TMT on Adrenaline

TMT on Adrenaline

Share

15/01/2026

Typical K-Drama တွေကြားမှာ Drama တွေမပါသလောက်နည်းတဲ့ Neo-Noir Series တစ်ခုဖြစ်တဲ့
"Made In Korea" ကတော့ Season 1 ပြီးသွားခဲ့ပါပြီ။

လူကြိုက်များတဲ့ သရုပ်ဆောင်တွေပါတဲ့ Series ဖြစ်ပေမဲ့ K-Drama တွေမှာပါနေကျ Romance နဲ့ Drama တွေ မပါသလောက်နည်းတဲ့အတွက် လူပြောများတဲ့ pop culture Series တစ်ခုတော့ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ တကယ်ကြည့်ကောင်းတဲ့ Neo-noir Thriller တစ်ခုဖြစ်ခဲ့တာတော့အမှန်ပါပဲ။

Season 1 မထွက်ခင်ကတည်းက Season 2 ရှိဦးမယ်ဆိုတာ confirm လုပ်ထားတာဖြစ်တဲ့အတွက်
Season 1 ဟာ Season 2 အတွက် အရှိန်ယူတဲ့ ပုံစံမျိူးနဲ့ပဲ ပြသွားတာပါ။ Main character ၂ ယောက်ရဲ့ အားပြိုင်မှုကို Season 1 မှာမြင်ခဲ့ရတယ်ဆိုပေမဲ့ Season 1 ending အရကတော့ တကယ့် vs battle တွေက Season 2 မှာမှစမယ့်သဘောမှာရှိပါတယ်။
Season 1 မှာ Scene နည်းနည်းပဲ ပါခဲ့တဲ့ side character တွေကလည်း Season 2 မှာပိုအရေးပါလာမယ်လို့မျှော်လင့်ရပါတယ်။

overall ပြောရရင်တော့ ၂၀၂၅ နှစ်ဆုံးမှာစခဲ့ပြီး ၂၀၂၆ နှစ်စမှာ ဆုံးသွားတဲ့ "Made In Korea" ဟာတော့ ၂၀၂၅ အတွက် ကိုယ့်အကြိုက်ဆုံး K-drama ပါပဲ။

Yours',
TMT

Want your business to be the top-listed Photography Service in Kamayut?
Click here to claim your Sponsored Listing.

Culinary Team

Attire

Website

Address


Kamayut