Myanmar Network - Kyangin

Myanmar Network - Kyangin

Share

27/05/2026

`` ရုံးပိတ်ရက် ကြေညာခြင်း "

၂၀၂၆ခုနှစ်၊ မေလ (၂၈) ရက် ( ကြာသပတေးနေ့ ) သည် အီဒုလ်အသွဟာ( ကုရ်ဘာနီအီးဒ် ) နေ့ အများပြည်သူ အလုပ်ပိတ်ရက်ဖြစ်ပါသောကြောင့် Myanmar Network ရုံးများအားလုံးကိုပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာဖြင့် ကြိုတင်ကြေညာ အသိပေးအပ်ပါတယ်ရှင်........


#ရုံးပိတ်ရက် #ကုရ်ဘာနီအီးဒ် #အစ်နေ့

25/05/2026

ကျွန်ုပ်တို့အနေနဲ့ မိုးမိပြီး ပြန်လာတဲ့အခါမှာ ခြေလက်တွေကို ချက်ချင်းဆေးကြောဖို့ ဘာကြောင့် လိုအပ်တာလဲ..... ???
🌧️ မိုးရွာချလိုက်တဲ့အခါ လေထုထဲက ဖုန်မှုန့်တွေတင်မကဘဲ လမ်းမပေါ်မှာ ဝပ်နေတဲ့ ညစ်ပတ်တဲ့ ရေအိုင်တွေ၊ မြောင်းရေတွေနဲ့ တိရစ္ဆာန်အညစ်အကြေးတွေ ရောနှောသွားတတ်ပါတယ်။ အထူးသဖြင့် မိုးဦးကျကာလမှာ လမ်းပေါ်က ရေဝပ်တဲ့နေရာတွေကို ဖြတ်သန်းရတဲ့အခါ ကျွန်တော်တို့ရဲ့ ခြေထောက်နဲ့ လက်တွေမှာ မျက်စိနဲ့မမြင်နိုင်တဲ့ ဗက်တီးရီးယား (Bacteria) နဲ့ မှိုပိုး (Fungi) မွှားတွေ ကပ်ငြိပါလာနိုင်ပါတယ်။
ကျွန်တော်တို့တွေဟာ မိုးမိပြီး အိမ်ပြန်ရောက်တဲ့အခါ အဝတ်အစားလဲပြီး ခြေလက်တွေကို သေချာမဆေးဘဲ ဒီအတိုင်း ခြောက်အောင်ပဲ သုတ်လိုက်တာမျိုးက ပိုးမွှားတွေကို မွေးမြူထားသလို ဖြစ်စေပါတယ်။ စိုထိုင်းဆကြောင့် ပိုးမွှားတွေ ပိုမိုပေါက်ပွားလာပြီး အောက်ပါ အရေပြားပြဿနာတွေ ကြုံရနိုင်ပါတယ် -
* သဲဝဲစားခြင်း (Athlete's Foot): ခြေချောင်းကြားတွေ ယားယံတာ၊ အရေပြားလန်တာနဲ့ အဖတ်တွေကွာကျတာ။
* မှိုပိုးဝင်ခြင်း (Fungal Infections): စိုစွတ်မှုကြောင့် ခြေသည်း၊ လက်သည်းတွေ အရောင်ပြောင်းပြီး မှိုစွဲတာ၊ သန်ကောင်ကွင်း (ပွေး) နာ ဖြစ်တာ။
* ဝဲနာနှင့် ယားနာများ: ညစ်ပတ်တဲ့ရေကြောင့် အရေပြားပေါ်မှာ အဖုအပိမ့်တွေထွက်ပြီး တကုတ်ကုတ်နဲ့ ယားယံတာ။
ဒီလိုရောဂါတွေမဖြစ်ဖို့ဆိုရင် ကျွန်တော်တို့တွေဟာ မိုးထဲရေထဲက ပြန်လာပြီးတာနဲ့ ကျွန်တော်တို့ရဲ့အရေပြားကို ကာကွယ်ဖို့ ဒါလေးတွေကို အမြန်ဆုံး လုပ်ပေးရမှာပဲဖြစ်ပါတယ် ။
ရိုးရိုးရေနဲ့တင် မဟုတ်ဘဲ ပိုးသတ်ဆပ်ပြာ (သို့မဟုတ်) မိမိသုံးနေကျ ဆပ်ပြာနဲ့ ခြေဖဝါး၊ ခြေချောင်းကြားတွေကို သေချာပွတ်တိုက် ဆေးကြောပါ။ ဆေးကြောပြီးရင် ခြေချောင်းကြားတွေကို အစိုဓာတ်မကျန်စေဘဲ ခြောက်သွေ့တဲ့ တာဝါနဲ့ အခြောက်သုတ်ပါ။ *(အစိုဓာတ်ရှိရင် မှိုပိုးက ပိုပေါက်ပွားလွယ်လို့ပါ)*။ အသားပတ်တာ သို့မဟုတ် စိုစွတ်ပြီး ယားယံတာမျိုးမဖြစ်အောင် Moisturizer သို့မဟုတ် မှိုသတ်ပေါင်ဒါ အနည်းငယ် လူးပေးနိုင်ပါတယ်။
ကျွန်တော်တို့တွေဟာ ခြေလက်ဆေးရုံတင်မကဘဲ စိုစွတ်လာတဲ့ အဝတ်အစားတွေကို ချက်ချင်းလဲလှယ်ရပါမယ်။ မိုးရေစိုထားတဲ့ ရှူးဖိနပ်၊ ကတ်ပါးဖိနပ်တွေကိုလည်း သေချာလျှော်ဖွတ်ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ အခြောက်ခံထားမှသာ နောက်တစ်ကြိမ်စီးတဲ့အခါ အနံ့ဆိုးထွက်တာနဲ့ အသားအရေ ယားယံတာတွေကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။
မိုးရာသီမှာ အအေးမိတုပ်ကွေးတင်မကဘဲ အရေပြားကျန်းမာရေးကလည်း အရေးကြီးတာမို့ အပြင်ကပြန်လာတိုင်း ခြေလက်တွေကို သန့်ရှင်းအောင် ဆေးကြောဖို့ မမေ့ကြနဲ့နော်။ 🌧️👣

မိုးဦးကာလမှာ ရောဂါဘယကင်းဝေးပြီး သန့်ရှင်းလတ်ဆတ်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ✨

#မိုးတွင်းကျန်းမာရေး #အရေပြားစောင့်ရှောက်မှု #မှိုပိုးအန္တရာယ်

19/05/2026

အမယ်.......သူက‌
🏡အိမ်တွေဆောက်ပေးရမလား၊⭐ကြယ်တွေဖန်တီးပေးရမလား
အကုန်လုပ်ပေးနိုင်တယ်တဲ့......
အေးပေါ့ ဒင်းက သူ့လက်ထဲမှာ သားရေကွင်းရှိနေတော့
ပြောအားရှိတာပေါ့........

#ဟာသစာတို #ဟာသ #ဟာသစာပေ #အင်တာနက် #မြန်မာ

16/05/2026

အသက်ကြီးလာလို့လားမသိဘူး တော်ရုံကိစ္စတွေဆို မမှတ်မိတော့ဘူး
တကယ်ပါ ကိုယ်ရစရာရှိတဲ့ဟာလောက်ပဲ မှတ်မိတော့တယ်🤣

#ဟာသစာတို #ဟာသ #ဟာသစာပေ #အင်တာနက် #မြန်မာ

Want your business to be the top-listed Computer & Electronics Service in Kyangin?
Click here to claim your Sponsored Listing.

Telephone

Website

Address


No. (A-132), Theik Pan Street, Ywathit Quarter
Kyangin
10032