲ့အသုံးအနှုန်းလေးတွေ . . .
လူအများစိတ်ဝင်စားနေကြတဲ့ လျှပ်စစ်ကားတွေနဲ့သက်ဆိုင်ပြီး အရေးကြီးတဲ့စကားလုံးတချို့ကို ဖော်ပြပေးပါရစေခင်ဗျာ။
- kWh
kWh ဆိုတာကတော့ ကားရဲ့ဘက်ထရီ Capacity ဖော်ပြတာဖြစ်ပါတယ်ခင်ဗျာ။ (kilowatt-hour လို့ အသံထွက်ပါတယ်)
ကားရဲ့ဘက်ထရီထဲမှာသိမ်းထားနိုင်တဲ့ လျှပ်စစ်ပမာဏယူနစ်ကိုဆိုလိုတာမို့လို့ kWh နံပါတ်ကြီးလေလေ ကားကို နာရီကြာကြာဆက်တိုက်မောင်းနိုင်လေပဲပေါ့။

- Range
ကားဘက်ထရီထဲမှာ အားအပြည့်ရှိနေရင် မောင်းနိုင်လို့ရမယ့်အကွာအဝေး(Range) ဖြစ်ပါတယ်ခင်ဗျာ။ ကားရဲ့ Range ကီလိုမီတာ(km) နဲ့ဖော်ပြကြပါတယ်ဗျ။ ကိုယ်က မြို့တွင်းပဲမောင်းမှာလား၊ ခရီးခနခနထွက်တတ်သူလားဆိုတာပေါ်မူတည်ပြီး ကိုယ်ဝယ်လိုတဲ့ EV ရဲ့ Range နဲ့ နှိုင်းယှဉ်စဉ်းစားဖို့ လိုမှာပါ။

- Miles per kWh
ဓါတ်ဆီတလံမှာ ဘယ်နှမိုင်မောင်းလို့ရသလဲ ဆီစားနှုန်းကိုတွက်သလိုပဲ EV တွေမှာ 'Miles per kWh' လို့ရေးကြပါတယ်။ လျှပ်စစ် 1kWh နဲ့ ဘယ်နှမိုင်သွားနိုင်မလဲပေါ့။ Range (မိုင်)ကို Battery Capacity နဲ့စားရင် Miles per kWh ကို သိနိုင်ပါတယ်ခင်ဗျာ။
40-kWh ဘထ္ထရီရဲ့ range က 100 miles ဆိုရင် စားလိုက်တော့ consumption ratio က 2.5 miles/kWh ပေါ့။
EV ရဲ့ Efficieny ကို Watt-Hours per Mile (Wh per Mile) နဲ့လည်း ဖော်ပြတာမျိုးရှိပြီး 1000 ကို Wh per Mile နဲ့စားလိုက်ရင် Miles per kWh ကို သိရမှာပါ။

- Charging
EV ကို အားပြန်သွင်းနိုင်မယ့်နည်းလမ်း ၃သွယ်ရှိပါတယ်ဗျ။
Level 1 နဲ့ Level 2 Charging မှာ Alternating Current ကို အသုံးပြုတာမို့လို့ အိမ်သုံးလျှပ်စစ်မှအားသွင်းယူခြင်းမျိုးဖြစ်ပါတယ်ခင်ဗျာ။
Level 1 ကတော့ အိမ်သုံးပလပ်ပေါက်နဲ့ချာဂျာကြိုးချိတ်ဆက်အားသွင်းတာကို ဆိုလိုတာဖြစ်ပြီး
Levle 2 ကတော့ အားသွင်းစက်သီးသန့်ဝယ်သုံးရမှာပါ။
Level 3 ကို DC Fast Charging လို့လည်းခေါ်ပါတယ်ခင်ဗျာ။ သူ့မှာတော့ Direct Current ကို သုံးတာမို့လို့ Charging Station မှာ အားသွင်းယူခြင်းမျိုးဖြစ်ပါတယ်ဗျ။ Charging စနစ်၃မျိုးထဲမှာ အမြန်ဆုံးလည်းဖြစ်ပါတယ်။

Credit :BAIC Myanmar

Want your business to be the top-listed Autos & Automotive Service in Kyaukme?
Click here to claim your Sponsored Listing.

Culinary Team

Attire

Website

Address


Kyaukme