ZHT Computer Training Centre
24/07/2025
Microsoft Windows & Office ကို ဘာလို့ Activate လုပ်ဖို့လိုတာလဲ?
Activateလုပ်ခြင်းသည်လုံခြုံမှုနဲ့ စွမ်းဆောင်ရည်အပြည့်အဝရဖို့ မဖြစ်မနေ လုပ်သင့်တဲ့အရာတစ်ခုပါ။
Activate ဆိုတာဘာလဲ?
Microsoft က တရားဝင်ထုတ်လုပ်တဲ့ Operating System (Windows) နဲ့ Office Software (Word, Excel, PowerPoint) တွေကို သုံးချင်ရင် Activate လုပ်ဖို့လိုပါတယ်။
ဒါဟာ သင် Software ကို တရားဝင်သုံးခွင့်ရပြီဆိုတဲ့အတိုင်း ချမှတ်ခြင်းတစ်ခုဖြစ်ပါတယ်။
Activate မလုပ်ထားတဲ့အခါ ဘာတွေဖြစ်ပေါ်မလဲ?
Windows မှာ
Screen အနားမှာ Activate Windows ဆိုပြီး ပေါ်နေတတ်ပါတယ်။
Personalization ပြုလုပ်မရ။
Background black ဖြစ်တတ်တယ်။
အချို့ security update မရတတ်ပါ။
Office မှာ
Product Activation Failed ဆိုပြီး အနီရောင် message ပေါ်တတ်တယ်
Word / Excel မှာ စာရိုက်လို့မရ
Editing, formatting မရသေးပါ။
ဒါကြောင့်ပဲ Activate လုပ်တာဟာ သင့်စနစ်ကို ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ဖို့အရေးကြီးပါတယ်။
Microsoft Product ကို Activate လုပ်နည်း
> သတိပြုရန် အောက်ပါနည်းလမ်းသည် Microsoft ၏တရားဝင်နည်းမဟုတ်ပါ။ မူပိုင်ခွင့်အရေးနှင့်ပတ်သက်သည့်အချက်များအားလုံး သတိပြုပြီး ကိုယ်တိုင်တာဝန်ယူသင့်ပါသည်။
လုပ်ဆောင်ရမည့်အဆင့်များ
၁။ Activation Tool Download ဆွဲရန်
Download Link OneDrive
၂။ Antivirus & Internet ကို ခေတ္တပိတ်ထားပါ
Antivirus ဟာ Activation Tool ကို Hack Tool လို့ သတ်မှတ်နိုင်ပါတယ်။
Antivirus ပိတ်နည်းမသိရင် ဒီ post မှာဖတ်နိုင်ပါတယ်
https://www.facebook.com/itworkshop.ygn/posts/146277703442034
၃။ ဖိုင်ကို ဖြည်ရန်
Download ဖိုင်ကို Right Click Extract Here
Password မေးရင် itworkshop လို့ရိုက်ပါ။
ထွက်လာတဲ့ folder ထဲမှာ Re-LoaderByR@1n ဆိုတဲ့ file ကို Double Click ဖြင့် Run ပါ။
၄။ Program ကို Accept လုပ်ပြီး Product ရွေးပါ
Box ပေါ်လာရင် Accept နှိပ်ပါ
Windows, Office 2016, Office 2013 စသည့် Product ကိုအမှန်ခြစ်
Activate Button ကိုနှိပ်ပါ
အချိန်အနည်းငယ်စောင့်ပေးပါ။
အစိမ်းရောင်အမှန်ခြစ်တွေ့ရင် Activate အောင်မြင်ပါပြီ။
၅။ တခါတလေ စက်ကို Restart လုပ်ဖို့ လိုတတ်ပါတယ်။
Activate လုပ်လို့ရတဲ့ Microsoft Versions
Windows 7 / 8.1 / 10
Office 2010 / 2013 / 2016 / 2019
သတိထားရန်အချက်
ကိုယ်အလုပ်သုံးတဲ့စက် / တက္ကသိုလ်မှာ အသုံးပြုတဲ့စက်တွေမှာ တရားဝင် License အသုံးပြုဖို့အရေးကြီးပါတယ်။
အရင်က activation tool သုံးပြီးပြီဆိုရင်လည်း, မိမိ data ကို regularly backup လုပ်ဖို့ မမေ့ပါနှင့်။
Call to Action
နည်းပညာနဲ့ပတ်သက်ပြီး အသုံးဝင်မယ့် Tutorial, Tools အသုံးပြုပုံတွေကို စဉ်ဆက်မပြတ်မျှဝေသွားမှာဖြစ်ပါတယ်။
Crack software တွေ Install လုပ်တဲ့အခါ Antivirus Software တွေကိုဘယ်လိုပိတ်မလဲ?
- Windows 10 မှာ Build in ပါတဲ့ Windows Defender ဆိုရင် Windows Key နှိပ်> Windows Security လို့ ရိုက်ရှာပြီး Windows Security (Windows Defender) ထဲကိုဝင်ပါ> Virus and Threat Protection> Virus and Threat protection setting> Real-time protection ကို Off ပေးရပါမယ်။ Box တက်လာရင် Yes နှိပ်ပေးရပါမယ်။
- Windows 8.1 မှာ Build in ပါတဲ့ Windows Defender ဆိုရင် Windows Key နှိပ်> Windows Defender လို့ ရိုက်ရှာပြီး Windows Defender ထဲကိုဝင်ပါ > Setting> Turn on real-time protection (recommended) ကို အမှန်ခြစ်ဖြုတ်> Save changes နှိပ် ပေးရပါမယ်။ Box တက်လာရင် Yes နှိပ်ပေးရပါမယ်။
- Windows 7 မှာ သွင်းထားတဲ့ Microsoft Security Essential ဆိုရင်တော့ Windows Key နှိပ်> Microsoft Security Essential လို့ ရိုက်ရှာပြီး Microsoft Security Essential ထဲကိုဝင်ပါ> Setting> Real-time protection> Turn on real-time protection (recommended) ကို အမှန်ခြစ်ဖြုတ်> Save changes နှိပ် ပေးရပါမယ်။ Box တက်လာရင် Yes နှိပ်ပေးရပါမယ်။
- Kaspersky ဆိုရင်တော့ Software ကိုဖွင့်ပြီးရင် ဘယ်ဘက်အောက်ထောင့်က Setting> General> အပေါ်ဆုံးမှာပါတဲ့ Protection ကို Off ထားပေးရပါမယ်။
- Avast, ByteFence စတာတွေကို သွင်းထားရင်၊ ဒါမှမဟုတ် Desktop ပေါ်မှာတွေ့ရင်တော့ Control Pannel> Programs and Features (Uninstall a program) ထဲကနေတစ်ဆင့် Double Click နှိပ်ပြီး Uninstall လုပ်ပေးရပါမယ်။
- Smadav ဆိုရင်တော့ Taskbar ညာဘက်ထောင့်က တြိဂံမျှား (Show hidden icons) ကိုနှိပ်ပြီး အစိမ်းရောင် Smadav icon ကို RIght-Click ထောက်ပါ။ Disable Protection (Until Restart) ဆိုတာကိုနှိပ်ပါ။
အားလုံးအဆင်ပြေကြပါစေ။
Click here to claim your Sponsored Listing.
Category
Website
Address
Kyaukme