APN Contents Creation

APN Contents Creation

Share

26/08/2024

ကျနော်တို့ Youtube Channelမှာ ‘ Concepts of Photoshop ‘နာမည်နဲ့ Playlistတစ်ခုပြုလုပ်ထားပြီး Photomanipulation Speed Arts တွတွေတင်ပေးလျက်ရှိပါတယ်။ဒီPlaylistရဲ့ နောက်ဆုံးVideoတစ်ပုဒ်ကို
လည်းရှေ့လထဲမှာ တင်ပေးသွားဖို့ရှိပါတယ်။ဝါသနာအရပဲဖြစ်ဖြစ် Photo manipulation ကိုလုပ်ကြည့်ချင်သူတွေအတွက် အလွယ်တကူလိုက်လုပ်လို့ရပါတယ်။

Youtube Channel
https://www.youtube.com/

လိုအပ်တဲ့ဒီဇိုင်းပိုင်းဆိုင်ရာresourcesတွေကို အောက်ပါTelegram ChannelကိုJoinပြီးယူလို့ရပါတယ်

Designs resourcesတွေနဲ့ သင်ခန်းစာCoursesတွေကိုSharingလုပ်ပေးနေတဲ့ Telegram Channelကိုလည်းjoinထားနိုင်ပါတယ်

https://t.me/apndesignresources

04/07/2024

ကျနော်တို့Telegramမှာ Design Channelလေးတစ်ခုလုပ်ထားပါတယ်။ဒီဇိုင်းပိုင်းဆိုင်ရာတွေကိုတွေဝမျှပေးနေတဲ့ Channelဖြစ်ပါတယ်။Visual Contentsတွေဖန်တီးတဲ့အခါ လိုအပ်တဲ့ Resourcesတွေ ၊ လေ့လာလို့ရမယ့် Coursesတွေနဲ့အခြားသော ဒီဇိုင်းရေးဆွဲခြင်းဆိုင်ရာတွေကိုလည်း ပုံမှန်တင်ပေးလျက်ရှိပါတယ်။သိချင်တာတွေလိုအပ်တာတွေရှိရင်လည်း ဒီChannelလေးမှာပဲ မေးလို့ရပါတယ်ဗျ။Joinထားလို့ရပါတယ်။

https://t.me/apndesignresources

05/05/2024

Content Marketing ဟာယခင်ခေတ်အပိုင်းအခြားတွေမှာလည်း အသုံးဝင်ခဲ့သလို ယခုလိုAI ageမှာလည်း အသုံးဝင်နေဆဲ ဖြစ်ပါတယ်။ကိုယ်တွေဘက်ကနေ audienceနဲ့အကိုက်ညီဆုံးဖြစ်စေမယ့် quality contentsတွေကိုဖန်တီးတဲ့နေရာမှာ လုပ်ဆောင်ရမယ့် ကဏ္ဍတွေကိုအကောင်းဆုံးနဲ့ အရှင်းလင်းဆုံးတင်ပြထားတဲ့ Content Modelတွေရှိပါတယ်။ဒီထဲကမှ GaryVee နဲ့ Peng Joonတို့ရဲ့ Content Model ၂ခုကို ဝေမျှပေးလိုက်ပါတယ်။

ဒီContent Model ၂ခုလုံးက Content Pyramidပေါ်အခြေခံထားတာဖြစ်ပြီး အနည်းငယ်ပုံစံဆင်တူမှုရှိပါတယ်။GaryVee Content Modelက Documents,Create,Distributeဆိုတဲ့ elements 3ခုပါဝင်တဲ့ pyramindပေါ်အခြေခံထားပြီး Peng Joon Content Multiplier Formulaကတော့ Publish,Automate,Monetizeဆိုတဲ့ elements ၃ခုပေါ်အခြေခံရည်ညွှန်းထားတာဖြစ်ပါတယ်။

ဆိုတော့ content modelတစ်ခုစီမှာတော့ မတူညီတဲ့ ရှုထောင့်တွေကနေ ပြောထားတဲ့ သဘောတရားတစ်ချို့တော့ရှိပါတယ်။အသေးစိတ်ကို ဖတ်ချင်တဲ့သူတွေအတွက် ကျနော်အောက်မှာ ebook လေး တင်ပေးထားပါတယ်ဗျ။

https://drive.google.com/drive/folders/1xRKF2uICimB2dfwwx2YLC0Xj2-T6hFq3?usp=sharing

Youtube Channelမှာလည်း ကဏ္ဍအလိုက် Playlistsတွေခွဲပြီး Video Contentsတွေတင်ပေးထားပါတယ်
https://www.youtube.com/

Designs resourcesတွေနဲ့ သင်ခန်းစာCoursesတွေကိုSharingလုပ်ပေးနေတဲ့ Telegram Channelကိုလည်းjoinထားနိုင်ပါတယ်
https://t.me/apndesignresources

04/04/2024

𝗧𝗢𝗠 & 𝗣𝗲𝗿𝘀𝘂𝗮𝘀𝗶𝗼𝗻

ကြော်ငြာ(Advertising)လုပ်ခြင်းနဲ့ အရောင်း(Sale)တို့ဟာ အမြဲလိုလိုတပူးပူးတတွဲတွဲ ကျနော်တို့ ရှုမြင်သုံးသပ်နေတယ်ဆိုပေမယ့် ထိုအရာနှစ်ခုဟာ လုံးလုံးလျားလျားဆက်စပ်နေတာမျိုးတော့ မဟုတ်ပါဘူး။ကျနော့်ယူဆချက်အရ ကြော်ငြာလုပ်ခြင်းဟာ အရောင်းတက်လာစေဖို့ရာ အထူးဦးစားပေးလုပ်ဆောင်နေတယ်ဆိုသော်လည်း အမှန်တကယ်တော့ထိုအရာနှစ်ခုဟာသီးခြားစီ ရပ်တည်နေတာမျိုးလို့မြင်ပါတယ်။ကျနော်တို့ထုတ်ကုန်တွေကို ရောင်းရချင်တော့ Contentsတွေအမြဲလိုလိုတင်တယ် ထုတ်ကုန်တွေရဲ့
benefitsတွေကို စားသုံးဖို့အလားအလာရှိတဲ့သူတွေ သိလာအောင်လုပ်ဆောင်နေခြင်းဟာ ထိုထုတ်ကုန်တွေဒါမှမဟုတ် ဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီး တကယ်သုံးချင်တဲ့သူတွေဝယ်ယူချင်နေတဲ့သူတွေ ဝယ်ဖို့ အဆင်သင့်ဖြစ်နေတဲ့အခါမျိုး(မဖြစ်မနေသုံးကိုသုံးရမယ့်အခြေအနေ)မှာ အခြားသောပြိုင်ဘက်လုပ်ငန်းတွေထက်သာပြီး ထိုဝယ်ယူသူ(consumers)တွေရဲ့အတွေးထဲမှာ ထိပ်ဆုံးကပေါ်လာအောင်လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ဒါဟာကြော်ငြာတွေကို အသုံးပြုပြီး Brandတွေကို စိတ်ခံစားမှုအရ ဆွဲဆောင်နေခြင်းမျိုးလို့ ဆိုနိုင်ပါတယ်။

ကျနော်တို့ ဘယ်လိုကြော်ငြာမျိုးကိုပဲဖန်တီး တင်ဆက်နေပါစေ။ထိုကုန်ပစ္စည်းနဲ့ ပတ်သက်ပြီး ဝယ်ယူဖို့ စိတ်ကူးလုံးဝမရှိသူကိုတော့ ကြော်ငြာဘယ်လောက်ပဲမြင်အောင်လုပ်နေပါစေ ချက်ချင်းဝယ်ယူဖို့ဆုံးဖြတ်လာအောင် လုပ်ဆောင်လို့မရပါဘူး။ဒါဆိုကျနော်တို့ ကြော်ငြာတွေဘာကြောင့်လုပ်နေရသလဲ အမြဲတမ်းဆန်းသစ်တဲ့ ကြော်ငြာတွေကိုလူတွေသိလာမြင်လာအောင် ဖန်တီးနေရသလဲဆိုတော့ ဝယ်သူတွေဝယ်ယူဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန်ရောက်တဲ့အခါ ကိုယ့်ဆီကနေဝယ်လာအောင် တနည်းအားဖြင့် သူတို့စိတ်ထဲမှာစီထားတဲ့ Thoughtsတွေထဲက ထိပ်ဆုံးနေရာမှာ ဦးစားပေးစဉ်းစားလာအောင်လုပ်ရတဲ့ TOM(Top of Mind)မှာနေရာယူလာအောင်ဖြစ်ပါတယ်။နောက်ထပ် အရေးကြီးတစ်ချက်ကတော့ ကျနော်တို့ ကြော်ငြာတွေကိုဖန်တီးပြီး အရောင်းအဝယ်တွေလုပ်ကြတဲ့အခါမှာ Productsဖြစ်ဖြစ်Servicesဖြစ်ဖြစ် လူတွေလက်ခံလာအောင် အရင်သိမ်းသွင်းရပါတယ်။ဒီလိုတွေ ကိုယ့်ပြောသမျှကိုလက်ခံလာအောင်ဝယ်ယူချင်လာအောင် ဆွဲဆောင်သိမ်းသွင်းတာကို Persuasionလုပ်တယ်လို့ခေါ်ပါတယ်။ကုန်ပစ္စည်း အရည်အသွေးနဲ့ ဝန်ဆောင်မှုတွေက တူနေခဲ့မယ်ဆိုရင်တောင်မှ ဆွဲဆောင်သိမ်းသွင်းနိုင်တဲ့ဘက်က ပိုသာပါတယ်။Persuasionဆိုတဲ့ အတက်ပညာဟာ အရောင်းသမားတွေအတွက်တော့ အသုံးချပညာရပ်တစ်ခုအဖြစ်အရေးကြီးပြီး ဒီလိုဆွဲဆောင်သိမ်းသွင်းနိုင်တဲ့ ဝယ်သူတွေရဲ့ စိတ်ထဲမှာလက်ခံသွားအောင်လုပ်နိုင်တဲ့ Persuassion Skills (8)ချက်ရှိတယ်လို့ စာရေးဆရာမBushra Azharရေးထားတဲ့
Mass Persuasion Methodဆိုတဲ့ စာအုပ်မှာဖော်ပြထားပါတယ်။

Persuasionလုပ်ဆောင်ခြင်းနဲ့ TOMဟာ တစ်ခုနဲ့တစ်ခုအပြန်အလှန်ဆက်စပ်နေပြီး တယ်တမ်း Brandတွေအနေနဲ့လည်းက ပြန်လည်အသုံးချရာမှာအသုံးဝင်လှပါတယ်။ဒါကြောင့် ကျနော့်အနေနဲ့ TOM(Top Of Mind)နဲ့ Persuasionရဲ့ဆက်စပ်ပုံတွေကိုအောက်မှာတစ်ချက်စီရှင်းပြပေးထားပါတယ်။

𝗧𝗼𝗽 𝗼𝗳 𝗠𝗶𝗻𝗱 𝗔𝘄𝗮𝗿𝗲𝗻𝗲𝘀𝘀

အပေါ်မှာပြောခဲ့တဲ့ အကြောင်းအရာတွေအားလုံးဟာ ကြော်ငြာတွေနဲ့ပတ်သက်ပြီး လူတွေကိုသိလာအောင်သတိထားမိလာလုပ်တဲ့ အဆင့်ဖြစ်ပါတယ်။Brand တွေနဲ့ပတ်သက်ပြီး သတိထားမိလာအောင်လုပ်ဆောင်ခြင်း (Awareness)ဖြစ်ပါတယ်။ဒီနေရာမှာ ဝယ်သူစိတ်ထဲကဖြစ်ပေါ်လာတဲ့ Top of Mind Awarenessကလွန်စွာအရေးကြီးပြီး မိမိတို့ရဲ့ Brand/Productကို ဝယ်ယူဖို့decisionချရာမှာ တွန်းအားတစ်ခုဖြစ်စေပါတယ်။ဥပမာပြောရရင် ကိုယ်ကတော့ ကြော်ငြာတွေ သေချာဖန်တီးပြီး messageကောင်းကောင်းပေးနေပေမယ့် တကယ်တမ်းရောင်းရတော့ competitorsတွေရဲ့ productsတွေကပိုရောင်းရနေတယ်ဆိုတာမျိုးဟာ consumersတွေစိတ်ထဲမှာ ထိုကုန်ပစ္စည်းနဲ့ပတ်သက်ပြီး TOM awarenessက နေရာယူထားပြီးသားဖြစ်နေလို့ပါ။TOMဆိုတာ မိမိတို့ဝယ်ယူချင်တဲ့ products ကိုစပြီးတွေးတဲ့အခါ ထိုproductsနဲ့ပတ်သက်ပြီး ကြော်ငြာကလည်းတက်လာတဲ့အခြေအနေမျိုးမှာ ကုန်ပစ္စည်းချင်းတူနေရင်တောင် သူတို့စိတ်ထဲကTOMမှာနေရာယူထားပြီး Brandကပဲ ရွေးဖို့အလားလာများပါတယ်။ဒါကြောင့်Communication ChannelတွေPlatformsတွေပေါ်မှာကြော်ငြာတွေကိုထပ်ခါတလဲလဲပြသနေရခြင်းဟာ ကိုယ့်BrandကိုTOMမှာ နေရာယူလာစေချင်တာကြောင့်ဖြစ်ပါတယ်။ဒါကြောင့် Brand Awareness လုပ်ဆောင်တဲ့နေရာမှာ Recognition Awarenessလုပ်ခြင်းနဲ့ Recall Awarenessလုပ်ဆောင်ခြင်းတို့ဟာ အရေးပါနေတာဖြစ်ပါတယ်။Brand Recogitionဆိုတာကတော့ စာသုံးသူဘက်ကကြော်ငြာတွေ့တယ် ဒါပေမဲ့ မှတ်မိလောက်တော့အနေအထားမှာပဲရှိပါတယ်။တနေရာမှာ ထိုပစ္စည်းကိုတွေ့ပြန်တော့ ကြော်ငြာကိုသတိရမိပြီး ဒါလေးပါလာဆိုပြီး Recognitionလုပ်လိုက်ပါတယ်။Recallကျတော့ ကိုယ်ကအာလူးကြော်စားမယ်ဆိုပြီး တွေးထားတယ်ဆိုပါတော့။ခေါင်းထဲမှာ Lay's Crispyဆိုပြီးပေါ်လာတယ် ဒါကLay'sဆိုတဲ့Brandတန်းပေါ်လာအောင် Brand Recallလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ဒါကြောင့် မားကက်တင်းလုပ်ဆောင်တဲ့အခါ TOMဟာထင်တာထက်ပိုပြီး အရေးကြီးတယ်ဆိုတာသိသာပါတယ်။

𝟴 𝗣𝗲𝗿𝘀𝘂𝗮𝘀𝗶𝗼𝗻 𝗦𝘄𝗶𝘁𝗰𝗵𝗲𝘀

ကျနော်တို့ ဘယ်လိုထုတ်ကုန်တွေဝန်ဆောင်မှုတွေရောင်းချချင်တာပဲဖြစ်ဖြစ် ဦးစွာပထမ ဒီအရာတွေကို ကြိုက်လာအောင်သဘောကျလာအောင် ဆွဲဆောင်စည်းရုံးရတာဖြစ်ပါတယ်။ဒီလိုဆွဲဆောင်စည်းမှုကောင်းတဲ့ Brandတွေဟာ လူတွေရဲ့ တစ်သမတည်းအာရုံစိုက်မှုကို ရရှိကြတာများပါတယ်။ဒါကြောင့် 𝙋𝙚𝙧𝙨𝙪𝙖𝙨𝙞𝙤𝙣 𝙨𝙬𝙞𝙩𝙘𝙝𝙚𝙨 တွေကိုအသုံးချတက်ဖို့လိုပြီး ထိရောက်စွာအသုံးချနိုင်ခဲ့ရင် ပိုပြီးထိရောက်တဲ့ ရလဒ်ကောင်းတွေ ရလာနိုင်ပါတယ်။ဆိုတော့ ဖောက်သည်တွေကို ဆွဲဆောင်ဖို့ အချက်အားဖြင့် ၈ခုရှိပြီး အဲ့ဒါတွေကတော့

Prestige Switch
Believability Switch
Parity Switch
Curiosity Switch
Urgency Switch
Desirability Switch
Edutainment Switch
Relatability Switch ဆိုပြီးဖြစ်ပါတယ်။အကျယ်ကိုကျနော်အောက်မှာ ရှင်းပြထားပါတယ်။

𝗣𝗿𝗲𝘀𝘁𝗶𝗴𝗲 𝗦𝘄𝗶𝘁𝗰𝗵(ဂုဏ်သိက္ခာပိုင်းကို သိသာစေသောသော့ချက်)

ရောင်းချနေတဲ့ ကုန်ပစ္စည်းတွေဒါမှမဟုတ် ဝန်ဆောင်မှုတွေကို အသုံးပြုလိုက်တာနဲ့ အသုံးပြုသူusersတွေရဲ့စိတ်ခံစားမှုမှာ သိက္ခာပိုင်းကိုပါ မြှင့်တက်သွားစေနိုင်တယ်ဆိုတဲ့ အသိမျိုးဖြစ်သွားစေတာကိုပြောတာဖြစ်ပါတယ်။ဒီအပိုင်းမှာအရေးကြီးတဲ့ key dimension ၂ခုရှိနေပြန်ပါတယ်။ဒါကတော့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာမြှင့်တက်စေသောအရာ(Prestige Booster)နဲ့ သိက္ခာပိုင်းနဲ့ပတ်သက်ပြီး နိမ့်ကျသောခံစားမှုမျိုးပေးနိုင်အရာ(Prestige Diminisher)ဆိုပြီးဖြစ်ပါတယ်။ကိုယ်က အများသူတွေအမြင်မှာ အထင်ကြီးလွှမ်းမိုးမှု ခံချင်လို့ဝယ်သုံးကာမှ Prestige Diminisher (ဂုဏ်သိက္ခာကျဆင်းမှု)ဖြစ်သွားရင်အခက်ပါပဲ။ဒါကြောင့် မိမိတို့ရဲ့ထုတ်ကုန်တွေနဲ့ပတ်သက်လို့ ထိရောက်တဲ့awarenessတွေပေးတဲ့အခါ ရုပ်ပိုင်းဆိုင်အရထင်ပေါ်မှု တဖက်လူကိုဆွဲဆောင်နိုင်မှု လွှမ်းမိုးနိုင်မှုတွေကို ပေါ်လွင်အောင်ပြောပြတက်ဖို့လိုပါတယ်။ဘာကိုပဲရောင်းနေပါစေ Prestige Diminisherကိုရှောင်ပြီး Persuasion(ဆွဲဆောင်စည်းရုံး)တက်ဖို့လိုပါတယ်။

𝗕𝗲𝗹𝗶𝗲𝘃𝗮𝗯𝗶𝗹𝗶𝘁𝘆 𝗦𝘄𝗶𝘁𝗰𝗵(ယုံကြည်လက်ခံနိုင်သော သော့ချက်)

ကုန်ပစ္စည်းတွေနဲ့ပတ်သက်လာရင် လူတွေဟာ သူတို့ကိုယ်တိုင်ယုံကြည်လာမှ သုံးချင်တာများပါတယ်။Believability Swichမှာလည်း ယုံကြည်မှုကိုဖြစ်ပေါ်လာစေဖို့အတွက် လုပ်ဆောင်ချက်တွေရှိပါတယ်။တစ်ခုကတော့ ကျနော်တို့ ရောင်းမယ့် products/services တွေကို ဖန်တီးပုံဖော်ထားတဲ့ကြော်ငြာတွေ ideaတွေကိုချပြပြီး ကိုယ့်Brandအပေါ်ကို ယုံကြည်လာဆောင် ဆွဲဆောင်ခြင်းမျိုးဖြစ်ပါတယ်။ဒုတိယအချက်ကတော့ ဝယ်သူတွေကိုယ်တိုင်ကဒီထုတ်ကုန်နဲ့ပတ်သက်ပြီး အလွယ်တကူအသုံးပြုနိုင်တယ်ဆိုတဲ့ ကိုယ်တိုင်ကိုယ်ကျ ယုံကြည်မှုရှိလာအောင် ဆွဲဆောင်တဲ့ နည်းဖြစ်ပါတယ်။

𝗣𝗮𝗿𝗶𝘁𝘆 𝗦𝘄𝗶𝘁𝗰𝗵 တန်းတူညီမျှဖြစ်ပေါ်စေသော သော့ချက်)

အမြဲတမ်းလိုလို အသစ်အဆန်းတွေထွက်ပေါ်နေတဲ့ ဈေးကွက်မှာ ကျနော်တို့ထုတ်ကုန်သာလျှင်အကောင်းဆုံးဆိုတာမျိုးတော့ ကတိပေးသလိုပြောလို့မရပါဘူး။အဲ့လိုပြောမိရင် စားသုံးသူတွေဘက်က အခြားထုတ်ကုန်တွေရဲ့အားသာချက်တွေနဲ့ယှဉ်ပြီး Complainတက်ကြမှာအမှန်ပါပဲ။ဒီနေရာမှာ ကိုယ်ရောင်းချမယ့် ပစ္စည်းဟာလည်း အခြားပစ္စည်းများနည်းတူ တန်းတူlevelတစ်ခုကိုရရှိခံစားစေနိုင်ကြောင်းကို ပြိုင်ဘက်ထုတ်ကုန်တွေထက် ပိုလုပ်နိုင်တဲ့အချက်တွေ ပိုစွမ်းဆောင်နိုင်တဲ့ အားသာချက်တွေကို ဖော်ထုတ်ချပြဖို့လိုပါတယ်။ကြော်ငြာစာတွေဖန်တီးတဲ့အခါ Parity Switchဟာ အသုံးဝင်လှပါတယ်။

𝗖𝘂𝗿𝗶𝗼𝘀𝗶𝘁𝘆 𝗦𝘄𝗶𝘁𝗰𝗵 (စူးစမ်းသောစိတ်/သိချင်စိတ်ကို လှုံဆော်ပေးသော သော့ချက်)

လူဟာ စပ်စုတက်တဲ့သဘာဝရှိကြပါတယ်။ဒါဟာလူသားဖြစ်တည်မှုရဲ့ တခြားသောမျိုးစိတ်တွေနဲ့ယှဉ်ရင် ကွာသွားစေတဲ့ အချက်တစ်ခုဖြစ်ပါတယ်။စီးပွားရေးနယ်ပယ်မှာလည်း ကျနော်တို့ရဲ့ ထုတ်ကုန်တွေဝန်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဝယ်သူတွေသိချင်လာအောင်/စူးစမ်းချင်စိတ်ဖြစ်လာအောင် ဆွဲဆောင်ရတာဟာ Curiosity Switchဖြစ်ပါတယ်။လူတွေရဲ့ စူးစမ်းချင်စိတ်ဟာ ဘယ်အရာမှတားဆီးလို့မရသလို Persuasion keysအားလုံးရဲ့ ထောက်တိုင်တစ်ခုဆိုလဲမှန်ပါတယ်။ကျနော်တို့ နေ့စဉ်တွေ့နေရတဲ့ ကြော်ငြာတွေ videoတွေ gameတွေအားလုံးဟာ ကျနော်တို့ရဲ့ သိချင်စိတ်ကို လှုံဆော်ပေးနေတဲ့အရာတွေဖြစ်ပါတယ်။Videoလေးမြင်ရင် playလိုက်ရမှ ကြော်ငြာလေးမြင်ရင် see moreလေးနှိပ်ပြီးဖတ်လိုက်ရမှ ဒါတွေအာလုံးဟာ စူးစမ်းချင်စိတ်ကိုထိထိမိမိ အသုံးချထားခြင်းဖြစ်ပါတယ်။ကြော်ငြာတစ်ခုရဲ့ headlineကိုဖတ်လိုက်တာနဲ့ ဘာဆက်ဖြစ်မလဲဆိုတာကို သိချင်လာပြီး အဆုံးထိဖတ်မိသွားတာမျိုးပေါ့။ဒီနေရာမှာ ကျနော်တို့ဖော်ကျူးနေတဲ့စာသားမှန်သမျှဟာ ကျနော်တို့ထုတ်ကုန်တွေနဲ့ ဝယ်သူဖောက်သည်တွေကြားက နားလည်မှုကိုချိတ်ဆက်ပေးတဲ့ understanding connector phraseတွေဖြစ်ပါတယ်။

𝗨𝗿𝗴𝗲𝗻𝗰𝘆 𝗦𝘄𝗶𝘁𝗰𝗵 (အရေးတကြီး/အလျင်လိုခြင်းဆိုင်ရာ သော့ချက်)

လူတွေမှာ ကြောက်စိတ်(fear)ရှိပါတယ်။ကိုယ်လိုချင်တဲ့အရာကို မရလိုက်နိုင်မှာ ကြောက်တဲ့စိတ် အချိန်မမီမှာကြောက်တဲ့စိတ် ကိုယ်ဦးဆုံးဝယ်မယ်လို့ စိတ်ကူးထားတဲ့ ကုန်ပစ္စည်းကုန်သွားမှာကြောက်တဲ့စိတ် စသဖြင့်ပေါ့။Urgency Switchဆိုတာလည်း လူတွေရဲ့ကြောက်စိတ်ပေါ်မှာ အခြေခံပြီး စည်းရုံးသိမ်းသွင်းတဲ့အဆင့်ဖြစ်ပါတယ်။"ပစ္စည်းပြတ်တော့မှာမို့ လက်ကျန်လေးတွေတင်ပေးလိုက်ပါတယ်"ဆိုတာမျိုးတွေ ကျနော်တို့ အမြဲလိုလိုတွေ့နေရတာဟာ လူတွေကို အခုမှမဝယ်ရင် မရတော့ဘူးဆိုတဲ့ အသိပေးပြီး မြန်မြန်ဝယ်ဖြစ်သွားအောင် စည်းရုံးတာဖြစ်ပါတယ်။နဂိုတည်းကလည်း ခပ်ဝယ်ဝယ်ချင်ဖြစ်နေတဲ့သူဆိုရင်တော့ အဲ့လိုသာတွေ့ရင်တန်းဝယ်မိမှာကျိန်းသေပါတယ်။ဒါပေမဲ့ Urgency Switchဟာ serviceလုပ်ငန်းတွေနဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာ productsတွေအတွက်ကတော့ အမြဲ သုံးလို့မရနိုင်ပါဘူး။ဥပမာသင်တန်းကျောင်းတွေဆိုပါတော့ အွန်လိုင်းကဖွင့်တဲ့သင်တန်းတွေဟာ stockကုန်သွားတယ်ဆိုတာမရှိပါဘူး။အများဆုံးလုပ်လို့ရရင် early bird discountလောက်ပဲလုပ်လို့ရနိုင်မှာဖြစ်ပါတယ်။အပေါ်ကညွှန်းခဲ့သလိုတော့ အမြဲတမ်းသုံးလို့မရနိုင်ပါဘူး။

𝗗𝗲𝘀𝗶𝗿𝗮𝗯𝗶𝗹𝗶𝘁𝘆 𝗦𝘄𝗶𝘁𝗰𝗵((ပိုင်ဆိုင်ချင်လာအောင်ပြောပြီးစည်းရုံးတဲ့ သော့ချက်)

Desirability Switch ကဝယ်သူတွေကို ပိုကောင်းတဲ့အရာတွေ ပိုင်ဆိုင်ခွင့် ရတော့မယ်ဆိုတဲ့ စိတ်ခံစားမှုမျိုးရလာအောင် ဆွဲဆောင်စည်းရုံးတာဖြစ်ပါတယ်။ဒီပစ္စည်းလေးကတော့ ငါ့မှာရှိမှဖြစ်မယ်ဆိုတဲ့ အသိရလာအောင် သိမ်းသွင်းတဲ့နည်းလမ်းဖြစ်ပါတယ်။အဲ့ဒီလိုအသိမျိုးဖြစ်လာပြီဆိုရင်တော့ ဝယ်သူတွေဟာဈေးနှုန်းတွေကို သိပ်ဂရုစိုက်လေ့မရှိတော့ပါဘူး။ဥပမာပြောရရင်တော့ ကျနော်တို့ရောင်းချမယ့် ကုန်ပစ္စည်းကိုသုံးလိုက်တာနဲ့ ရရှိလာမည့်အကျိုးတွေ ပြောင်းလဲသွားနိုင်တဲ့ကောင်းမွန်တဲ့အရာတွေကို စိတ်ကူးပုံရိပ်တွေအဖြစ်မြင်လာအောင် ပြုလုပ်ဖန်တီးရတာဖြစ်ပါတယ်။

𝗘𝗱𝘂𝘁𝗮𝗶𝗻𝗺𝗲𝗻𝘁 𝗦𝘄𝗶𝘁𝗰𝗵(ပညာပေးဖျော်ဖြေရေးဆိုင်ရာ သော့ချက်)

အခုနောက်ပိုင်းဆိုရင် ပိုသာလာပါတယ်။လူတွေဟာစာဖတ်ရတာထက် အတိုကျုံ့ရှင်းပြထားတဲ့ recap videoတွေ podcatsတွေနားထောင်ရတာကို ပိုကြိုက်လာကြပါတယ်။Contentsတွေဆိုလည်း short video contentတွေ reelsတွေဟာ ပိုပြီးလူတွေစိတ်ဝင်စားတာကိုတွေ့ရပါတယ်။လူတွေကြိုက်လာကြတဲ့အရာတွေထဲကမှ အသေးစိတ်ခွဲခြမ်းကြည့်မယ်ဆိုရင် လူတွေဟာပျော်စရာတွေကိုပိုပြီးကြည့်ချင်/ဖတ်ချင်ပါတယ်။ဟာသလေးတွေကိုပိုပြီးနှစ်သက်ပါတယ်။ဆိုတော့ ကျနော်တို့မားကက်တင်းလုပ်တဲ့အခါမှာလည်း ဝယ်သူတွေကို ပျော်သွားအောင်လုပ်ပြီး ကျနော်တို့ ရောင်းချင်တဲ့ ဝန်ဆောင်မှုတွေ ထုတ်ကုန်တွေကို သိလာအောင် ပညာပေးဆွဲဆောင်းစည်းရုံးတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ကျနော်တို့ ကြော်ငြာတွေဖန်တီးတဲ့အခါမှာလည်း ဒီအချက်ဟာ အတော်လေးအသုံးတည့်စေပါတယ်။ကျနော်တို့ဖန်တီးတဲ့ ကြော်ငြာတွေမှာ အချက်အလက်တွေချည်းပြွတ်သိပ်ထည့်ထားရင် ဘယ်သူမှဖတ်ချင်မှာမဟုတ်ပါဘူူး။ဒါကြောင့် ပေါ့ပေါ့ပါးပါးနဲ့ပျော်ရွှင်စေမယ့် ကြော်ငြာပုံစံလေးတွေဖန်တီးပြီး ဝယ်သူတွေဆီကို ကိုယ်ရောင်းချချင်တဲ့ ဝန်ဆောင်မှုထုတ်ကုန်တွေကို သတိထားမိလာအောင် လေ့လာချင်လာအောင် ပြုလုပ်နိုင်ပါတယ်။educationနဲ့entertainmentကိုပေါင်းစပ် ဖန်တီးခြင်းအားဖြင့် ပိုမိုထိရောက်တဲ့ ရလဒ်တွေရရှိနိုင်ပါတယ်။

𝗥𝗲𝗹𝗮𝘁𝗮𝗯𝗶𝗹𝗶𝘁𝘆 𝗦𝘄𝗶𝘁𝗰𝗵(ဖော်ရွေကျွမ်းဝင်မှုရှိတယ်လို့ ခံစားရစေသော သော့ချက်)

လူတိုင်းဟာ မိမိတို့နဲ့သိကျွမ်းတဲ့ ရင်းနှီးတဲ့သူတွေကိုသာ ယုံကြည်တာဖြစ်ပါတယ်။ကျနော်တို့ဟာ ထုတ်ကုန်တွေဝန်ဆောင်မှုတွေကို ရောင်းချနေတယ်ဆိုပေမယ့် ဝယ်သူတွေလိုချင်တဲ့ရင်းနှီးဖော်ရွေမှုမျိုး နီးစပ်မှုမျိုးကို ပေးစွမ်းပြီး ယုံကြည်မှုတည်ဆောက်ခြင်းဟာ ပိုမိုကောင်းမွန်တဲ့ relationshipတစ်ခုကိုဖြစ်ပေါ်စေပါတယ်။ဝယ်သူတွေဘက်က သဘောကျတဲ့အချက်အလက်တွေ ဝယ်သူတွေသတ်မှတ်ထားတဲ့ စံနှုန်းတွေ ကိုသိလာအောင်လုပ်ပြီး ဝယ်သူတွေနဲ့ အနီးစပ်ဆုံး ရင်းနှီးမှုရလာအောင် လုပ်ဆောင်တဲ့အဆင့်ဖြစ်ပါတယ်။စစ်မှန်တဲ့ ကြော်ငြာဖန်တီးမှုတွေကို ပြုလုပ်ပြီး ဝယ်သူတွေကို အလုပ်သဘောအရဆက်ဆံနေရတာမျိုးမဟုတ်ဘဲ ပျူငှာနွေးထွေးစွာ ဆက်ဆံပြီး စည်းရုံးဆွဲဆောင်တဲ့ နည်းလမ်းဖြစ်ပါတယ်။

ကျနော်ပြောခဲ့တဲ့ ဆွဲဆောင်စည်းရုံးတဲ့ သော့ချက်တွေအားလုံးဟာ လုပ်ငန်းတွေမှာစနစ်တကျနဲ့ပြန်လည် အသုံးချနိုင်ပါတယ်။ဒီအချက်တွေကို ပုံဖော်ရာမှာ Copywritersတွေ Creationသမားတွေဟာ လွန်စွာအရေးပါပြီး Channelsတွေပေါ်မှာ မတူညီတဲ့ပုံစံတွေနဲ့ ဆွဲဆောင်မှုအားကောင်းတဲ့ ကြော်ငြာတွေကိုဖန်တီးပြသရတာဖြစ်ပါတယ်။စာလေးလည်းအတော်ရှည်သွားတဲ့အတွက်ဒီနေရာမှာပဲရပ်လိုက်ပါတယ်ခင်ဗျာ။

Youtube Channelမှာလည်း ကဏ္ဍအလိုက် Playlistsတွေခွဲပြီး Video Contentsတွေတင်ပေးထားပါတယ်⬇️
https://www.youtube.com/

Designs resourcesတွေနဲ့ သင်ခန်းစာCoursesတွေကိုSharingလုပ်ပေးနေတဲ့ Telegram Channelကိုလည်းjoinထားနိုင်ပါတယ်⬇️

https://t.me/apndesignresources

26/03/2024

Time to Level Up

ဒီလိုအချိန်မှာ Newbie တွေအနေနဲ့ ကိုယ့်ရဲ့ Career Development အတွက်တိုးတက်မှုတွေရှိနေစေဖို့ အစဥ်အမြဲလုပ်ဆောင်သင့်ပါတယ်။အခက်အခဲတွေကတော့ အားလုံးကြုံနေရတယ်ဆိုပေမဲ့လည်း ကိုယ့်ရဲ့ Life career အတွက်အရေးကြီးတာတွေကိုဆက်လက်လုပ်ဆောင်နေဖို့ဟာ မဖြစ်မနေ လိုအပ်ပါတယ်။
ကိုယ့်ရဲ့ Passionate ဖြစ်တဲ့အရာကိုစတင်ရှာဖွေချင်သူတွေ၊ ဒါမှမဟုတ် Marketing နယ်ပယ်ထဲကို အခုမှစတင်ဝင်ရောက်ဖို့ကြိုးစားနေသူတွေ Digital Career တစ်ခုကိုစတင်ချင်တဲ့ လူငယ်တွေအတွက်များစွာအကျိုးရှိစေမယ့် ကျနော်တို့တင်ပေးခဲ့ဖူးတဲ့ Contentအချို့ကို ရွေးချယ်တင်ဆက်ပေးလိုက်ရပါတယ်။

Marketing,Brandingနှင့်သက်ဆိုင်သောအကြောင်းအရာများစုစည်းမှု

𝗚𝗣𝗦 𝗙𝗿𝗮𝗺𝗲𝘄𝗼𝗿𝗸
https://www.facebook.com/100067037996266/posts/pfbid0BnzYNJEKzC6cpfjBEcU6NASSzDVy344oXVvxxjEjrqN1BZsdc2893XbSQt84b4xhl/

𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿𝘀 𝗦𝗮𝘁𝗶𝘀𝗳𝗮𝗰𝘁𝗶𝗼𝗻
https://www.facebook.com/100067037996266/posts/pfbid02pRM5DNSDCZ6LYh3SwjyLr3MiCXhFmiPm1H6xiFRoMv9iBS41GSqMv8T4mBKQTNrvl/

𝟯 𝗥𝗲𝗮𝘀𝗼𝗻𝘀 𝗪𝗵𝘆❓
https://www.facebook.com/100067037996266/posts/pfbid032qv2xaBCaoJHXwHoUZJNFjvM26rY39FznaWApfsby1PxhdvPjXtEqyPRczN6H5mLl/

𝗧𝗶𝗸𝗧𝗼𝗸 - 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 ❞𝗔 𝗗𝗮𝗻𝗰𝗲 𝗼𝗳 𝗣𝗿𝗼𝘀 𝗮𝗻𝗱 𝗖𝗼𝗻𝘀❞
https://www.facebook.com/100067037996266/posts/pfbid0SFWRYP5v1T9bXRhwmpT1JLcNqZ57Sasnid5yiHCu12T3rfmgsZBwsPNYCDizKGBal/

𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗡𝗲𝘄 𝗘𝗿𝗮
https://www.facebook.com/100067037996266/posts/pfbid0szxRPs5wTxn2Ukh3yJRLREo783XdcVSVgFWzuzXpwES7KyjXwjzotx7rRupNFwgwl/

𝗖𝗵𝗼𝗼𝘀𝗶𝗻𝗴 𝘁𝗵𝗲 𝗥𝗶𝗴𝗵𝘁 𝗖𝗮𝗿𝗲𝗲𝗿
https://www.facebook.com/100067037996266/posts/pfbid02NuzBk2o7WLbNiqHh4fQVGbjWF8bk4vnsm28mudAptNsrUy4MotBeaNu1kcpGUJ7Kl/

𝗧𝗶𝗺𝗲 𝗠𝗮𝗻𝗮𝗴𝗲𝗺𝗲𝗻𝘁
https://www.facebook.com/100067037996266/posts/pfbid0AYoeLLMJLPDmRDNydZpPkY7gNsdmX5gxLXqkNQPyRUBSQRevej2eqLRJtpdTshatl/

𝗦𝘁𝗿𝗮𝘁𝗲𝗴𝘆 𝗮𝗻𝗱 𝗧𝗮𝗰𝘁𝗶𝗰𝘀
https://www.facebook.com/100067037996266/posts/pfbid0N54WHDw9BwDQxZ3WHjNCkqPbWMjSazs7pbceKnAwWzGn6Pe4YyGBJHapRYZB3rSSl/

𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿 𝗜𝘀𝘀𝘂𝗲𝘀 𝗮𝗻𝗱 𝗛𝗼𝘄 𝗧𝗼 𝗥𝗲𝘀𝗼𝗹𝘃𝗲 𝗧𝗵𝗲𝗺
https://www.facebook.com/100067037996266/posts/pfbid02rDeDnvCyo5RFERAdwrRU6TnrYCvz33Bm96jc3AKQb5tNVaUehJWtFnXh85Fnhsjil/

𝗦𝗺𝗮𝗿𝘁 𝗗𝗶𝗴𝗶𝘁𝗮𝗹 𝗖𝗮𝗿𝗲𝗲𝗿
https://www.facebook.com/100067037996266/posts/pfbid02QWAEq5nu3xJ1UiPcPt7VvKbCGK9iGMkHGyW68z8mH45rXTodTBxAMWmJnnnnbSPAl/

𝟮𝟭𝘀𝘁 𝗖𝗲𝗻𝘁𝘂𝗿𝘆’𝘀 𝗠𝗮𝗿𝗸𝗲𝘁𝗲𝗿’𝘀 𝗠𝗶𝗻𝗱𝘀𝗲𝘁
https://www.facebook.com/100067037996266/posts/pfbid0Bz8byjaEqvbKsRGZghJdQcTenRv549vQciNNdA6LFKqrueDnAzKBGAtSBHsjBW82l/

𝗕𝗿𝗮𝗻𝗱 𝗔𝗿𝗰𝗵𝗶𝘁𝗲𝗰𝘁𝘂𝗿𝗲
https://www.facebook.com/100067037996266/posts/pfbid02wzoqcuVJxbh88fofogUVfKcoeLfHXqa1e4BZBFSJjcizahgwmbzjvGHN3BqN5J5sl/

𝗜𝘀 𝗶𝘁 𝗽𝗼𝘀𝘀𝗶𝗯𝗹𝗲 𝘁𝗼 𝗿𝗲𝗽𝗹𝗮𝗰𝗲 𝗼𝗻𝗹𝘆 𝗔𝗜 𝗶𝗻 𝗺𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴❓
https://www.facebook.com/100067037996266/posts/pfbid02X4sBrMA9WW81KqdnAgphrCoG5ejGADgw3zZpW3sinBACb22RxdagjZqbJsGNwGhpl/

𝗧𝗵𝗲 𝗠𝗼𝘀𝘁 𝗜𝗺𝗽𝗼𝗿𝘁𝗮𝗻𝘁 𝗖𝘂𝘀𝘁𝗼𝗺𝗲𝗿 𝗦𝗲𝗿𝘃𝗶𝗰𝗲 𝗞𝗲𝘆𝘀
https://www.facebook.com/100067037996266/posts/pfbid0282MSXLMMxb8oaDHUKe1kMUSqYsAZVVF5fumKNrzzwvavVPZ2bXPrQ4QhuMKT4MS9l/

𝗣𝗿𝗼𝗱𝘂𝗰𝘁 𝗟𝗶𝗳𝗲 𝗖𝘆𝗰𝗹𝗲
https://www.facebook.com/110091677108824/posts/pfbid028RWHgJMamybWh3NzBTTNCBviwv9zLnxqzdtwEZ1y6U8LYDuTPSGMXouRwavEKpjLl/

𝗕𝘂𝘆𝗲𝗿’𝘀 𝗝𝗼𝘂𝗿𝗻𝗲𝘆
https://www.facebook.com/110091677108824/posts/pfbid0216TdoWvjZZJxehgD1PGoQAcmzkjKLLTK1iVuVCdV7ohArAnRpigWUxPnXZqm6Aokl/

𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗮𝗻𝗱 𝗕𝗿𝗮𝗻𝗱𝗶𝗻𝗴
https://www.facebook.com/110091677108824/posts/pfbid02QgXzCLVVFMLVBK8GSHaYNQ6g6oaKF6uAqR56yTPVFFaxGtes3pERj9YMn2WGXmNzl/

𝗨𝗦𝗣 𝗳𝗼𝗿 𝗦𝗠𝗘𝘀
https://www.facebook.com/110091677108824/posts/pfbid0hrkUB4ShRfaq2HRDcokczcBu2yZKARF9JK4VF9TQ6oTFCWbxVNFJ3vKk5RonLpo7l/

𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗠𝗶𝘀𝘁𝗮𝗸𝗲𝘀
https://www.facebook.com/110091677108824/posts/pfbid02URD1gRtM8cKctLTpgXkYSh9cDw67jsFrwTbPt36qSwj8TQYB95eJHKS4uydCe6nRl/

𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗙𝗼𝗿 𝗦𝗠𝗘(𝗥𝗢𝗜)
https://www.facebook.com/110091677108824/posts/pfbid02hejg2nARiGySAG957T8kZQ83nr3g3nijRPE7GEowJdXib1izY88p2j8tQ6ZwdyeZl/

𝗖𝗼𝗺𝗽𝗲𝘁𝗶𝘁𝗼𝗿𝘀 𝗔𝗻𝗮𝗹𝘆𝘀𝗶𝘀
https://www.facebook.com/110091677108824/posts/pfbid02DaXHoCpWeeCaKpbF2UDYteDCqjXGuUs86qsJLyxacxaiKKr6YsXBYduhfNaKM5wQl/

𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝟱.𝟬
https://www.facebook.com/110091677108824/posts/pfbid02pLm38rjgDF9v4e74EWvrBsTyPHniPfhg7UVgZ3hzrj3Z4MGr4LKw9j2x4mhTrWVPl/

𝗖𝗼𝗰𝗮-𝗖𝗼𝗹𝗮 𝗕𝗿𝗮𝗻𝗱𝗶𝗻𝗴
https://www.facebook.com/110091677108824/posts/pfbid0NeUmREtBGdPbQST24VKuYMfG5iPnjKQUufazsoufifddyk9WeuUKr4pgzihDycFpl/

𝗣𝗘𝗦𝗧𝗟𝗘
https://www.facebook.com/110091677108824/posts/pfbid0bAQ6vNc89EPuAvLjV2nNSyRJSkJcd3jTbuowrxR3i1J2nZaadnxe7fGsNoUEmGRJl/

𝗕𝗿𝗮𝗻𝗱𝗶𝗻𝗴 𝘅 𝗔𝗱𝘀
https://www.facebook.com/110091677108824/posts/pfbid02243jeg626ryfnuyJs9ee7XSzVEXTVHjhkJDLQmoo2qJdPWE8S5PRHBx422a1AEDsl/

𝗣𝗼𝗿𝘁𝗳𝗼𝗹𝗶𝗼 𝗳𝗼𝗿 𝗖𝗼𝗻𝘁𝗲𝗻𝘁/𝗖𝗼𝗽𝘆 𝗪𝗿𝗶𝘁𝗲𝗿𝘀
https://www.facebook.com/110091677108824/posts/pfbid0EGvzuQyHaeRCiBk5NPzGWGPGC2ygs6mW2J2CRpUhytqKfa8ioNzHjnze8y75fcaBl/

𝗕𝗿𝗮𝗻𝗱 𝗜𝗺𝗮𝗴𝗲
https://www.facebook.com/110091677108824/posts/pfbid02TBnTKtHjybm911fztihSJo3JpQ77518iTn69fgofVopSLzbSZ8Uc5ZNcdTgdYizwl/

𝗕𝗿𝗮𝗻𝗱 𝗘𝗾𝘂𝗶𝘁𝘆
https://m.facebook.com/story.php?story_fbid=399564531494869&id=110091677108824

𝗕𝗿𝗮𝗻𝗱 𝗖𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆
https://m.facebook.com/story.php?story_fbid=426045938846728&id=110091677108824

𝗘𝘅𝗮𝗺𝗶𝗻𝗶𝗻𝗴 𝗜𝗰𝗼𝗻𝗶𝗰 𝗕𝗿𝗮𝗻𝗱𝘀
https://m.facebook.com/story.php?story_fbid=549308823187105&id=110091677108824

𝗖𝗼𝗻𝘁𝗲𝗻𝘁 𝗦𝘁𝗿𝗮𝘁𝗲𝗴𝘆 & 𝗠𝗮𝗿𝗸𝗲𝘁𝗶𝗻𝗴 𝗕𝗼𝗼𝗸𝘀 𝗿𝗲𝗰𝗼𝗺𝗺𝗲𝗻𝗱𝗮𝘁𝗶𝗼𝗻𝘀
https://www.facebook.com/110091677108824/posts/pfbid07PmYkfR2PRscCCj6kQM5wuk6qTX66dsZQBPFZGwviBVvswQwbAKiH3RUGajP3oyNl/

Designs နှင့်သက်ဆိုင်သောအကြောင်းအရာများစုစည်းမှု

𝗦𝘁𝘆𝗹𝗮𝗿.𝗮𝗶
https://www.facebook.com/110091677108824/posts/pfbid07PmYkfR2PRscCCj6kQM5wuk6qTX66dsZQBPFZGwviBVvswQwbAKiH3RUGajP3oyNl/

𝗣𝗵𝗼𝘁𝗼𝗺𝗮𝗻𝗶𝗽𝘂𝗹𝗮𝘁𝗶𝗼𝗻 𝗧𝘂𝘁𝗼𝗿𝗶𝗮𝗹𝘀
https://www.facebook.com/100067037996266/posts/pfbid02DLDWeex333n8YbfXiErTfJn1zQY32qBn9V6GTeMVwTSg2EErhAgcrdAaHByiuPLkl/

𝗚𝗼𝗹𝗱𝗲𝗻 𝗥𝗮𝘁𝗶𝗼
https://www.facebook.com/100067037996266/posts/pfbid02DLDWeex333n8YbfXiErTfJn1zQY32qBn9V6GTeMVwTSg2EErhAgcrdAaHByiuPLkl/

𝗖𝗼𝗹𝗼𝗿 𝗧𝗵𝗲𝗼𝗿𝘆
https://www.facebook.com/110091677108824/posts/pfbid02dHhN5CScgUrqrL1Yuf3T7WDUa9r1y5g1ZcUkMfhy1Zkz752hS5TrVVQgZHSdBamrl/

Youtube Channelမှာလည်း ကဏ္ဍအလိုက် Playlistsတွေခွဲပြီး Video Contentsတွေတင်ပေးထားပါတယ်
https://www.youtube.com/

Designs resourcesတွေနဲ့ သင်ခန်းစာCoursesတွေကိုSharingလုပ်ပေးနေတဲ့ Telegram Channelကိုလည်းjoinထားနိုင်ပါတယ်
https://t.me/apndesignresources

Want your business to be the top-listed Media Company in Kamayut?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address


Kamayut