English for students

English for students

Share

15/07/2024

🍀 တယ်လီဂရမ်ကို join ပြီး 20% လျှော့နှုန်းနဲ့ စာအုပ်မှာယူကြရအောင်...

https://t.me/aptmbookshouse
https://t.me/skccph

📖 စကားပြောအတွက် အားဖြည့်ဝါကျများ
✍️ ဒေါက်တာစိုးသန်း

🌻မြန်မာလူငယ် လူရွယ်များ အင်္ဂလိပ်စာအခြေခံခိုင်မာရေး အင်္ဂလိပ်စကားပြောကျွမ်းကျင်ရေးနှင့် အင်္ဂလိပ်စာဆိုင်ရာ မှတ်ဖွယ်မှတ်ရာများကို အစဉ်တစိုက် ဆောင်ရွက်ပေးလျက်ရှိသည့် ဒေါက်တာစိုးသန်း၏ စာအုပ်အသစ်ဖြစ်သည်။ လေ့လာသူများ၊ စာသင်သားများ ဘက်မှ ယခုအခါ တောင်းဆိုမှုအများဆုံးဖြစ်သည့် 'အင်္ဂလိပ်စကားပြော'အတွက် အဓိကရည်ရွယ်ရေးသားသည့် စာအုပ်လည်း ဖြစ်ပါသည်။ "စကားပြောအတွက် အားဖြည့်ဝါကျများ" spoken sentences for Reinforcement of Fluency ဟု အမည်ပေးထားသည့် ယခုစာအုပ်တွင် အသံထွက်လေ့ကျင့်ခန်းများပါဝင်သည့် စီဒီခွေ ပူးတွဲ ထည့်သွင်းပေးထားပါသည်။ စီဒီခွေ အသုံးပြုရ အခက်အခဲရှိသူများအတွက် မိုဘိုင်းဖုန်းဖြင့် အသံဖိုင်ဆီ တိုက်ရိုက်သွားရောက်နားဆင်လေ့ကျင့်နိုင်မည့် QR Code ကိုလည်း ထည့်သွင်းဖော်ပြထားသဖြင့် ဖတ်ရှုသူတိုင်းအတွက် အဆင်ပြေနိုင်မည့် စာအုပ်လေး ဖြစ်ပါသည်။ အင်္ဂလိပ်စကားကို အတော်သင့် ပြောနိုင်သူများအတွက်လည်း အဆင်မြင့်အင်္ဂလိပ်စကားပြောဆီ တက်လှမ်းနိုင်ရေး အားဖြည့်ပေးမည့် စာအုပ်လည်း ဖြစ်ပါသည်။
#ယခုစာအုပ်လေးကို #လာမည့်တနင်္လာနေ့တွင် စတင်ဖြန့်ချိတော့မည်ဖြစ်သဖြင့် #စာအုပ်အမှာလေးများကို ၁၅-၇-၂၀၂၄ ရက်နေ့မှ ၁၉-၇-၂၀၂၄ ရက်နေ့အထိ ကြိုတင်မှာကြားသူတိုင်း ၂၀% လျှော့နှုန်းဖြင့် မှာယူရရှိနိုင်မှာ ဖြစ်ပါတယ်ရှင်။

#ယခုစာအုပ်သာမက ဒေါက်တာစိုးသန်း၏ ထွက်ပြီးသမျှစာအုပ်တိုင်းအတွက်ကိုတော့ #တယ်လီဂရမ်ချယ်နယ်ကို join ပြီး ၂၀% လျှော့နှုန်းဖြင့် အထက်ပါရက်များအတွင်း မှာယူရရှိနိုင်မည့် အစီအစဉ်လေး စီစဉ်ထားရှိပေးထားပါတယ်ရှင်။

🍀အေးချမ်းသာယာပျော်ရွှင်တဲ့နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

26/04/2024

Do ကို noun လိုသုံးကြပုံများ

မူလတန်းလောက်ကတည်းက ကျောင်းမှာ အင်္ဂလိပ်စာသင်တော့ ဆရာက Do ဟာ helping verb ဖြစ်တယ်။ do ကို questions မေးခွန်းမေးရာမှာ၊ negatives အငြင်းဝါကျတွေမှာနဲ့ emphasis အထူးပြုပြောဆိုတဲ့နေရာတွေမှာ helping verb အကူကြိယာ အဖြစ်သုံးရတယ်လို့ သင်ပေးလိုက်တယ်။

Do you like spicy food? (question )
No, I don't. (negative )
But I do like some Indian curries that are mild. (emphasis)
ဒီလို အသုံးတွေပေါ့။

တကယ်လည်း နေ့စဉ်လက်တွေ့ဘဝမှာ ကိုယ်မြင်နေရတဲ့ do ရဲ့ အသုံးပြုပုံဟာ verb အနေနဲ့ သုံးထားကြတာတွေပေါ့။ သို့သော် native speaker များ speaking မှာ၊ စကားပြောကြတဲ့အခါမှာ do ကို noun လိုလည်း သုံးကြသေးတယ် ဆိုတာလေးကို ဒီ post မှာ ပြောပြချင်ပါတယ်။ ကျွန်တော် ဒီမှာ ဆောင်းပါးတွေ ရေးနေတဲ့ အဓိကရည်ရွယ်ချက်တစ်ခုကတော့ စာသင်သားများကို ကျောင်းသင်ရိုးညွှန်းတမ်း အင်္ဂလိပ်စာ အဆင့်ထက် ကျော်လွန်ပြီးတော့ ပြင်ပလောကမှာ တကယ်အသုံးပြုနေကြတဲ့ အင်္ဂလိပ်စာနဲ့ စကားရဲ့ အထာလေးတွေကို မီးမောင်းထိုးပြချင်လို့ပဲ ဖြစ်ပါတယ်။

စာသင်သား အများစု သိချင်မှ သိသေးမှာဖြစ်တဲ့ do ကို Speaking မှာ noun လို သုံးပုံလေးတွေကို ဆက်ကြည့်ကြပါစို့။

📍do ကို hairdo ဆံပင်ပုံစံ ဆိုတဲ့ စကားလုံးမှာ noun လို ထည့်သုံးထားတာကိုတော့ တွေ့ဖူးကြမှာပါ။ ဒါ့အပြင် "dos and don’ts" ဆောင်ရန် ရှောင်ရန်များ၊ လိုက်နာရန် စည်းမျဉ်းများ ဆိုတဲ့ idiom မှာလည်း do ကို noun အနေနဲ့ သုံးထားတာကို တွေ့ဖူးကြမယ် ထင်ပါတယ်။

📍အခု ထပ်မှတ်စေချင်တာက လူတစ်ယောက်ကို ဆက်ဆံတဲ့ နေရာမှာ ဘယ်လိုဆက်ဆံသလဲ၊ မျှမျှတတ ဆက်ဆံရဲ့လား၊ မျှတမှုမရှိ၊ မတရားလုပ်လိုက်သလား၊ စသည့်အခြေအနေများကို ပြောဆိုရာမှာ do ကို noun အနေဖြင့် သုံးကြပါတယ်။ မျှမျှတတ လုပ်ပါလို့ပြောရင် fair dos လို့သုံးပြီး မမျှတဘူးလို့ပြောချင်ရင်တော့ poor do လို့သုံးပါတယ်။ ဒါတွေဟာ do ကို noun လို သုံးထားတာပါ။ နမူနာဝါကျလေးတွေကို ဆက်ဖတ်ပါ။

Fair dos—we were here first.
မတရားမလုပ်ပါနဲ့၊ ငါတို့ အရင်ရောက်တာလေ။
(တန်းစီရာမှာ ကြားဖြတ်လို့ ပြောတဲ့အခါ)

Come on, fair dos—you’ve had your chance, now let me try.
ဟေ့၊ မျှမျှတတပေါ့ကွာ၊ မင်း အခွင့်အရေး ရခဲ့ပြီးပြီလေ၊ အခု ငါ့ ပေးလုပ်ပါဦး။

There are no special privileges for the ministers - we believe in fair dos all round in our country.
ဝန်ကြီးတွေမို့လို့ အခွင့်ထူးခံ လုပ်လို့မရဘူး၊ တို့နိုင်ငံမှာ အားလုံး သာတူညီမျှဖြစ်ဖို့ကိုပဲ ယုံကြည်တယ်။

It's a poor do when you can't even withdraw your own money from the bank as much as you need.
ကိုယ့်ပိုက်ဆံကို ဘဏ်ကနေ လိုသလောက် ထုတ်လို့မရတာတော့ မစွံပါဘူးကွာ။

📍နောက် do ကို noun လိုသုံးတဲ့ အဓိပ္ပာယ်တစ်ခုကတော့ party ပါတီပွဲ၊ မွေးနေ့ပါတီ၊ အလှူ၊ စသည့် social event ကို ဆိုလိုပါတယ်။

Colin's having a bit of a do for his 50th birthday.
သူ့ရဲ့ နှစ် ၅၀ ပြည့်မွေးနေ့အတွက် Colin က ပွဲလေးဘာလေး လုပ်မယ်တဲ့။
(a bit of a do ဆိုတဲ့ speaking မှာ ပြောဟန်ကို သတိပြုပါ။)

I suppose we should have a bit of a do to celebrate his graduation.
သူ ဘွဲ့ရတာကို ဂုဏ်ပြုတဲ့အနေနဲ့ အခမ်းအနားလေး တစ်ခုလောက် လုပ်ပေးသင့်တယ် ထင်တယ်။

It was one of those dos where nobody really knew each other.
(ဖိတ်လို့သာ သွားလိုက်ရတာ) လာတဲ့သူတွေက တစ်ယောက်ကို တစ်ယောက် မသိကြတဲ့ ပွဲမျိုးပေါ့ကွာ။

Are you having a big do for your birthday?
မင်းရဲ့ မွေးနေ့အတွက် ပါတီပွဲကြီး လုပ်မှာလားဟင်။

ဟုတ်ပြီနော်။ ဒီ ဆောင်းပါးကို ဖတ်ပြီးသွားရင် do ကို noun လိုသုံးကြတာတွေ ရှိသေးကြောင်း ပိုသိသွားကြပြီပေါ့။

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

Lecture on the poem "Windy Nights" 4k 14/04/2024

Windy Nights ကဗျာအကြောင်း ဆွေးနွေးချက်။ တတ်နိုင်သမျှ စေ့စေ့စပ်စပ် ဖော်ပြထားတယ်။ အသံတိုးသွားတဲ့ နေရာလေးတစ်ခုတော့ ရှိတယ်။ စိတ်ဝင်စရာကောင်းတဲ့ ကဗျာဆရာအကြောင်းလည်း သိသင့်သလောက်သိအောင် ရှင်းပြပေးထားတယ်။ မွေးကတည်း ကျန်းမာရေးချို့တဲ့၊ sick room ထဲမှာ အချိန်အများစု ကုန်ဆုံးရတဲ့ ကလေးတစ်ယောက်၊ ကြီးလာတော့လည်း ချူချာဆဲ၊ အသက် ၄၄ နှစ်နဲ့ ကွယ်လွန်ခဲ့။ တိုတောင်းတဲ့ သက်တမ်းအတွင်းမှာ ဂန္ထဝင်စာပေတွေ ဖန်တီးသွားခဲ့တယ်။ all က ဘယ်အဓိပ္ပါယ်လဲ၊ fires မှာ ဘာလို့ s ပါတာလဲ ရှင်းပြထားပါတယ်။

Lecture on the poem "Windy Nights" 4k Chapters0:00 Intro 0:23 Biography of the poet5:00 Understanding the poem

05/02/2024

ပုံစံကျကျပြောတတ်ချင်သူများအတွက်

သိသူ ဖော်စား၊ မသိသူ ကျော်သွားပေါ့။

အင်္ဂလိပ်စကားပြောကို အသံ အဖိ အပေါ့၊ အနိမ့်အမြင့် ပီသမှန်ကန်အောင် အိမ်မှာ ဆရာလွတ်လေ့ကျင့်ချင်ကြသူ အခြေခံသမားများအတွက်

အမေရိကားက Barauch College က ပေးထားတဲ့ ဒီ website မှာ

Stress,
Rhythm,
Intonation,
Linking and Connected speech စသည်တို့ကို အပိုင်းလိုက် ရှင်းပြချက်များ၊ ဥပမာများ၊ နမူနာနားထောင်ရန် အသံဖိုင်များ အတော်လေး ပြည့်စုံစွာပေးထားပါတယ်။ ကိုယ်လေ့လာချင်တဲ့ အပိုင်းကို နှိပ်လိုက်ရုံပါပဲ။

ဒီ link လေးကို နှိပ်ပြီး သွားလေ့လာနိုင်ပါတယ်။

https://tfcs.baruch.cuny.edu/rhythm-intonation-more/?fbclid=IwAR2cySFBzxEeDCIDbmx6toCv2yKUL2gz14Ac2oFnmiHzy0xYXUcV17DM8NU

#မေတ္တာဖြင့်
#ဒေါက်တာစိုးသန်း

Want your school to be the top-listed School/college in Kayan?
Click here to claim your Sponsored Listing.

Category

Website

Address


Nawaday Street
Kayan