NILAR
08/10/2022
အဝတ်အစားပေါ် မူတည်ပြီး
Bra ရွေးချယ်နည်း
1. T Shirt bra
ဗြောင်တီရှပ်တွေ ဝတ်တဲ့အခါ အင်္ကျီပေါ်မှာ ဇာလိုင်းတွေ ပေါ်မနေဖို့ တီရှပ်ဘရာကို ရွေးချယ်သင့်ပါတယ်။ ခန္ဓာကိုယ်နဲ့ကွက်တိ fit ဖြစ်တဲ့အင်္ကျီတွေ ဝတ်တဲ့အခါမှာလည်း တီရှပ်ဘရာက အဆင်ပြေပါတယ်။
2. ကြိုးမပါတဲ့ bra
ကြိုးမပါတဲ့ဘရာတွေက ဝတ်ရတာ သက်တောင့်သက်သာ ရှိပါတယ်။ ခန္ဓာကိုယ်မှာလည်း မြဲနေတဲ့အတွက် ပြုတ်ကျသွားမှာကိုလည်း စိတ်ပူစရာ မလိုပါဘူး။ ပုခုံးလျှောအင်္ကျီတွေ၊ ပုခုံးမှာ အပေါက်ပါတဲ့ အင်္ကျီတွေ ဝတ်တဲ့အခါ ကြိုးမပါတဲ့ဘရာကို ရွေးချယ်သင့်ပါတယ်။
3.Convertible bra
သူ့မှာတော့ ကြိုးတွေအများကြီးပါပြီး ကြိုးတွေနဲ့ဝတ်လို့ရသလို ကြိုးတွေကို အကုန်ချွတ်ပြီးတော့လည်း ဝတ်လို့ရပါတယ်။ ပုခုံးတစ်ဖက်ပဲပါတဲ့ အင်္ကျီတွေအတွက် ဝတ်ဖို့ သင့်တော်ပါတယ်။
4.U-plunge bra
လည်ပင်းဟိုက်တဲ့အင်္ကျီတွေ ဝတ်တော့မယ် ဆိုရင်တော့ U-plunge bra က အဆင်ပြေဆုံးပါပဲ။ ပုံမှန် bra တွေက တစ်ဖြောင့်တန်းတည်း ဖြစ်ပေမယ့် U-plunge bra ကတော့ လည်ဟိုက်အင်္ကျီတွေဝတ်ရင် အဆင်ပြေဖို့ U ပုံစံဝိုက်ဝိုက်လေး ဖြစ်နေတာပါ။
5.Sticky bra
Sticky bra တွေကို များသောအားဖြင့် ဆီလီကွန်နဲ့ ပြုလုပ်ကြပြီး ဖော့နဲ့ချုပ်ထားတဲ့ sticky bra တွေလည်း ရှိပါတယ်။ ကြိုးတွေမပါတာကြောင့် ပုခုံးလျှောတဲ့အင်္ကျီတွေ၊ နောက်ကျောမပါတဲ့အင်္ကျီတွေ ဝတ်တဲ့အခါ ရွေးချယ်နိုင်ပါတယ်။
6.Balcony bra
Balcony bra ကို balconette လို့လည်း သိကြပါတယ်။ ဒီဘရာကတော့ ရင်သားတစ်ဝက်လောက်ကိုပဲ ဖုံးအုပ်ပေးနိုင်တာပါ။ လည်ပင်းအလှကို ပေါ်လွင်စေတဲ့ အင်္ကျီတွေနဲ့ဆိုရင် လိုက်ဖက်ပါတယ်။
7.ဇာ bra
ဖော့တွေမပါဘဲ ဇာသက်သက်နဲ့ ချုပ်ထားတာကြောင့် အရမ်းကို မိန်းမဆန်စေတဲ့bra ပါပဲ။ ထွင်းဖောက်မြင်ရတဲ့အင်္ကျီတွေ၊ ပါးလှပ်လှပ် အင်္ကျီတွေနဲ့ တွဲဝတ်ရင် မေ့မထားသင့်တဲ့ bra ပါ။
8.Racerback bra
နောက်ကျောမှာ ဝိုက်ဝိုက်လေး ဖြစ်နေတာကြောင့် ကျောဘက်မှာ ဝိုက်ထားတဲ့ ဝတ်စုံတွေအတွက် သင့်တော်ပါတယ်။ အားကစားလုပ်တဲ့ အချိန်မှာ ဝတ်လို့လည်းရပါတယ်။
9.Demi bra
Demi bra က ရင်သားအောက်ပိုင်းကိုပဲ ဖုံးအုပ်ပေးနိုင်တာကြောင့် အပေါ်ပိုင်းက လွတ်နေပါတယ်။ သူ့ရဲ့ cup ကလည်း သေးပါတယ်။ အင်္ကျီအပါးတွေ၊ လည်ဟိုက်တဲ့အင်္ကျီတွေ ဝတ်တဲ့အခါ ရွေးသင့်တဲ့ bra ပါပဲ။
10. Full cup bra
Full cup bra က ရင်သားကို အပြည့်အဝ ဖုံးအုပ်ပေးနိုင်ပါတယ်။ ရင်သားကြီးတဲ့ အမျိုးသမီးတွေအတွက် သင့်တော်ပါတယ်။ လည်ပိတ်အင်္ကျီတွေနဲ့ တွဲဖက်ပြီး ဝတ်လို့ရပါတယ်။
11. Push -up bra
Push-up bra က ရင်သားကို ပင့်တင်ပေးတာကြောင့် ပိုကြီးသယောင် ဖြစ်စေပါတယ်။ Low-cut top တွေနဲ့ ဝတ်ရင် အဆင်ပြေဆုံးပါ။
12.Smoothing bra
Smoothing bra ဆိုတဲ့အတိုင်း ခပ်ကျပ်ကျပ် ဝတ်စုံတွေဝတ်ရင် ဝတ်ထားမှန်း မသိရလောက်အောင် အဆင်ပြေစေတဲ့ bra ပါပဲ။
07/10/2021
📌 မိန်းကလေးတွေ လှကြစမ်းပါ 📌
____________________
မိန်းကလေးတွေ အလှအပကြိုက်ကြတယ်။
ပျင်းတဲ့ မိန်းကလေးပဲရှိမယ် 🤔
ရုပ်ဆိုးတဲ့ မိန်းကလေးဆိုတာမရှိဘူးတဲ့။🙅
အသက် (၃ဝ) မတိုင်ခင် ကိုယ့်ရုပ်ရည်ကို မိဘတွေကတာဝန်ယူတယ်။ အသက်(၃ဝ)ကျော်ပြီးနောက် ကိုယ့်ရုပ်ရည်ကို ကိုယ့်ဘာသာတာဝန်ယူပါတဲ့။
ဒီလို စကားမျိုးရှိပေမယ့် တချို့မိန်းကလေးတွေက အိမ်ထောင်ဖက် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မြင်ရသူကို ခေါင်းခါချင်လောက်အောင် ပိုသီပတ်သီနိုင်လွန်းခဲ့ပါတယ်။
"ချစ်သူရှိစမှာ မိန်းကလေးတွေက အလှအပကို အလေးထားတတ်ကြတယ်" 💯💯💯
ဒီလိုမိန်းကလေးမျိုးကို ကိုယ့်ပတ်ဝန်းကျင်မှာ အများအပြားတွေ့ရတတ်တယ်။ အခုဒီပို့စ်ကိုဖတ်နေတဲ့ မိန်းကလေးတွေလည်း အပါအဝင်ပါပဲ။ ချစ်သူဖြစ်စနဲ့ ဖြစ်ပြီးနောက်ရဲ့ အပြောင်းအလဲက သိသာလွန်းလှတယ်။ ချစ်သူရှိစမှာ မိန်းကလေးတွေရဲ့ မျက်နှာအရောင်လေးက ဝင်းလက်လို့နေတယ်။ အိမ်ကမထွက်ခင် လှလှပပဖြစ်အောင် စိတ်ရှည်လက်ရှည် ပြင်တတ်ကြတယ်။ ဆံပင်ပုံ အဝတ်အစားစတာတွေ လိုက်ဖက်အောင် ဝတ်ဆင်ကြတယ်။ လက်ကောက်၊ လက်သည်းနီပါမကျန် လက်ကိုင်အိတ်ကိုတောင် ကိုယ်ဝတ်ထားတဲ့ အဝတ်အစားနဲ့ လိုက်မလိုက် အသေးစိတ်ရွေးချယ်တတ်ကြတယ်။
ခါတိုင်း ဘောင်းဘီပဲဝတ်တတ်တဲ့ မိန်းကလေးက ရုတ်တရက် စကပ်နဲ့မိတ်ကပ်တွေပြင်လာပြီဆိုရင် ချစ်သူ သို့မဟုတ် ကိုယ်ကြိုက်တဲ့လူ ရှိလာလို့ဖြစ်တယ်။ အထူးသဖြင့် ကိုယ်အလေးချိန် သိသိသာသာ ကျလာတယ်။ ဝိတ်လျှော့ဖို့ ကြိုးစားလာကြတယ်ဆိုရင် ချစ်သူရှိလာလို့ပါပဲ။ ချစ်သူရှိတဲ့ မိန်းကလေးတွေက ပိန်ချင်ကြတယ်။ ကိုယ်အလေးချိန်ကို ဂရုစိုက်လာတတ်တယ်။ ဝိတ်ခိုးလျှော့လာတတ်တယ်။ ချစ်သူပွေ့ဖက်တာကို ခံရချိန် ခါးနားကအဆီတုံးကြီးကိုမကိုင်မိဖို့ စိုးရိမ်လာတတ်ကြတယ်။ ဒါကြောင့် အိပ်ယာမဝင်ခင် လေ့ကျင့်ခန်း လုပ်လာကြတယ်။ အိပ်ယာထတာနဲ့ ပေါင်ချိန်ကြည့်တတ်တယ်။ ဝိတ်ကျဆေးတွေ လိမ်းတယ်၊ သောက်တယ်၊ တီဗွီကလာတဲ့ အမျိုးသမီး အစီအစဉ်ကို မလွတ်တမ်းကြည့်တတ်လာကြတယ်။ ဒီအချိန်မှာ ဒီလို မိန်းကလေးတွေက အလှဆုံးဖြစ်တယ်။ သူတို့ရဲ့ မျက်နှာလေးတွေက ကန်ရေပြင်လို ကြည်လင် လှပနေတတ်တယ်။
"အချစ်တည်ငြိမ်လာချိန်မှာ ပြင်ဆင်မှုတွေ လျော့ပါး၊ ပုံပျက်လာတတ်တယ်" ❗❗❗
တည်ငြိမ်တဲ့အချစ်တစ်ခု ရပြီဆိုတာနဲ့ မိန်းကလေးတွေက အလှအပ၊ အပြင်အဆင်ကို လျော့လာကြတယ်။ အမြဲတမ်း အသင့်အနေအထားမျိုး ပြင်ဆင်ထားရမယ်လို့ မဆိုလိုပါဘူး။ လေ့ကျင့်မှုတော့ လိုပါလိမ့်မယ်။ တချို့မိန်းကလေးရဲ့ အပြောင်းအလဲက လန့်စရာကောင်းလောက်အောင် ပိုသိသာမြန်ဆန်ပါတယ်။ ကိုယ်အလေးချိန် တိုးလာရုံတင်မက အပြင်အဆင်ကိုလည်း ဖြစ်သလို ပြင်ဆင်လာခဲ့တယ်။ အချစ်တွေ တည်ငြိမ်လာတော့ သူ ငါ့ကို လွယ်လွယ်နဲ့ထားသွားမှာ မဟုတ်ဘူးဆိုပြီး အလှအပ ပြင်ဆင်မှုတွေ လျော့လာခဲ့တယ်။ အထူးသဖြင့် အိမ်ထောင်ကျပြီးတဲ့ မိန်းကလေးတွေက ပိုသိသာပါတယ်။
တချို့မိန်းကလေးတွေက အိမ်ထဲအိမ်ပြင်မခွဲခြားဘဲ အိမ်နေအင်္ကျီကို အလုပ်ဝတ်သွားတတ်တယ်။ ဒါမှမဟုတ် ညအိမ်ပြန်ရောက်ချိန်မှာ လိမ်းထားတဲ့ မိတ်ကပ်ကိုမဖျက်ဘဲ သွားမတိုက်၊ မျက်နှာမသစ်ဘဲ အိပ်ယာဝင်တယ်ဆိုတာကို ယောကျာ်းတွေက တဖြည်းဖြည်း သတိထားလာမိတတ်ကြတယ်။ ချစ်စ၊ ကြင်စ၊ အိမ်ထောင်ကျစမှာ ဝတ်တတ်တဲ့ (sexy) ညဝတ်အင်္ကျီတွေက အခုတော့ တခြားအဝတ်အစား ဖားဖားကြီးတွေ ဖြစ်လို့နေတယ်။ ခေါင်းအုံးဘေးမှာ အိပ်နေသူကို အိပ်ရင်းအိပ်ရင်း ဘယ်က အဘွားကြီးလဲလို့ ထင်ရလောက်အောင် ပြောင်းလဲတတ်ကြခဲ့ပါတယ်။🙍
အပြင်ပန်း အပြင်အဆင်ပေါ့လျော့တဲ့အပြင် တချို့မိန်းကလေးတွေက တိုးတက်လိုစိတ် မရှိတတ်ကြဘူး။ အပေါင်းအသင်းတွေ စုမိရင် ဟိုအတင်း၊ ဒီအတင်းလေး ပြောမယ်။ အလုပ်ချိန်မှာ msn နဲ့ အချိန်ဖြုန်းမယ်။ ရသစာပေလေး ဖတ်ရရင် အချိန်ကုန်အားစိုက်ရတယ်ဆိုပြီး အာဟာရမရှိတဲ့ တီဗွီအစီအစဉ်တွေကို ပိုနှစ်သက်တတ်တယ်။🙂 စာအုပ်အရောင်းဆိုင်နဲ့ ရုပ်ရှင်ရုံဆိုရင် ခြေဦးတောင်မလှည့်မိတတ်ကြတော့ပါဘူး။ ထမင်းကောင်း၊ ဟင်းကောင်းလေး တစ်ဝိုင်းစားရဖို့ဆိုတာလည်း မရှိတော့ပါဘူး။ ဒီလိုမိန်းကလေးမျိုးအတွက် ပြောစရာစကား ဘာများရှိပါသေးသလဲ။🤦♀️
တချို့ယောက်ျားတွေက ရုပ်ရည်မကြည့်ပါဘူး၊ အတွင်းစိတ်ဖြူစင်ရင် ရပါပြီလို့ ပြောတတ်ကြပေမယ့် သူတို့စိတ်ထဲမှာတော့ "လူကြားထဲ တွဲခေါ်သွားနိုင်တဲ့၊ မီးဖိုချောင် နိုင်နင်းတဲ့၊ အိမ်ခန်း တာဝန်ကျေတဲ့" မိန်းမမျိုးကို လိုချင်ကြတာချည်းပါပဲ။ ယောက်ျားတွေရဲ့ မျှော်လင့်ချက်အောက်မှာ မိန်းမတွေ ရှင်သန်စရာ မလိုဘူးဆိုပေမယ့် ကိုယ့်သတ်မှတ်ချက် အထက်မှာတော့ ကိုယ်ရှိသင့်တယ်လို့ ထင်ပါတယ်။ အတင်းအဖျင်းတွေနဲ့ အချိန်ကုန်မဲ့အစား ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုအချိန်ပိုပေးပြီး လှပဖို့အခွင့်အရေး မယူချင်ကြတာလဲ မိန်းကလေးတို့ရယ်...! 🤷♀️
မိန်းကလေးတို့ရေ.. ကိုယ့်ကိုယ်ကို စိုးရိမ်စိတ်လေ နည်းနည်းထားပါ။ ကိုယ့်ကိုယ် နည်းနည်းပိုချစ်ပါ။ တစ်ခါတလေ ကောင်မငယ်လေးတွေလို နေထိုင်ပါ။ အလုပ်ဆင်းတာနဲ့ အိမ်တန်းပြန်ဖို့ပဲ မလောပါနဲ့။ ရှော့ပင်းသွားပါ၊ ဆံပင်ပုံစံ ပြောင်းကြည့်ပါ၊ ရှုပ်ထွေးနေတဲ့စိတ်ကို ပြောင်းလဲကြည့်ပါ။ စာအုပ်ဆိုင်တွေ လည်ပတ်ပါ၊ ရုပ်ရှင်ကြည့်ပါ၊ အော်ဂင်းနစ်အစာတွေ စားသုံးပါ။ တရားထိုင်ကြည့်ပါ။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို ကော်ဖီတစ်ဖျော်စာ အချိန်လေးပေးပြီး ရှုပ်ထွေးတဲ့အလုပ်ကနေ တခဏလောက်ခွာကြည့်ပါ။ စိတ်ကို ကြည်ကြည်လင်လင် ထားကြည့်ပါ။🙆❤
မိန်းကလေးတိုင်း အသက်အရွယ် အကန့်အကတ်မရှိဘဲ လှပနိုင်ကြပါတယ်။ အပြင်ပန်းနဲ့ အတွင်းစိတ်ကို ပြောင်းလဲချင်တယ်၊ အထက်ကို မနားတမ်း တက်ချင်တဲ့စိတ်ရှိရင် ဖြစ်ကိုဖြစ်နိုင်ပါတယ်။💯
-----
ကျွန်မလည်း မိန်းမသားတစ်ယောက်မို့ ကိုယ့်ကိုယ်ကိုအသိပေးတဲ့အနေနဲ့ ဘာသာပြန်မျှဝေဖြစ်ခဲ့ပါတယ်။
ူရင်း_လေးစားစွာဖြင့်
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Kanbalu