Rainbow Channel

Rainbow Channel

Share

Photos from Rainbow Channel's post 26/10/2025

စစ်ကောင်စီကရွေးကောက်ပွဲအတွက် မင်းသားလေးဦးနဲ့ တော်လှန်ရေးပုံဖျက်တဲ့ ဝါဒဖြန့်ဇာတ်ကားထုတ်လွှင့်

▪️စစ်အုပ်စုအလိုကျသရုပ်ဆောင်ပေးတဲ့ မင်း
သားလေးဦးကိုဖက်ခွပ်စားတွေလို့ ဝေဖန်

အောက်တိုဘာ-၂၆၊၂၀၂၅/တိုးနေဝင်း/People's Spring

စစ်ကောင်စီက၎င်းတို့လုပ်မယ့်ရွေးကောက်ပွဲအတွက် မင်းသားလေးဦးနဲ့အတူ တော်လှန်ရေးကို ပုံဖျက်တဲ့ ဝါဒဖြန့်ဇာတ်လမ်း ထုတ်လွှင့်ခဲ့ပါတယ်။

ခေတ်သမိုင်းကိုဒုန်းစိုင်းမည့်သူများလို့ အမည်ပေးထားတဲ့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲစည်းရုံးရေးဇာတ်လမ်းမှာနေတိုး၊ မြင့်မြတ်၊ နေဝင်း၊ အေးချမ်းမောင်တို့က သရုပ်ဆောင်ထားပါတယ်။

ခြူးလေး၊ မေမြင့်မိုရ်၊ အောင်ခိုင်၊ ငှက်ပျောကြော်၊ စူပါလင်း၊ သွက်လက်စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ပါတယ်။

ဇာတ်လမ်းကို ၂၀၂၁ ဖေဖော်ဝါရီမှာ စစ်တပ် အာဏာသိမ်းလို့ ပြည်သူတွေ ဆန္ဒပြတဲ့မြင်ကွင်းရုပ်သံတွေနဲ့ စတင်ထားပါတယ်။ ဆန္ဒပြတဲ့မြင်ကွင်းတွေမှာလည်း မီးရှို့တာတွေ၊ ဓါတ်ဆီပုလင်းတွေကို အသားပေးပြသခဲ့တယ်။

မြင့်မြတ်၊နေဝင်း၊အေးချမ်းမောင်တို့ဟာ စက်ဘီးနဲ့ ပစ္စည်းပို့ဝန်ဆောင်မှုလုပ်ကိုင်သူတွေအဖြစ် သရုပ်ဆောင်ထားပါတယ်။

ဇာတ်ကားရဲ့ အစကိုတော့ ပစ္စည်းပို့ဆောင်ချိန် ဆန္ဒပြနေကြလို့ လှည့်ပြန်ရတဲ့မြင်ကွင်းနဲ့စထားတာပါ။

နောက်ထပ် ဇာတ်ဝင်ခန်းမှာတော့ ၂၀၂၅ စက်တင်ဘာလို့ စာတန်းထိုးတယ်။ နေဝင်းနဲ့ အေးချမ်းမောင်ဟာ မြင့်မြတ်ရဲ့ရွာကို လိုက်လည်တဲ့ပုံစံ ရိုက်ကူးထားပါတယ်။

ရွာမှာ ဆရာဝန်အဖြစ် နေတိုး၊ ကျောင်းဆရာမတွေအဖြစ် ခြူးလေးနဲ့ မေမြင့်မိုရ်၊ အုပ်ချုပ်ရေးမှူးအဖြစ် ငှက်ပျောကြော်၊ အ​ငြိမ်းစားဝန်ထမ်းအဖြစ် အောင်ခိုင်တို့က သရုပ်ဆောင်ထားတယ်။

ကိုယ့်အလုပ်ကိုမလုပ်ခဲ့တဲ့ စစ်တပ်ဟာ ဇာတ်လမ်းထဲက ဇာတ်ကောင်တွေရဲ့ နူတ်ကနေ ကိုယ့်အလုပ်ကို လုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ ဆရာ၊ဆရာမတွေဟာ ကလေးတွေကို စာသင်ကြရမှာပဲလို့ ဇာတ်လမ်းမှာ ပြသထားတယ်။ မြေပြင်မှာတော့ စစ်ကောင်စီဟာ စာသင်ကျောင်းတွေကိုပါ လေယာဥ်နဲ့ဗုံးကြဲနေပြီး ကျောင်းသားကျောင်းသူတွေ သေဆုံးခဲ့တာပါ။

"အနုပညာသမားကတော့ အနုပညာအလုပ် လုပ်ရမှာပဲလေ။"လို့ အေးချမ်းမောင်ရဲ့ဇာတ်ကောင်ကနေ ပြောခဲ့ပါတယ်။

နိုင်ငံရေးစိတ်ဝင်စားသူတွေကိုတော့ ဟာသသရုပ်ဆောင်တွေနဲ့ ပေါ့ပျက်ပျက်ဇာတ်ကောင်ပုံစံ ထည့်သွင်းရိုက်ကူးထားပါတယ်။

ရွာထိပ်မှာ မိုင်းလာထောင်တဲ့ ရွာသားနှစ်ဦးကြောင့် ကလေးတဦးမိုင်းထိခဲ့တဲ့ပုံစံ ရိုက်ကူးခဲ့ပါတယ်။ လက်တွေ့မှာတော့ စစ်ကောင်စီရဲ့ စာသင်ကျောင်းတွေ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကလေးသူငယ်တွေပါ အများအပြားသေဆုံးနေရတာပါ။

ရွာသူ၊ရွာသားတွေကို လာမယ့်ရွေးကောက်ပွဲ မဲပေးကြဖို့ စည်းရုံးကြတဲ့ပုံစံနဲ့ ဇာတ်လမ်းကို ဆက်ပါတယ်။ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူတွေကို ခြိမ်းခြောက်တဲ့သတင်းစကားတွေ ထည့်သွင်းရိုက်ကူးခဲ့ပါတယ်။

"ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ တင်လာတဲ့ Post တွေကို မင်းတို့ ပေါက်ကရတွေ လျှောက်မရေးနဲ့နော်။ ဥပဒေထုတ်ထားပြီးသား။ အကုန်နားကားသွားမယ်။...ခေတ်ပြောင်းသွားတဲ့အထိတောင် မင်းတို့ထောင်ထဲက မထွက်ရဘဲနေလိမ့်မယ်"လို့ အောင်ခိုင်က ခြိမ်း​ခြောက်ပြောထားပါတယ်။

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ပြည်ပမပြောနဲ့ ပြည်တွင်းမှာတောင် စိတ်ဝင်စားမှုမရှိလို့ မဲစာရင်းလာမကြည့်ကြတဲ့အခြေအနေမှာ ဇာတ်ကားထဲမှာတော့ မြင့်မြတ်က "တိုင်းပြည်ရဲ့အရွေ့တခုကို သွားနေတာတော့ အမှန်ပဲ။ အဲဒါကြောင့် တကမ္ဘာလုံးက စိတ်ဝင်စားနေတာ။"လို့ ပြောကြားစေခဲ့ပါတယ်။

စစ်ကောင်စီဟာ သူတို့ရွေးကောက်ပွဲကို အတုအ
ယောင်ရွေးကောက်ပွဲလို့ သုံးနှုန်းနေတာကိုလည်း ဇာတ်လမ်းတိုထဲမှာ တန်ပြန်ဝါဒဖြန့်ပါတယ်။ နေတိုးက "အတုအယောင်ဆိုရင် ဘယ်ပါတီက ဝင်ပြိုင်မှာလဲ"တဲ့။ ၂၀၂ဝ ပြည့်နှစ် အထွေထွေရွေး
ကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရခဲ့တဲ့အတွက် မဲလိမ်မဲခိုးတယ်လို့ စွပ်စွဲပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ ၎င်းတို့လုပ်မယ့် ဟန်ပြ အတုအယောင် ရွေးကောက်ပွဲကို ၎င်းတို့အောက်ဆွဲ ပါတီတွေသာ ဝင်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်။ စစ်ကောင်စီလက်အောက်ကနေ စစ်တပ်ပေးတဲ့ နေရာလေးတနေရာပဲရရ ဝင်ပြိုင်ကြသူတွေထဲမှာ လက်တလော PPP ပါတီက ဒေါ်သက်သက်ခိုင်တောင် ကိုယ်စားလှယ်လောင်းအဖြစ် ပယ်ဖျက်ခံရပြန်ပါတယ်။ အလားတူ အာဏာသိမ်းတာကူညီ ခဲ့တဲ့ NDF အပါအဝင် စစ်တပ်​ထောက်ခံတဲ့ပါတီ​တွေကို​တောင် ​ရွေး​ကောက်ပွဲပြိုင်မရ​အောင် ပိတ်ပင်ထားတာပါ။

အဲဒီဇာတ်ကားကို ရိုက်ကူးသူ ဒါရိုက်တာကတော့ အမည်ထုတ်ဖော်ထားတာမရှိဘဲ ခေတ်သမိုင်း သုခမရပ်ဝန်းက ရိုက်ကူးတယ်လို့ပဲ စာတန်းတိုးထားပါတယ်။

ဒီဝါဒဖြန့်ဇာတ်ကားမှာ ပါဝင်တဲ့ သရုပ်ဆောင်တွေဟာ စစ်အုပ်စုအလိုကျ နေထိုင်ပြီး စစ်ကောင်စီနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ထုတ်လုပ်ရေးတွေမှာ ရိုက်ကူးနေသူတွေ ဖြစ်ပါတယ်။

"ကလေးငယ်တွေစာသင်တဲ့ စာသင်ကျောင်းတွေကို ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ အလိုကျသရုပ်ဆောင်ပေးတဲ့ ဒီမင်းသားတွေရဲ့ လုပ်ရပ်အံ့ဩလို့ မဆုံးဘူး။ ပြည်သူတွေလည်း ဒီမင်းသားတွေကို BCလုပ်သင့်တယ်။ သူတို့အနေအစားချောင်နေရင်ပြီးရော ဘာဖြစ်ဖြစ် လုပ်ပေးမယ်ဆိုတဲ့ ဖက်ခွပ်စားတွေ"လို့ တော်လှန်ရေး ထောက်ပို့လုပ်နေသူတဦးက နေတိုး၊မြင့်မြတ်၊နေဝင်းနဲ့ အေးချမ်းမောင်တို့လုပ်ရပ်အပေါ် ဝေဖန်ပြောကြားပါတယ်။

"အံဩစရာမကောင်းပါဘူး အမှတ်မရှိတဲ့လူတွေ ရှိလို့ ဒီလို့ လုပ်ရဲတာ။ အလှူလေးလုပ် မျက်ရည်လေး ချူပြလိုက်ရင် ရပြီ။ စိတ်ပျက်စရာတော့ ကောင်းတယ်" လို့ပြည်သူတဦးကမှတ်ချက်ပြုပါတယ် ။

အခြားပြည်သူတဦးကလည်း "အန္တရာယ်မရှိတဲ့ BC (boycott) ကို ထိရောက်အောင် မလုပ်ကြတော့ အကြမ်းဖက်စစ်တပ်အလိုကျ ပြည်သူကို မထီမဲ့မြင် စော်ကားနေကြပြီ"လို့​ပြောပါတယ်။

စစ်အုပ်စုဝါဒဖြန့် ဇာတ်ကားမှာ ပါဝင်သရုပ်​ဆောင်
တဲ့အနုပညာရှင်​တွေကို ပြည်သူ​တွေကအပြင်းပြင်းအထန်​ဝေဖန်ခဲ့ကြပါတယ် ။

"ဖက်ခွက်စားဆိုတာ ဖက်ခွက်စားလိုဘဲကျင့်ကြံ
မှာဘဲဒီလိုအချိန်မှာ ဖက်ခွက်စားနဲ့ ပြည်သူချစ်တဲ့ အနုပညာရှင်ဆိုတာ ခွဲခြားပြီး မြင်တွေ့ကြရတာပါဘဲ" လို့ပြည်သူတဦးက​ပြောပါတယ် ။

အခြားပြည်သူတဦးကလည်း "စစ်​ေး အလိုကြသရုပ်ဆောက်တွေပြည်သူမျက်နှာမထောက်
လုပ်ထားမင်းတို့တရားခံဖြစ်နေပြီ ဘယ်တော့မှမမေ့ဘူး" လို့ မှတ်ချက်ပြုပါတယ် ။

●သတင်းကို​အောက်တိုဘာ ၂၆ ရက်ည​နေ ၂ နာရီ ၂၅ မိနစ်မှာထပ်မံဖြည့်စွက်ထားပါတယ် ။

(စစ်အုပ်စုဝါဒဖြန့်ဇာတ်ကားမှ ဇာတ်ဝင်ခန်းမှ ပါ
ဝင်သရုပ်​ဆောင်​နေသူ​တွေ။ဓါတ်ပုံ-Screengrab)

Want your business to be the top-listed Media Company in Kyaikto?
Click here to claim your Sponsored Listing.

Telephone

Website

Address


Kyaikto
84320