Millennium Library - UM1
22/07/2020
"Millennium Library ပြုပြင်မွမ်းမံမှုများအား တင်ပြခြင်း"
ဆေးတက္ကသိုလ် (၁) ပြည်လမ်း (လိပ်ခုံး) campus ရှိ Millennium Library အား ပြန်လည်မွမ်းမံလျက် ရှိရာ
⁃ June 26 ရက်တွင် Library မျက်နှာစာတွင် aluminium တံခါးပေါက်များအားတပ်ဆင်ပြီးခြင်း။
https://www.facebook.com/170606696754954/posts/907387373076879/
⁃ July 1 ရက်တွင် Floor Standing Type ဖြင့် Air-con ၂ လုံး တပ်ဆင်ပြီးခြင်း။
https://www.facebook.com/170606696754954/posts/910988306050119/
⁃ July 19 ရက်တွင် Library အတွင်းပိုင်း အခန်းအလယ်ကို ခေါက်၍တွန်းနိုင်သော တံခါးဖြင့် အရှင်တပ်ဆင်မှု ပြုလုပ်ခဲ့ပါသည်။ ယခုလို ကန့်ထားခြင်းအားဖြင့် Library တွင် အေးအေး လူလူ စာလာဖတ်သူများနှင့် Events များ Talk shows များ Club Activity များ အတွက် နေရာသက်သက် ဖြစ်သွားပြီး အားလုံးအဆင်ပြေစေလိုသော ရည်ရွယ်ချက်ဖြင့် ကန့်လိုက်ရခြင်းဖြစ်ပါသည်။
● စာကြည့်တိုက်အတွင်းရှိ Folding Silding Door partition အတွက် ခွင့်ပြု စီမံဆောင်ရွက်ပေးပါသော "ပါမောက္ခချုပ် Dr ဇော်ဝေစိုး ၊ ဒု-ပါမောက္ခချုပ် Dr မြင့်မြင့်ငြိမ်း နှင့် စီမံဘဏ္ဏာဌာနမှူး ဒေါ်ချိုချိုဟန်" တို့အပြင် စာကြည့်တိုက် နံရံ နှင့် မျက်နှာကျက်များအား အခမဲ့ ဆေးသုတ်၍ အခန်းတစ်ခုလုံးကို ပြုပြင်ပေးပါသော "Skyline Company Limited မှ managing director ကိုဟန်ဇော်ထွန်း" တို့ကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါသည်။
● ဤ စာကြည့်တိုက် ပြန်လည်ပြုပြင်ရေးတွင် ပါဝင်သောအလှူရှင်များအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။ 🙆♂️
01/07/2020
● Millennium Library တွင် Air-Con များ တပ်ဆင်ပြီးစီးကြောင်း အသိပေးခြင်း ●
ဆေးတက္ကသိုလ် (၁)ရန်ကုန် ပြည်လမ်း (လိပ်ခုံး) campus ရှိ Millennium Library အား ပြန်လည်ပြုပြင်မှုများ ပြုလုပ်လျက်ရှိရာ ဇွန်လ ၂၂ ရက်နေ့တွင် စာကြည့်တိုက်တာဝန်ခံ ကိုဟိန်းဆက်အောင်နှင့် Skyline ကုမ္ပဏီ၏ managing director ကိုဟန်ဇော်ထွန်းတို့ တွေ့ဆုံ၍ အခန်းကန့်ခြင်းကို စတင် အကောင်အထည်ဖော်ခဲ့ရာ ၂၆ရက်နေ့တွင် ပြီးစီးခဲ့ပါသည်။
စာကြည့်တိုက်အပြင်ဘက် အခန်းနံရံပြင်ဆင်မှုများ ပြုလုပ်ပြီးသည့်နောက် စာလာဖတ်သည့် ကျောင်းသား၊သူများ သက်တောင့်သက်သာ ရှိစေရန် ရည်ရွယ်ချက်ဖြင့် Floor Standing Type နှင့် air-con (၁ လုံး - ၂ ကောင်အားရှိ) ၂ လုံးကို ယနေ့ တပ်ဆင်ပြီးစီးကြောင်း အသိပေးအပ်ပါတယ် ခင်ဗျာ။
အထူးသဖြင့် air-con အလှူရှင် ဦးဝင်းဇော်ကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ ✨
ကျောင်းသားကျောင်းသူများအနေနဲ့လည်း ကျောင်းပြန်ဖွင့်ပြီဆိုတာနဲ့ စာကြည့်တိုက်မှာ အေးအေးလူလူ စာလာဖတ်ပြီး chill နိုင်ပါပြီနော် 🙆♂️ Debate club , public speaking club အစရှိတဲ့ club များလည်း ကျောင်း activity တွေကို စာကြည့်တိုက်မှာ ပိုမိုကျင်းပနိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ် !
26/06/2020
● ဆေးတက္ကသိုလ် (၁) ပြည်လမ်း (လိပ်ခုံး) campus ရှိ Millennium စာကြည့်တိုက်အား အခန်းကန့် ပြင်ဆင်ပြီးခြင်း ●
- ယနေ့ နံနက်တွင် ဆေးတက္ကသိုလ်(၁) ကျောင်းသားသမဂ္ဂမှ Millennium စာကြည့်တိုက် တာဝန်ခံ ကိုဟိန်းဆက်အောင် နှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး ကိုထူးအောင်ကျော် တို့မှ စာကြည့်တိုက် အပြင်ပိုင်း အခန်းကန့်ပြင်ဆင်ပြီးသည့် အခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပါသည်။
- အခန်းကန့်ထားသည့် aluminium နှင့် မှန် တံခါး၊နံရံတို့မှာ
ခိုင်ခံ့သေသပ်မှုရှိပြီး အခန်းအတွင်းပိုင်းတွင်းလည်း အသံပိုင်းအရ
လုံလုံခြုံခြုံ ရှိသည်ကို တွေ့ ရှိလေ့လာခဲ့ရပါသည်။
- ထို့အပြင် စာကြည့်တိုက် အတွင်းပိုင်းတွင်လည်း တိတ်ဆိတ်ငြိမ်သက်ပြီး အေးချမ်းမှုရှိစေရန် air-con ပါ တပ်ဆင်ပေးသွားပါမည်။
- Interior design & decoration နှင့်ပက်သက်၍လည်း ပြင်ဆင်မွမ်းမံမှုများကို ဆက်လက်ဆောင်ရွက်သွားရန်ရှိကြောင်း အသိပေးအပ်ပါသည်။
Click here to claim your Sponsored Listing.
Category
Website
Address
University Of Medicine 1, Pyay Campus (upstairs Of Canteen)
Kamayut
Opening Hours
| Monday | 08:30 - 16:30 |
| Tuesday | 08:30 - 16:30 |
| Wednesday | 08:30 - 16:30 |
| Thursday | 08:30 - 16:30 |
| Friday | 08:30 - 16:30 |